“သိပ်ကိုချိုမြတဲ့ပျားရည်တစ်စက်ဟာ တစ်ခါတရံမှာ
သိပ်ကိုခါးသက်တဲ့ အဆိပ်တစ်ခွက် ဖြစ်နေတတ်ပါသတဲ့”
CM ပရိသတ်ကြီးအတွက် ရိုမန့်စ်ဒရာမာကားကောင်းလေးတစ်ကားကို
မိတ်ဆက်ပေးချင်ပါတယ်။
ဗိသုကာပညာဗေဒကျောင်းသားလေး ဘားရစ်စ်က သူ့ဝါသနာဖြစ်တဲ့
သီချင်းတွေကိုလုပ်ရင်း ဘဝကို ပျော်ပျော်ပဲ နေတတ်တဲ့သူတစ်ယောက်ပါ။
ဖူဆွန်ဆိုတဲ့ ကောင်မလေးကို ပထမဆုံးမြင်လိုက်ရတဲ့ အခါမှာတော့
ဘဝမှာ တစ်ခါမှမချစ်ဘူးတဲ့ အချစ်တွေနဲ့ ကောင်မလေးကို မြင်မြင်ချင်း
ချစ်မိသွားခဲ့ပါတော့တယ်။ နာမည်လည်း မသိ၊ ကောင်မလေးအကြောင်း
ဘာမှမသိဘဲ ချစ်မိသွားလေတော့ ကောင်မလေးကို ရှာပုံတော်ထွက်
ရပါတော့တယ်။ သူ့ရဲ့အချစ်တွေက စစ်မှန်ခဲ့တော့ သူချစ်တဲ့
ကောင်မလေးကို ရှာတွေ့သွားပါတယ်။ သူချစ်တဲ့ကောင်မလေး
ဖူဆွန်ကတော့ အချစ်ဆိုတာ ဘာမှန်းမသိ အဖေရဲ့ဖြစ်ချင်စေတဲ့ဆန္ဒတွေနဲ့
အတူ ယူအက်စ်မှာ မာစတာဘွဲ့ယူဖို့အတွက် စာဆိုမှစာပဲ လုပ်ပြီး
ကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ ဒီလိုကောင်မလေးမျိုးကို ချစ်မိသွားတဲ့
ဘားရစ်စ်ကတော့ ကောင်မလေးကို ကြိုးစားလိုက်ရင်းနဲ့ နောက်ဆုံးတော့
ကောင်မလေးအချစ်ကို ရသွားပါတော့တယ်။ အဲဒီနောက်ပိုင်းမှာတော့
သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးက ပုံပြင်ထဲက နတ်သမီးပုံပြင်တွေလိုပဲ
ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်ယောက်သား လက်ထပ်လိုက်ကြပါတော့တယ်။
ချစ်သူဘဝနဲ့ အိမ်ထောင်ရေးဆိုတာ ဆီနဲ့ရေလိုကွာခြားနေတယ်ဆိုတဲ့
အတိုင်းပဲ သူတို့နှစ်ယောက်လက်ထပ်ပြီးနောက်ပိုင်းမှာတော့
ရုတ်တရက်ကြီး ဘာမှမပြောမဆိုနဲ့ ဘားရစ်စ်တစ်ယောက် အစအန
မကျန်လောက်အောင် ခြေရာဖျောက်သွားချိန်မှာတော့…….
ဒီလောက်ချစ်ကြတဲ့နှစ်ယောက် ဘာပြဿနာတွေများရှိလို့ ဘားရစ်စ်
တစ်ယောက်ဒီလိုလုပ်သွားရတာလဲ ဆိုတာကို အဖြေရှာကြည့်ရှူရင်း
သူတို့နှစ်ယောက်ရဲ့ ချစ်သူရည်းစားဘဝက တစ်ယောက်အပေါ်
တစ်ယောက် ချစ်တတ်ပုံလေးတွေ ကြင်နာတတ်ပုံလေးတွေနဲ့
အကြင်လင်မယားဘဝကို နှစ်ကိုယ်တူဖြတ်သန်းကြပုံလေးကို စောင်ကိုက်ရင်း
ကြည့်ရှုခံစားလိုက်ရအောင်ပါ။
File size…1.95 GB / 0.99 GB
Quality…WEB-Rip 1080p / 720p
Format…mp4
Duration….1h 57m
Genre ….. Drama , Romance
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by TD
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။












![[18+] Putahe (2022)](https://www.channelmyanmar.to/wp-content/uploads/2022/05/FSn4aj-XoAEvT9l-133x200.jpg)



















