Channel Myanmar

Death Note TV Series (2015)

CrimeDrama

IMDB: /10 votes

349074

Report error

အခုတင်မဲ့စီးရီးကတော့ ဂျပန်ဇာတ်ကားကောင်းကြိုက် ပရိသတ်ကြီးအတွက် Death Note(2015) Series ပါ အရင် DeathNote movie တုန်းကလိုပဲ Kira(Light) နဲ့ L တို့ရဲ့ ကြားထဲက ကစားပွဲလိုပါပဲ DeathNote ဟာ ဂျပန် မန်ဂါ ကနေပြီးတော့ Live Action ပြန်ရိုက်ထားတဲ့ဇာတ်လမ်းပါပဲ
Movie တုန်းကတော့ အကျဉ်းချုံးသဘောမျိုးဖြစ်ပေမဲ့ Series ပြန်ရိုက်တဲ့အခါမှာတော့ မန်ဂါထဲကဇာတ်လမ်းတွေ အတတ်နိုင်ဆုံး စုံအောင်ပြန်ရိုက်ထားပါတယ်

ဇာတ်လမ်းသွားကတော့ Light တစ်ယောက် သူငယ်ချင်းဖြစ်သူ အနိုင်ကျင့်ခံရတာကနေ မကျေနပ်စိတ်တွေဖြစ်တုန်း သေမင်း Ryuk နဲ့တွေ့ Deathnote စာအုပ်ကို ရလာပါတယ် ဒီစာအုပ်မှာ နာမည်ရေးခံရရင် အဲ့ဒီသူဟာ စက္ကန့်၄၀ အတွင်းသေမှာဖြစ်ပါတယ် သေရမဲ့အကြောင်းရင်းကိုရေးထားရင် အဲ့ဒီအတိုင်းသေပြီးတော့ မရေးရင်တော့ နှလုံးရုတ်တရက်ဖောက်ပြီး သေမှာပါ Light တစ်ယောက် Death Note စာအုပ်နဲ့ Lကို ဘယ်လို ပညာပြိုင်ကြမလဲဆိုတာကတော့ ဒီ Series မှာ ပြည့်ပြည့်စုံစုံ ဆက်လက်ကြည့်ရှုကြပါလို့.. မင်းသားတွေ မင်းသမီးတွေ အားလုံးပြောင်းလဲထားတာဖြစ်လို့ Light ပရိသတ်တွေရော L ရဲ့ပရိသတ်တွေပါ အသစ်အဆန်းလေး ခံစားရမှာပါ.. 2015မှာထွက်ထားတဲ့ Series ဖြစ်ပြီး ဂျပန်မှာလဲ လူကြည့်အများဆုံးဖြစ်တဲ့ ဇာတ်လမ်းတွဲဖြစ်လို့ အားပေးကြပါဦး။

442

Tv.Com မှာ Rating 8.7 အထိ ရရှိထားသလို အရင် Movieဇာတ်လမ်းတွေနဲ့မတူ တစ်မူထူးခြားတဲ့ အရသာကို ခံစားရပါ။ Light နဲ့ L ရဲ့ ကစားပွဲကို အခုပဲ ကိုယ်တိုင် ၀င်ရောက်ခံစားလိုက်ပါတော့။

(ဒီဇာတ်ကားအတွက် ဘာသာပြန်သူကတော့ SKL ဖြစ်ပြီး အညွန်းရေးသူကတော့ Khin Cherry Hnin ပဲ ဖြစ်ပါတယ်)



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies