Dear Tenant (2020)
===============
IMDb Rating – 7.4/10
အရင်နှစ်တွေက ထိုင်ဝမ်မှာ လိင်တူချင်းလက်ထပ်ဖို့ကို ခွင့်ပြုပေးခဲ့တာ အားလုံးသိပြီးသားဖြစ်မှာပါ။ အခုလည်း အံ့ဩစွာနဲ့ ထိုင်ဝမ်ရဲ့အကြီးကျယ်ဆုံးဆုပေးပွဲဖြစ်တဲ့ Golden Horse Awards မှာ BL ကားဖြစ်တဲ့ဒီကားလေးက ဇကာတင်ဆု ၅ ဆုအတွက် ဆု ၄ ခုရရှိခဲ့ပါတယ်။
ဒီဇာတ်လမ်းကိုရေးသားသူကတော့ “လက်ထပ်တယ်ဆိုတာ လူနှစ်ယောက်နဲ့မဆိုင်ဘဲ မိသားစုနှစ်ခုပေါင်းစပ်တာပါ။ ဒီကြားထဲ သားသမီးတွေပါလာရင် ပိုရှုပ်ကုန်မှာပေါ့။ ဒီလိုမျိုးရှုပ်ထွေးမှုကို လိင်တူနှစ်ယောက် လက်ထပ်တဲ့အခါ ဘယ်လိုကြုံတွေ့နိုင်မလဲဆိုတာ စိတ်ကူးရင်း ဇာတ်လမ်းရေးသားခဲ့တာပါ” လို့ဆိုခဲ့ပါတယ်။
အချစ်ဆိုတာ ချစ်နေဖို့ပဲဖြစ်ပြီး အချစ်အတွက် တာဝန်ယူမှု၊ သစ္စာစောင့်သိမှုဆိုတာ လိင်မခွဲခြားဘဲ ချစ်သူတွေအားလုံး လိုက်နာရမယ့်စည်းဆိုတာကိုလည်း အသားပေးရိုက်ပြပေးထားပါတယ်။
——————
ကျန့်ရီ ကတော့ လွန်ခဲ့တဲ့ငါးနှစ်က သူ့ရဲ့ချစ်သူကိုဆုံးရှုံးပြီးနောက် ချစ်သူရဲ့သားနဲ့အမေကို မိသားစုသဖွယ် စောင့်ရှောက်ပေးခဲ့တဲ့သူပါ။ ဒါက ပုံမှန်မိန်းကလေးဆိုရင်တော့ အရမ်းလိမ္မာတဲ့ချွေးမလို့သတ်မှတ်ပြီး ယောက်ျားလေးတစ်ယောက်က သိတတ်တဲ့အခါမှာတော့ ဘာများမျှော်လင့်စရာရှိလဲဆိုတဲ့ သံသယတွေဖြစ်ပေါ်စေပါတယ်။
မကြာခင် ကျန့်ရီစောင့်ရှောက်နေတဲ့ အမေက သေဆုံးသွားခဲ့ပြီး ကျန့်ရီ က သားကို မွေးစားလိုက်ပါတယ်။ အမေဆုံးတာကို မယုံကြည်ဖြစ်နေတဲ့ သားငယ်က ရှန့်ဟိုင်းကနေ လိုက်လာပြီး အိမ်ကိုစစ်ဆေးတဲ့အခါ အိမ်ကို မြေးနာမည်နဲ့လုပ်ပေးထားတဲ့အပြင် အလောင်းကိုခွဲစိတ်လိုက်တော့ အမေက မူးယစ်ဆေးဝါးသုံးစွဲထားကြောင်းပါ တွေ့ရတဲ့အခါ အားလုံးရဲ့ သံသယက ကျန့်ရီ အပေါ်ရောက်ရှိလာပါတော့တယ်….
ပုံမှန်မဟုတ်တဲ့ ဒီကားလေးက ဘာမှမထူးခြားဘဲ ပုံမှန်အတိုင်း ချစ်ကြပါတယ်။ ပုံမှန်အတိုင်း သံသယဝင်ကြပြီး ပုံမှန်အတိုင်း လွမ်းဆွတ်ကြပါတယ်။
အဲ… ထူးခြားတာကတော့ အချစ်ကိုချစ်နေဖို့အတွက်ပဲ နားလည်ခဲ့ကြတဲ့ လူအကြောင်းကို ရိုက်ကူးထားတာမို့ ရင်ထဲထိဉီးမယ့် Drama ကားကောင်းလေးတစ်ကား ဖြစ်နေတာပါပဲ။ ။
(နည်းနည်းလေးတော့ ခိုးကြည့်ရမယ့်အခန်းလေးပါတာမို့ မိသားစုနဲ့ကြည့်မယ်ဆို ရီမုဒ်လေးကိုင်ထားနော် )
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ပဲ ဖြစ်ပါတယ်။)
Quality – 1080p, 720p BluRay 5.1CH
Duration – 1h 46min
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama
Source : 1080p.WebRip
Translator – Jo Jo Va
Encoder – SWM
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။










![[19+]Day Dream(1981)](https://image.tmdb.org/t/p/w185/dPQNuAzbi6HSjvrimKTjEzIvGZC.jpg)

![Manikarnika – The Queen Of Jhansi [2019]](https://image.tmdb.org/t/p/w185/a2ba9nHpKE4jJJk0E2r7IXF9XGK.jpg)
![[18+] My Father, Myself (2022)](https://www.channelmyanmar.to/wp-content/uploads/2023/07/MV5BMTBjY2VhZmUtNGNjYi00MmZiLWE5ZWEtNjRhZTc3YWQ5MGNhXkEyXkFqcGdeQXVyNTI5NjIyMw@@._V1_-160x200.jpg)

















