Dear Enemy (2011)

Synopsis:
unicode
ကဲအခုတစ်ခါတော့ တရုတ်နှစ်သစ်ကူးအတွက်
တရုတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းလေးက အချစ်ဟာသ ဇာတ်မြူးလေးမို့
ပေါ့ပေါ့ပါးပါးလေးကိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်ကြီးအနေနဲ့
ကတော့ နှစ်သက်ကြမှာပါဗျ ပြီးတော့ မတူညီတဲ့ ပန်းတိုင် ၂ခုကို
လျှောက်လှမ်းနေကြတဲ့ ချစ်သူနှစ်ဦး တယောက်နဲ့ တယောက်
အချိန်မပေးနိုင်ပဲ နောက်ဆုံးမှာ ကွဲကွာသွားကြပုံကို
သင်ခန်းစာယူကြည့်ရှူကြရမှာဖြစ်ပါတယ်
ဇာတ်လမ်း အကျဉ်းလေးကတော့ ဒီရတ် ဟာ အလုပ်ကို
အလွန်ကြိုးစားသူဖြစ်ပြီး မိမိရည်စားအပေါ်မှာ အချိန်မပေးနိုင်လောက်
အောင်ကို အလုပ်များတဲ့သူတယောက်ပါ ဒီလိုနဲ့ သူ့ရဲ့ ရီးစား အေမီ နဲ့
ပြန်ဆဲသွားခဲ့ပါတယ် မထင်မှတ်ထားတဲ့ ကံကြမ္မာရဲ့ တိုက်ဆိုင်မှုကြောင့်
အေမီတယောက် ဒီရတ် ရဲ့ ပြိုင်ဖက် ကုမ္မဏီမှာ အလုပ် ရသွားခဲ့ပါတယ်
ဒီလိုနဲ့ နဂို ရှိရင်းဆွဲ အမုန်းနေကြသူ ၂ယောက်ဟာ အပြိုင်အဆိုင်အလုပ်လုပ်
ကြရာမှာ သူတို့ ၂ယောက်တယောက်နဲ့ တယောက် တိုက်ခိုက်ကြ ပြိုင်ဆိုင်ကြ
တယောက်နဲ့ တယောက် ကျရှုံးအောင် အကျင့်ယုတ်ကြရင်းနဲ့
ဘယ်လောက်ပင်မုန်းတဲ့ သမီးရီးစားဖြစ်ဖြစ် သူတို့ရဲ့ ရင်ထဲမှာ
ကျန်ရှိနေသေးတဲ့ သံယောဇဉ် မီးစာလေးက ပြန်လည် ထွက်ပေါ်လာခဲ့တဲ့ အခါမှာတော့
ဘယ်လိုတွေများလဲဆိုတာကို ပရိတ်သတ်ကြီးကပဲ ဆက်လက် ကြည့်ရှူလိုက်ပါတော့နော် 😀
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။