Exit print mode Print Data A+ A- Undo all

Dead Ringers (1988)

Two bodies. Two minds. One soul.
Dead Ringers (1988)Dead Ringers (1988)

Synopsis:

442

 

အဲလိယတ်နှင့် ဘီဗာလီတို့ဟာ ရုပ်ရည် သွင်ပြင်လက္ခဏာချွတ်စွပ်တူတဲ့ အမြွာတွေဖြစ်ပြီးတော့ သူတို့ဟာ အောင်မြင်တဲ့ မီးယပ်သားဖွားဆရာဝန်တွေဖြစ်ပါတယ်။ သူတို့ရဲ့ဆေးခန်းဟာ ခေတ်မီဆန်းသစ်တဲ့ နည်းပညာနှင့် ကိရိယာတွေကြောင့် လူသိများပါတယ်။ သူတို့နှစ်ယောက်မှာ အဲလိယတ်ဟာ လူနာအမျိုးသမီးတွေနဲ့ အတူတူ အိပ်လေ့ရှိပြီးတော့ သူငြီးငွေ့သွားရင် သူ့ရဲ့ ညီဖြစ်သူ ဘီဗာလီကို လက်လွဲပေးတတ်ပါတယ်။

ဒီတော့ ကောင်မလေးတွေခဗျာ ရုပ်ချင်းဒီလောက်ဆင်တယ်ဆိုတာ မသိတာကတစ်ကြောင်း၊ အကျင့်စရိုက်တွေပါ မခွဲခြားနိုင်တာကြောင့် နှစ်ယောက်ပေါင်းပြီး စားခံနေရမှန်း မသိကြရှာပါဘူး။ တစ်နေ့မှာတော့ နာမည်ကျော်သရုပ်ဆောင်မင်းသမီး ကလဲဟာ ရုပ်ရှင်ဇာတ်လမ်းတိုလာရိုက်ကူးရင်း သူတို့ဆေးခန်းကို လာပြရာက အဲလိယတ်ကို ကြွေဆင်းသွားပြီး တူတူအိပ်ဖြစ်ကြပါတယ်။

အဲလိယတ်ကတော့ ကလဲကို ငြီးငွေ့သွားလို့ သူ့ညီ ဘီဗာလီကို သွားအိပ်ခိုင်းပါတယ်။ တနယ်ခြားသူလေး ကလဲဟာ သူမကို ညီအစ်ကိုနှစ်ယောက်ပေါင်းစားနေကြောင်း မသိရှာပါဘူး။ ဒီတော့ ဒီဇာတ်ကားလေးမှာ ကလဲတစ်ယောက် ဒီအဖြစ်မှန်ကို သိသွားမလား၊ သူ့အနေနဲ့ ဘယ်လိုလက်တုံ့ပြန်မလဲ၊ အမြွာနှစ်ယောက်ကရော ဘယ်လိုစိတ်နေစိတ်ထားရှိတာလဲ၊ စိတ်အနေအထားက မူမှန်ရဲ့လားဆိုတာကို စဉ်းစားရခက်စွာ အဖြေရှာရှင်း ကြည့်ရှုရမယ့် ဇာတ်ကားအမျိုးအစားပါ၊ ၁၉၈၈ ကတည်းက ဒီဘက်ခေတ်မီအောင် ပြောင်မြောက်စွာ ရိုက်ကူးထားတဲ့အတွက်ကြောင့် ကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ကြပါဦးခင်ဗျာ။

 

File size…(2 GB)/(1 GB)
Quality….Blu-Ray 1080p / 720p
Format…mp4
Duration….01:56:00
Genre…Drama, Horror, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Matteo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $13 000 000,00
Revenue
USD $8 038 508,00
Popularity
22.814
Status
Released
ID IMDb.com
tt0094964
IMDB Rating
7.2
ID Themoviedb.org
9540
TMDb Rating
7.1
TMDb votes
829