Exit print mode Print Data A+ A- Undo all

Dazed and Confused (1993)

It was the last day of school in 1976. A time they'd never forget. (If only they could remember)
Dazed and Confused (1993)Dazed and Confused (1993)

Synopsis:

442

 

ဒီရုပ်ရှင်က ၁၉၇၆ ခုနှစ် မေလ ၂၈ ရက်မှာ အော်စတင်၊ တက္ကဆက်ဒေက အထက်တန်းကျောင်းတစ်ခုရဲ့ ကျောင်းစာသင်နှစ် နောက်ဆုံးရက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ IMDb 7.6 , Rotten Tomatoes 93% အထိရထားပါတယ်။

ဒီရုပ်ရှင်မှာ ဇာတ်လိုက်အုပ်စုတစ်ခုတည်းနဲ့ ဇာတ်လမ်းသွားတစ်ခုတည်းနဲ့မဟုတ်ဘဲ ကွဲပြားတဲ့ လူငယ်အုပ်စုတွေနဲ့ ဇာတ်ကောင်တွေရဲ့ ဆက်စပ်ထားတဲ့ ဇာတ်လမ်းတွေကို အဓိကထားပြီး ရိုက်ကူးထားတာပါ။ ဥပမာအနေနဲ့၊ နိုင်ငံတကာတန်း လူမိုက် စီနီယာကျောင်းသားတွေရဲ့ အကြမ်းဖက် သောင်းကျန်းကြတာတွေ၊ အားကစားသမားဖြစ်ပေမဲ့ ဘီယာသောက် ဝိ‌သောက် ပျော်ပါးရတာနှစ်ခြိုက်တဲ့ ဘောလုံး (ဘေ့စ်ဘော) ကစားသမားကျောင်းသားတစ်ယောက်နဲ့ အသင်းအတွက် အပျော်အပါးကိစ္စတွေကိုစွန့်လွှတ်ဖို့ရာ စာချုပ်ရေးထိုးဖို့ တိုက်တွန်းနေတဲ့ သူ့နည်းပြအကြောင်း၊ အရင်က အပျော်အပါးကိစ္စတွေကို လုပ်လေ့မရှိ‌ခဲ့ပေမဲ့ ဒီညနေရောက်တော့မှ ပါတီတစ်ခုကိုတက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့ အထက်တန်းနှစ်က သိပ္ပံစာဂျပိုး ဂိသူငယ်ချင်းတစု၊ အထက်တန်းပထမနှစ်ကို စတက်ခါစမှာပဲ စီနီယာတစ်အုပ် ပစ်မှတ်ထားတာကိုခံရပြီး သူတို့လက်ကလွတ်အောင်ပြေးနေရတဲ့ ဂျူနီယာကျောင်းသားသူငယ်ချင်းတစ်စု စသဖြင့် မတူညီတဲ့ လူငယ်အုပ်စုတွေနဲ့ ဇာတ်ကောင်တွေရဲ့ အဖြစ်အပျက်တွေကို အဓိကထားပြီး ရိုက်ကူးထားပါတယ်။ကျောင်း‌နောက်ဆုံးနေ့မှာ Lee High အထက်တန်းကျောင်းက အထက်တန်းကျောင်းသား ကျောင်းသူတွေစုပြီး ထိုခေတ်အခါက လူငယ်တွေရဲ့သင်္ကေတတွေဖြစ်တဲ့ အောက်ကဘဲလ်ဘောင်းဘီနဲ့ အပေါ်က ရှပ်လက်တို၀တ်၊ Low rider ကားကြီးတွေနဲ့ သူငယ်ချင်းတွေအုပ်လိုက် မြို့ထဲပတ်တာတွေ၊ ဘီယာ ဆေးခြောက်စုသောက်ကြတာတွေ စသဖြင့် ကျောင်းသားလူငယ်တွေတစ်ညလုံးကဲကြတဲ့အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးပြထားတာပါ။ ဒီရုပ်ရှင်ဟာ အသက် ၁၃ ကနေ ၁၈ အတွင်းက အခက်အခဲဆုံးကာလတွေကို ပြန်အမှတ်ရစေပြီး၊ ဒီကာလတွေမှာရခဲ့တဲ့ နာကျင်မှု‌တွေ၊အမှတ်တရဖြစ်စေတဲ့ ဘ၀ရဲ့ပထဆုံးအတွေ့အကြုံတွေ၊ အရသာတွေကို ပြန်အမှတ်ရစေတယ်လို့ ပြောရပါမယ်။

ဒီရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တွေဟာ အနာဂတ်မှာ ကြယ်ပွင့်ဖြစ်လာမယ့် သရုပ်ဆောင်တွေဖြစ်ပြီး Jason London, Ben Affleck, Milla Jovovich, Cole Hauser, Parker Posey, Adam Goldberg, Matthew McConaughey, Nicky Katt, Joey Lauren Adams, နဲ့ Rory Cochrane တို့လို သရုပ်ဆောင်တွေပါဝင်ထားပါတယ်။ ဒါရိုက်တာ Linklater ဟာ သူ့ရဲ့ လူငယ်ဘဝကို အခြေခံပြီး ဇာတ်ညွှန်းကို ရေးသားခဲ့ပြီး၊ သူ့ရဲ့ မွေးရပ်မြေက လူတွေရဲ့ နာမည်တွေကို ဇာတ်ကောင်တွေအတွက် အသုံးပြုခဲ့ပါတယ်။ အဲဒီတုန်းက ဒါရိုက်တာ Linklater ကရုပ်ရှင်အတွက် ရွေးချယ်ခံရတဲ့ သရုပ်ဆောင်တွေကို ကိုယ့်‌ဇာတ်ကောင်ကို ကိုယ်တိုင်တည်ဆောက်ကြဖို့ တိုက်တွန်းခဲ့ပြီး အပိုဇာတ်၀င်ခန်းတွေအတွက်လည်း ဇာတ်ညွှန်းရေးပေးခိုင်းခဲ့တယ်လို့လည်းဆိုပါတယ်။ Linklater က ဒီရုပ်ရှင်နောက်ခံတေးအတွက် ၇၀ ခုနှစ်က ရော့ခ်သီချင်းတွေအများကြီးကို စုစည်းပြီး အလျှံပယ်ထည့်သွင်းခဲ့ပါတယ်။ Gramercy Pictures က ဒီရုပ်ရှင်ကို Stoner ရုပ်ရှင်ဆိုပြီး ကြော်ငြာခဲ့တာကြောင့် Linklater တစ်ယောက် လန့်ဖျပ်သွားခဲ့ရပါသေးတယ်တဲ့။

စက်တင်ဘာ ၂၄၊ ၁၉၉၃ မှာ ရုံတင်ပြသခဲ့တဲ့ ဒီရုပ်ရှင်ဟာ Box Office မှာ အရှုံးပေါ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ ရုံတင်ဝင်ငွေဒေါ်လာ ၈ သန်းအောက်ပဲရရှိခဲ့ပါတယ်တဲ့။ ဒီရုပ်ရှင်ဟာ နောက်ပိုင်းမှာ Home video market လို့ခေါ်တဲ့ ဗီဒီယိုရုပ်ရှင်ကား အငှားဈေးကွက်မှာမှ စအောင်မြင်သွားခဲ့ပြီး ဂန္တ၀င်လူငယ်ရုပ်ရှင်တွေထဲကတစ်ကား ဖြစ်လာခဲ့တာပါ။ Entertainment Weekly မဂ္ဂဇင်းရဲ့ အကောင်းဆုံးအထက်တန်းကျောင်းရုပ်ရှင် ၅၀ စာရင်းမှာ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး၊ “လွန်ခဲ့သော ၂၅ နှစ်အတွင်း ရယ်စရာအကောင်းဆုံးရုပ်ရှင်များ” စာရင်းမှာ ၁၀ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ညွှန်းတာတွေလည်း များသွားပြီမလို့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားလိုက်ကြပါဦး။

 

File size…(2.5 GB)/(1.3 GB)
Quality….Blu-Ray 1080p / 720p
Format…mp4
Duration….01:43:00
Genre… Comedy
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Steven Khant



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $6 900 000,00
Revenue
USD $8 000 000,00
Popularity
52.035
Status
Released
ID IMDb.com
tt0106677
IMDB Rating
7.6
ID Themoviedb.org
9571
TMDb Rating
7.338
TMDb votes
1948