Darc (2018)


Synopsis:
အခုတစ်ခါတော့ အက်ရှင်ကားကောင်းကောင်းကြိုက်တဲ့သူတွေအတွက်
Darc ဆိုတဲ့ ၂၀၁၈ ထွက်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ဒီကားလေးက ဒုစရိက်လောကရဲ့ မာယာများပုံတွေ
တစ်ယောက်နဲ့တစ်ယောက်ကောက်ကျစ်ကြပုံတွေနဲ့
ကိုယ်ကောင်းစားဖို့ဆို သူများကိုထိုးကျွေးတာတွေကို ရိုက်ကူးပြထားတာပါ
ဇာတ်လမ်းအကျဉ်းလေးကတော့
ခိုဂါခိုင်းဆိုတဲ့ ယာကူဇာဂိုဏ်းဟာ လူကုန်ကူး လူသတ် ပြည့်တန်ဆာလုပ်ငန်းစတဲ့
မကောင်းတာအကုန်လုပ်တဲ့ ဒုစရိုက်ဂိုဏ်းပါ တစ်ရက်မှာ
ရဲတစ်ယောက်ရဲ့သမီးလေးကို အဲ့ဒီဂိုဏ်းက ပြန်ပေးဆွဲသွားတဲ့အခါ အဖေဖြစ်သူက
ကြမ်းပေ့ရမ်းပေ့ ထောင်သား ဂျိတ်ကို စောလွှတ်ပေးပြီး ကယ်ပေးဖို့ အကူအညီတောင်းပါတော့တယ်
ဂျိတ်မှာလည်း သူ့အမေနဲ့ပတ်သက်တဲ့ကလေးဘဝက အတိတ်ဆိုးကြီးရှိပြန်ပါတယ်
အဲ့ဒီနောက် အခုပြန်ပေးဆွဲဂိုဏ်းဟာလည်း သူ့အမေကို သတ်ခဲ့တဲ့ ယာကူဇာဂိုဏ်းပဲဖြစ်နေပြန်တဲ့အခါ..
ဂိုဏ်းခေါင်းဆောင်ရဲ့သားကို ဝင်လုံးပြီး ကောင်မလေးကိုကယ်ဖို့ ကြိုးစားရပါတော့တယ်
နောက်ဆုံးကယ်လိုက်နိုင်မှာလား သူ့အမေအတွက်ရောလက်စားချေနိုင်မှာလားကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦး
IMDB 5.6/10 တောင်ရရှိထားပြီး Julias N.Rasso ကရိုက်ကူးထားပါတယ်
Jake အဖြစ် Tony Schinea ကပါဝင်ထားပါတယ်
ဂိုဏ်းခေါင်းဆောင်ရဲ့သားအဖြစ် ပါဝင်ခဲ့တဲ့ ဂျပန်မင်းသားရဲ့
အိုဗာအိုက်တင်တွေကလွဲလို့ ကြည့်လို့ကောင်းမှာပါ
ဒုစရိုက်လောက သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်း ပြထားတာမို့
၁၈+ အခန်းတွေတော့ နည်းနည်းပါပါတယ် ဆိုတာကြိုတင်သတိပေးလိုက်ပါတယ်
Qty – 720p Web DL
Duration – 1hr 45min
Gern – Thriller
Subtitle – Myanmar
Translator – May Myat Thu
Review – May Myat Thu
Encoder – May Myat Thu
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။