Dangerous Lies(2020)


Synopsis:
Dangerous Lies(2020)
Netflixကနေ မကြာသေးခင်ကမှ ထွက်ရှိလာတဲ့ ဒီကားကတော့ တော်တော်လေး စိတ်၀င်စားဖို့ကောင်းတယ်လို့ကို ပြောလို့ရပါတယ်။
ကေတီ နဲ့ အဒမ် တို့ဟာ လူငယ်ဇနီးမောင်နှံတွေဖြစ်ပြီး သူတို့မှာ ငွေရေးကြေးရေး အခက်အခဲ တော်တော်လေးရှိနေကြပါတယ်။
ကေတီဟာ ၈၈နှစ်အရွယ် အဘိုးအို တစ်ဦးကို ပြုစုစောင့်ရှောက်ပေးရတဲ့ caretaker တစ်ဦးလည်း ဖြစ်ပါတယ်။
ငွေကြေးပြည့်စုံတဲ့ တကောင်ကြွက် အဘိုးအို တစ်ယောက်ဖြစ်ပြီး ခမ်းနားတဲ့ အိမ်ကြီးမှာ
နေထိုင်သူတစ်ဦး ဖြစ်ပါတယ်။ ကေတီ အလုပ်၀င်ပြီး လေးလအကြာမှာတင် အဘိုးကြီးဆုံးပါးသွားတော့
အံ့သြစရာကောင်းလောက်အောင် ကေတီက အိမ်ကြီးကို အမွေဆက်ခံခွင့်ရခဲ့ပါတော့တယ်။
ဒီမှာပဲ ဇာတ်ခမ်းစပါတော့တယ်။ သူအမွေရခဲ့တဲ့ အိမ်ကြီးထဲမှာ ဘာတွေများရှိနေမလဲ။
ဒီအိမ်ကြီးကို အကြောင်းပြုပြီး သူတို့လင်မယားနှစ်ယောက် ဘယ်လိုဒုက္ခတွေကြုံတွေ့ရမလဲ။
ဆင်းရဲရတဲ့ ဒုက္ခနဲ့ ချမ်းသာရတဲ့ ဒုက္ခဟာ ဘာတွေများ ကွာခြားမလဲ အ
မျိုးမျိုးသော အဖြစ်အပျက်တွေနဲ့အတူ နောက်ဆုံး ရဲတပ်ဖွဲ့ကပါ ခြေချင်းလိမ်လာတဲ့ အခါမှာတော့..
.. Netflixထုံးစံအတိုင်း ဇာတ်လမ်းက အလှည့်အပြောင်းတွေနဲ့ အတော် မြိုင်ဆိုင်တာကိုတွေ့ရပါတယ်။
ဒါ့အပြင် ဒီကားမှာတော့ မင်းသမီး Camila Mendesရဲ့ သရုပ်ဆောင်မှုတွေက အပိုအလိုမရှိ
ကောင်းလွန်းနေတာကို မြင်တွေ့ရမှာပါ။ Drama, Mystery, Thriller
ရသပေါင်းစုံ ခံစားရမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့
K ပဲဖြစ်ပါတယ်…..
File Size : (898 MB) and (510 MB)
Quality : WEB-DL 720p
Format…mp4
Duration…01:36:00
Genre : Mystery , Drama, Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by K
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။