အဘွားကလည်း အကမယ် အမေကလည်း
အကမယ်ဖြစ်ခဲ့တဲ့ ဒီလန်ရဲ့သွေးကြောထဲမှာ အကကို
ချစ်တဲ့သွေးတွေ စီးဆင်းနေတာပေါ့။ ဒါပေမဲ့
အသွေးအသားထဲအထိ အကကိုချစ်တဲ့ဒီလန်တစ်ယောက်
အကကို ဘဝထဲက ခေတ္တခဏ ထုတ်လိုက်တဲ့ဆီ
ရောက်သွားပါတယ်။
အကြောင်းကတော့ သူ့ရဲ့အမေဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက်
အမေနဲ့အမှတ်တရတွေများလွန်းတဲ့ ဒစ္စကိုအကဟာ
ပျော်ရွှင်မှုကနေ ဝမ်းနည်းမှုဖြစ်သွားစေလို့ပါပဲ။
အချိန်တွေကြာပေမဲ့ အနာမကျက်နိုင်တဲ့ဒီလန်ကို
အဘွားဖြစ်သူက လူရွေးပွဲဝင်ပြိုင်ဖို့ တိုက်တွန်းပေမဲ့
ရက်စွဲမှားကြည့်လို့ ထပ်ပြီးလွဲချော်ခဲ့ပြန်တဲ့ ဒီလန်
တစ်ယောက်၊ Dancing Queens ဆိုတဲ့drag show
clubမှာ တစ်ပတ် သန့်ရှင်းရေးလုပ်ရဖို့ ဖြစ်လာပါ
တော့တယ်။
Dancing Queensကလည်း ရေရှည်ရပ်တည်ခဲ့တဲ့
ကလပ်တစ်ခုပီပီ ခေတ်ရေစီးကြောင်းနဲ့အမီလိုက်ဖို့
အခက်တွေ့နေတာကတစ်ကြောင်း တစ်ဖက်က အက
အဖွဲ့ခေါင်းဆောင်ရဲ့ အချစ်ဆုံးသူငယ်ချင်းက ဆုံးသွားတာက
တစ်ကြောင်းနဲ့ နာလံမထူနိုင်ဖြစ်နေတာပါ။ ဒီလိုနဲ့ပဲ
အကသွေးတွေ ပြန်ကြွလာပြီး drag showဝင်ကဖို့
ဒီလန်တစ်ယောက် ယောက်ျားလေးလိုဟန်ဆောင်ရင်း
အဖွဲ့ထဲဝင်ဖို့ ကြိုးစားတဲ့အခါမှာတော့ ဘာတွေဆက်
ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။
File size…2.17GB / 1.01GB
Quality…NF WEB-DL 1080p 5.1CH / 720p
Format…mp4
Duration….1h 50m
Genre ….. Comedy , Drama
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Jane
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။