Exit print mode Print Data A+ A- Undo all

Daisy (2006)

A cop. A criminal. A flower.
Daisy (2006)Daisy (2006)

Synopsis:

442

နှစ်ချို့ဝိုင်တစ်ခွက်လို အတိတ်ရဲ့လွမ်းမောဖွယ်ရာကို လတ်လတ်ဆတ်ဆတ်သယ်ဆောင်လာတဲ့ ရနံ့မျိုးနဲ့ ပန်းတစ်ပွင့်..ဒေစီ။
အရောင်တွေကစလို့ ဝါကျင်ကျင်ဖြစ်နေမယ်…သရုပ်ဆောင်တွေက ဒေစီအတွက် အသက်ရှင်နေသလို သက်ဝင်နေမယ်…
ဖြစ်တည်တဲ့လမ်း မြစ်တွေရဲ့ကမ်းလိုပဲ အကြောင်းအရာက နည်းနည်းလေးဆိုပေမယ့် တစ်ဘဝစာလုံး ပျော်ဝင်မှုနဲ့ထိန်းကွပ်ထားမယ်…
အတ္တတွေမရှိဘူး….ချစ်ခြင်းသန့်သန့်တွေပြိုင်ဆိုင်ကြတဲ့ပွဲမှာ…
ဪ…တွယ်ငြိရာသာ ဆုံးရှူံးမှာပါပဲ။

Daisy (2006)

IMDb Rating (7.5 ) Rotten Tomatoes (79%) ရရှိထားတဲ့ ဒီရုပ်ရှင်ကားကတော့
ကိုရီးယားရဲ့ မင်းသမီးချော Ji-hyun Jun နဲ့ မင်းသား Jung Woo-sung တို့ပါဝင်ထားပြီး
ဘဝမှာ မှတ်မှတ်ထင်ထင်ရှိစေမယ့် ကိုရီးယားရုပ်ရှင်တစ်ကားလဲဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားက HD Quality လုံးဝမထွက်ရှိခဲ့ဘဲ DVD Quality နဲ့ပဲ နှစ်တွေကြာရှည်ခဲ့ပြီး
ခုကတော့ BluRay Disc 60 FPS Quality နဲ့ထွက်ရှိလာလို့ အကောင်းဆုံး ရုပ်သံအရည်အသွေးရရှိအောင်
ပြန်လည်တင်ဆက်လိုက်ပါတယ်။

+++++++++++++++++++

ရုပ်ရှင်အညွှန်းကိုတော့ MSR FB ပေ့ကစာသားတွေနဲ့မိတ်ဆက်ခဲ့ပါမယ်….

++++++++++++++++++++

ဒေစီ
မိုးကလည်း ရွာလာပြန်ပြီ ။ ကျွန်မက ထီးမဆောင်တက်တဲ့အတွက် မိုးရွာတိုင်း မိုးခိုဖို့နေရာ အမြဲရှာရတယ် ။ ကျွန်မတစ်ယောက်တည်းနေသားကျနေတာလည်းပါမှာပါလေ ။ ကျွန်မမိုးမိမှာကို စိုးရိမ်မဲ့သူ ၊ ဂရုစိုက်မဲ့သူလည်း မရှိဘူးလေ ။ ဒီတော့ ကျွန်မထီးယူယူမယူယူ ကိစ္စမရှိဘူးပေါ့ ။ ကျွန်မအဖိုးအမြဲပြောလေ့ရှိတာက ဟယ်ယောင်း စိတ်မပူနဲ့ ၊ အချိန်တန်ရင် မိုးတိတ်သွားပြီးတော့ တောက်ပတဲ့‌ေနမင်းကြီးထွက်လာလိမ့်မယ် ၊ တစ်နေ့တော့ သမီးလည်း အဲလိုလူမျိုးတွေ့မှာပါ တဲ့ ။ ကျွန်မအဖိုးက ရှေးရိုးဆန်တယ် ။ ကျွန်မခု အသက်၂၅ ပြည့်ပြီ ။ ပြီးတော့ ကျွန်မအချစ်ဦးလာမှာကို စောင့်နေတယ် ။ အချိန်တန်တော့မိုးတိတ်သွားပြီ ။ ကျွန်မရဲ့အချစ်ဦးက မကြာမှီပေါ်လာလိမ့်မယ် တစ်ထစ်ချယုံကြည်နေရလောက်အောင်တော့ ကျွန်မ မရူးသေးပါဘူး ။
သူနဲ့ဒီလိုဆုံဆည်းရမယ်လို့ ကျွန်မဘယ်တုန်းကမှမမျှော်လင့်ထားခဲ့ဘူး ။ သူနဲ့ကျွန်မ မျက်နှာချင်းဆိုင်ထိုင်ခဲ့ကြတာ တစ်နာရီနီးပါးလောက်ကြာ‌ေလောက်တယ် ။ ကျွန်မနဲ့သူ စတွေ့ခဲ့တဲ့အချိန်ကို မှတ်မိနေတယ် ။ ၄ နာရီ ၁၅ ။ ကျွန်မအဖိုးရဲ့ ရှေးဟောင်းပစ္စည်းဆိုင်မှာ ကျွန်မအလုပ်လုပ်တယ် ။ ညဘက်ကတော့ ကျွန်မကိုယ်ပိုင်အချိန်ပေါ့ ။ ကျွန်မရဲ့ပထမဆုံးပြပွဲအတွက် ညတိုင်းကျွန်မပန်းချီဆွဲတယ် ။ စနေ ၊ တနင်္ဂနွေမှာတော့ လမ်း‌ပေါ်မှာပန်းချီဆွဲတယ် ။ ပုံမှန်ဆိုရင် ‌ပန်းချီလာဆွဲသူတွေက ကျွန်မနဲ့မသိတဲ့ သူစိမ်းတွေချည်း ။ ဒါပေမဲ့ သူကျွန်မရှေ့မှာထိုင်လိုက်တဲ့အခိုက်အတန့်မှာ သူ့ရဲ့တစ်ဘဝလုံးကို ကျွန်မသိမြင်နေသလိုမျိုး သူနဲ့ကျွန်မ ရင်းနှီးနေသလိုကျွန်မခံစားမိတယ် ။ ဒါဟာ ကျွန်မအလုပ်မှာ အကောင်းမွန်ဆုံးအစိတ်အပိုင်းတစ်ရပ်လို့ ကျွန်မထင်နေမိတယ် ။ ဘာလို့လဲဆိုတော့ သူက ၄ နာရီ ၁၅ မိနစ်တိတိမှာ ကျွန်မဆီရောက်လာလို့ပါပဲ ။ သူရဲ့ပုံကို ကျွန်မဆွဲနေတုန်းမှာ သူနဲ့ပတ်သတ်ပြီးထူးဆန်းတာတစ်ခုကို ကျွန်မတွေ့ခဲ့ရတယ် ။ သူကကျွန်မကို ကြည့်နေပေမဲ့ သူ့ရဲ့အာရုံက ကျွန်မခေါင်းရဲ့နောက်ဖက္မှာ ။ ကျွန်မရဲ့ဆံပင်ကို သူကြည့်နေတာလား ။ နောက်တစ်ကြိမ် သူကျွန်မရှေ့ကိုရောက်လာခဲ့တယ် ။ သူက အချိန်တိကျတယ် ။ ၄ နာရီ ၁၅ ၊ ကျွန်မတို့စတွေ့ခဲ့တဲ့အချိန်ပေါ့ ။
————–
မိုးရွာနေလို့ သူ မလာတာများလား ။ သူက ဆရာဝန်တစ်ယောက်လည်း ဖြစ်နိုင်တယ် ။ သူ့မှာအရေးပေါ်လူနာရှိနေတာလည်း ဖြစ်နိုင်တယ် ။ ဒါမှမဟုတ် ဒီလမ်းမှာ သူမတော်တဆတစ်ခုဖြစ်နေလို့လား ။
————–
အဲဒီနေ့က သူနဲ့ကျွန်မ ဟိုးအရင်တည်းကခင်တဲ့သူငယ်ချင်းတွေလို စကားတွေပြောဖြစ်ခဲ့တယ် ။ အဲဒီလိုမျိုး ကျွန်မတို့ ရက်သတ္တပတ်များစွာတွေ့ဖြစ်ကြတယ် ။ ရေစက်ပါလို့ ကျွန်မတို့နှစ်‌ယောက်တွေ့ဆုံရတာလို့ ကျွန်မယုံကြည်တယ် ။ ကျွန်မကြုံဆုံခဲ့ရတဲ့ အတိတ်ကဖြစ်ရပ်တွေအများကြီးကို သူ့ကိုပြောပြခဲ့တယ် ။
—————
အဲဒီနှစ်က ကျွန်မအဖိုးနေတဲ့ရွာကလေးမှာ ကျွန်မရဲ့ပြပွဲအတွက်ပန်းချီဆွဲရင်း ကုန်ဆုံးခဲ့ရတယ် ။ စမ်းချောင်းလေးကိုဖြတ်ပြီး တစ်ဖက်ကမ်းကဒေစီပန်းလေးတွေကို ကျွန်မပန်းချီသွားဆွဲလေ့ရှိတယ် ။ ကျွန်မအတွက် ဒေစီပန်းလေးတွေက နေကြာပန်းအငယ်စားလေး‌တွေပါပဲ ။ ဗန်ဂိုးလ်က နေကြာပန်းတွေကို ပန်းချီဆွဲတယ် ။ ကျွန်မက ဒေစီပန်းတွေကို ဆွဲတယ် ။ ဗန်ဂိုးလ်ကြောင့် ကျွန်မ ပန်းချီဆရာဖြစ်ဖို့ အိမ်မက္မက္ခဲ့တာ ။ စမ်းချောင်းလေးထဲကိုပြုတ်ကျသွားခဲ့ရပြီးနောက် ဒီသစ်လုံးတံတားလေးကနေဖြတ်ဖို့ ကျွန်မမှာ သတ္တိမရှိတော့ဘူး ။ တစ်နေ့မှာတော့ အသစ်ဆောက်ထားတဲ့တံတားလေးကို ကျွန်မတွေ့ခဲ့တယ် ။ တံတားလေးက အကြမ်းထည်လေးဆိုပေမဲ့ ကျွန်မအတွက်လှပနေတယ် ။ ပထမတော့ တိုက်ဆိုင်မှုတစ်ခုလို့ ကျွန်မထင်ခဲ့တာ ။ နောက်တော့ ကျွန်မအတွက် တစ်စုံတစ်ယောက်က ဒီတံတားလေးကို‌ဆောက်ပေးတာလို့ ကျွန်မခံစားရတယ် ။ ပြီးတော့ ကျွန်မပျောက်သွားတဲ့ပစ္စည်းတွေကို တံတားမှာ ကျွန်မတွေ့ခဲ့ရတယ် ။ နောက်တစ်နေ့မှာတော့ ကျွန်မထားခဲ့တဲ့ပန်းချီကားလေးကို တစ်စုံတစ်ယောက်ယူသွားတယ် ။ နောက်မှာတော့ တစ်စုံတစ်ယောက်က ကျွန်မဆီ ဒေစီပန်းတွေ စပို့ခဲ့တယ် ။ ကျွန်မလေ့လာသိရှိရသလောက်တော့ ဒေစီပန်းတွေရဲ့ အဓိပ္ပာယ်က နှလုံးသားထဲကအချစ်တဲ့ ။ ပန်းပို့တဲ့သူက သူဘယ်သူလဲ အသိမခံဘူး ။ ပန်းပို့တဲ့သူဘယ်သူလဲဆိုတာသိချင်လို့ ပြတင်းပေါက်ကနေ အပြင်ကိုကျွန်မစောင့်ကြည့်တယ် ။ ဒါပေမဲ့ ဘယ်သူမှရှိမနေဘူး ။ ဒီတော့ အရိပ်အနေနဲ့ကျွန်မ ဆွဲခဲ့တယ် ။ ကျွန်မသူ့ကို စောင့်နေခဲ့တာ ။ ခုတော့ ကျွန်မသူ့ကို တွေ့ရပြီထင်တာပဲ ။
ဟယ်ယောင်း
~~~~~~~~~~~~~~~
အဲဒီလူက ကျွန်တော်ပါလို့ ကျွန်တော်မလိမ်ချင်ဘူး ။ ကျွန်တော်မဟုတ်ဘူးလို့လည်း မပြောချင်ဘူး ။ သေချာတာတစ်ခုက သူမကို ကျွန်တော် ချစ်မိနေပြီဆိုတာပါပဲ ။ ဒါပေမဲ့ကျွန်တော့်ဘဝက သူမ ထင်ထားသလောက် စိတ်ကူးယဉ်တော့မဆန်ဘူး ။ တကယ်တမ်းကျွန်တော်ဘယ်လိုလူလဲဆိုတာကို သူမ တွေးတောင်တွေးကြည့်ဖူးမှာမဟုတ်ဘူး ။ ကျွန်တော်က အမ်စတာဒမ်မှာရှိနေတဲ့ အာရှရာဇဝတ်ကောင်တွေကို စုံစမ်းထောင်လှမ်းရတဲ့ အင်တာပိုရဲတပ်ဖွဲ့ဝင် တစ်ယောက်ပါ ။ ဒီတစ်ခေါက် ကျွန်တော်တို့တာဝန်က မူးယစ်ဆေးကုန်ကူးနေတဲ့အဖွဲ့တစ်ခုနဲ့ သူတို့ရဲ့အာရှ ဥရောပ ရောင်းဝယ်နေတဲ့လမ်းကြောင်းကို ရှာဖွေဖော်ထုတ်ဖို့ပါ ။
ဒီနေရာကနေဆို သူမကျွန်တော့်ကိုကွယ်နေလို့ ကျွန်တော့်ကိုသူတို့ သတိထားမိမှာကို စိတ်ပူစရာမလိုပဲ အကုန်လုံးကိုမြင်နိုင်တယ် ။ ကျွန်တော်ထွက်သွားတဲ့အထိ သူမကို ကျွန်တော်သေချာ မကြည့်ခဲ့လိုက်ရဘူး ။ ဒုတိယအကြိမ်မြောက်သူမရဲ့ရှေ့မှာထိုင်မိတဲ့အချိန်မှာ အချက်နှစ်ချက်ကို ကျွန်တော်သိလိုက်တယ် ။ ဟယ်ယောင်းက ကျွန်တော်ထင်ထားတာထက် ပိုလှတယ်ဆိုတာ နဲ့ သူမကလည်း ကျွန်တော့်ကိုစပြီးသဘောကျနေပြီဆိုတာကိုပဲ ။ ကျွန်တော့်နှလုံးသားကလည်းအရမ်းကို လှုပ်ရှားနေခဲ့တယ် ။ နောက်တစ်ပတ်စနေနေ့မှာ မိုးတွေရွာနေခဲ့တယ် ။ သူမကို အကာအကွယ်ယူစရာမလိုတော့ပဲ မိုးရေထဲမှာ ကျွန်တော်ဘာသာ ပုန်းနေခဲ့တယ် ။ အချိန်အတော်ကြာသူမကို ကြည့်နေခဲ့တယ် ။ ပစ်မှတ်က ကျွန်တော့်ကိုသိသွားပြီလို့ ထင်ခဲ့တယ် ။ ကံကောင်းစွာနဲ့သူခိုးဖြစ်နေခဲ့တယ် ၊ မဟုတ်ရင် ခုချိန် ကျွန်တော်သေနေလောက်ပြီ ။
ဂျောင်ဝူး
~~~~~~~~~~~~~~~~
ဂျောင်ဝူးကရဲတစ်ယောက်လို့ သူတို့ကွျန်မကိုပြောပြတယ် ။ သေနတ်ဒဏ်ရာရယ် ရှော့ရတာရယ်နဲ့ပေါင်းပြီး ကျွန်မအသံကိုဆုံးရှုံးလိုက်ရတယ် ။ ပြီးတော့ ဂျောင်ဝူးလည်းဒဏ်ရသွားလို့ ကိုရီယားကိုပြန်သွားရတယ်လို့သူတို့ပြောပြတယ် ။ ဒါပေမဲ့ ကျွန်မ မယုံနိုင်ဘူး ။ ဂျောင်ဝူးပြန်သွားပြီးတဲ့နောက် ဒေစီပန်းတွေ ကျွန်မထပ်ရခဲ့တယ် ။
ဟယ်ယောင်း
~~~~~~~~~~~~~~~~~
ကျွန်တော်သူမကို ပထမဆုံးစတွေတာက ကျွန်တော်လူတစ်‌ေယာက်ကိုပထမဦးဆုံးသတ်ခဲ့ပြီးတဲ့နေ့ရဲ့ နောက်တစ်နေ့မှာပါ ။ ကျွန်တော်က ယမ်းနံ့တွေနံနေတဲ့ လူတစ်ယောက်ပါ ။ ကျွန်တော့်ဝိဉာည်တောင် ယမ်းနံ့‌နံနေရင်နံနေမှာ ။ ကျွန်တော် ပန်းပင်တွေစစိုက်တယ် ။ မြေကြီးက ယမ်းနံ့ကိုစုတ်ယူပြီး အဲဒီ‌ေမြကြီးမှာ စိုက်ထားတဲ့ပန်းရဲ့ရနံက လူတစ်ယောက်ကိုပြောင်းလဲပစ်နိုင်တယ်လို့ စစ်ပြန်အဖိုးအိုတစ်ယောက်ပြောတာ ကြားဖူးတယ် ။ ပန်းပင်တွေစိုက်နေတဲ့အခိုက်အတန်းမှာ ယမ်းနံ့တွေကို ကျွန်တော်မေ့ထားလို့ရတယ် ။ ပန်းတိုင်းကတော့ ယမ်းနံ့ကို မေ့မပစ်‌ေစနိုင်ပါဘူး ။ အနက်ရောင်ကျူးလစ်ပန်းက ကျွန်တော့်အတွက်အလုပ်ရှိတယ်ဆိုတဲ့သဘောပါ ။
မက်ဂ်နမ် ၃၅၇ က ကျည်ခွံမကျန်ဘူး ။ အခေါင်းပေါက်ကျည်တွေကလည်း ကျည်ခွံမကျန်ပါဘူး ။ မက်ဂ်နမ် ၃၅၇ က ခုခေတ်အတွက်သုံးဖို့ ဒိတ်အောက်နေပေမဲ့ ကျွန်တော်နဲ့တူပါတယ် ။ ကျွန်တော်ကလည်း ရှေးဆန်တဲ့သူပါ ။ ဒါကြောင့် ကျွန်တော် အသက်ရှင်နေသေးတာပေါ့ ။ ကိစ္စပြီးတဲ့အခါ ကျွန်တော်ရွာမှာသွားပုန်းနေခဲ့တယ် ။ အဲဒီမှာ သူမကို ကျွန်တော် စတွေ့ခဲ့တာပါ ။ ကျွန်တော်က ကလေးတစ်ယောက်လိုစိတ်လိုက္မာန်ပါလုပ်တက်တဲ့သူပါ ။ သူမကို အံ့ဩသွားစေချင်ရုံပါ ။ ကျွန်တော့်ရဲ့ပထမဆုံးလူသတ်မှုကို မကျူးလွန်ခင်သူမနဲ့တွေ့ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ ။ ဒီ့အတွက်ကျွန်တော်ဘာမှမတက်နိုင်တော့မဲ့ ကျွန်တော်သူမကို ထပ်မြင်ချင်‌ေတွချင်နေတယ် ။ ကျွန်တော်သူမကိုမြင်ချင်တွေ့ချင်တိုင်း ပန်းလေးတွေပို့ပေးလေ့ရှိတယ် ။
ကျွန်တော့်သေနတ်တွေကို ဒီမှာဖွက်ထားပြီး သူမကိုစောင့်ကြည့်နေမိတယ် ။ သူမ ပန်းချီဆွဲတာကိုစောင့်ကြည့်ပြီး ပန်ချီကားတွေကိုနားလည်အောင် သင်ယူတယ် ။ မိုနက် နဲ့ ဒီဂတ်တို့က ကျွန်တော့်အတွက် မစိမ်းတော့ဘူး ။ တစ်နေ့နေ့မှာ သူမနဲ့ပန်းချီကားတွေအကြောင်းပြောရရင် ကျွန်တော် အရူးတစ်ယောက်လို ဖြစ်မနေတော့ဘူးပေါ့ ။ သူမကိုစကားသွားပြောဖို့ ကျွန်တော့်မှာသတ္တိ‌တော့မရှိသေးဘူး ။ ကျွန်တော့်အလုပ်ရဲ့ သဘောတရားအရ အသက်ရှင်ဖို့စည်းမျဉ်းတွေကို လိုက်နာရတယ် ။ အရေးအကြီးဆုံးစည်းမျဉ်းက လျှို့ဝှက်ချက်ကိုထိန်းသိမ်းဖို့ပဲ ။ လျှို့ဝှက်ချက်ကိုထိန်းသိမ်းဖို့ ကျွန်တော်လိမ်ညာရမယ် ။ တစ်ခါလိမ်ပြီးရင်တော့ ဘယ်တော့မှရပ်လို့မရတော့ဘူး ။ လျှို့ဝှက်ချက်ကိုထန်းသိမ်းရတာ အသက်ရှင်ဖို့ပါ ။ ဒါ့ကြောင့် လူအများကြီးနဲ့ကျွန်တော် အဆက်ဆံမလုပ်ဘူး ။ ခုတော့ တစ်စုံတစ်ယောက်က ကျွန်တော့်နေရာကိုဝင်ယူပြီးတော့ ကျွန်တော်တစ်ခါမှမဆက်သွယ်ခဲ့တဲ့ တစ်ဦး‌တည်းသောသူကို ဆုံးရှုံးရတော့မယ် ။ ကျွန်တော် ရှေ့ဆက်တိုးသင့်နေပြီ ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ အသည်းကွဲရသလို ကျွန်တော်ခံစားရတယ် ။ ကျွန်တော်ဘာတွေလုပ်တာလဲ ။ ပထမတော့ သူ့ကို ကျွန်တော့်လို လူဆိုးတစ်ယောက်လို့ထင်နေခဲ့တာ ။ ဒါပေမဲ့ သူက ကျွန်တော်နဲ့ ဆန့်ကျင်ဘက်ပါပဲ ။ ဘယ်သူက အဲဒီရဲကို အာဃာတထားနေလဲဆိုတာ ကျွန်‌တော်မသိဘူး ။ ဒါပေမဲ့ ဟယ်ယောင်းကိုကာကွယ်ဖို့ သေနတ်မောင်းကို ကျွန်တော်ဆွဲခဲ့ရတယ် ။
ပတ်ရီ
~~~~~~~~~~~~~~~~~
အလုပ်ကိုပြန်လာတဲ့အထိမ်းအမှတ်အနေနဲ့ အဖိုးက ကျွန်မကို ဓာတ်ပုံရိုက်ပေးတယ် ။ အဲဒါသူပဲ ။ အဲဒါ သူပဲဖြစ်ရမယ် ။ ဒါပေမဲ့ သူကျွန်မကို ဘာလို့လာမတွေ့တာလဲ ။ ဟိုတစ်ခါကလို သူတစ်ခုခုဖြစ်နေလို့ နေမှာပါ …..
ဟယ်ယောင်း
_-_-_-_-_-_-_-_-_-_-_-_-_-_-_-_
Daisy (2006)

-MSR

File size…(4 GB) / (1.8 GB)
Quality….BluRay 60 FPS 1080p/720p
Format…mp4
Duration….02:04:22
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Ei Pyae



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Deiji
Director
Andrew Lau
Stars
Cheon Ho-jin, David Chiang, Dion Lam, Jun Ji-hyun, Jung Woo-sung, Lee Sung-jae, Man-Lung Tang, Sara Bernardo Aires
Release Date
09 Mar 2006
Rated
Not Rated
Runtime
110 min
Awards
2 wins & 4 nominations.
Country
South Korea, Hong Kong
Popularity
12.983
Status
Released
ID IMDb.com
tt0468704
IMDB Rating
7.5
IMDB votes
5,344
ID Themoviedb.org
18426
TMDb Rating
7.1
TMDb votes
85