Exit print mode Print Data A+ A- Undo all

Cube (2022)

Cube (2022)Cube (2022)

Synopsis:

Cube (2022)

Sci-fic နဲ့ Survival genreမှာ ဂျပန်ရုပ်ရှင်​​တွေဟာ တန်းတစ်ခုရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။
​​ထောင်​ချောက်​နဲ့ ပ​ဟေဠိ​တွေ၊ ​ဘယ်အချိန် ဘယ်လိုနည်းနဲ့ ​သေမလဲ မှန်းဆမရမှု​တွေ၊
ပီပြင်ပြီး သွေးသံရဲရဲနဲ့ ​သေဆုံးမှု​တွေ​ကြောင့် ဂျပန် survival genreဟာ Respect​ပေးထားရတဲ့ Genreတစ်ခုပါ။
ဒီရုပ်ရှင်က​တော့ မူရင်း က​နေဒါ film series ဖြစ်တဲ့ Cube ရုပ်ရှင်​တွေရဲ့ ၄ကား​မြောက် ပုံစံမျိုးပါ။

442

​ယောကျ်ားသား ၅​ယောက်နဲ့ မိန်းမ ၁​ယောက်၊ ဘယ်လိုဘယ်ပုံနဲ့​​ရောက်လာမှန်းမသိ​လိုက်ဘဲ
ကုဗတုံးသဏ္ဍာန် သံအချုပ်ခန်းထဲ အချုပ်ခံထားရသူ​တွေ၊
ဒီလူ၆​ယောက်ဟာ တစ်ဦးနဲ့တစ်ဦးသိတဲ့သူ​တွေမဟုတ်သလို
တစ်ကြိမ်တစ်ခါ​တောင် မြင်ဖူးခြင်းမရှိတဲ့ သူစိမ်းသက်သက်​တွေဆို​ပေမယ့်
တစ်ဦးချင်းစီရဲ့နောက်​ကြောင်းဟာ ရိုးရှင်းမှု၊ရိုး​ဖြောင့်မှုမရှိတာ​တော့ တူညီ​နေသူ​​တွေ…

သူတို့​ရောက်​နေတဲ့ ကုဗတုံးသဏ္ဍာန်အခန်းသည် အလုံပိတ်ရယ်လို့မဟုတ်၊
​ဘေးဘီမျက်နှာပြင် ၄ဖက်နှင့် အ​ပေါ်​၊ ​အောက်ဖက်မှာ
ကပ်လျက်ကုဗတုံးအခန်းများသို့ ကူးစရာ ဂယ်​ပေါက်များရှိ​နေသည်၊
မြင်သာ​​​အောင် ​ပြောရရင် လူ၆​ယောက်ဖမ်းခံထားရ​သော ကုဗတုံးအခန်းအပါအဝင်
တခြားကုဗတုံးအခန်းများစွာ စုစည်းပြီး ဧရာမ ကုဗတုံးကြီးသဏ္ဍာန် ဖန်တီးထား​​သော
ထူးဆန်းသည့် အ​ဆောက်အအုံကြီးဖြစ်သည်။

လက်ရှိ​ရောက်​နေသည့် အခန်းမှသည် ​ရွေးချယ်စရာ ဂယ်​ပေါက် ၆​ပေါက်အထိ ​ပေးထား၍
ကြိုက်သည့်အ​ပေါက်မှ ကြိုက်သည့်အခန်းသို့ကူးနိုင်သည်၊
သို့​သော် ကိုယ်ကူးသည့်အခန်း မှားရင်​ဖြင့်
ပြန်လမ်းမရှိတဲ့ မရဏလမ်းဆီ ​ရောက်နိုင်သည့် ​ထောင်​ချောက်အသီးသီးနဲ့ တိုးပါမည်။
ဘယ်အ​ပေါက်ကကူးလျင် ​ထောင်​ချောက်မရှိတဲ့ အခန်းကိုရောက်မလဲ၊
ထိုမှတဆင့် ဘယ်လို​ရွေးချယ်မှု​တွေနဲ့ပင်မထွက်​ပေါက်ကြီးကို ​ရောက်​အောင်သွားကြမလဲ၊
ဘယ်သူ​​တွေ ရှင်ကျန်ပြီး ဘယ်သူ​တွေသေမလဲ၊
ထောင်​ချောက်ဒီဇိုင်း အမိုက်စား​တွေနဲ့ ဘယ်သူ​တွေ သေပန်းပွင့်မလဲ​ဆိုတာတော့
CMပရိတ်သတ်​တွေ​ ကိုယ်တိုင်ပဲခေါင်းစားကြည့်လိုက်ပါဦး။

အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။

Genre….. Horror, Mystery, Sci-fi
Quality….WEB-DL 1080p and 720p
File size… 1.5GB and 779MB
Format…mp4
Duration…. 1h 48min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. JimX
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
14.053
Status
Released
ID IMDb.com
tt13975458
ID Themoviedb.org
792678
TMDb Rating
5.3
TMDb votes
7