Channel Myanmar

Tom Fontana

Monsieur Spade (2024) 8.7
Monsieur Spade (2024) ဒီတစ်ခါမှာတော့ 2024 မှာထွက်တဲ့အသစ်စက်စက်စီးရီးလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ် ဒီစီးရီးလေးကတော့ နာမည်ကျော်အမေရိကန်စာရေးဆရာကြီး Dashiell Hammett ရဲ့နာမည်ကျော်ဝတ္ထုဖြစ်တဲ့ ''The Maltese Falcon''ဆိုတဲ့ဝတ္ထုထဲက ဇာတ်ကောင်ဖြစ်တဲ့ SAM SPADE ရဲ့အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့............နာမည်ကျော်စုံထောက်ကြီးဆမ်စပိတ်ဒ်ဟာ သူ့ကိုအခကြေးငွေပေးပြီးအပ်ခဲ့တဲ့အလုပ်ကိုထမ်းဆောင်ဖို့ ထရီဇာဆိုတဲ့ကလေးမလေးကို သူ့အဖေ"ဖိလစ်''ရှိရာ ပြင်သစ်နိုင်ငံကိုလိုက်ပို့ရပါတယ် ဒါပေမဲ့ ထင်ထားသလို ကလေးအဖေနဲ့မတွေ့ရပါဘူး။ နောက်မှသိလိုက်ရတာက ကလေးအဖေ ဖိလစ်ဟာတော်တော်ဆိုးတဲ့ လူရမ်းကားတစ်ယောက်ဖြစ်ပြီး သူခိုးတစ်ယောက်လည်းဖြစ်ပါတယ်။စုံထောက်ကြီးစပိတ်ဒ်လည်း အဲ့ကဒေသခံဂါဘရီယယ်လာဆိုတဲ့အမျိုးသမီးနဲ့ချစ်ကျွမ်းဝင်ပြီး လက်ထပ်ကာ အဲ့မှာပဲနေလိုက်ပါတယ် ဒီလိုနဲ့ရှစ်နှစ်လောက်အကြာမှာ သူ့ဇနီးဂါဘရီယယ်လာဆုံးသွားပြီး သူလည်းမုဆိုးဖိုတစ်ယောက်အနေနဲ့ရှင်သန်နေရပါတယ် ထရီဇာလေးကိုတော့ သီလရှင်စာသင်ကျောင်းမှာပို့ထားတာပါ စုံထောက်ဘဝကနေအနားယူပြီး မုဆိုးဘိုတစ်ယောက်အနေနဲ့ ဘဝကြီးကိုအေးအေးချမ်းချမ်းပဲဖြတ်သန်းနေတဲ့ ဆမ်စပိတ်ဒ်ဟာ ဖိလစ်ပြန်ရောက်ပြီဆိုတဲ့သတင်းအပြီးမှာ သူ့ရဲ့ငြိမ်းချမ်းနေမှုတွေဟာ ရပ်တန့်သွားပါတော့တယ်။ တစ်ဆက်တည်းမှာပဲ ထရီဇာနေတဲ့သီလရှင်ကျောင်းက သီလရှင်ကြီးတွေအသတ်ခံရတော့ ဆမ်စပိတ်ဒ်တစ်ယောက် အနားယူထားတဲ့စုံထောက်အလုပ်ကိုပြန်ဝင်ရပါတော့တယ်။ဒီဇာတ်ကားမှာ လက်ရှိကာလကိုပြလိုက် လွန်ခဲ့တဲ့ရှစ်နှစ်တုနး်ကအချိန်ကိုပြလိုက်နဲ့ Time Jump တွေသုံးပြီးပြထားတာကြောင့် အစပိုင်းမှာ နားမလည်နိုင်သလိုလို ရှုပ်ထွေးနိုင်ပါတယ် ဒါပေမဲ့ သီလရှင်ကြီးတွေအသတ်ခံရပြီး နောက်ပိုင်းစိတ်ဝင်စားစရာကောင်းလာပြီမလို့ နောက်အပိုင်းတွေမှာရော ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာစောင့်မျှော်ပေးကြပါဦး...File size…(1.2 MB)/(591 ...
8.7
TMDb: 8.7/10 3 votes
tv

Monsieur Spade (2024)

2024