Channel Myanmar

Peng Chen

The Butterfly Lovers (2017)
The Butterfly Lovers (2017)  မြ၀တီ ပေါ်ကာစက ညစဉ် ခုနှစ်နာရီလောက်မှာထုတ်လွင့်ခဲ့ဘူးတဲ့ချစ်သူ့လိပ်ပြာဆိုတဲ့ကားလေးကို မှတ်မိကြမယ်ထင်ပါတယ်အဖွားကြီးတွေ ကြည့်ပြီး မျက်ရည် တရှုံရှုံနဲ့ငိုလိုက် မာဝန်ချိုင်ဆိုတဲ့လူယုတ်မာကို ဆဲလိုက် မေတ္တာပို့လိုက်နဲ့ ကြည့်ခဲ့ကြတဲ့ကားလေးပါအခုဒီကားလေးကို ပြန်လည်ဆန်းသစ်ပြီးတော့ မင်းသားမင်းသမီးအသစ်တွေနဲ့ ရိုက်ကူးထားတာပါ  ပရိတ်သတ်ကြီးဒီလောက်ပြောတာတောင်မမှတ်မိသေးဘူးဆိုရင်တော့ လျှန်စန်းပေါ် နဲ့ ကျူးရင်ထိုက် ဆိုရင်တော့ မှတ်မိသွားလောက်မယ် ထင်ပါတယ်Butterfly lovers (Liang Shanbo and Zhu Yingtai) ဆိုတဲ့တရုတ်ဒရာမာကားလေးကတော့ဝမ်းနည်းစရာကောင်းတဲ့ အချစ်ပုံပြင်လေးကို ပြန်လည်ပြီးရိုက်ကူးထားခြင်းဖြစ်ပါတယ်ဒီဇာတ်ကားကိုအရင်ကလဲ ရိုက်ကူးဖူးပါတယ်၊ ဒီကားလေးကိုတော့၂၀၁၇ ခုနှစ်မှာပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်Liang Shanbo and Zhu Yingtai ဆိုတဲ့ ဒဏ္ဍာရီ ရိုးရာပုံပြင်လေးဟာနာမည်ကြီးရိုးရာပုံပြင်လေးပုဒ်ထဲကတစ်ပုဒ်အပါအဝင်ဖြစ်ပါတယ်ကျူရင်းထိုက်ဟာ ချမ်းသာကြွယ်ဝတဲ့ကျူမိသားစုမှ၉ ယောက်မြောက်တစ်ဦးတည်းသောသမီးဖြစ်ပါတယ်သူဟာ ယောကျာ်းလေးလိုဟန်ဆောင်ပြီး အိမ်မှထွက်ပြေးကာဟန်ကျိုးက ရှောင်းရှန်းစာသင်ကျောင်းမှာပညာသွားရောက်သင်ကြားရာမှစာကြမ်းပိုးလေး လျှံရှန်းပေါ်နဲ့တွေ့ဆုံခဲ့ပါတယ် သူတို့နှစ်ယောက်ကအခန်းဖော်တွေလဲဖြစ်ကာရင်းနှီးသွားကြပြီး ရင်းထိုက်ဟာစန်းပေါ်ကိုချစ်ခင်နှစ်သက်သွားပါတယ် ဒါပေမယ့်စာကြမ်းပိုးလေးစန်းပေါ်ဟာ ရင်းထိုက်ကမိန်းကလေးဆိုတာမသိခဲ့ပါဘူး၃ နှစ်ကြာပညာသင်ကြားပြီးနောက်မှာတော့ လျှံစန်းပေါ်ဟာလဲရင်းထိုက်အပေါ်မေတ္တာရှိကြောင်းဖွင့်ဟခဲ့ပါတယ်၊ကျူအိမ်တော်မှသခင်ကြီးကျူဟာသူ့သမီးကို စာဖြင့်ပြန်ခေါ်ကာ ရင်းထိုက်အားမာမိသားစုမှ မာဝန်ချိုင်နဲ့လက်ဆက်ပေးခဲ့ပါတယ်ရင်းထိုက်နောက်ကိုလိုက်သွားခဲ့သော စန်းပေါ်မှာရင်းထိုက်ကမိန်းကလေးဆိုတာသိသွားခဲ့ပါတယ်၊သို့သော်လည်းသူတို့နှစ်ယောက်ရဲ့ချစ်ခြင်းကတော့ မပြောင်းလဲပဲတည်ရှိခဲ့ပါတယ်စန်းပေါ်တစ်ယောက် ရင်းထိုက်လက်ထပ်ရတော့မည်ကိုသိပြီးရင်းထိုက်ဆီမှပြန်လာကာ အပြင်းဖျားပြီးသေဆုံးသွားပါတော့တယ်မာဝန်ချိုင်နဲ့လက်ထပ်မယ့်နေ့မှာ ရင်းထိုက်ကအိမ်မှခိုးထွက်လာပြီးစန်းပေါ်ရဲ့အုတ်ဂူကိုသွားခဲ့ပါတယ် အုတ်ဂူရှေ့မှာ ရင်းထိုက်တစ်ယောက်အုတ်ဂူကိုဖွင့်ပေးဖို့ ...

The Butterfly Lovers (2017)

2017