Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
M.A. Fortin
7.668
Queen of the South (Season1+2+3+4) (2016)
မက္ကဆီကိုက မူးယစ်ဂိုဏ်းကြီးတွေအကြောင်းတင်ဆက်ထားတဲ့ စိတ်ဝင်စားဖွယ်အက်ရှင်ဒရာမာစီးရီးလေးကို တင်ဆက်ပေးချင်ပါတယ်။ထရက်ဇာမန်ဒိုဇာဆိုတဲ့ကောင်မလေးက မက္ကဆီကိုနိုင်ငံ စီနာလိုအာမြို့လေးမှာ ငွေလဲပေးတဲ့သူအဖြစ်လုပ်ကိုင်နေရင်း မူးယစ်ဆေးအရောင်းအဝယ်လုပ်တဲ့ကောင်လေးနဲ့ ချစ်ကြိုက်မိသွားပါတယ်။ တစ်နေ့မှာတော့ သူ့ကောင်လေးကအသတ်ခံလိုက်ရပြီး သူကိုယ်တိုင်ပါ အသက်ဘေးအန္တရာယ်ကျရောက်လာတဲ့အတွက် လွတ်မြောက်အောင်ထွက်ပြေးခဲ့ရပါတယ်။သူ့ရည်စားကိုသတ်ပြီး သူ့နောက်ကိုပါလိုက်နေတဲ့ အင်အားကြီး အပီဖန်းနျိုဂိုဏ်းရဲ့လက်ကနေလွတ်မြောက်ဖို့ မက္ကဆီကိုကနေထွက်ပြေးရင်း အမေရိကန်နိုင်ငံဒါးလက်စ်မြို့က နောက်ထပ် မူးယစ်ဂိုဏ်းတစ်ခုရဲ့လက်ထဲရောက်သွားပြန်ပါတယ်။ အဲဒီဂိုဏ်းခေါင်းဆောင်ကလည်း အခြားသူမဟုတ်ဘဲ သူ့ကိုလိုက်ဖမ်းနေတဲ့ အပီဖန်းနျိုရဲ့ ဇနီးကမ်မီလာဖြစ်နေပါတယ်။ ဒါပေမဲ့ ကမ်မီလာကလည်း သူ့အကြံနဲ့သူ ထရက်ဇာကိုသူ့ယောက်ျားလက်မအပ်ဘဲ လက်သပ်မွေးထားပါတယ်။ ကမ်မီလာက အကွက်ကျကျမြင်တတ်ပြီး ပါးနပ်တဲ့သူတစ်ယောက်ဖြစ်ပြီးတော့ သူ့ယောက်ျားဦးစီးနေတဲ့မူးယစ်ဂိုဏ်းဟာ သူကိုယ်တိုင်တည်ဆောက်ပျိုးထောင်လာခဲ့ရတာဆိုပြီး လက်လွှဲအုပ်ချုပ်လိုတဲ့ ဆန္ဒရှိနေသူဖြစ်ပါတယ်။ထရက်ဇာကလည်း ငယ်ငယ်ကတည်းကငွေလဲတဲ့သူအဖြစ်ပဲ လုပ်ကိုင်လာခဲ့ပြီး မူးယစ်ဂိုဏ်းတွေအကြောင်းဘာမှမသိခဲ့ပေမဲ့ သူ့အသက်ရှင်သန်ရေးအတွက် ရက်စက်တဲ့အပီဖန်းနျိုရော၊ ပါးနပ်တဲ့ကမ်မီလာလက်ကရောလွတ်နိုင်ဖို့ အမျိုးမျိုးဉာဏ်သုံးကြိုးစားရင်း သူမပါဝင်မပတ်သက်ချင်တဲ့ ရက်စက်မှုတွေပြည့်နေတဲ့ မူးယစ်ဆေးအရောင်းအဝယ်လောကထဲကို ဝင်ရောက်ရတော့မလိုပါဖြစ်လာနေပါတယ်။ဒီစီးရီးလေးကတော့ ထရက်ဇာအနေနဲ့ ရွေးချယ်စရာမရှိတဲ့ဘဝမှာ ရှင်သန်ရုန်းကန်ရင်း မူးယစ်ဂိုဏ်းလောကမှာ သုညဘဝကနေ ထိပ်ဆုံးထိရောက်လာအောင်ကြိုးစားရမယ့်ပုံတွေအပြင် အပီဖန်းနျိုနဲ့ ကမ်မီလာတို့လင်မယားအချင်းချင်း အာဏာလုဖို့အားပြိုင်မှုတွေ၊ ရဲတွေကိုပါကြိုးဆွဲထားနိုင်တဲ့ မက္ကဆီကိုကမူးယစ်ဂိုဏ်းကြီးတွေရဲ့ ခွန်အားကြီးမှုတွေစသဖြင့် ...
7.668
TMDb:
7.668/10
364 votes
tv
Queen of the South (Season1+2+3+4) (2016)
2016