Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eeshwar Nivas
8
Your Honor (2020)Season1 Complete
Your Honor-------------------------- CM ပရိသတ်ကြီးဆီကို ရေလည်လန်းတဲ့ အိန္ဒိယစီးရီးလေးတစ်ခုအရောက်ပို့ပေးလိုက်ပါပြီအိန္ဒိယကားဖြစ်နေတာတောင် IMDB rating 8.3 ရထားတယ်ဆိုတော့ လုံးဝကျွတ်ဆင်ကြီးပါပဲဗျာဘာသာပြန်နေရင်း "ဟင်...ဟာ" ဖြစ်နေရတာက အရသာတစ်ခုပါဗျို့ကဲ...review လေးကို ရှေ့ဆက်လိုက်ရအောင်ဗျာတည်ကြည်ဖြောင့်မတ်လွန်းတဲ့ တရားသူကြီးတစ်ယောက်ရှိတယ် သူ့နာမည်က "ဘစ်ရှင်ဂိုဆလာ"သူဟာ တရားဥပဒေနဲ့ပတ်သက်လာရင် အလွန်တင်းကြပ်တဲ့လူ"တရားဥပဒေအထက်တွင် မည်သူမျှမရှိစေရ"ဆိုတဲ့ ဆောင်ပုဒ်ကိုလက်ကိုင်ထားတယ်ဒီလိုဂုဏ်သရေရှိတရားသူကြီးဆီမှာ"အက်ဘီ"ဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်သားလေးက ပန်းနာရောဂါသည်လေးပြီးတာ့ မိတဆိုးလေးမို့ အဖေဖြစ်သူက အချစ်ပိုရတယ်သားဖြစ်သူအပေါ်မှာလည်း မျှော်လင့်ချက်အကြီးကြီးထားထားတယ်ဒီလိုနဲ့တစ်နေ့မှာတော့ သားဖြစ်သူလုပ်လိုက်တဲ့အမှားတစ်ခုကြောင့် ဘစ်ရှင်တစ်ယောက်ခေါင်းမီးတောက်ရတော့တာပဲသားဖြစ်သူဟာ လူတစ်ယောက်ကို ကားနဲ့တိုက်ခဲ့ပြီး ကြောက်ကြောက်လန့်လန့်နဲ့ထွက်ပြေးလာခဲ့တယ်ဒီအထိ ဘစ်ရှင်တစ်ယောက် စိတ်မပူသေးဘူး သားလေးကငယ်သေးတော့ အပြစ်ပေါ့လျှော့နိုင်တယ်လို့တွေးတယ်ဒါပေမဲ့ အဓိကပြဿနာက အက်ဘီ ကားနဲ့တိုက်မိခဲ့တဲ့လူဟာ အင်အားကြီးဂိုဏ်းတစ်ခုရဲ့ဂိုဏ်းသားဖြစ်နေတယ်ဂိုဏ်းတွေရဲ့ထုံးစံအတိုင်း အဖွဲ့ဝင်တစ်ယောက်ကိုထိရင် အဲ့ထိတဲ့လူကဘယ်သူဖြစ်နေပါစေ ရေဆုံးမြေဆုံးလိုက်သတ်တတ်ကြတယ်ဒါကိုလည်း တရားသူကြီးဖြစ်တဲ့ ဘစ်ရှင်ကသိတယ်အဲ့ဒီတော့ ဘစ်ရှင်တစ်ယောက် သူ့သားအသတ်မခံရဖို့အရေး နည်းလမ်းမျိုးစုံကြံဖန်ရပြီပေါ့ဆိုတော့ ဘစ်ရှင်တစ်ယောက်ဘာဆက်လုပ်မလဲ???ဖခင်မေတ္တာက တရားသူကြီးတစ်ယောက်ရဲ့ခံယူချက်တွေကို ရိုက်ချိုးပစ်နိုင်မှာလား??သူ့သားကရော ဘာကိစ္စနဲ့ သူများကိုသွားတိုက်ရတာလဲ??ပြီးတော့ သူဘယ်လိုတွေ အကွက်ရွေ့သွားမလဲဆိုတာကိုတစ်ပိုင်းပြီးတစ်ပိုင်း ရင်တထိတ်ထိတ်နဲ့ မထတမ်းကြည့်ရှုရမှာဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းကိုတော့ Thet Hnin ...
8
TMDb:
8/10
1 votes
tv
Your Honor (2020)Season1 Complete
2020