Channel Myanmar

Dave Andron

Justified: City Primeval (2023) 7.8
Justified: City Primeval (2023) Justified: City Primeval (2023) ======================= Crime ,Drama IMDb Rating 7.8/10 Rotten Toamtoes 91%Rating တွေ အရမ်းကောင်းနေတဲ့ Hulu ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပါတယ်။ မိုင်ယာမီက နာမည်ကျော် အမေရိကန် ရဲအရှာရှိ ရေလန် ဂါဗင်က သမီးဖြစ်သူနဲ့အတူ ဒီထရိုက်မြို့ကို ခရီးနှင်လာပါတယ်။ နာမည် ကျော်တယ်ဆိုတာက ရေလန်ရဲ့ ပုံစံအနေအထားနဲ့ အရည်အချင်းတွေ ကြောင့်ပါ။ ကောင်းဘွိုင်တစ်ယောက်လို အမြဲဝတ်စားပြီး ဦးထုပ်ဆောင် ထားတတ်တဲ့ ရေလန်ဂါဗင်ဟာ ဒုစရိုက်လောကမှာတင် နာမည်ကြားရုံနဲ့ ကောင်းဘွိုင်ရဲဆိုပြီး အတော်လေး ရှိန်ကြပါတယ် ။ဒီထရိုက်ကိုရောက်တော့ လမ်းမှာ သူ့ကားကိုမှ ဓားပြတိုက်တဲ့ ၂ ကောင်ကို ကိုယ်တိုင်ဖမ်းဆီးပြီး တရားရုံးတင်ပေးလိုက်ပါသေးတယ်။ နောက်နေ့မှာပဲ တရားခွင်မှာစစ်ဆေးတဲ့ တရားသူကြီး အယ်ဗင်ဂိုင်း အသတ်ခံလိုက်ရပါတယ်။ သတ်သွားတဲ့သူကလည်း ထောင်နှုတ်ခမ်းဝကိုဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ ကလဲမန့်မန်ဆယ်ပါ။ ကလဲမန့်ဆိုတာက စိတ္တဇသွေးအေးလူသတ်သမား ဖြစ်ပြီး ကတုံးပေါ်ထိပ်ကွက်လုပ်တတ်တဲ့ လူမိုက်မျိုးပါ။ သူတရားသူကြီးကို သတ်လိုက်ရာကနေ ကောင်းဘွိုင်ရဲ ရေလန်ဂါဗင်နဲ့ ထိပ်တိုက်တိုးပါတော့ တယ်။ ဆရာကြီး နှစ်ယောက်အားပြိုင်ကြတဲ့ ဇာတ်လမ်းတွဲမှာ ဘယ်သူက အသာရသွားမလဲဆိုတာကို အက်ရှင်ခပ်ကြမ်းကြမ်းတွေနဲ့ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်(ဒီစီးရီးရဲ့ ...
7.8
TMDb: 7.8/10 5600 votes
tv

Justified: City Primeval (2023)

2023