Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Benjamin Harris
7.2
Young Wallander – Season 02
Young Wallander - Season 02=======================IMDb Rating - 7.2/10Season 01 မကြည့်သေးသူများအတွက် အခုအညွှန်းက Spoiler ဖြစ်နိုင်ပါတယ်။ စုံထောက်ဇာတ်လမ်းကောင်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် Young Wallander Season 2 ပြန်လာပါပြီ။ ဒီ season မှာတော့ ရဲတပ်ဖွဲ့ကနေ ထွက်ခဲ့တဲ့ Kurt Wallander တစ်ယောက် ရှေ့ဆက်ဘာလုပ်ရမှန်းမသိဘဲ လမ်းပျောက်နေခဲ့ပါတယ်။ ရဲအလုပ်ကနေရတဲ့ စိတ်ဒဏ်ရာနဲ့ မှတ်ဉာဏ်ဆိုးတွေကြောင့် ညတိုင်း အိပ်မက်ဆိုးတွေ မက်နေခဲ့ပါတယ်။ နဂို နေထိုင်ရာ ရပ်ကွက်မှလည်း ချစ်သူရှိရာ တစ်ခြားရပ်ကွက်သို့ ပြောင်းရွေ့နေထိုင်ဖို့ ဖြစ်လာ ခဲ့ပါတယ်။ Frida Rask ရဲ့ နားချမှုကြောင့် ရဲတပ်ဖွဲ့ထဲ ပြန်ဝင်ဖို့ စိတ်ပြန်လည်သွားခဲ့ပြီး။ ရဲအလုပ်က သူ့ကိုထပ်ပြီး စိတ်ဒဏ်ရာမပေးစေရဘူးလို့ ဆုံးဖြတ်ပြီး ရဲတပ်ဖွဲ့ထဲပြန်ဝင်ခဲ့ပါ တယ်။ ပထမဆုံးပြန်ကိုင်ရတဲ့ အမှုကတော့ နိုက်ကလပ်အပြင်ဖက်မှာ ကားနဲ့ တိုက်ပြီး ထွက်ပြေးသွားတဲ့ အမှုပါ။ အမှုကရိုးရှင်းသည်ဟုထင်ရသော်လည်း သေဆုံးသူမှာ လွန်ခဲ့တဲ့ ၈ နှစ်က Frida ...
7.2
TMDb:
7.2/10
2250 votes
tv
Young Wallander – Season 02
2022
7.2
Young Wallander – Season 01
Young Wallander - Season 01=======================IMDb Rating - 7.2/10ဆွီဒင်နိုင်ငံ မဲလ်မိုမြို့မှာ အခြေတည်ထားတဲ့ ရဲဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ မဲလ်မိုရဲတပ်ဖွဲ့တွင် တာဝန်ကျနေသော သင်တန်းဆင်းကာစ ရဲအရာရှိပေါက်စ ကာ့တ် ဝေါ်လန်ဒါ တစ်ယောက်၊ သူနေထိုင်ရာ ရပ်ကွက်တွင် ရက်စက်သော လူသတ်မှု တစ်ခုကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရလေသည်။ ထိုလူသတ်မှုမှ အစပြုလို့ လူမျိုးရေးခွဲခြားမှုများ၊ နိုင်ငံလုံခြုံရေးပြဿနာများနှင့် ပြောင်းရွှေ့ခိုလှုံလာသူပြဿနာ အထိပါ မီးခိုးကြွက်လျှောက် ကြီးထွားလာပါတယ်။ ထိုလူသတ်မှုကရော ပြောင်းရွှေ့လာသူများနှင့် ဘယ်လိုပတ်သတ်နေလဲ။ မတူညီတဲ့ လူမျိုးတွေကြား၊ မတူညီတဲ့အမြင်ပေါင်းများစွာနဲ့ အမှုပေါ် ရှု့မြင်ပုံတွေ၊ ထိုအမှုကို အကြောင်းပြုလို့ အမြတ်ထုတ်ရယူလိုသူတွေနဲ့ သောင်းပြောင်းထွေလာဖြစ်နေပါတော့တယ်။ ရဲအရာရှိ ပေါက်စ ဝေါ်လန်ဒါ တစ်ယောက် ထိုရှုပ်ထွေးပွေလီလှသော ပြဿနာပေါင်းသောင်း ခြောက်ထောင်များအပြင် ဘဝမှာကြုံတွေ့လာတဲ့ အချစ်ရေး၊ လူမှုရေးကိစ္စများကိုပါ ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size - (800 MB) / ...
7.2
TMDb:
7.2/10
126 votes
tv
Young Wallander – Season 01
2020