Cool Kids Don’t Cry (2012)

Synopsis:
Cool Kids Don’t Cry (2012)
IMDb – 7.5/10_____Rotten – 66%
Channel Myanmar ပရိတ်သတ်ကြီးအတွက်
ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့
Director Dennis Bots ရဲ့ IMDb Rating 7.5 ရထားတဲ့
Drama Kids&Familyကားလေးဖြစ်ပါတယ်။ ဇာတ်ကားနမည်ကတော့
#Cool-kids-Don’t cry ပါ။ ဒီဇာတ်လမ်းမှာဆိုရင် …..
အကီ ဆိုတဲ့၈တန်းကျောင်းသူလေးမလေးက
သူမရဲ့ကင်ဆာရောဂါကိုအရှုံးမပေးပဲနောက်ဆုံးထိ
သတ္တိရှိရှိရင်ဆိုင်သွားပုံတွေကို တွေ့ရမှာဖြစ်ပါတယ်။
အကီကဘောလုံးကစားရတာကိုချစ်မြတ်နိုးပြီး
ယောကျ်ားလေးတွေနဲ့တန်းတူကစားနိုင်သူဖြစ်တယ်။
ကစားတိုင်းလည်းဒဏ်ရာတွေခဏခဏရတတ်သူလေးပေါ့။
ဒီဒဏ်ရာတွေအပေါ်မှာလည်း
အကီကသိပ်feelမနေတတ်ပြန်ဘူး။
အကီက မဟုတ်မခံ စွာကျယ်မလေးတစ်ယောက်လည်းဖြစ်တယ်
ချုပ်ချယ်တာကိုလည်းမကြိုက်ပြန်။ ဒါပေမယ့်မထင်မှတ်ထားတဲ့အချိန်မှာကံကြမ္မာဆိုးတစ်ခုက
သူမဘဝထဲ ရုတ်တရက်ဝင်ရောက်လာခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာကြောင်
့ဆေးသွားစစ်ကြည့်မိရာက စပြီးသူမမှာ ကင်ဆာရောဂါရှိနေမှန်းသိခဲ့ရပါတယ်။
လူတိုင်းသိကြတဲ့အတိုင်းရောဂါခံစားနေရပြီးဆိုရင် အရင်ဆုံးဖြစ်တာက
Depressionဝင်ကြတာပါပဲ။ ရောဂါကတစ်မျိုး depressionကတစ်မျိုးနဲ့
သတ်မှတ်ကာလအချိန်ထိတောင် အသက်ရှင်နေနိုင်သွားသူတွေက ရှားပါတယ်….
ရောဂါဖြစ်နေချိန်မှာ ကိုယ့်ဘာသာ ရင်ဆိုင်ရပ်တည်ဖို့ဆိုတာတကယ်မလွယ်တဲ့ကိစ္စပါ..
အားလုံးရဲ့ကူညီဖေးမမှုတွေလိုအပ်သလို ကိုယ်တိုင်လည်းစိတ်ဓာတ်ခိုင်မာမှသာ
အဆုံးထိခုခံနိုင်ကြမှာပါ… ကဲ…..ဒီဇာတ်လမ်းလေးထဲမှာတော့ အကီကကင်ဆာရောဂါကို
သတ္တိရှိရှိဘယ်လိုရင်သွားမလဲဆိုတာနဲ့ သူမသူငယ်ချင်းတွေကရော
ဘယ်လိုကူညီဖေးမကြမလဲဆိုတာ ကြည့်သင့်တဲ့ကားလေးတစ်ကားပါ။
Qty – 720P Bluray
Duration – 1hr 36min
Gern – Drama, Fantasy
File Size – 786 MB
Translator – May Thet Pai
Review – Aye Mon Kyaw
Encoder – Kyaw Ye Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။