Confession Of Murder (2012)
ကိုရီးယား အကောင်းဆုံး Thriller Collection ရုပ်ရှင်တွေထဲက တကားအပါအဝင်ဖြစ်တဲ့ ယခု ရုပ်ရှင်ကားက စာရင်းထဲပါမယ်ဆိုလည်း ပါနိုင်လောက်အောင်ပင် ဇာတ်လမ်း ဇာတ်အိမ်ဖွဲ့စည်းမှု မှာ ကျစ်လစ်လွန်း ပီပြင်လွန်းပါသည်။သွက်လက်သော ဇာတ်အိမ်ဖွဲ့စည်းမှု များဖြင့် တကားလုံးကို ဆွဲခေါ်စေနိုင်သည်။ထောက်လှမ်းရေးရုပ်ရှင်ကားပီပီ တွေးစရာတွေ ဇာတ်အိမ်မြှု ပ်ကွက်တွေဖြင့် ပရိသတ်အပေါ်ကို ဒရစပ် ဖမ်းစားနိုင်ခဲ့သည်။အထူးသဖြင့် အက်ရှင်ခန်းတွေ အသက်ဝင်တာကလည်း အဓိကကျပါသည်။
စစချင်း အဖွင့်ဇာတ်အိမ်မှာပင် ဆိုင်ခန်းထဲကို လူတစ်ယောက် ဝုန်းခနဲ ဝင်လာကာ ကော်ဖီသောက်နေသူအား အတင်းဝင်၍ ထိုးကြိတ်ပစ်သည်။ထိုးကြိတ်ခံရသူက ရဲအရာရှိ စုံထောက်တစ်ဦး။ဆိုရလျှင် အသတ်အပုတ် အတိုက်အခိုက် ပညာကို ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။သို့ဖြစ်စေကာမူ လာရောက်သတ်ပုတ်သူအား အနိုင်ရအောင် မတိုက်ခိုက်နိုင်ချေ။ လာရောက်တိုက်ခိုက်သူက သူဖမ်းဆီးနေသော လူသတ်သမား တစ်ဦး ဖြစ်၏။သူ့ကြောင့်ပင် နိုင်ငံတစ်ခုလုံး ထိတ်လန့်နေရ၏ ။အသတ်ခံရသည့် မိန်းခလေးတွေ မိသားစုတွေ မနည်းတော့ ။ထောက်လှမ်းရေး အရာရှိ၏ ချစ်သူပင်ပါသည်။
ပထမဆုံး ဇာတ်အိမ် အဖွင့် သတ်ပုတ်ခန်းသည် ယင်းလူသတ်သမား၏ နောက်ဆုံး အသက်အန္တရာယ်ပြု မှု ဖြစ်၏။စုံထောက်ဖြစ်သူလည်း မဖမ်းဆီးနိုင်ခဲ့ပေ။သူ့နှု တ်ခမ်းကိုပင် မှန်ကွဲစဖြင့် ဆွဲဖြဲပြီး ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက်တွင် သူပျောက်ကွယ်သွား၏။လက်သည်မပေါ်သော အမှု စာရင်းထဲကို ထည့်လိုက်ရတော့၏။ကာယကံရှင် မိသားစုအပေါင်းကမူ ယင်းလူသတ်သမားအပေါ် တန်ပြန်လိုစိတ်၏ ခံစားမှု ဒဏ်ကို ခံနေကြရတော့သည်။အထူးသဖြင့် စုံထောက်ကြီး Choiမှာ ပို၍ စိတ္တဖြစ်ကျန်ရစ်နေခဲ့ရ၏။သတ်ဖြတ်ခံကြရတဲ့ မိသားစုတွေ၏ ဖိအားပေးမှု နှင့် လက်တကမ်းအကွာ ပစ်ခတ်ဖမ်းဆီးချိန်မှာမှ အနိုင်ပိုင်းလွတ်မြောက်သွားသည့် ဖြစ်ရပ်၏ ထိုးနှက်မှု ဒဏ်ကြောင့် စိတ်ပန်း လူပန်းလျက် ရှိနေခဲ့ရှာသည်။ထိုအရာတွေ ပြီးပျက်စေဖို့ရာက ထိုလူသတ်သမားကို ဖမ်းဆီးနိုင်မှရပေမည်။သို့ဖြစ်စေကာမူ ဖမ်ဆီးနိုင်ခွင့်ကာလအပိုင်းအခြား သက်တမ်းကို ကျော်လွန်ခဲ့ပြီ။လက်ရှိကာလမှာ ဖမ်းဆီးနိုင်ဦးတောင် သက်သေမရှိခြင်း ။သဲလွန်စမရှိခြင်း။လူသတ်သမား၏ သွင်ပြင်ကို မဖော်ထုတ်နိုင်ခြင်းနှင့် ဖမ်းဆီးခွင့်ဝရမ်း နှစ်ကာလ ကျော်လွန်ခဲ့ပြီဖြစ်သောကြောင့် ဖမ်းဆီးနိုင်ခွင့် မရှိတော့ချေ ။
ထိုအချိန်မှာပင် အံ့သြဖွယ်ရာ အဖြစ်အပျက်တစ်ခု ပေါ်လာသည်။လူသတ်သမားဆိုပြီး သူကိုယ်သူ ဖော်ထုတ်လာသည့် ပုဂ္ဂို လ်တစ်ယောက်ပေါ်ပေါက်လာခြင်းဖြစ်လေသည်။သူက သူလူသတ်သမားဖြစ်သည်ဆိုတာကို ဝန်ခံချက်စာအုပ်ဖြင့် စာအုပ်ထဲမှာ သူသတ်ဖြတ်ခဲ့ပုံများအား နေ့ရက် အချိန် နာမည် အတိအကျဖြင့် စေ့စေ့ငင ရေးသားထားလေသည်။သူ့နာမည်က Lee Doo-seok ဟု အမည်ရ၏။လူထုအကြား အထူးသဖြင့် ဣတ္ထိယ နှု တ်ခမ်းနီမလေးများအကြားဝယ် ပို၍ လှု ပ်ခတ်စေသည်မှာ ထိုပုဂ္ဂို လ်၏ ပုံပန်းသည် ချောမောလွန်း၍ နှု တ်ခမ်းနီမလေးများအကြား ကရုဏာသက်ဖွယ်ပုံပေါက်နေလေ၏။သူကို လူသတ်သမားဆိုတာ လက်မခံကြ။အခုလို အမှားများအား ဝန်ခံပါတယ်ဆိုတော့ အလွယ်တကူ ခွင့်လွှတ်ကြ ထောက်ခံကြလေသည်။သူ့အား ထောက်ခံကြ၏။သူသွားရာ တကောက်ကောက်လိုက်ကြသည်။တီဗီဖွင့်လိုက်တိုင်းလည်း သူ့သတင်းချည်းပင် ။
Lee Doo-seok က သူသည် စစ်မှန်သော လူသတ်သမား တစ်ယောက်ဖြစ်သည်ဆိုတာ ပိုမိုသက်သေပြနိုင်ဖို့အတွက် အဓိက အမှု ကိုင်ဖြစ်သူ စုံထောက် Choi ကို ဦးတည် သည်။သူနှင့်စကားပြောဖို့ ဖိတ်ခေါ်သည်။Choiခမျာ ပို၍ သိက္ခာကျရပြန်သည်။ ထို ဝန်ခံချက်စာအုပ်က လူထုအကြားတွင် ပေါက်ချက်ပြင်းစာအုပ်ဖြစ်သွားလေသည်။မီဒီယာတွေကလည်း ငုင်းကိစ္စကိုသာ အဓိကဇောင်းပေး၍ ဖော်ပြနေကြသည်။ထို လူသတ်သမား ဆိုသူ Lee Doo-seok အား အခဲမကြေ လက်စားချေလိုသူတွေကလည်း လက်တုံ့ပြန်နိုင်ဖို့ရာအတွက် ကြံစည်နေကြလေသည်။Lee Doo-seokကမူ သန်းကြွယ်သူဌေးပင် ဖြစ်သွားလေပြီ။သူက စာအုပ်ရောင်းရငွေ သန်းနှစ်ဆယ်အား သူ့ကြောင့် စိတ်ထိခိုက်ခဲ့ကြရတဲ့ ကျန်ရစ်သူ မိသားစုတွေအား ပြန်၍ လှူ ဒါန်းမည်ဟု ပြောလိုက်သောအခါ ပြည်သူများအကြား ဝက်ဝက်ကွဲ ဂယက်ရိုက်သွားသည်။
Choi ခမျာလည်း Lee Doo-seok အား လူသတ်သမား အဖြစ် သက်သေပြနိုင်ဖို့ ။ဟုတ်မဟုတ်နှင့်အတူ သူ၏ ကိုယ်ရည်ကိုယ်သွေးအား ကဲ့ရဲ့ပြု နေခဲ့သည့် ယင်းလူသတ်သမားအပေါ် တဖန်ပြန်အနိုင်ယူနိုင်ဖို့ရာအတွက် သူဖိတ်ခေါ်သော Debateအား လက်ခံလိုက်ပြီး နောက်မှာ ။
Lee Doo-seok ကို ဖမ်းလို့ရနိုင်မှာလား။
Lee Doo-seokအား လုပ်ကြံမည့် လူတွေလက်ကနေ Choi တစ်ယောက် ကာကွယ်နိုင်ဖို့ ။
နောက်တစ်ခုက ယခု သူ့ရဲ့ ဝန်ခံချက်က အတုအပ ဟုတ်မဟုတ်နှင့် Choi၏ နှစ်ပေါင်းများစွာ ချစ်သူအတွက် ခံစားခဲ့ရသော စိတ်ဝေဒနာနှင့် ရဲတို့လိုက်နာရမည့် ဥပဒေစည်းမျဉ်းများအောက်မှာ ဘယ်လိုရပ်တည်မလဲ။
သူအမြဲရှုံးခဲ့ရတဲ့ လူသတ်သမားအပေါ် ဘယ်လို အနိုင်ယူနိုင်ပါ့မလား။ အနိုင်ရောယူနိုင်မှာလား။
မြှု ပ်ကွက်များစွာကို အခြေခံရိုက်ထားသည့် ယခုဇာတ်ကားအား ကျွန်တော်ရေးသားတင်ပြသမျှသည် နဲနဲကလေးမှပင် ဇာတ်၏ အဓိက အကြောင်းအရာများအား ထိခိုက်မှု မရှိကြောင်း ပြောကြားလိုပါသည်။
ခံစားသူ ပရိသတ်တစ်ယောက်ပီပီ ယခုဇာတ်ကားထဲ၌ မဆိုစလောက်သော ဟာကွက်ကလေးတွေအား တွေ့ခဲ့ရသော်လည်း ထည့်သွင်းပြောပြလျှင် Spoiler ဖြစ်သွားမည် စိုး၍ ချန်လှပ်ခဲ့ပါသည်။
အချု ပိအားဖြင့် ပြောရလျှင် စုံထောက်အက်ရှင်ကား ကောင်းကောင်း ကြည့်လိုသူများအတွက် လုံးဝလက်လွတ်မခံသင့်သော ဇာတ်ကားကောင်း တစ်ကားဖြစ်သည်ဟုသာ ပြောရင်းဖြင့် ။
ညီလင်းအိမ်
(ရုပ်ရှင်အညွှန်းကို Nyi Linn Eain’s FB မှကူးယူဖော်ပြပါသည်။)
========================================
“ဟွားဆောင်း ကွင်းဆက်လူသတ်မှု(Hwaseong Serial Murders) နှင့် အမှုကိုအခြေခံထားသော ရုပ်ရှင်ဇာတ်ကားများအကြောင်း”
တောင်ကိုရီးယားနိုင်ငံ ဂျီအွန်ဂျီ စီရင်စု(Gyeongyi Proince) အတွင်း၌ရှိသော ဟွားဆောင်း(Hawseong) မြို့တွင် ဖြစ်ပေါ်ခဲ့သော ကွင်းဆက်လူသတ်မှုသည် တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံးသောဖြစ်ပွားခဲ့သော ကွင်းဆက်လူသတ်မှုဖြစ်ရုံသာမက ယခုအချိန်ထိတိုင်အောင် ကျူးလွန်ခဲ့သော လူသတ်တရားခံကို ဖမ်းဆီးရခြင်းမရှိသေးသောကြာင့် ထူးဆန်းသော၊လျှို့ဝှက်ချက်များနှင့် ပြည့်နေသော ကွင်းဆက်လူသတ်မှုကြီး တစ်ခုပင်ဖြစ်သည်။
1986 September 15 ရက်နေ့က အသတ်ခံရသော အသက် 71 အရွယ် အဖွားအို Lee Wan Im ကစပြီး ပုံစံတူလူသတ်မှုဖြစ်ပွားလာမှုသည် အသက် 69 နှစ်အရွယ် အဖွားအို Kwon Soon Sang အသတ်ခံရမှုဖြစ်ပွားပြီးတဲ့ 1991,Apirl 3 ရက်နေ့ထိ ဖြစ်ပွားခဲ့ပြီး စုစုပေါင်း 4 နှစ်နဲ့ 7 လအတွင်း အရွယ်စုံ မိန်းကလေး 10 ဦးတိတိအသတ်ခံရခြင်းဖြစ်သည်။
ကွင်းဆက်လူသတ်မှုအဖြစ် ရဲများကဆုံးဖြတ်ချက်ချရခြင်းမှာ ဖြစ်ပွားခဲ့သောလူသတ်မှုတိုင်းကို တစ်ပုံစံတည်း ကျူးလွန်ခဲ့သောကြောင့် ဖြစ်သည်။အသက် 14 နှစ်မှ 71 နှစ်အရွယ်အတွင်းရှိသော မိန်းကလေးများကို သတ်ခဲ့သော လူသတ်သမားရဲ့ လူသတ်မှုကလည်း ယုတ်မာပြီး ရွံရှာဖွယ်ကောင်းပါတယ်။
လူသတ်သမားသည် သားကောင်(အသတ်ခံရမည့် မိန်းကလေး)ကို အရင်ဆုံးဖမ်းဆီးပြီး အော်ဟစ်ခြင်းမပြုနိုင်အောင် မိန်းကလေးရဲ့ခြေအိတ်ကို ချွတ်ပြီး ကျောက်ခဲကိုထည့်ကာ ပါးစပ်မှာချီကာ ပိတ်ထားလိုက်ပြီး မိန်းကလေးကို အဓမ္မပြုကျင့်ကာ လည်ပင်းညစ်ပြီးလူသတ်ခြင်းဖြစ်သည်။လူသတ်ပြီးချိန်မှာ မိန်းကလေးရဲ့ အတွင်းခံကိုချွတ်ကာ ခေါင်းမှာစွပ်ပေးထားပြီး မိန်းကလေးရဲ့ အင်္ဂါအတွင်းသို့လည်း အနီးနားရှိပစ္စည်းများထိုးသွင်းကာ လူသတ်မှုကို ရက်ရက်စက်စက် ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
လူသတ်မှုတစ်ခု ပေါ်ပေါက်ဖို့နှင့် တရားခံကိုစွဲချက်တင်ရန်အတွက် အရေးကြီးဆုံးအချက်သည် မျက်မြင်သက်သေပင်ဖြစ်သည်။မျက်မြင်သက်သေမရှိသော အမှုသည် အမှုလိုက်ရာတွင် ခက်ခဲမှုရှိပြီး တရားရင်ဆိုင်ဖို့ အမှုတည်ဆောက်ရာတွင် ခက်ခဲမှုရှိသည်။ယခုကွင်းဆက်လူသတ်မှုကို မဖော်ထုတ်နိုင်ရခြင်း၏ အဓိကအချက်ကလည်း မျက်မြင်သက်သေပင်ဖြစ်သည်။လူသတ်သမား၏ လိမ္မာပါးနပ်မှုနှင့် သပ်ရက်စွာကျူးလွန်ခဲ့သော လူသတ်မှုသည် မျက်မြင်သက်သေမရှိရုံသာမက ထိုခေတ်ကကိုရီးယားရဲတပ်ဖွဲ့၏ နည်းပညာမတိုးတက်မှုကြောင့် အမှုလိုက်ရာတွင် အများကြီးအခက်အခဲရှိခဲ့ရသည်။
လူသတ်သမား၏ သုတ်ရည်ကို ရရှိခဲ့သောလည်း DNA စစ်ဆေးစုံစမ်းဖို့ စမ်းသပ်ခန်းမရှိသောကြောင့် အမေရိကန်သို့ပို့ပြီး စစ်ဆေးခဲ့ရပြီး သံသယရှိသူနဲ့လည်း ထွက်ရှိလာသောအဖြေက ကိုက်ညီမှုမရှိခဲ့သောကြောင့် အချည်းအနှီးဖြစ်ခဲ့ရပါတယ်။ရဲတပ်ဖွဲရဲ့ သံသယရှိသူက ကျန်းမာသန်စွမ်းပြီး 165 -170 ပေါင် အတွင်းရှိအမျိုးသားတစ်ဦးလို့ ကောက်ချက်ချခဲ့ပေမယ့် ကိုက်ညီတဲ့တရားခံကိုတော့ ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။စုစုပေါင်း 21280 ယောက်ကို သံသယရှိသူအဖြစ်ထည့်သွင်းစဉ်းစားခဲ့ပြီး 15 နှစ်တိုင်တိုင် ရဲစုံထောက်ပေါင်းများစွာ အမှုလိုက်စုံစမ်းခဲ့သောလည်း ယနေ့အချိန်ထိ စစ်မှန်သောတရားခံကို ရှာဖွေတွေနိုင်ခြင်းတော့မရှိချေ။
ကိုရီးယားနိုင်ငံရဲတစ်ဖွဲ့အားနည်းမှုကို ကွက်ကွက်ကင်းကင်းပေါ်လာစေသော ယခုလူသတ်မှု၏ အဆိုးထဲကအကောင်းဖြစ်ရပ်တစ်ခုကတော့ ရဲတပ်ဖွဲ့အတွက် ဘတ်ဂျက်ကိုပိုသုံးခဲ့ပြီး နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်အောင် ပြုပြင်ပြောင်းလဲမှုကိုတော့ ပြုလုပ်နိုင်ခဲ့ပါတယ်။ယနေ့ခေတ် တောင်ကိုရီးယားရဲတပ်ဖွဲ့ကတော့ နည်းပညာတိုးတက်မှုနဲ့ ပြစ်မှုတော်တော်များများကို အမြန်ဆုံးဖမ်းဆီးနိုင်ပြီ ဖြစ်ပါသည်။
တောင်ကိုရီးယားရဲ့ ဥပဒေအရ လူသတ်မှုတစ်ခုအတွက် 15 နှစ်အတွင်း အမှုစုံစမ်းစစ်ဆေးခွင့် အချိန်ပေးထားပြီး ကျော်လွန်သွားသော အမှုမှန်မပေါ်သေးသောအမှုတွေကတော့ တရားဝင်အမှုပိတ်သိမ်းသွားပါတယ်။ယခုအမှုအတွက်လည်း 15နှစ်အကြာ 2006,Apirl 2 ရက်နေ့မှာ အမှုစုံစမ်းခွင့် တရားဝင်ပိတ်သိမ်းသွားခဲ့သောလည်း 2004 ခုနှစ်က ဖြစ်ပွားခဲ့သော ကျောင်းသူတစ်ယောက်အသတ်ခံရမှုက စုံစမ်းစ်ဆေးနေသော ကွင်းဆက်လူသတ်မှုနှင့် ပုံစံတူဖြစ်သွားမှုကြောင့် စုံစမ်းမှုတွေကို ဆက်လက်လုပ်ဆောင်နေတုန်းပဲဖြစ်ပါတယ်။
“Hwaseong Serial Murders နှင့် ဆက်စပ်သောရုပ်ရှင်ဇာတ်ကားများ”
ယခုလိုအများကစိတ်ဝင်စားပြီး တရားခံမပေါ်ခဲ့သောအမှုသည် ထူးခြားဆန်းကြယ်ပြီး အနုပညာရှင်တို့ရဲ့ စိတ်ကူးကွန့်မြူးရာအကြောင်းဖြစ်လာတော့သည်။ရုပ်ရှင်၊စာအုပ်၊ပန်းချီ၊ကဗျာ စသောအကြောင်းအရာမျိုးစုံထဲကမှ ဒီကွင်းဆက်လူသတ်မှုကို အခြေခံထားသော ရုပ်ရှင် 2 ကားနှင့် ဇာတ်လမ်းတွဲ 2 ခုရှိသည်။
1. Memories Of Murders (2003, Movie)
ဟွားဆောင်း ကွင်းဆက်လူသတ်မှုကို အခြေခံပြီး 2003 က ပထမဆုံးထွက်ရှိခဲ့သော ရုပ်ရှင်ဇာတ်ကားသည် ထွက်ရှိတာကြာပြီဖြစ်သောကြောင့် ရုပ်ရှင်ချစ်သူတော်တော်များများ ကြည့်ဖူးကြပေမယ့် ဒီရက်ပိုင်းအတွင်း Channel Myanmar ၏ မြန်မာဘာသာပြန်တင်ဆက်မှုကြောင့် အင်တာနက်ပရိသတ်တွေကြားမှာ ပြန်လည်ရေပန်းစားလာသော ဇာတ်ကားလည်းဖြစ်သည်။ဒါရိုက်တာ Bong Joon Ho ၏ အကောင်းဆုံးလက်ရာတစ်ခုဖြစ်သော ဒီဇာတ်ကားကို ကွင်းဆက်လူသတ်မှုကို ဖော်ထုတ်ခဲ့သော စုံထောက်နှစ်ဦး၏ အကြောင်းကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားခြင်းဖြစ်သည်။သရုပ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေ၊ဒါရိုက်တာရဲ့ အရမ်းကိုမိုက်လွန်းတဲ့ရိုက်ချက်တွေကြောင့် ကိုရီးယားနိုင်ငံမှာသာမက နိုင်ငံတကာဆုပေးပွဲတွေမှာပါ ဆုပေါင်းများစွာကို ရရှိထားသော ဇာတ်ကားကို ရုပ်ရှင်ချစ်သူတိုင်း မလွှတ်တန်းကြည့်ရှုသင့်ပါတယ်။ရုပ်ရှင်ရိုက်ကူးမှုကြောင့် အမှုရဲ့အချက်အလက်အချို့နဲ့ကွဲလွဲ့ပေမယ့် အနီးစပ်ဆုံးတူညိမှုရှိအောင် ဖန်တီးထားတာကြောင့် ဒီအမှုကို စိတ်ဝင်စားသူတိုင်း ကြည့်သင့်ပါတယ်။
(https://channelmyanmar.to/memories-of-murder-2003/)
2. Confession Of Murders(2012, Movie)
ကွင်းဆက်လူသတ်မှုအကြောင်း ဝတ္ထုရေးတဲ့ စာရေးဆရာနဲ့ အမှုလိုက်ရဲအရာရှိအကြောင်း ရိုက်ကူးထားတဲ့ယခုဇာတ်ကားသည်လည်း ဟွားဆောင်း ကွင်းဆက်လူသတ်မှုကို အခြေခံပြီး ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ဒါရိုက်တာ Jung Byung Gil ရိုက်ကူးထားတဲ့ အဆိုပါရုပ်ရှင်ကလည်း ကိုရီးယားနိုင်ငံရဲ့ဆုပေးပွဲတွေမှာ ဆုများရရှိခဲ့ပြီး ဇာတ်လမ်းလည်းကောင်းမွန်ကာ အမှုကိုစိတ်ဝင်စားတဲ့သူတိုင်း ကြည့်သင့်ပါတယ်။
(https://channelmyanmar.to/confession-of-murder-2012/)
3. Gap-Dong (2014, Sreies by TvN)
ရှုပ်ထွေးပြီးကြီးမားတဲ့ အမှုကို ရုပ်ရှင်ကြည့်ရုံနဲ့အားမရတဲ့ ပရိသတ်တွေအတွက် TvN က 2014 မှာ ဇာတ်လမ်းတွဲအဖြစ်ရိုက်ကူးထုတ်လွှင့်ပေးခဲ့ပါတယ်။ပိုပြီးအသေးစိတ်ကျသလို ပိုပြီးကောင်းတဲ့ဇာတ်လမ်းက လူတိုင်းရဲ့စိတ်ကိုဖမ်းစားနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ယခင်ကဖြစ်ပွားခဲ့သော ကွင်းဆက်လူသတ်မှုအတိုင်း ယခုအချိန်မှာပြန်လည်ဖြစ်ပွားနေပါတယ်။ဒီအမှုကို ကိုင်တွယ်နေတဲ့ရဲကလည်း အရင်က ဟွားဆောင်းမြို့မှာနေထိုင်ခဲ့ပြီး လူသတ်သမားကို မြင်ဖူးတယ်လို့ သူ့ကိုယ်သူထင်နေသူပါ။ဖြစ်ပွားခဲ့သော လူသတ်မှုဆယ်ခုလုံးကို ရိုက်ပြခဲ့ပြီး စိတ်ဝင်စားဖွယ်အသေးစိတ်ရိုက်ပြနိုင်တာကြောင့် ကိုရီးယားမှာလည်း ရေပန်းစားသလို မြန်မာနိုင်ငံမှာလည်း Sky Net ရုပ်သံလိုင်းက မြန်မာစာတန်းထိုးနဲ့ပြသခဲ့ပါတယ်။ကိုရီးယားဇာတ်လမ်းတွဲကိုမကြိုက်တဲ့ ကျွန်တော့အဖေကိုယ်တိုင် မလွှတ်တမ်းစောင့်ကြည့်ခဲ့တဲ့ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။Gap-Dong ဇာတ်လမ်းတွဲမှာ အပြင်ကလူသတ်မှုရဲ့ အဖြစ်နိုင်ဆုံးသော တရားခံကိုလည်း ပြောပြသွားပါသေးတယ်။ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းတွဲပါ။
4. Signal (2016, Series by TvN)
Gap-Dong ဇာတ်လမ်းတွဲရဲ့ အားနည်းချက်ကို ပြင်ဆင်ပြီး TvN ကပဲ ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ဒီဇာတ်လမ်းတွဲက 2016 ရဲ့အကောင်းဆုံးဇာတ်လမ်းတွဲတွေထဲက တစ်ခုပါပဲ။နာမည်ကြီးရုပ်ရှင်မင်းသား မင်သမီးတွေ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ယခုဇာတ်ကားသည် TvN ရုပ်သံလိုင်းရဲ့ လူအကြည့်များဆုံးဇာတ်လမ်းတွဲအဖြစ်ဒုတိယနေရာအဖြစ် စာရင်းဝင်ခဲ့သလို တရုတ်နိုင်ငံမှာထုတ်လွှင့်တဲ့အခါမှာလည်း ကြည့်ရှုသူ သန်း200 ထိရှိခဲ့ပါတယ်။မြန်မာနိုင်ငံမှာလည်း Sky Net ရုပ်သံလိုင်းက မြန်မာစာတန်းထိုးနဲ့ ပြသပြီးဖြစ်ပါတယ်။
ကွင်းဆက်လူသတ်မှုကို အခြေခံပြီးရိုက်ကူးထားတဲ့အထဲမှာ အပြည့်စုံဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံးဇာတ်လမ်းပါပဲ။စကားပြောစက်တစ်ခုရဲ့ချိတ်ဆက်မှုနဲ့ အမှုဖြစ်ပွားတဲ့အချိန်က ရဲတစ်ယောက်နဲ့ ယခုအချိန်က ရဲနှစ်ယောက်ရဲ့ ထူးခြားတဲ့ဆက်နွယ်မှုကို ပြန်ပြောင်းပြောပြတဲ့ ပုံစံနဲ့တင်ဆက်ထားတဲ့ ယခုဇာတ်ကားကြောင့် ကွင်းဆက်လူသတ်မှုကို သေချာသဘောပေါက်နားလည်စေနိုင်မှာပါ။Gap-Dong ဇာတ်ကားလိုပဲ ယခုဇာတ်ကားရဲ့အဆုံးမှာလည်း သံသယရှိတဲ့လူသတ်သမားအကြောင်းလည်း ပြသသွားသေးပါတယ်။ဖြစ်ရပ်မှန်ကို သေချာစုံစမ်းပြီးရိုက်ကူးထားတဲ့ဇာတ်လမ်းကြောင့် အရမ်းကိုသဘောကျမိမှာပါ။လုံးဝကို မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။
လူမဆန်စွာ ရက်ရက်ဆက်ဆက် သတ်ဖြတ်ခဲ့တဲ့လူသတ်သမားကို လူတိုင်းကဖမ်းမိစေချင်မှာပါ။မကောင်းမှူဟူသည် ဆိတ်ကွယ်ရာမရှိ ဆိုတဲ့စကားနဲ့အညီ ကျူးလွန်ခဲ့တဲ့တရားခံကတော့ တရားဥပဒေရဲ့အဆုံးအဖြတ်မခံရရင်တောင် သူ့ရဲ့ကျူးလွန်မှုအတွက် အစားပြန်ပေးခံရမှုကတော့ မလွဲမသွေကြုံတွေ့ရမှာဖြစ်ပါတယ်။
(ယခုအကြောင်းလေးကိုလည်း သူငယ်ချင်းမိတ်ဆွေများ ဗဟုသုတရစေရန်အတွက် ရေးသားရခြင်းဖြစ်ပါတယ်။အမှားများပါရင်လည်း ခွင့်လွှတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။)
Zin Ko Ko
(ဟွာဆောင်းလူသတ်မှုအကြောင်းကို Zin Ko Ko’s FB မှကူးယူဖော်ပြပါသည်။)
File size…(999MB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….01:59:47
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
(ဒီဇာတ်ကားကို Kyaw Zaw Htet မှဘာသာပြန်တင်ဆက်ထားတာပါ။)
Download and Watch HD and 360p (VIP Link)
(or)
Download 720p HD (pCloud)
Download 360p Small File (400MB)
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။