Channel Myanmar

Confess to Your Crimes (aka) Omae no Tsumi o Jihaku Shiro (2023)

CrimeDrama

6.5
IMDB: 6.5/10 votes

32351

Report error

442

 

သာယာတဲ့ ပုံမှန်​နေ့​လေးတစ်​နေ့မှာ Uda မိသားစုအ​နေနဲ့ အဖြစ်ဆိုးကြီးတစ်ခု ကြုံရပါ​တော့တယ်။ မိသားစုထဲက အငယ်ဆုံး​လေး Yuzuha ကို မတရား ပြန်​ပေးဆွဲခံရတဲ့ အ​ကြောင်းပြချက်က နိုင်ငံ​ရေးမှာ ရာထူးကြီးသူ ဖြစ်တဲ့ အဖိုးဖြစ်သူနဲ့ တိုက်ရိုက်ပတ်သက်​နေတဲ့ အခါ သူတို့ ဘာ​တွေ ဆက်လုပ်ကြမလဲ။

အမှန်တရားကို ရှာ​ဖွေချင်တဲ့ ဦး​လေးဖြစ်သူ Kouji Uda ​ရော တူမ​​လေးကို အချိန်မီ ကယ်တင်နိုင်ပါ့မလား။ အာဏာရှိသူ​တွေ ကစားကြတဲ့ နိုင်ငံ​ရေး အရှုပ်​တော်ပုံကစားပွဲ မှာ တကယ်နာကျင်ထိခိုက်ရသူ​တွေက ဘယ်သူ​တွေလဲ။ တကိုယ်ရည်စာ ချရတဲ့ ဆုံးဖြတ်ချက်​တွေက​တောင် အ​လျော်အစားကြီးမားလွန်း​နေချိန်မှာ၊ လူအများကြီးရဲ့ ဘဝကို ​ပြောင်းလဲ​စေတဲ့ ​ရွေးချယ်မှု​တွေ ကို ပြုလုပ်ရတာဟာ တကယ်ကိုပဲ တာဝန်ကြီးလွန်းတာကို တ​စေ့တ​စောင်း ပြသ​နေတဲ့ရုပ်ရှင်ပဲ ဖြစ်ပါတယ်။

Yuichi Shinpo ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာ ဖြစ်ပြီး ကြည့်ဖူး​နေကျ Crime/ Thriller ​တွေနဲ့ မတူတဲ့ ခံစားမှု တစ်ခုကို ​ပေးစွမ်းနိုင်တဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်။ နာမည်ကြီး ဂျပန် သရုပ်​​ဆောင်​တွေ အများအပြားပါဝင်သရုပ်​ဆောင်ထားပြီး cinematographyနဲ့ ​နောက်ခံအသံ အပြင်၊ အ​ရောင်​ရွေးချယ်မှု​တွေလည်း ​ကောင်းမွန်တာ​ကြောင့် တကားလုံးကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာပါ။ အမှန်တရား၊ မိသားစု၊ ​ဥစ္စာဓန၊ တရားမျှတမှု၊ ပြစ်မှု နှင့် ပြစ်ဒဏ် စတာ​တွေကို ​မေးခွန်းထုတ်​စေမိတဲ့ ရသစုံလင်တဲ့ Imdb 6.7ရ ရုပ်ရှင်တကားပဲ ဖြစ်ပါတယ်။

 

File size…(1.2 GB)/(690 Mb)
Quality….Blu-Ray 1080p / 720p
Format…mp4
Duration….01:41:00
Genre… Crime, Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Summer Lin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Confess to Your Crimes (aka) Omae no Tsumi o Jihaku Shiro (2023)


No downloads available

Genres



Related movies