Concrete Cowboy (2021)
You are who you ride with.

Synopsis:
Concrete Cowboy (2021)
==================
IMDb Rating – 6.3/10
အရှိတရားကနေကင်းလွတ်ပြီး ပြောင်မြောက်တဲ့
ရုပ်ရှင်တွေလည်းရှိပေမဲ့ အရှိတရားကို ရိုက်ပြပြီး
ပြောင်မြောက်တဲ့ ရုပ်ရှင်တွေက ပိုများတာတော့
သေချာပါတယ်။ ဒီရုပ်ရှင်ဟာ လက်သစ်ဒါရိုက်တာ
Ricky Staubရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါပဲ။
ထိပ်တန်းရုပ်ရှင်တော့ ဖြစ်မသွားပေမယ့်
အလယ်အလတ်တန်းအဆင့်ရဲ့ထိပ်ဆုံးမှာ
ရပ်နေမယ့်ကားလို့တော့ အာမခံလို့ရတယ်။
အကြောင်းအရာကတော့ ဒီနေ့ခေတ်ထိရှိနေတဲ့
ခေတ်ကာလနဲ့မကိုက်တဲ့ အလေ့အထုံတစ်ခုကို
ကိုင်စွဲပြီး ရုန်းကန်နေရတဲ့ လူမဲကောင်းဘွိုင်တွေ
အကြောင်း။ ဒီဇာတ်လမ်းကို တစ်ချို့တွေကတော့
အတော်သဘောကျကြတယ်။
ဇာတ်အိမ်တည်ဆောက်မှု အားနည်းတဲ့
တစ်ချက်ကြောင့် တစ်ချို့ကတော့
သိပ်သဘောမကျကြဘူး။ ကျွန်တော့်အနေနဲ့
ပြောရရင်တော့ အဲ့ဒီနှစ်ခုကြားလို့ဆိုရမယ်။
ဇာတ်လမ်းတင်ပြပုံနဲ့ အခြေအနေနဲ့
Cinematographyလှလှကို တွဲသုံးပြီး
ဆွဲငင်လိုက်တဲ့ အခန်းတစ်ချို့ကိုတော့
အတော်သဘောကျမိတယ်။သို့ပေမဲ့
ကျွန်တော်ဟာ ကောင်းဘွိုင်ဓလေ့လည်း
မသသလို သူတို့ယဉ်ကျေးမှုနဲ့လည်း
အလှမ်းဝေးတဲ့အတွက် တစ်ချို့အခန်းတွေကိုတော့
ခံစားလို့မ၀င်လိုက်ဘူး။ ဒါပေမဲ့ တစ်ချို့ပြောကြတဲ့
ဇာတ်အိမ်အားနည်းမှုဆိုတဲ့အချက်နဲ့ သဘော
မကျမိတာတော့မဟုတ်ဘူး။ ဇာတ်အိမ်ဟာ
အားမနည်းဘူး။ဇာတ်အိမ်ဟာ ဘ၀ပါပဲ။
ကျွန်တော်သာတစ်နေ့နေ့ရိုက်နိုင်ခဲ့ရင်
ပုဂံရယ် နေအ၀င်ခြင်းခတ်တဲ့လူတွေရယ်ကို
ဇာတ်အိမ်တကူးတကမလိုဘဲ
ရိုက်ပြနိုင်ချင်တယ်ဆိုတဲ့ စိတ်ကူးရှိတယ်။
ဒီဒါရိုက်တာကလည်း သူ့အရပ်သူ့ဒေသက
မြင်းစီးတဲ့လူတွေအကြောင်းကို သူတို့
ယဉ်ကျေးမှုကိုပြပြီး ရိုက်ပြသွားတာပါပဲ။
ပွဲဦးထွက်မှာ ဒီအနေရိုက်ပြနိုင်တာ နောင်များ
အတော်ကောင်းတဲ့ကားတွေ လာနိုင်ဦးမယ်လို့
မျှော်လင့်လို့ရပါတယ်။
ခေတ်သစ်ကောင်းဘွိုင်တွေရဲ့ကမ္ဘာထဲကို
၀င်သွားကြည့်ရင် အမြင်အားဖြင့်
လှပမနေတဲ့အရာတွေများပေမဲ့
သူတို့ရဲ့သူတို့ဘ၀အပေါ်ချစ်ခြင်းက
လှပမနေတဲ့အရာတွေကိုတောင် လှပစေနိုင်တယ်။
မြင်းချီးတွေကြားထဲ မြင်းနဲ့အတူနေတဲ့လူတွေ
မြင်းကို ဧည့်ခန်းထဲထည့်ထားတဲ့လူတွေ
အငတ်ခံပြီး မြင်းကိုအစာကျွေးတဲ့လူတွေ
မြင်းသေပုပ်ကိုတောင် မလွှင့်ပစ်ရက်တဲ့လူတွေ
ခင်ဗျားမြင်ရမယ်။သူတို့မြို့ကလေးရဲ့ နေအ၀င်မှာ
ကောင်းဘွိုင်ကောင်လေးကို ကောင်းဘွိုင်မလေးက
နမ်းလိုက်တာကိုလည်း ခင်ဗျားမြင်ရလိမ့်မယ်။
ဒါပေမဲ့ သူတို့ အချစ်အကြောင်းစကားတစ်ခွန်းမှ
ဆိုတာကိုတော့ ခင်ဗျား မြင်ရမှာမဟုတ်ဘူး။
ဒါပေမဲ့ တာကော့စကီးရုပ်ရှင်ထဲကစကားလေးလိုပဲ
“Unspoken Feelings are unforgettable”
ထုတ်ပြောမထားတဲ့ခံစားချက်တွေဟာ
ပိုမမေ့ရက်နိုင်စရာကောင်းတာပဲမဟုတ်လား။
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။)
Quality – 1080p, 720p WebRip
Duration – 1h 51min
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama
Source : 1080p.WebRip
Translator – WiRa Aung
Encoder – SWM
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။