Closer to Heaven (2009)
မင်းသမီးဟာဂျီဝန် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်
အသုဘအခမ်းအနားတွေကိုပြင်ဆင်လုပ်ကိုင်ပေးတဲ့ ဂျီဆူးဟာ အရမ်းကိုကြင်နာစိတ်ရှိတဲ့ကောင်မလေးပါ
လူတွေကိုလည်းအတတ်နိုင်ဆုံးကူညီပေးတတ်ပါတယ်
ဒါပေမယ့် သူဟာ လူသေအလောင်းတွေကို အလှပြင်ပေးရတဲ့သူမို့လို့
သူ့ရဲ့လက်ကို မင်္ဂလာမရှိတဲ့လက်ဆိုပြီး ပြောဆိုကြပါတယ်
ရည်းစားဟောင်းဖြစ်သူကလည်း ပြတ်ဖို့အကြောင်းရှာမရတော့
သူ့ရဲ့လက်ကကြောက်ဖို့ကောင်းလို့ဆိုပြီးဖြတ်သွားခဲ့ပါတယ်
ဒီလိုသနားစရာကောင်းလှတဲ့ဘ၀မှာ နေထိုင်နေရတဲဲ့ ဂျီဆူးဘ၀ထဲကို
တစ်နေ့မှာတော့ ဂျုံးဝုဆိုတဲ့ လူတစ်ယောက်ဝင်ရောက်လာခဲ့ပါတယ်
ေပြာရရင် ဂျုံးဝုဟာလည်း လူကောင်းတစ်ယောက်တော့မဟုတ်ပါဘူး
ကုသလို့မရနိုင်တဲ့ ကြွက်သားအားနည်းရောဂါကိုခံစားနေရတဲ့ လူတစ်ယောက်ပါ
ဒါပေမယ့်လည်း သူဟာ သူ့ဘဝကို အရှုံးမပေးပါဘူး
ရှေ့နေတစ်ယောက်မဖြစ်ဖြစ်အောင်ကြိုးစားမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့သူပါ
သူဟာ ဂျီဆူးကို မြင်မြင်ချင်းချစ်မိခဲ့ပြီး သူ့နားမှာနေပေးဖို့ တောင်းဆိုခဲ့ပါတယ်
လူတွေကိုကြင်နာသနားတတ်တဲ့ ဂျီဆူးဟာလည်း သဘောတူခဲ့ပြီးတော့
ဂျုံးဝုခံစားနေရတဲ့ ရောဂါကို ပျောက်ကင်းအောင်ကူညီပေးမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်
Drama ဇာတ်ကားဖြစ်နေတာနဲ့အညီ လွမ်းဆွေးငိုကြွေးရတဲ့ရသတွေကို သေချာပေါက်ခံစားကြည့်ရှုရမှာပါ
ရှေ့ဆက်ပြီး သူတို့နှစ်ယောက်အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာတွေ
သူတို့နှစ်ယောက်ကြားက ခိုင်မာတဲ့ချစ်ခြင်းတရားတွေကို တ၀ကြီး ကြည့်ရှုရမှာဖြစ်ပါတယ်
ဇာတ်လမ်းလေးကကြည့်လိုက်ရင်ရိုးသလိုဖြစ်နေပေမယ့် ကြည့်ရှုသူကိုအဆုံးထိဆွဲခေါ်သွားနိုင်ပါတယ်
ဘာပဲပြောပြော ဇာတ်ကားကောင်းတစ်ကားဆိုတာကိုတော့ ငြင်းလို့မရနိုင်ဘူးပေါ့
Drama ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်ကြောင့် မျက်ရည်ခိုင်ခိုင်ထားပြီမှး ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thet Hnin Hsu ပါ
Encoded by August
File Size – 2GB , 750MB
Quality – 1080P, 720P
Subtitle – Myanmar (Hardsub)
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



















![[18+] Touchless (2013) Bez Doteku](https://www.channelmyanmar.to/wp-content/uploads/2024/07/MV5BMTQ5NTc3NDg4N15BMl5BanBnXkFtZTgwMDEzOTQ2MTE@._V1_FMjpg_UX1000_-141x200.jpg)





![[21+] Caligula (1979)](https://www.channelmyanmar.to/wp-content/uploads/2019/11/carligula-poster-133x200.jpg)







