Channel Myanmar

Clerks (1994)

R 1h 32min Comedy

7.7
IMDB: 7.7/10 223k votes

6 Wins & 11 Nominations

81004

Report error

Clerks (1994)

IMDb rating ~ 7.7
Rotten Tomatoes 🍅 ~ 90 %
6 wins & 11 nominations

442

Low budget နဲ့ အဖြူအမည်း ဗားရှင်းပဲ ရိုက်ခဲ့ရပေမဲ့
ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး 2006 မှာ Clerks II နဲ့ 2022 မှာ Clerks III ဆိုပြီး
နောက်ဆက်တွဲကားတွေထိ ရိုက်ရလောက်အောင်ကို အောင်မြင်ခဲ့တဲ့ ဇာတ်ကားပါ

ညစ်ညမ်းတဲ့ ဒိုင်ယာလော့ခ်တွေ ဖောဖောသီသီသုံးထားပြီး
ဟာသဆန်ဆန် ရိုက်ပြထားတဲ့ အဖြူအမည်း ဇာတ်ကားပါ

Quick Stop စတိုးဆိုင်ဝန်ထမ်း ဒန်တီနဲ့
သူ့သူငယ်ချင်း RST ဗီဒီယိုခွေ အငှါးဆိုင်က ဝန်ထမ်း ရန်ဒယ်တို့ရဲ့ တစ်နေ့တာ ဘဝကို ရိုက်ပြထားတာပါ

ဒန်တီက တွေ့ဖူးနေကျလူတွေအတိုင်း ဘဝကြီးကို မကျေမနပ်ဖြစ်နေပေမဲ့
ပွစိပွစိ ထိုင်ပွါးရုံက လွဲပြီး ဘာမှ မလုပ်တဲ့သူပါ

ရန်ဒယ်ကတော့ ဆိုင်ကို လာချင်တဲ့အချိန်မှ လာ
ရောက်လာသမျှ customer တွေကို ဘုပြောလွှတ်ပြီး နေချင်သလို နေတဲ့သူမျိုးပါ

သူတို့နှစ်ယောက် စကားပြောတဲ့ အခန်း၊
customer တွေနဲ့ စကားပြောတဲ့အခန်း၊
ဒန်တီရဲ့ ရည်းစားတွေနဲ့ စကားပြောတဲ့အခန်း၊
(မပြတ်နိုင်သေးတဲ့ရည်းစားဟောင်း နဲ့ လက်ရှိရည်းစား)
အဲဒါတွေနဲ့ပဲ တစ်ကားလုံး ပြီးသွားတာပါ

ဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေ အရှုပ်ထုပ်တွေ
အယူအဆတွေကို စကားပြောခန်းတွေနဲ့ပဲ ချပြသွားတဲ့ ဇာတ်ကားပါ

အဖြူအမည်းကို ခံစားတတ်ပြီး
စကားပြောခန်းတွေကို ဇိမ်နဲ့ ခံစားတတ်သူတွေ အတွက်တော့
အချိန်ကုန်ရကျိုးနပ်တဲ့ ဇာတ်ကားဖြစ်မယ်ဆိုတာ
ရထားတဲ့ rating တွေ၊ award တွေ နဲ့ nomination တွေကို ကြည့်ရင် သိနိုင်ပါတယ်

အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။

Genre….. Comedy
Quality…. 1080p | 720p | 480p
File size… 3.4GB | 1.7GB | 646MB
Format… mp4
Duration…. 1h 32min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Roman NoX
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Clerks (1994)
Clerks (1994)
Clerks (1994)
Clerks (1994)


No downloads available

Genres



Related movies