Citizen Dog(2004)


Synopsis:
Citizen Dog(2004)
IMDb……7.4,,,,,,Rotten…..100%
ဂျင်
ဘ၀မှာဆိုးရွားတဲ့အများကြီးရှိတယ်
ဝမ်းနည်းစရာတွေလည်းအများကြီးပဲ
တခါတလေကျတော့ကိုယ့်မှာရှိတဲ့ကောင်းတဲ့အရာတွေကိုမမြင်နိုင်လောက်အောင်ဝိဇ္ဇာအမှောင်တွေလည်းဖုံးနေတတ်တယ်
ဒါပေမယ့်လည်း
မင်းရဲ့ထမင်းကြော်ပန်းကန်ထဲကပင်စိမ်းလေးတွေကိုဖယ်စားတာကိုလည်းကိုယ်ချစ်တယ်
မင်းပျော်တိုင်းခြေထောက်လေးလှုပ်နေတာကိုလည်းချစ်တယ်
မင်းလုပ်သမျှအရာတိုင်းကကိုယ့်အတွက်တော့
ပဉ္စလက်ဆန်နေခဲ့တာပဲဂျင်ရယ်
ဒီစကားလေးတွေကတော့
2004 ခုနှစ်ကထွက်ရှိခဲ့တဲ့Citizen dog ဆိုတဲ့ရုပ်ရှင်ကဇာတ်ဝင်စကားလေးတွေပါ
၂၀၀၄ခုနှစ်
ထိုင်းရုပ်ရှင်တွေစတင်မြှင့်တင်နေချိန်တုန်းက
မြေစမ်းခရမ်းပျိုးရိုက်ကူးခဲ့တဲ့ဇာတ်လမ်းလေးတွေထဲမှာဒီကားလေးလည်းတကားအပါအ၀င်ပေါ့
ရုပ်ရှင်ရဲ့တင်ပြပုံဟာ
တွေ့နေကျရုပ်ရှင်ပုံနဲ့မတူပဲ
ရေဒီယိုကလာလေ့ရှိတဲ့ဇာတ်လမ်းပမာနားဆင်စရာပုံစံလိုလို
ပြဇာတ်ပုံစံလိုလိုချစ်စဖွယ်ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပါ
ဇာတ်လမ်းလေးကတော့ရိုးရိုးလေးပါပဲ
တောကတက်လာတဲ့ယောင်လည်လည်ကောင်လေးတယောက်နဲ့
အီတလီစာမဖတ်တဲ့အီတလီလိုရေးထားတဲ့ကောက်ရတဲ့စာအုပ်တအုပ်ကိုဖတ်ဖို့ကြိုးစားနေတဲ့အိပ်မက်တွေတပွေ့တပိုက်နဲ့ကောင်မလေးတယောက်တို့ရဲ့ဇာတ်လမ်းလေးပါ
တခါတလေမှာခင်ဗျားဘ၀မှာမျှော်လင့်သလိုဖြစ်မလာခဲ့ရင်
ခင်ဗျားယုံကြည်ထားတဲ့အရာက
ခင်ဗျားထင်ထားတာနဲ့ပြောင်းပြန်ဇောက်ထိုးဖြစ်နေခဲ့ရင်ခင်ဗျားဘယ်လိုများခံစားရလေမလဲ
ခင်ဗျားရင်ဘတ်ထဲမှာရှိနေမယ့်အရာကို
ဒီဇာတ်လမ်းလေးကပြောပြနိုင်ပါလိမ့်မယ်
ဒါရိုက်တာWisit Sasanatieng ကရိုက်ကူးထားပြီး
Mahasamut Boonyaruk နဲ့Seangthong Gate Uthong တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်….
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့
Chan Myae Thu Aung ပဲဖြစ်ပါတယ်….
File Size : (674MB) and (341 MB)
Quality : Web-Dl720p
Format…mp4
Duration…01:45:00
Genre: Fantasy, Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by Chan Myae Thu Aung
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။