Exit print mode Print Data A+ A- Undo all

A Chinese Ghost Story (1987)

A Chinese Ghost Story (1987)

Synopsis:

ကျွန်တော်ငယ်စဉ်ကတည်းက စွဲလန်းနှစ်ခြိုက်ခဲ့ရတဲ့ဇာတ်လမ်းလေး
တစ်ကားဖြစ်သလိုယနေ့တိုင်လည်းဘယ်ချိန်ပြန်ကြည့်ကြည့်မရိုးသေးပါဘူး
18+ ခေါင်းစဉ်တပ်လိုက်ပါမယ်..ဘာကြောင့်လဲဆိုရင် တချို့အခန်းတွေဟာ
မိဘတွေနဲ့အတူကြည့်ဖို့မသင့်တော်လို့ပါ..နည်းနည်းပါးပါးပါပဲ

A Chinese Ghost Story ကိုတော့တော်တော်များများကြားဖူးကြမယ်ထင်ပါတယ်
နောက်ပိုင်းမှလူကြိုက်များလှတဲ့မင်းသမီး Liu Yi Fei ပြန်လည်သရုပ်ဆောင်ခဲ့တဲ့
Chinese Ghost Story ဇာတ်ကားရဲ့ မူရင်း အရင်းအမြစ်ကတော့ 1987 မှာ
ပထမဆုံးထွက်ရှိခဲ့တဲ့ဇာတ်ကားပါပဲ အခုချိန်မှာတော့ ဒီဇာတ်ကားထဲက
အဓိကမင်းသားဇာတ်ကောင် ဖြစ်တဲ့  Leslie Cheung ဟာ 2003 ခုနှစ်
ဧပရယ် ၁ ရက်နေ့မှာ ဟောင်ကောင်မှာရှိတဲ့  Mandarin Oriental Hotel ရဲ့
24 ထပ်ကနေ ခုန်ချပြီးအဆုံးစီရင်ခဲ့လို့ သေဆုံးပြီးဖြစ်နေပါပြီ

442

မင်းသမီးဖြစ်တဲ့ Joey Wang ကတော့ အခုချိန်မှာ အသက် 57 နှစ်ဖြစ်နေပါပြီ
ကျွန်တော့်အမြင်ကိုပြောရရင်တော့  A ChineseGhost Story ထွက်ခဲ့တဲ့ ကားတွေမှာ
1987 မှာထွက်တဲ့ နံပါတ် ၁ နဲ့ 1990 မှာ ထွက်တဲ့ ၂ လောက်ကျန်တာဘယ်ကားမှ
သိပ်မကောင်းဘူးလို့ပဲမြင်ပါတယ်..လူသားကောင်လေးတစ်ယောက်နဲ့
တစ္တေမလေးတစ်ယောက်တို့ရဲ့အချစ်ဇာတ်လမ်းကို ဟာသနှောပြီးရယ်မောဖွယ်
ကြည်နူးဖွယ်..နဲ့ ရင်နင့်ဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ ဒီဇာတ်ကားဟာလည်း
IMDb Rate 7.4 ရရှိခဲ့တာမို့ အများကြီးအထွေအထူးတော့ ပြောနေစရာ
မလိုတော့ဘူးလို့ထင်မြင်ပါတယ်..

နင့်ချိုင်ချန်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ရပ်ဝေးကနေ
နယ်တခုကိုလာပြီးတော့ အကြွေးတောင်းတဲ့သူပါ…
လမ်းခရီးသွားလာရတာ ကြမ်းတမ်းပြီး သူခိုးဓါးပြများလည်းပေါများတဲ့အချိန်မို့လို့..
သူ့အရင် လာတဲ့သူတွေအသတ်ခံရတာပေါ့..လမ်းမှာမိုးတွေရွာပြီး
အရမ်းစိုရွဲသွားလို့ အကြွေးစာရင်းတွေပါ ပျက်စီးသွားခဲ့တယ်..
အဲ့တော့ အကြွေးကလည်းတောင်းမရ..
လူတွေကလည်း စာရင်းထဲမှာနာမည်မရှိရင်
ပိုက်ဆံ မပေးနိုင်ဘူးဆိုပြီး ပြောတော့
သူ့မှာနေစရာ စားစရာလုံးဝမရှိတဲ့ဘဝထိရောက်သွားပါတယ်..

ညဘက် တည်းဖို့ နေရာလိုက်ရှာတော့
ချောက်ချ ချင်တဲ့သူတစ်ယောက်က
လန်လော့ဘုရားကျောင်းမှာ တည်းပါလို့ ပြောလိုက်ပါတော့တယ်..
တကယ်တော့ လန်လော့ဘုရားကျောင်းဟာ..
သရဲတစ္ဆေတွေကြီးစိုးရာ နေရာ..ဖြစ်ပါတယ်..ဒါကိုမသိတဲ့ နင့်ချိုင်ချန်
တစ်ယောက် အူကြောင်ကြောင်နဲ့ရောက်သွားတဲ့အခါဘာဆက်ဖြစ်မယ်
ဆိုတာကိုတော့ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဦး

စုစုပေါင်းသုံးကားရှိပြီး ဒီလင့်မှာ၃ကားလုံးစုစည်းထားပါတယ်

Quality : WEB-DL 1080p , 720p
Format : mp4
Genres : Action , Fantasy , Romance
Runtime : 1h 38 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Nu Mon
Encoded by LK

 

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Release Date
1987
Runtime
1h 38 min
Country
China
ID IMDb.com
http://www.imdb.com/title/tt0093978/
IMDB Rating
7.4
IMDB votes
11000