(ပြင်းထန်တဲ့စကားလုံးအသုံးအနှုန်းနဲ့ ဇာတ်ဝင်ခန်းတွေကြောင့် မိသားစုနဲ့ကြည့်ဖို့မသင့်တဲ့
ဇာတ်ကားတစ်ကားအဖြစ် ကြိုတင်အသိပေးပါရစေ)
Chillerama ကတော့ ရုပ်ရှင်ဝါသနာတူပြီး ဟော်ရာရုပ်ရှင်အမျိုးအစားအပေါ်မှာ
အကြိုက်တူတဲ့ ဒါရိုက်တာ ၄ ယောက်တွေ့ဆုံရာကနေ မွေးဖွားလာခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ရုပ်ရှင်ဒါရိုက်တာ Adam Rifkin နဲ့ Tim Sullivan တို့ စတင်ခဲ့တဲ့စိတ်ကူးတစ်ခုကို
ခေတ်နဲ့အံမဝင်ခဲ့တာကြောင့် ပုံမဖော်ခဲ့ပေမယ့် Adam Green နဲ့ Joe Lynch တို့နဲ့ပါ
တွေ့ဆုံပြီးချိန်မှာတော့ ၄ ယောက်ပေါင်း လောင်းကျော်ဖို့ ဖြစ်လာပါတော့တယ်။
ရလဒ်အနေနဲ့ Wadzilla, Teenage Werebear, Diary of Anne Frankenstine နဲ့
Zom-B-movie ဆိုတဲ့ Short Movies ၄ ကား ရလာခဲ့ပါတယ်။
ထိုဇာတ်ကားများကို စုပေါင်းပြီး Anthology Film တစ်ခုအဖြစ် Chillerama ကို ဖန်တီးခဲ့ကြပါတယ်။
ဇာတ်ကားတစ်ကားချင်းစီကလည်း ခေတ်တစ်ခေတ်ရဲ့ Horror Genre တစ်ခုချင်းစီကို
လှောင်ပြောင်ထားတဲ့ ဇာတ်ကားတွေဖြစ်လို့ ပရိသတ်နဲ့ အမြင်မစိမ်းတဲ့
ဇာတ်ကားတွေထဲက ဇာတ်ကွက်များကို ဟာသအမြင်နဲ့ ပြန်လည်တင်ဆက်မှုတွေကို
ပြုံးထေ့ထေ့နဲ့ ကြည့်ရမယ့်ကားမျိုးလည်း ဖြစ်ပါတယ်။
အရာရာကို ဟာသဖောက်ပြောဆိုတတ်တဲ့ လူတွေကို အပြင်လောကမှာ မြင်တွေ့နိုင်သလို
ထိုအတွေးအမြင်မျိုးနဲ့ ဒါရိုက်တာတွေ စိတ်ကူးဆန်းဆန်းနဲ့ တင်ဆက်ထားတဲ့
Horror Comedy ဇာတ်ကားတစ်ကားကိုလည်း CM ပရိသတ်ရှေ့မှောက် တင်ဆက်ပေးလိုက်ပါတယ်။
File size… 1.6 GB / 754 MB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 2hrs
Genre ….. Action/Comedy/Horror
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Hein Tayza
Translated by Sai Sumali
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။