Cherry Falls (1999)
Lose your innocence... or lose your life.

Synopsis:
ချယ်ရီဖောဟာအေးချမ်းတဲ့နယ်မြို့လေးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီနယ်မြို့လေးမှာမှ ဆယ်ကျော်သက်သုံးဦး နှစ်ရက်အတွင်း ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရချိန်မှာတော့ တစ်မြို့လုံးအုတ်အော်သောင်းတင်းဖြစ်သွားပါတော့တယ်။ လူသတ်မှုသုံးခုလုံးမှာ တူညီတဲ့အချက်က သူတို့တွေဟာအထက်တန်းကျောင်းသားတွေဖြစ်တဲ့အပြင် အပျိုလူပျိုရည်မပျက်သေးသူတွေဖြစ်နေတာပါပဲ။
ဂျိုဒီမာကင်ကတော့ မြို့နယ်ရဲမှူးရဲ့သမီးဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ သမီးကိုလည်း လူသတ်သမားအန္တရာယ်ကင်းအောင်စောင့်ရှောက်ရင်း တစ်ခြားလူသတ်မှုတွေဖြစ်မလာအောင် ကာကွယ်တဲ့အနေနဲ့ဆယ်ကျော်သက်တွေရဲ့မိဘတွေအားလုံးကို အစည်းအဝေးလုပ်ခေါ်တွေ့ပြီး လူသတ်မှုတွေရဲ့တူညီနေတဲ့အချက်တွေကို သတိပေးပြောပြလိုက်တဲ့အခါမှာတော့..။
အသတ်ခံရသူတွေဟာ အပျိုလူပျိုစစ်တွေဖြစ်တယ်ဆိုတဲ့ သတင်းက ကျောင်းသားတွေဆီပေါက်ကြားသွားပြီး အသတ်ခံရမယ့်အန္တရာယ်က ကာကွယ်တဲ့အနေနဲ့ sex party တစ်ခုကို စုပေါင်းကျင်းပပြီး အပျိုလူပျိုဘ၀ကိုစွန့်လွှတ်ဖို့ကြံစည်ကြပါတော့တယ်။
Slasher Flick တွေရဲ့ ပြဌာန်းစာအုပ်လိုဖြစ်သွားခဲ့တဲ့ Scream နောက်ပိုင်းမှာ ထွက်ခဲ့တဲ့ဇာတ်ကားဖြစ်ပြီး အလားတူဇာတ်ကားတွေအတိုင်း ကြည့်ကောင်းတဲ့ကားပါ။ လူသတ်ကားပေမယ့် ဇာတ်လမ်းတည်ဆောက်ပုံနဲ့ fun ဖြစ်တဲ့ဇာတ်ကောင်တွေကြောင့် အတော်လေးလည်းရယ်ရတဲ့ဇာတ်ကား ဖြစ်ပါတယ်။
File size…(1.5 GB)/(789 Mb)
Quality….Blu-Ray 1080p / 720p
Format…mp4
Duration….01:32:00
Genre…Horror, Mystery, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr.Anderson
Translated by Alias
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။