Chasing Love Game ( 2022 )

Synopsis:
❏ ပေါ့ပေါ့ပါးပါးနေတတ်ပြီး အရာရာကို ဖြစ်သလို လုပ်တတ်သည်ဟု
ထင်ရတဲ့ ယွင်နန်မှ ခရီးသွားလမ်းညွှန်တစ်ယောက်ဖြစ်သူ – တစုန်း
တစ်နေ့မှာတော့ သူဟာ ချောမောလှပပြီး ဇီဇာကြောင်လွန်းလှတဲ့
ပန်းချီဆရာမလေး ထုန်ထုန်ကို ခရီးလမ်းညွှန်ပြသပေးရဖို့
အကြောင်းဖန်လာခဲ့ပါတယ် ပန်းချီဆရာမလေးထုန်ထုန်ဟာ
သူမရဲ့ချစ်ရသူ ပေးလိုက်တဲ့ ဒိုင်ယာရီစာအုပ်ထဲက
အချက်အလက်တွေအရ ယွင်နန်က ရှီရွှမ်ပန်န ကို လာရောက်ခဲ့တာပါ
၎င်းဒိုင်ယာရီထဲမှာ သူမရဲ့ ချစ်သူက တစ်ဦးနဲ့တစ်ဦး တွေ့ဆုံခြင်းမရှိပဲနဲ့
ရှီရွှမ်ပန်နမှာ “ချစ်ခြင်းကိုလိုက်လံရှာဖွေခြင်းဂိမ်း”
ကစားကြမယ်လို့ရေးသားထားပါတယ် တကယ်လို့ ထုန်ထုန်ဟာ
ဒိုင်ယာရီစာအုပ်ထဲကအတိုင်း တာဝန်တွေကို မသွေမတိမ်းလိုက်လုပ်ပြီးတော့
ဒီဂိမ်းကို အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ အောင်မြင်ခဲ့ရင်
နှစ်ဦးသားရဲ့ ချစ်ခြင်းမေတ္တာလေးက အောင်မြင်သွားမှာပါ
အစပိုင်းမှာတော့ တစုန်းဟာ ဒီကစားနည်းကို
ဟာသတစ်ခုလို့ထင်နေပေမဲ့ နောက်ဆုံးမှာတော့ ထုန်ထုန်ကို ကူညီပေးခဲ့ရင်း-
❏ ဒိုင်ယာရီထဲမှာပါတဲ့ သဲလွန်စတွေကို နှစ်ယောက်သား လိုက်လံရှာဖွေကာ ဘာတွေဆက်ဖြစ်ကြမလဲ?
❏ ဒီဂိမ်းအတွင်းမှာ ဘယ်လိုအခက်အခဲတွေကိုရော ကြုံတွေ့ကြရမလဲ?
❏ ဘယ်လိုထူးဆန်း ဆန်းကြယ်မှုတွေကိုရော ကြုံတွေ့ကြရမလဲ?
❏ ဒီဂိမ်းရဲ့နောက်ကွယ်က ရည်ရွယ်ချက်ကရော ဘာဖြစ်မလဲဆိုတာ ?
အဖြေရှာကြရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်
ဟာသနှောပြီးရိုက်ကူးထားတဲ့ ကားလေးဖြစ်တာမို့
CM က ပရိသတ်တွေလဲ အမောပြေစေမှာ အမှန်ပါပဲရှင်
[Reviewed By Chit Mya Mya Hmwe]
Quality : WEB-DL 1080p , 480p
Format : mp4
Genres : Comedy , Drama
Runtime : 1h 18 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။