Charlie Chaplin : The Kid (1921)

Synopsis:
ကြည့်ခဲ့ဖူးတဲ့ The Kid ကို ပြန်ရှာခဲ့ပါတယ် 720P ရုပ်ထွက်နဲ့ ပြန်ရလို့လဲ ပျော်ခဲ့ရတယ်
ကြည်ကြည်လင်လင် ကြည့်ရတော့မှာကိုး ချာလီ ရဲ့ သရုပ်ဆောင်ချက်တွေက
ဘယ်တော့မှ အိုမင်းမသွားဘူး ဘယ်တော့မှ ပျက်စီးမသွားဘူး
ဘယ်တော့…ဘယ်တော့မှ.. ရသ မပျက်သွားပါဘူး
ဒီရုပ်ရှင်ကား ကတော့ အဖေ မပေါ်ပဲ မွေးခဲ့တဲ့ သားလေးကို
လူချမ်းသာတွေ ရဲ့ ကားပေါ်မှာ မွေးစားဖို့ ထားခဲ့ပြီးမှ ဖြစ်ချင်တော့ အဲ့ဒီကားကို
သူခိုး ခိုးခံရပြီး ကလေးကို တွေ့လို့ သူခိုးတွေကလဲ လမ်းဘေးမှာ ချထားခဲ့ပါတယ်
သူဌေးမွေးစားမခံရပဲ ဆင်းရဲချို့တဲ့တဲ့ ချာလီ က ကောက်ယူမွေးစားလိုက်ပါတယ်
သဘောအကျဆုံးက ကလေးရဲ့ သရုပ်ဆောင်ချက်တွေက Pro လို့ပြောလောက်အောင်
ပီပြင်ပြီး ချစ်ဖို့လဲ ကောင်းသလို သူ့မွေးစား အဖေ ချာလီ ဆီကနေ
ပြန်လု တဲ့ အခါ ငိုယိုတောင်းပန်တာကလဲ အတော် ၀မ်းနည်းကြေကွဲဖို့ကောင်းပါတယ်
ကဲပါ.. အဖေ တစ်ခု သားတစ်ခု ချာလီ တို့ သားအဖေ အကြောင်းကို
Download ဆွဲကြည့်လိုက်ရအောင်….
Download Link
————————–
ရုပ်ရှင်အသစ်တင်တိုင်း သိလိုပါက
အောက်ပါ Follow Button အပြာလေးကို နှိပ်ပေးခဲ့ပါ
(သစ်ဆန်းခန့်)
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။