IMDb 7.8 , ခရမ်းချဉ်သီး RT 94%
– Old But Gold ဖြစ်နေဆဲဖြစ်တဲ့ ဂန္တဝင်မြောက် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Nominations အများကြီးပါခဲ့တဲ့အပြင် Best Motion Screenplay , Golden Plate Award နဲ့ Best British Actress ဆုတွေကို ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။
– ဒီဇာတ်ကားကို ” ဂန္တ၀င် Legendary ဒါရိုက်တာကြီး Alfred Hitchcock မရိုက်ကူးခဲ့သော အကောင်းဆုံး Hitchcock ကား ” ဆိုပြီး အဲခေတ်အခါက သတ်မှတ်ခံခဲ့ရပါတယ် ။ဆိုလိုချင်တာက Hitchcock ရိုက်ကူးလေ့ရှိတဲ့ပုံစံထဲမှာ အကောင်းဆုံးကား ဒါပေမယ့် Director ကတော့ Hitchcock မဟုတ်ဘူးဆိုပြီး ပြောချင်တာပါ။
– ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုက 1978 ခုနှစ်မတိုင်ခင် အမေရိကန် ဥပဒေအရ မူပိုင်ဖြစ်ဖို့ရာအတွက် “Copr” ဒါမှမဟုတ် ” Copyright” ဒါမှမဟုတ် ” © ” သင်္ကေတလေး ပါရမှာဖြစ်ပြီး ထုတ်လုပ်ဖြန့်ချိတဲ့ Universal studios က အဲဒီ စာလုံးလေးတွေ ထည့်သွင်းဖို့မေ့သွားတဲ့အတွက် ဒီဇာတ်ကားက အများပိုင်ဇာတ်ကား ဖြစ်သွားပြီး ဒီကားနဲ့ပတ်သတ်ပြီး VHS,DVD,Blueray Copies တွေအပြင် Online ပေါ်မှာ Copyright မငြိဘဲ Free ကြည့်လို့ရသလို Free လည်း Download ဆွဲလို့ရသွားပါတယ်။
ဇာတ်လမ်းအကျဉ်းလေးက
– အားလပ်ရက်မှာ သူ့သူငယ်ချင်းနဲ့ ပြင်သစ်နိုင်ငံရဲ့တောင်ပေါ်မြို့လေးတစ်မြို့ဆီအလည်အပတ်ထွက်လာတဲ့ Regina , Paris မြို့ကို ပြန်ရောက်လာတဲ့အချိန် သူနေခဲ့တဲ့တိုက်ခန်းကော ပစ္စည်းပစ္စယတွေကော အားလုံးက ဟောင်းလောင်းဖြစ်နေပြီး သူ့ယောင်္ကျားလည်း အသတ်ခံရ တဆက်တည်း ပစ္စည်းတွေ တိုက်ခန်းတွေကို သူ့ယောင်္ကျားလေလံတင်ရောင်းချခဲ့ရာက ရတဲ့ပိုက်ဆံ $250,000 ကလည်း ပျောက်ဆုံးနေတယ်ဆိုတာ သိလိုက်ရတဲ့အခါ
– အဲဒီပိုက်ဆံတွေက ဘယ်ရောက်သွားတာလဲဆိုတာရယ်
– သူ့ယောင်္ကျားကိုကော ဘယ်သူက သတ်ခဲ့တာလဲ?
– ယောင်္ကျား သေဆုံးမှုနဲ့ သင်္ကာမကင်းဖြစ်နေလို့ ပြင်သစ်ရဲတွေရဲ့ စောင့်ကြည့်တာခံရတဲ့အပြင် American C.I.A ကော လူစိမ်းသုံးယောက်ပါ ဒီအမှုထဲ ပါလာတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက် စောင့်ကြည့်ပေးပါဦးခင်ဗျာ။
– သေချာတာကတော့ လုံး၀ကို ကြည့်ရကျိုးနပ်စေမယ့် ကားတစ်ကားဖြစ်ပြီး ကြည့်ရင်းနဲ့ကို ဘာဆက်ဖြစ်မလဲဆိုတာလုံး၀ကြိုပြီးခန့်မှန်းလို့မရနိုင်တဲ့ ကားကောင်းတစ်ကားဆိုတာ အာမခံပါတယ်။
File size…(2.3 GB)/(1.2 GB)
Quality….Blu-Ray 1080p / 720p
Format… mp4
Duration…. 01:53:00
Genre… Comedy, Mystery, Romance
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Thaw Ko Ko Zin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။