Point Break (2015)
The only law that matters is gravity

Synopsis:
Point Break (2015)_____IMDb – 5.3/10
လိုင်းဖြတ် သို့တည်းမဟုတ် ကျရှုံးချိန်နေရာတစ်ခု…..
မိတ်ဆွေတို့ရဲ့ Point Break ကရော . ဘယ်အချိန်.. ဘယ်နေရာမှာပါလဲ?
ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ Point Break ကတော့…..
ဇာတ်လမ်းကတော့ ဘက်စုံကျွမ်း အားကစားသမားဖြစ်တဲ့
ယူတာ့ရှ်တစ်ယောက် FBI ကို ဝင်ဖြစ်ပုံနဲ့ စတင်ထားပါတယ်။
သူရောက်ပြီးနောက်ပိုင်းမှာတော့ စိတ္တဇဆန်ဆန် လုယက်မှုတွေ
ပေါ်ပေါက်လာပါတော့တယ်။ ယူတာ့ရှ်ဟာ အမှုသွား အမှုလာတွေကို
လေ့လာပြီးတော့ သံသယရှိသူတွေဟာ ဘက်စုံကျွမ်း အားကစားသမားများ
ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။ အကြောင်းကတော့
အိုဇာကီ ၈ ချက် ဆိုတဲ့ သဘာဝတရားနဲ့ လိုက်လျောညီထွေ နေပေးရင်
ထွက်ရပ်ပေါက်မယ်ဆိုတဲ့ အယူဝါဒကြောင့်ပါ။
ဒီလိုကိစ္စတွေကို လုပ်မယ့်သူတွေဟာ
ဘက်စုံကျွမ်းအားကစားသမားများပင် ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။
ဒါပေမယ့် FBI အထက်တန်းက အဲ့ဒီအယူအဆကို
လက်မခံခဲ့ပါဘူး။ တစ်ခုရှိတာကတော့ ယူတာ့ရှ်ရဲ့
ဘော့စ် ဟောလ်က လက်ခံပေးလိုက်တာပါပဲ။
အဲ့ဒီမှာတင် အသွင်ယူစစ်ဆင်ရေးစတာပါပဲခင်ဗျ။
အိုဇာကီ ၈ ချက်ထဲကအတိုင်း ကမ္ဘာ့နေရာ အနှံ့အပြားမှာ
စတန့်ပြကွက်တွေ၊ ဒုစရိုက်လုပ်ငန်းတွေကို
လုပ်ဆောင်သွားတာတွေကို ရင်သက်ရှုမောဖွယ် ကြည့်ရှုခံစားကြရမှာပါ။
စတန့်ပြကွက်တွေ ဖောဖောသီသီ သုံးထားတဲ့ အက်ရှင်ခန်းတွေ
အများကြီးပါတဲ့အတွက် စတန့်ကားကြိုက်သူတွေအတွက်ကတော့
လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းဖြစ်ကြောင်းပါခင်ဗျား . . .
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့
ညီလေး Wai Yan M ပဲဖြစ်ပါတယ်။)
ZAWGYI
File Size – 899 MB
Format – mp4
Quality – Blu-ray Rip 720p
Duration – 01:54:00
Translator – Wai Yan M
Encoder – San Win Maung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။