From Vegas to Macau II (2015)_____IMDb – 4.6/10

ပိတ်ရက်လေးမှာ မိသားစုနဲ့ ရုပ်ရှင်ကြည့်ရင်း အပန်းဖြေဖို့ စိတ်ကူးထားသူတွေအတွက် အခု လောလောဆယ် ရုံတင်နေတဲ့ ဟောင်ကောင်အက်ရှင်ကားလေး ကြည့်ရအောင် ဖော်ပြပေးလိုက် ပါတယ်။
မြန်မာပရိသတ်တွေနဲ့ ရင်း နှီးပြီးသားဖြစ်တဲ့ ဟောင်ကောင် နေအောင်လို့ လူသိများသူ ချောင် ယွန်ဖတ်ခေါင်းဆောင် ပါဝင် ထားတာမို့ အက်ရှင်ဇာတ်လမ်း ကောင်းကြိုက်သူတွေ နှစ်သက် ဦးမယ်ထင်ပါတယ်။ ဒီဇာတ်ကား က ဒုတိယမြောက်ဇာတ်လမ်းအ ဖြစ် ထွက်ရှိလာတာမို့ ပထမ ဇာတ်လမ်းကို ကြည့်ဖူးသူတွေက တော့ အရင်ဇာတ်လမ်းနဲ့ ယှဉ် ကြည့်ဖို့အတွက် မဖြစ်မနေ မြည်း စမ်းကြည့်သင့်ပါတယ်။
မင်းသားချောင်ယွန်ဖတ်က သူမတူအောင် ကျွမ်းကျင်လှတဲ့ ဖဲလိမ်သမား ကင်အဖြစ် သရုပ် ဆောင်ထားပါတယ်။ တချို့ပြကွက်တွေက အထူးပြုလုပ်ချက်တွေများလွန်းပေမယ့် ကြည့်လို့တော့ အဆင်ပြေမှာပါ။
ကင်ရဲ့ ခေါင်းကိုင်သားဖြစ် တဲ့ ဗင်းဆင့်ဟာ လူဆိုးလောက ထဲမဝင်ဘဲ ရဲဝန်ထမ်းဘဝကို ရွေး ချယ်ခဲ့တာကြောင့် ကင်နဲ့ သဘော ထား ကွဲလွဲခဲ့ပါတယ်။ ဗင်းဆင့် ဟာ အင်တာပိုလ်အဖွဲ့ထဲကိုဝင် ပြီး DOA ဆိုတဲ့ လူဆိုးဂိုဏ်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေ တာမို့ ကင်ကိုပူးပေါင်းဆောင် ရွက်ပေးဖို့ အကူအညီတောင်းခံ တာကြောင့် ကင်တစ်ယောက် ငြင်းမရဘဲ ကူညီဖြစ်ခဲ့ပါတယ်။
ပထမဇာတ်လမ်းမှာ DOA ရဲ့ စီအီးအို မစ္စတာကို သေဆုံးခဲ့ တာကြောင့် ဒီဇာတ်လမ်းမှာတော့ လေဒီဘော့စ်အွိုင်က စီအီးအိုနေ ရာ ဆက်ခံကာ တရားမဝင် ကာစီ နိုကစားဝိုင်းတွေ ဆက်လုပ်ခဲ့ပါ တယ်။ ဗင်းဆင့်တို့အဖွဲ့ဟာ ပိုက် ဆံသန်းနဲ့ချီပြီး အလွဲသုံးစားလုပ် ထားလို့ ဘန်ကောက်မှာ ပုန်းခိုနေ တဲ့ DOA အဖွဲ့ရဲ့ စီနီယာစာရင်း ကိုင် မာ့ခ်ကို လက်ဝယ်ရရေး ကြိုး ပမ်းပါတော့တယ်။
ဒါကြောင့်မို့ ကင်လည်း ဗင်း ဆင့်ကို ကူညီဖို့အတွက် ဘန် ကောက်ကို လိုက်သွားခဲ့ပြီး ကင် ရဲ့ လောင်းကစားအရည်အသွေး တွေဟာ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ် အတွက် အသုံးတည့်ခဲ့ပြန်ပါ တယ်။ တရုတ်အက်ရှင်ကားတွေ ရဲ့ ထုံးစံအတိုင်း အတိုက်အခိုက် အက်ရှင်ပြကွက်တွေရဲ့ သွက် လက်မြန်ဆန်မှုတွေကို ပရိသတ် အကြိုက်တွေ့မယ် ထင်ပါတယ်။
ဒီလိုနဲ့ တိုက်ရင်းခိုက်ရင်း ကင်တစ်ယောက် အချစ်နဲ့တွေ့ သွားခဲ့ပါတယ်။ သူကတော့ DOA အဖွဲ့ဝင် မော်လီဖြစ်တာကြောင့်ကင်ရဲ့ အချစ်ဇာတ်လမ်းက ဘာဖြစ်သွားမှာလဲ။ DOA အဖွဲ့ကို အပြတ်ရှင်းချင်တဲ့ ဗင်းဆင့်တို့အဖွဲ့ရဲ့ ကြိုးပမ်းမှုတွေ အရာထင်မှာလားဆိုတာကတော့ ရုပ်ရှင်အရသာ ပေါ့သွားမှာစိုးလို့အကုန်မပြော တော့ဘူးနော်။ ချောင်ယွန်ဖတ် နဲ့အတူ နစ်ခ်ချန်၊ ကာရီနာလူ၊ ရှန်ယွဲ့တို့က ပါဝင်သရုပ်ဆောင် ထားကြပါတယ်။
(ရုပ်ရှင်အညွှန်းကို 7daydaily.com မှကူးယူဖော်ပြပါသည်။)
File size…(999 MB)
Quality…HD Rip 720p
Format…mp4
Duration….01:50:14
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။