The Three Stooges (2012)
Just Say Moe.

Synopsis:
The Three Stooges (2012)
IMDb – 5.1/10_____Rotten – 52%
The three stooges ဟာသဇာတ်ကားလေးပါ ၊၊
မိတ်ဆွေ သင်အမှန်တစ်ကယ် ဟာသဇာတ်ကားတွေ ကြိုက်ပါသလား၊၊ ဒီ ဇာတ်ကားကို ကြည့်ပါ၊၊
ဇာတ်လမ်းတစ်ခုလုံး မိုး၊ လယ်ရီ၊ ကယ်လီ ဆိုတဲ့ ဇာတ်ကောင်သုံးယောက်က သင့်ကို ကလိထိုးပေးပါလိမ့်မယ်၊၊
Church တစ်ခုမှာ တစ်ပြိုင်တည်း စွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးသုံးယောက်ဟာ ရောက်ရောက်ချင်းမှာတော့ sister တွေရဲ့ဆုလဒ် နတ်သားလေးသုံးပါးပေါ့၊၊
ဘာမှမသိ ချစ်စဖွယ်ကလေးတွေ၊၊ နောက်ဆယ်နှစ်အကြာမှာတော့ အနီးကပ်ပြုစုတဲ့ sister ကပြောတယ်၊၊
“ဒီသုံးယောက်ဘေးမှာ မနေနိုင်တော့လို့ မတော်တဆ ငါးမန်းကိုက်ခံရနိုင်တဲ့ ငါးဖမ်းသင်္ဘောမှာဘဲ အလုပ် လုပ်တော့မယ်တဲ့ ”
အကုန်လုံး လက်လန်သွားရတဲ့ ငမွှေတွေဖြစ်သွားတယ်၊၊
ဒီလို အော်ကြောလန်သုံးယောက်က သူတို့ရဲ့ မတော်တဆအမှားတွေကြောင့်
အကြွေးနစ်သွားရတဲ့ ဘုရားကျောင်းလေးကို မဖျက်သိမ်းရအောင်
လိုတဲ့ပိုက်ဆံတွေကို ပြန်ရှာပေးဖို့ ကျိုးစားရင်း ကမောက်ကမ အဖြစ်တွေနဲ့ ရယ်ရမဲ့ ပျော်စရာ ဇာတ်ကားကောင်းလေးတစ်ခုပါ ၊၊
(ဇာတ်ကားအညွန်းရေးသူကတော့ CM ပရိသတ် Athas Akkပဲ ဖြစ်ပါတယ်)
@joker
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။