Channel Myanmar

Attack On Titan 1 (2015)

Adventure

IMDB: /10 votes

738672

Report error

 

ဒီကားထွက်ရင် ဘာသာပြန်မယ်လို့ပြောထားပြီး နောက်ကျနေလို့ဆောရီးပါ
English Srt File က မထွက်သေးတာရယ်အလုပ်တွေလဲများနေတာရယ်ကြောင့်ပါ
အခုတော့ အားလုံးပြီးသွားလို့ တင်ပေးလိုက်ပါပြီ။

442

ဒီကားကို မကြည့်ခင်အရင် ဆုံးပြောချင်တာကဇာတ်ကားပြီးလို့ စာတန်းထိုးပြီးတဲ့ထိပြီးဆုံးအောင်
ကြည့်ပေးစေချင်ပါတယ် wink emoticon

လွန်ခဲ့တဲ့ နှစ်၁၀၀ ကျော်ကပေါ်လာတဲ့ လူသားစားတဲ့တိုက်တန်တွေ..
တိုက်တန် တွေကိုကြောက်လို့ နံရံမြင့်ကြီးတွေ ထဲမှာနေနေရတဲ့လူသားတွေ..
တိုက်တန်တွေကို အယုံအကြည် မရှိခဲ့တဲ့အဲရန် နဲ့
သူငယ်ချင်း လူကြောက်လေးအာမင်..
ပြီးတော့ အဲရန်ပြောသမျှယုံကြည်တတ်တဲ့ ကောင်မလေးမီကာဆာတို့ ..
နံရံ ကြီးတွေရဲ့အပြင် ဘက်ကိုထွက်ဖို့ ကြိုးစားကြတဲ့တစ်နေ့မှာ….

တိုက်တန်တွေ ပေါ်လာပြီးလူသားတွေ တိုက်ခိုက်ခံကြရပြီးတဲ့ နောက်မှာ
အဲရန် အာမင်နဲ့ မီကာဆာတို့ ဘာတွေပြောင်းလဲ သွားကြမလဲဆိုတာရယ်…

တိုက်တန်တွေ ကိုတိုက်ခိုက်ကြတာတွေ သေကွင်းသေကွက်တွေက တကယ်ကို
ကြည့်လို့ကောင်းပါတယ် (18+ Rated ကားဖြစ်ပါတယ် သေတာတွေ ကြမ်းလို့နော်colonthree emoticon )

ဒီကားဟာ ဂျပန်Animation ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပြီး ဂျပန်မှာလဲအရမ်းနာမည်ကြီးတဲ့ ကားဖြစ်ပါတယ်
( ဒီကားကို ရုံတင်တုန်းကလက်မှတ်မရလို့ ရုံးလစ်ပြီးကိုသွားကြည့်ပါတယ် tongue emoticon )
Anime ကြည့်ဖူးသူတွေကတော့ ဒီကားဟာAnime ကို မမှီဘူးလို့ပြောကြပါလိမ့်မယ်
Anime ဗားရှင်းထဲက မီကာဆာရဲ့ကာရိုက်တာဟာ Live-Action Movie ထဲက ကာရိုက်တာနဲ့ လုံးဝကိုကွဲပြားနေတဲ့ အချက်လဲပါပါ လိမ့်မယ်
ဘာပဲဖြစ်ဖြစ် Animated လုပ်ထားကားကို ရုပ်ရှင် ရိုက်ရတာလွယ်တာတော့ မဟုတ်ပါဘူး
နောက်ပြီး ဒီကားထဲကအဓိက ဖြစ်လာမဲ့တိုက်တန်ကို သရုပ်ဖော်ထားတာလဲတော်တော် ကိုကြည့်လို့ ကောင်းတာကိုတွေ့ရပါလိမ့်မယ်

ဒီဇာတ်ကားကို အညွှန်းရေးကြတဲ့သူတွေလဲ များနေတဲ့ အတွက်ဇာတ်လမ်းအကြောင်းကို သိပ်မပြောတော့ပါဘူး
ကိုယ်တိုင် ကြည့်တာပို အရသာရှိမယ်ထင်ပါတယ်
အားပေးကြမယ်ဆိုရင်တော့ အောက်တိုဘာမှာထွက်မယ့် ဒုတိယပိုင်းကိုလဲ ဆက်ပြီးဘာသာပြန်ပေးပါ့မယ်ရှင်..

File Size         : 940 MB
Quality           : HD Rip 720P
Running Time : 1hr 30 minute
Format           : Mp4
Genre             : Action, Adventure, Drama
Encoder         : Joker.phs

(ဒီဇာတ်ကားအတွက် ဘာသာပြန်သူနဲ့ အညွန်းရေးသူကတော့ Khin Cherry Hninပဲ ဖြစ်ပါတယ်)

@joker



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies