Ted 2 (2015) မြန်မာစာတမ်းထိုး

Synopsis:
Ted 2 ကိုစောင့်မျှော်နေကြတဲ့ ပရိတ်သတ်တွေအတွက်ပါ 😀
ဒီကားကတော့ 2012 တုန်းက ထွက်ခဲ့တဲ့ Ted ရဲ့ အဆက်ဇာတ်ကားဖြစ်ပါတယ်။ ပထမကားတုန်းက မင်းသား Mark Wahlberg နဲ့ ဒါရိုက်တာ၊ Creator နဲ့ ဟာသသရုပ်ဆောင် Seth MacFarlane (က Ted အဖြစ် အသံနဲ့သရုပ်ဆောင်ထားတာဖြစ်ပြီး) တို့ ပြန်လည်ပြန်ပါဝင်ခဲ့ကြပေမယ့် Milas Kunis ကတော့ ဒီကားအတွက် ပြန်မပါချင်တော့တာကြောင့် ဇာတ်လမ်းမှာ John Bennett (Mark Wahlberg) နဲ့ Milas Kunis ရဲ့ ဇာတ်ကောင် Lori တို့ ကွာရှင်းပြီး ၆လအကြာ ကနေဇာတ်လမ်းစထားပါတယ်။
ဇာတ်လမ်းက Ted ပထမကားတုန်းက Ted ရဲ့ ရည်စား ဖြစ်သူ Tami-Lynn နဲ့ Ted တို့ ဒီကားမှာ မင်္ဂလာဆောင်လိုက်ကြပြီးတူတူနေနေကြပါတယ်။ ဒါပေမယ့် Ted က အရုပ်ဖြစ်နေတာကြောင့် ကလေးယူလို့မရနိုင်တော့ သူတို့နှစ်ယောက်က Sperm Donor ရှာပြီး ကလေးယူဖို့ ကြိုးစားကြပါတယ်။ အနောက်နိုင်ငံတွေမှာ ယောက်ျားက ကလေးမရနိုင်တာတို့ Lesbian လင်မယားတို့က အဲ့လိုနည်းနဲ့ကလေးမွေးဖို့ကြိုးစားကြပါတယ်။ ဒီလိုရှာရင်းက အဆင်မပြေဖြစ်ကြပေမယ့် သူ့သူငယ်ချင်း John က ပဲ လှူပေးမယ်လို့ ဆုံးဖြတ်လိုက်ပေမယ့် Tami-Lynn ကလည်း အရင်က မူယစ်ဆေး အလွန်အကျွံသုံးစွဲခဲ့တာကြောင့် ကလေးမရနိုင်ဘူးဖြစ်နေပါတယ်။
ဒါနဲ့ပဲကလေးမွေးစားဖို့လုပ်တဲ့အခါမှာ ဇာတ်လမ်းစပါတော့တယ်။ Ted က ကလေးမွေးစားဖို့ လုပ်တဲ့အခါ လူတွေအာရုံစိုက်လာကြပြီး၊ ကန့်ကွက်သူတွေလည်းရှိလာပါတယ်။ Ted က လူမဟုတ်ပဲ အရုပ်ဖြစ်နေတာရယ်၊ သူ့မှာ အသက်ဝိဉာဏ်မရှိတဲ့အတွက်ကြောင့် ကလေးအဖေ ဖြစ်ခွင့်မရှိဘူးလို့ဆိုကြပါတယ်။ ဒါ့အပြင် သူနဲ့ သူ့မိန်းမက လက်ထပ်တာလည်းတရားမဝင်ဘူးလို့ သတ်မှတ်ခံရပါတယ်။ ဒါကြောင့် John နဲ့ Ted တို့နှစ်ယောက်က တရားရုံးတက်ဖို့လုပ်ကြပါတယ်။ ဒါပေမယ့်လည်း ရှေ့နေခ မတတ်နိုင်တာကြောင့် တစ်ခါမှအမှုမလိုက်ဘူးတဲ့ ရှေ့နေမအသစ် ဖြစ်တဲ့ Samantha Leslie Jackson (Samuel L Jackson (Nick Furry) ကို နောက်ထားတာဖြစ်ပြီး) နဲ့ တွေ့ကြရကနေ Ted ကလေးမွေးစားဖို့၊ Ted က သာမန်လူတွေနဲ့ တန်းတူအခွင့်အရေးရဖို့ အတွက် တိုက်ပွဲဝင်ကြပုံကိုဟာသဆန်ဆန် နဲ့တင်ဆက်ထားပါတယ်..
Ted 1 လောက်တော့မကောင်းတော့ပဲဇာတ်လမ်းအချိတ်အဆက်တွေမမိလို့နည်းနည်းပေါတောတော
ဖြစ်တယ်လို့တော့ခံစားမိပါတယ်..
ဒီကားက မိသားစုကားမဟုတ်သလို၊ ကလေးတွေလည်း ကြည့်လို့မရပါဘူး။ Hard R Rating ဖြစ်ပြီး R Rated Comedy ဖြစ်တာနဲ့အညီ၊ ညစ်ညမ်းဟာသ၊ ညစ်ညမ်းဇာတ်ဝင်ခန်း၊ ဆဲဆိုခန်း၊ Sex Scene, Nudity, မူးယစ်ဆေးဝါး၊ အရက်သေစာ၊ စသဖြင့် လူငယ်တွေနဲ့မကိုက်ညီတဲ့ ဇာတ်ဝင်ခန်းတွေ တစ်ကားလုံး ပါပြီး၊ မိသားစုနဲ့မသင့်တော်ပါဘူး။
ရုပ်ရှင်အညွှန်းကို Movies Review For Myanmar မှ တင်ဆက်ထားပါတယ်..
Quality : HC Rip
Subtitle : Myanmar Subtitle (Hardsub )
Encoded By LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။