1408 (2007)

Synopsis:
IMDb rating 6.9/10 ရရှိထားပြီး ကြောက်မက်ဖွယ်ရာသရဲအကြောင်း ပရလောကအကြောင်း နဲ့ သရဲခြောက်တဲ့ အိမ်တွေ
အကြောင်းရေးပြီး နာမည်ရလာတဲ့ စာရေးဆရာ တစ်ယောက်ရှိတယ်အရမ်းနာမည်ကြီးနေတဲ့ သရဲခြောက်တဲ့နေရာတွေ သူသွားဖူးတယ်
အဲ့ဒီနေရာတွေမှာ သူတစ်ယောက်ထဲ နေတယ်ပေါ့….ဒါပေမယ့် သူကြုံရတာတွေက လူတွေ စိတ်ခြောက်ချားတာ ဖြစ်ပြီးအမှန်တကယ် ဘာ ပရလောကသားကိုမှ မတွေ့ခဲ့ဖူးပါဘူး…
တစ်ဖြေးဖြေး သူစိတ်ပျက်လာတယ် …တကယ့် သရဲဆိုတာတွေကို မတွေ့တဲ့ အပေါ် မယုံကြည်တော့ဘူး ဒီလိုနဲ့ တစ်ရက်မှာတော့
ဘယ်သူတည်းတည်း သေတဲ့ ဟိုတယ်တစ်ခုက အခန်းကို သူငှားဖို့ကြိုးစားခဲ့တယ်… အားလုံးက ဝိုငး်ကန့်ကွက်ခဲ့ကြပေမယ့်သူဟာ ဒီအခန်းကို တည်းဖို့ဆုံးဖြတ်ချက်က လုံးဝမပြောင်းခဲ့
ဘူး….နောက်ဆုံး ကြံဖန်ရင်း အဲ့ဒီအခန်းမှာ သူငှားခွင့်ရသွားတယ်…အဲ့ဒီအခန်းကတော့ ဓါတ်လှေကား နံပါတ်မှာ မပါတဲ့ (၁၃) လွှာမြောက် အခန်းနံပါတ် 1408တဲ့….
ကဲ ဒီလောက်ပဲ ပြောပါတော့မယ် Horror ပရိတ်သက်ကို တကယ်အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကားဖြစ်လို့ ကျနော် ပြန်လုပ်ပေးထားပါတယ်…
Quality : Blu-Ray 1080p
Format…mp4
Duration…01:44:00
Genre : Horror , Mystery, Fantasy
Subtitle : Myanmar Subtitle (Hard Sub)
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။