Brick Mansions (2014)
Undercover and never Outgunned

Synopsis:
Brick Mansions (2014)_____IMDb – 5.7/10
သက္ကရာဇ် ၂၀၁၈ ၊ အမေရိကန်ပြည်ထောင်စုရှိ Detroit မြို့မှာ လူသူစွန့်ခွာသွားခဲ့တဲ့နေရာတစ်ခုရှိပြီး လက်ရှိထိုနေရာကတော့ ရာဇဝတ်မှုတွေနဲ့ပြည့်နေပြီး မထိန်းသိမ်းနိုင်တဲ့အတွက် ထိုနေရာကို စည်းတားထားပြီး စည်းအပြင်မှာတော့ ရဲတွေက စောင့်ရှောက်နေလျက်ရှိပါတယ်။ Lino ကတော့ ထိုအရပ်ဒေသမှာ နေထိုင်နေတဲ့သူဖြစ်ပြီး သူပေးစရာရှိတဲ့ မူးယစ်ပစ္စည်းတွေကို မပေးတဲ့အတွက် ထိုဒေသရဲ့ မူးယစ်ခေါင်းဆောင်Tremaine က လိုက်လံဖမ်းဆီးနေတဲ့အတွက် ရှောင်ပြေးနေလျက်ရှိပြီး သူ့ရည်းစားဟောင်းကတော့ အဖမ်းခံထားရပါတယ်။
Lino ဟာ သူ့ရည်စားဟောင်းကို ပြန်ကယ်ရင်း Tremaine ကို ဓားစာခံအဖြစ်ဖမ်းဆီးကာ ရဲလက်အပ်ခဲ့ပေမယ့် ထိုရဲဟာ Tremaine တို့ရဲ့ လူဖြစ်နေတာကြောင့် Tremaine တစ်ယောက်ပြန်လည်လွတ်မြောက်သွားရင်း Lino သာ အဖမ်းခံခဲ့ရကာ သူ့ရည်းစားဟောင်းကတော့ Tremaine ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။
Damien ကတော့ ရဲတစ်ယောက်ဖြစ်ပြီး လူဆိုးတွေကိုဖမ်းဆီးရင်းနဲ့ အချိန်ကုန်နေကာ သူရဲ့ နောက်ထပ်ပစ်မှတ်တစ်ခုကတော့ မူးယစ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Temarine ကို ဖမ်းဆီးဖို့ပါ။ တစ်ရက်တော့ မြို့တော်ဝန်က သူ့ကိုခေါ်ပြီး သူတို့ရဲ့ကားတစ်ဆီးပြန်ပေးဆွဲခံရကာ ထိုကားအတွင်းရှိ ဒုံးကျည်ပါ ပါဝင်သွားခဲ့တဲ့အတွက် ဒုံးကျည်ရဲ့ Code ပြန်ဖြေဖို့အတွက် Damien ကို တာဝန်ပေးလိုက်ပါတော့တယ်။ ပြန်ပေးဆွဲသွားသူကတော့ Temarine တို့အဖွဲ့လို့ဆိုပါတယ်။ Temarine တို့အခြေချရာအရပ်ဒေသဟာ သူ မရင်းနှီးတဲ့အတွက် နယ်မြေကျွမ်းတဲ့ Lino ကိုပါ တစ်ခါတည်းထည့်ပေးလိုက်ဖို့ စီစဉ်ထားပါတော့တယ်။
တကယ်တော့ မြို့တော်ဝန်နဲ့အဖွဲ့တွေဟာ ထိုအရပ်ဒေသ ကို စီးပွားရေးနယ်မြေတစ်ခုလုပ်ချင်တဲ့အတွက်ကြောင့် ထိုအရပ်ဒေသရှိလူတွေကို ရှင်းလင်းချင်နေတာပါ။ Damien ရဲ့ဖခင်ဖြစ်သူဟာ Temarine တို့နဲ့ တိုက်ခိုက်ရင်းသေဆုံးသွားတာလို့ Damien သိထားတဲ့အတွက် သူကိုယ်တိုင်လည်း Temarine ကို ရှင်းလင်းချင်နေတာပါ။
Damien ကို Lino နဲ့ အတူ ထောက်ထွက်ပြေးတဲ့ပုံစံနဲ့ထည့်ပေးလိုက်ပေမယ့် Lino ဟာ Damien ကို ရဲမှန်း ရိပ်မိတဲ့အတွက် အစပိုင်းအဆင်မပြေခဲ့ပေမယ် သူတို့နှစ်ယောက်ရဲ့ အဓိက ပစ်မှတ်တူနေတဲ့အတွက်ကြောင့် အတူတူပူးပေါင်းဖြစ်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ပူးပေါင်းပြီး Temarine ကိုတိုက်ခိုက်ကာ ဒုံးကျည်ရဲ့ ကုဒ်ကိုဖြေခါနီးကျမှ အဖြစ်မှန်ကို Damien တစ်ယောက်သိရှိသွားတဲ့အခါမှာတော့ . . . . .
ဒီကားက 2004 ခုနှစ်ထုတ် ပြင်သစ်ရုပ်ရှင်ကား District B13 ကို Remake ပြန်လုပ်ထားတာဖြစ်ပါတယ်။
Paul Walker နောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်ကားတစ်ကားလုံးအက်ရှင်ခန်းတွေနဲ့ပြည့်နှက်နေကာ အက်ရှင်ကားကြိုက်သူတွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးတစ်ပါပဲ။ ပြောစရာတစ်ခုကတော့ Damien နဲ့ Lino နှစ်ယောက်ဟာ သတ်ပုတ်ရာမှာ တအားကြီးကျွမ်းကျင်နေတာပဲ။ IMDB Ratings ကတော့ 5.7/10 ပဲ ရရှိထားပါသေးတယ်။ Paul Walker, David Belle, RZA တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကာ Paul Walker ပရိတ်သတ်တွေအနေနဲ့ သူရဲ့နောက်ဆုံးရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ကြည့်ရှုရမယ့်ဇာတ်ကားလေးပါပဲ။
(mmmovie guide မှကူးယူဖော်ပြပါသည်…)
File size…922 MB
Quality….flash
Format…Mp4
Duration….01:30:09
Subtitle….(Myanmar Hardsub)
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။