Killer Girl K (2011) – မြန်မာစာတန်းထိုး

Synopsis:
ဒီနေ့အတွက် ကိုရီးယားအက်ရှင်ဇာတ်လမ်းခပ်လန်းလန်း mini-series လေးကိုတင်ပေးချင်ပါတယ်။ အားလုံးပေါင်း အပိုင်း(၃)ပိုင်းပဲရှိပြီး IMDb rating 8.0/10 ထိရရှိထားတဲ့ ဇာတ်လမ်းကောင်း၊ဇာတ်ကားကောင်းလေးပါ။ မင်းသမီးချောချောလေးကနေ အက်ရှင်အကြမ်းအရမ်းခန်းတွေကို အကွက်ကျကျသရုပ်ဆောင် ပြသွားတဲ့အတွက် CM ပရိတ်သက်ကြီးကတော့ ကြိုက်နှစ်သက်ကြဦးမှာမလွဲပါဘူး။
ဇာတ်လမ်းအကြောင်းလေးပြောပြရရင် – ဆိပ်ကမ်းတစ်ခုမှာ ညဘက်သူငယ်ချင်းတွေ့ဆုံတွေ့နေကြရင်း တိုင်းတစ်ပါးသားတွေလူငယ်ပီပီစပ်စုကြရာမှာ အစပြုလာတဲ့ သာမာန်ရန်ပွဲလေးမှ လျှို့ဝှက်အဖွဲ့အစည်း
တစ်ခုပါ ပါဝင်ပတ်သတ်လာပြီး လူသတ်သည်အထိ ဖြစ်လာခဲ့ပါတယ်။ ဒီရန်ပွဲမှာ မိမိရဲ့မိတ်ဆွေတွေကို တားရင်း ကိုယ်တိုင်ရန်ပွဲမှာ ပါဝင်မိတဲ့အခါ … မိခင်ဖြစ်သူပါ ပြန်ပေးဆွဲ ခံခဲ့ရပါတယ်။
မိခင်ဖြစ်သူကို ကယ်တင်နိုင်ဖို့ကြိုးစားတဲ့အခါ ချာယုံဂျင်း တစ်ယောက် အောင်မြင်ပါ့မလား …
လျှို့ဝှက် အဖွဲ့အစည်းက သူ့ကို အသုံးချတဲ့အခါမှာ ချာယုံဂျင်း တစ်ယောက် အတိတ်ဖြစ်ရပ်တွေကို
ဘာမှမသိပဲ ထို အဖွဲ့အစည်းအတွက် လုပ်ပေးခဲ့ပါတယ်။ နောက်ပိုင်း ဖြစ်ရပ်စုံကိုသိသွားခဲ့ပြီးမှ သူ့ကိုလိုသလိုအသုံးချနေသူတွေကို ပြန်ပြီးလက်စားချေတဲ့အခါမှာရော အောင်မြင်ပါ့မလား ဆိုတာကို Killer Girl K ဆိုတဲ့ ဒီ ဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုပါ။
အနည်းငယ်သော ရိုက်ကွက်များမှာ ဇာတ်လမ်းသဘောအရ လူမိုက်တွေ ကျင်လည်ကျက်စားရာ အနှိပ်ခန်း ကဲ့သို့သော နေရာများကိုလည်း မချွင်းမချန်ရိုက်ကူးတင်ဆက်ထားတာကြောင့် ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါ ကြောင်း အသိပေးအပ်ပါတယ်။
(IMDb မှာတော့ ဒီဇာတ်ကားနာမည်ဟာ Little Girl K လို့ပေးထားပြီး Killer Girl K လို့လူသိများတယ်လို့ ညွှန်းဆိုထားပါတယ်။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ
Carey Nyein ပဲဖြစ်ပါတယ်။)
@San Win Maung
File Size : 900 Mb
Quality : HD 720P
File Size 2 : 400 Mb
Quality : 360P
Running Time : 1h 10m
Translator : Carey Nyein
Encoder : San Win Maung
Part 1,2,3 VIP / Yoteshin[P1] / Yoteshin[p2] / Yoteshin[p3]
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။