Chak De India ( 2007 )

Synopsis:
ဒီနေ့တော့ IMDb 8.4 ရထားတဲ့ ဘောလိဝုဒ်ဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်
မင်းသားကလည်း ပရိတ်သတ်တွေကြိုက်နှစ်သက်တဲ့ ရှာရွတ်ခန် ပဲဖြစ်ပါတယ်
ဇာတ်လမ်းအညွှန်း
ကာဘာရ်ခန် ဟာ အိန္ဒိယအမျိုးသားဟော်ကီအသင်းရဲ့ခေါင်းဆောင်တစ်ဦးလည်းဖြစ်သလို
နာမည်ကျော်ကစားသမားလည်းတစ်ဦးလည်းဖြစ်ပါတယ်..ပထမဆုံးမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့
ကမ္ဘာ့ ချန်ပီယံ အမျိုးသားဟော်ကီပွဲကိုယှဉ်ပြိုင်နေကြတာပါ..နောက်ဆုံးမိနစ် ပင်နယ်တီမှာ
ကာဘာရ်ခန် တစ်ယောက် လွဲချော်သွားလို့ ရှုံးနိမ့်ခဲ့ပေမယ့် ပွဲပြီးတဲ့အခါ ပါကစ္စတန်က
ကစားသမားတစ်ဦးကလာရောက်နှုတ်ဆက်လို့ရယ်ပြုံးနှုတ်ဆက်မိတာကို သတင်းထောက်
တစ်ယောက်ကဓါတ်ပုံအတိအကျရိုက်ပြီး အမျိုးသားသစ္စာဖောက်ခဲ့တာလားဆိုတဲ့ နာမည်ဆိုးနဲ့
ဖွပါတော့တယ်..ဒီလိုနဲ့ ကာဘာရ်ခန် ဟာပြသနာတွေတက် ပြည်သူတွေကလည်း အမျိုးသား
သစ္စာဖောက်အနေနဲ့ ၀ိုင်းဝန်းစွပ်စွဲလို့ နေထိုင်ရတဲ့အိမ်ကနေတောင်ပြောင်းပြေးခဲ့ရပြီး
နေရာခြားမှာသွားရောက်နေထိုင်ခဲ့ရပါတယ်..ဒီလိုနာမည်ပျက်တွေကြား…အရှုံးတွေကြား
သူ့ဂုဏ်အပြင် အိန္ဒိယ နိုင်ငံရဲ့ ဂုဏ်သိက္ခာ ပြန်တက်အောင်..ဘယ်လိုလုပ်မလဲ
လူအများထင်ခဲ့တဲ့အမျိုးသားသစ္စာဖောက် ဘ၀ကနေ ဘယ်လိုမျိုးရုန်းထွက်ကြိုးစားမလဲ
ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။