Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Western
7.1
Bone Tomahawk (2015)
ဒီဇာတ်ကားက ပြန်ပေးဆွဲခံရတဲ့ လူတစ်စုကိုလိုက်ကယ်ဖို့ကြိုးပမ်းကြတဲ့ ကောင်းဘွိုင်းတို့ကယ်ဆယ်ရေး အပေါ်ကိုဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ S.Craig Zahler ရိုက်ကူးပုံပေါ်ထားတဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုရ ဇာတ်ကားတစ်ကားဖြစ်ပြီးrating 7.1/10 အထိရရှိထားပါတယ် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသားPatrick Wilson နဲ့ မင်းသမီး Lili Simmonsတို့ ပါ၀င်ကူညီအားဖြည့်သရုပ်ဆောင်ထားပါတယ်..ဇာတ်လမ်းအစမှာ ခရီးသွားတွေကို ဓါးပြတိုက်သတ်ဖြတ်နေတဲ့အိမ်ခြေရာမဲ့နှစ်ယောက်က ထွက်ပြေးရင်း လူရိုင်းတွေကြီးစိုးနေတဲ့Valley of Starving Men ရောက်သွားပါတယ် တစ်ယောက်ကလူရိုင်းတွေသတ်ဖြတ်စားသောက်တာကို ခံလိုက်ရပြီး ကျန်တစ်ယောက်ကBright Hope မြို့ကိုရောက်လာတဲ့အခါမှာ သူသာမက နောက်ကလိုက်လာတဲ့လူရိုင်းတွေပါ Bright Hope မြို့ကို ရောက်လာခဲ့ပါတယ်မြို့ပေါ်မှာ အရာရှိဖရန့်ကလင်း က ရာဇ၀တ်သားကို ခြေထောက်ကိုပစ်ခတ်ဖမ်းစီးလိုက်ရပါတယ် အဲ့နောက် ခြေထောက်ကသေနတ်ဒဏ်ရာကိုဆေးကုဖို့ မစ္စတာအိုဒီ၀ိုင်ယာရဲ့အမျိုးသမီးကို အကူအညီတောင်းခဲ့ပြီးနောက်နေ့မနက်မှာတော့ ဆေးလာကုတဲ့ မစ္စအိုဒီ၀ိုင်ယာရဲ့ဇနီးကော အရာရှိဖရန့်ကလင်းရဲ့ ညီနစ်ကော အိမ်ခြေရာမဲ့ရာဇ၀တ်သားကော လူရိုင်းတွေရဲ့ဖမ်းခေါ်သွားခြင်းကိုခံလိုက်ရပါတယ် အဲ့ဒီနောက် အရာရှိနဲ့မစ္စတာအိုဒီ၀ိုင်ယာတို့တစ်တွေ လူရိုင်းတွေကြီးစိုးနေတဲ့ Valley of Starving ...
movie
Bone Tomahawk (2015)
5.8
All the Pretty Horses (2000)
All the Pretty Horses (2000)ဒီကားလေးကတော့ (၂၀၀၀)ခုနှစ်ထွက် Western ရုပ်ရှင် ရိုမန့်စ်ဒရာမာကားလေးဖြစ်ပြီး "Best Seller" စာအုပ်တစ်အုပ်ဖြစ်တဲ့ "All the Pretty Horses" ကို ပြန်အသက်သွင်းထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ Blockbuster ဆုနှစ်ခုရခဲ့တဲ့အပြင် Golden Globe ဆုအတွက်ပါ ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးပါပဲ။ Matt Damon ရဲ့နုစဉ်ကာလက ကားကောင်းလေးဖြစ်ပြီး မင်းသမီးကလည်း Penélope Cruz ဆိုတော့ Cast တွေနဲ့တင် ကြည့်ရတန်တဲ့ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့... တက္ကဆက်ကနေထွက်လာတဲ့ ကောင်းဘွိုင်သူငယ်ချင်းနှစ်ယောက် အလုပ်ရှာဖို့ မက္ကဆီကိုဖက်ကိုရောက်လာပါတယ်။ လမ်းမှာ အသက်မပြည့်သေးတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ကံအကြောင်းမလှလို့ ဒေသခံတွေနဲ့လည်း မြင်းပြဿနာတက်ခဲ့ပါသေးတယ်။ မက္ကဆီကိုခြံပိုင်ရှင်ရဲ့သမီးနဲ့လည်း ချစ်ကြိုက်မိပြီး မမှီတဲ့ပန်းကိုတုံးခုလှမ်းမိတဲ့အချိန်မှာတော့ မူလရှိရင်းစွဲပြဿနာတွေပါပြန်တက်ပြီး သူငယ်ချင်းနှစ်ယောက် သေချင်တဲ့ကျားတောပြောင်းဆိုသလို ဒုက္ခတွေရောက်ပြီး သူတို့နှစ်ယောက်ရဲ့ခရီးကြမ်း ဘယ်လိုအဆုံးသတ်မလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie
All the Pretty Horses (2000)
2000
6.9
Marlina the Murderer in Four Acts (2017)
၂၀၁၇ တုန်းကထွက်ရှိခဲ့တဲ့ Marlina the Murderer in Four Acts ဆိုတဲ့လူသတ်သမား မာလီနာအကြောင်းဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.9 အထိရရှိထားပြီး အင်ဒိုရုပ်ရှင်ဇာတ်ကားတွေထဲမှာတော်တော်လေး လက်စွမ်းပြထားနိုင်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ လူသတ်သမားမာလီနာအကြောင်းကိုအပိုင်းလေးပိုင်းခွဲပြီး ရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမယ့်မာလီနာက ဘာလို့လူသတ်သမားဖြစ်နေရလဲဆိုတာကတော့ မာလီနာယောက်ျားဆုံးပါးသွားပြီး သူ့အနားမှာဘယ်သူမှမရှိတော့တဲ့အချိန်မှာယောက်ျား ၇ ယောက်လောက်က သူ့အိမ်ကိုလာပြီးတော့ နိုင်ထက်စီးနင်းလုပ်ပါတော့တယ်။အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်တွေကိုလဲယူတဲ့အပြင်အတင်းအဓမ္မပြုကျင့်ဖို့ပါ ကြိုးစားကြပါတော့တယ်။အဲ့ဒါနဲ့ အဓမ္မပြုကျင့်မခံချင်တဲ့ မာလီနာလည်း အဲ့ဒီယောက်ျားတွေထဲက ငါးယောက်ကိုသတ်ခဲ့ပါတော့တယ်။အဲ့လို သတ်ဖြတ်ပြီးတဲ့ နောက်မှာတော့မာလီနာက ရဲစခန်းမှာတိုင်ချက်ဖွင့်ဖို့အတွက် ခရီးဆက်ခဲ့ပါတော့တယ်။မသေပဲကျန်ခဲ့တဲ့လူနှစ်ယောက်ကလည်း မာလီနာ့ကိုလိုက်ရှာဖွေရင်း ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.18GB / 531MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Thriller , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Marlina the Murderer in Four Acts (2017)
6.1
Outlaw Johnny Black (2023)
Outlaw Johnny Black ဇာတ်ကားဟာ ဟောလိဝုဒ်နာမည်ကျော်Anika Noni Rose နဲ့ Michael Jai White တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ကောင်းဘွိုင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ကောင်းဘွိုင်ဇာတ်ကားဆိုပေမဲ့ ပေါတောတောနဲ့ ဇာတ်လမ်းအရသာပေါ့ပျက်ပျက်နဲ့ချနေတဲ့ကားလိုမျိူး မဟုတ်ပါဘူး။ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ရုပ်ရှင်အစကနေအဆုံးထိ သေချာဆွဲခေါ်သွားနိုင်တဲ့ကားမျိူးဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ဂျော်နီဘလက်လို့ခေါ်တဲ့ ကောင်းဘွိုင်တစ်ယောက်ဟာသူငယ်ငယ်တုန်းက သူ့အဖေကို သတ်သွားတဲ့သူကို လိုက်ရှာပြီး လက်စားချေဖို့ကြိုးပမ်းနေခဲ့တာပါ။ သူကိုယ်တိုင်ကလည်း လိုက်ရင်း ပြစ်မှုတွေ ကျူးလွန်မိပြီးဝရမ်းပြေးဖြစ်နေခဲ့ပါတယ်။ အဲ့အချိန်မှာ သူ့ဘဝကို ပြောင်းလဲပေးမဲ့ ဘုန်းတော်ကြီးတစ်ပါး၊ ညီအစ်မ ၂ ယောက်နဲ့ မြို့တစ်မြို့တို့ကို သူရင်ဆိုင်လာရတဲ့အချိန်မှာသူ့ရဲ့ကံကြမ္မာက ဘယ်လိုပြောင်းလဲသွားမလဲ။ သူနဲ့ သူ့သူငယ်ချင်းတွေကိုကောဘယ်သူတွေက ဒုက္ခပေးဖို့ကြံနေလဲ သူကကော ကာကွယ်နိုင်ပါ့မလား စတာတွေကိုရင်ခုန်ခံစားပြီး Wild West အရသာအပြည့်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ကျွန်တော်တို့ ငယ်ငယ်တုန်းက ကောင်းဘွိုင်ရူးခဲ့တာကို ပြန်ပြီး အမှတ်ရစေမှာလည်းဖြစ်လို့ wild west ပရိသတ်တွေအနေနဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်...... File size…2.23GB / ...
movie
Outlaw Johnny Black (2023)
5.9
Butcher’s Crossing (2022)
Butcher's Crossing (2022) =================== IMDb Rating -5.9/10Western ကန်းထရီးစတိုင်နာမည်ကြီး ဖြစ်ရပ်မှန်၀တ္ထုကို ကိုးကားပြီး ရိုက်ထားတဲ့ 1900 အစောပိုင်းက အမေရိကန် - အင်ဒီးယန်း ကျွဲမုဆိုး တွေအကြောင်းပါ။ မင်းသားကလည်း ဂန္တ၀င် Nicols Cage ဆိုတော့ သေချာပေါက်ကြည့်သင့်ပါတာပေါ့။ဇာတ်လမ်းအကျဉ်းကတော့ 1900 အစောပိုင်းမှာ အမေရိကန် ကျေး လက်နယ်တွေမှာ ကျွဲအရေခွံရောင်းတဲ့ဈေးကွက်အတော်လေးခေတ် စားခဲ့တယ်။ အမေရိကန်ကျွဲဆိုတာ မြန်မာမှာဆိုရင်တော့ အမွှေးထူ (bison) ပြောင်ကြီးတွေပေါ့၊ ဒီကျွဲတွေက ရတဲ့ အရိုး ၊ အသား ၊ အရေခွံ တွေအားလုံးဟာ တစ်ခုမှ ပစ်စရာမရှိအောင် အသုံး၀င်လွန်းတယ်။ အဲထဲ မှာမှ အရေခွံကတော့ ဈေးအရဆုံးပေါ့။ဟားဗက်ကျောင်းထွက် ဝီလီယံဂာ သူ့ဘ၀ရဲ့ဝါသနာပါရာကိုရှာဖွေဖို့ဆို ပြီး ခရီးထွက်ခဲ့ရာကနေ ကော်လိုရာဒိုရဲ့တောင်တန်းတွေအောက်က စိန့် လူး၀စ်ဆိုတဲ့ ရွာဘေးကိုရောက်လာပါတယ်။ တစ်ရွာလုံးက ကျွဲမုဆိုးတွေ အခြေချရာနေရာဖြစ်ပြီး သူကလည်း အမဲလိုက်အဖွဲ့ထဲ ပါချင်သွားပါ တယ်။ ဒါပေမယ့် သူ့လိုဖြူဖက်ဖြူရော်ကောင်လေးကို ဘယ်မုဆိုးမှ အလုပ်သင်အဖြစ် လက်မခံပါဘူး။ မစ်လာ(Nicols Cage)ခေါ် ဝါရင့် မုဆိုးကြီးက သူနဲ့ ...
movie
Butcher’s Crossing (2022)
2022
5.8
Birthright: Outlaw (2023)
ဇာတ်လမ်းနာမည်က "ရာဇဝတ်သားအမွေခံ"...။ဆိုလိုချင်တာက တစ်ခါရာဇဝတ်သားဖြစ်ဖူးရင်၊ ရာဇဝတ်မျိုးရိုးပါရင်အမြဲပဲ ရာဇဝတ်သားဖြစ်နေမှာ...အတိတ်ကို မေ့ထားလို့သာရမယ် ဖျောက်ဖျက်ငြင်းပယ်မရတဲ့အမွေအနှစ်ကြီးပေါ့....။ဒီလိုအဓိပ္ပာယ်လေးနဲ့ ဇာတ်အိမ်တည်ထားတဲ့ Western Dramaလေးပါ...။ဇာတ်လမ်းအကျဥ်းကတော့ သင်းအုပ်ဆရာဖခင်တစ်ယောက်၊ အိမ်ရှင်မဇနီးသည်နဲ့သမီးလေးတို့ မိသားစုသုံးယောက်သား အမေရိကန်အနောက်တိုင်းဘဝအတိုင်းအေးအေးချမ်းချမ်းနေကြတယ်ပေါ့...။တစ်နေ့မှာတော့ ကံဆိုးမိုးမှောင်ကျပြီး သမီးဖြစ်သူကို လူတစ်စုကပြန်ပေးဆွဲဖမ်းခေါ်သွားပါတယ်...။ကြံရမရတဲ့ သင်းအုပ်ဆရာနဲ့ ဇနီးသည်ဟာ ဒီအမှုကို တိုင်တန်းရင်းနဲ့မှအဖုံးဖုံးအဖိဖိ ထားခဲ့တဲ့ အတိတ်တွေက ပြန်ပေါ်လာပါတယ်...။ဒီရာဇဝတ်အမွေခံအတိတ်ကိုရော အသစ်ပြန်စလို့ရနိုင်မလား...၊သူတို့ရင်ဆိုင်ရမယ့် လျှို့ဝှက်ဂိုဏ်းကဘာဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ....။ File size…1.39GB / 654MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 41m Genre ….. Drama , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Birthright: Outlaw (2023)
Bite the Dust (2023)
Bite the Dust (2023)Cowboy ကားကြိုက်တဲ့သူတွေအတွက် ကောင်းဘွိုင်လိုစွန့်စားခန်းရော ဘောက်ဆင်ထိုးတာပါ ပါတဲ့ Country ကားပါ။ဒက်ခ်ျနဲ့ဝေကိုတို့နှစ်ယောက်က ဆုငွေကြေညာထားတဲ့ လူဆိုးတွေကို လိုက်ဖမ်းတဲ့ ဆုကြေးမုဆိုးတွေဖြစ်ပြီး ကြေးကြီးကြီးရမယ့် လူဆိုးနောက်လိုက်ရင်း မြို့လေးတစ်မြို့ကိုရောက်လာပါတယ်။ မြို့လေးက ရွှေထွက်ပေမဲ့ ရဲမှူးနဲ့ပေါင်းပြီး လက်ဝါးကြီးအုပ်ထားတဲ့ မိုင်းသူဌေးကြောင့် မြို့သားတွေ ဘာမှမရတဲ့အပြင် မြို့ကပါ အကြွေးထဲနစ်နေပါတယ်။ဝေကိုတို့ ပစ်ဖမ်းလာတဲ့လူဆိုးအတွက်ဆုငွေကိုလည်း မပေးသေးဘဲ ရွှေ့ဆိုင်းထားတဲ့အတွက် သောင်တင်နေရင်း ဒီမြို့ကို မွေးစားဖို့ရထားနဲ့ပို့လိုက်တဲ့ ကလေးတွေအခြေအနေသိရအောင် လာစုံစမ်းတဲ့ မိန်းကလေးနဲ့ ဆုံပါလေရော။မိဘမဲ့ကလေးတွေနဲ့ မိုင်းသူဌေး ဘယ်လိုပတ်သက်နေတာလဲ... သူ့လုပ်ရပ်တွေ သိသွားတဲ့အခါ လူယုတ်မာတွေလက်ကနေ မြို့လေးကို ဘယ်လိုကယ်တင်မလဲဆိုတာ ဆက်အားပေးလိုက်ကြပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 740MB Quality - 1080p, 720p Format - mp4 Duration - 1H ...
movie
Bite the Dust (2023)
2023
5
Corsicana (2022)
Corsicana (2022)~ IMDb - 5/10, Rotten Tomatoes - 79% ~အမေရိကန်တောင်ပိုင်းက အန္တရာယ်အရှိဆုံး ဥပဒေမဲ့လုပ်ရပ်တွေ လူဆိုးတွေကို နှိမ်နင်းဖမ်းဆီးပေးခဲ့တဲ့ လူမည်း Marshal အရာရှိ ဘက်စ်ရိဖ် အကြောင်း ပြောင်မြောက်တဲ့ လက်ရာတစ်ခုပါ။ဘက်စ်ရိဖ်က အသက် 23 နှစ်မှာ ကျွန်သဘောက်ဘဝကနေ ထွက်ပြေးလွတ်မြောက်လာပြီး သူ့ရဲ့ ထူးချွန်မှုနဲ့ သတ္တိကြောင့် အရာရှိအဖြစ်ရာထူးရလာပြီး နှစ်ကာလကြာရှည် အမှုထမ်းခဲ့ပါတယ်။ ရိဖ်က စာတော့မဖတ်တတ်ပါဘူး။ သူ့ကို Legend အဖြစ် တင်စားခဲ့ကြပါတယ်။အခု ဇာတ်အိမ်ကတော့ ကိုစီကန်နာပြည်နယ်က ရေနံထွက်တဲ့ စားကျက်မြေကို ၀ယ်ချင်တဲ့ သူဌေးတစ်ယောက်က ကောင်းဘွိုင်လူဆိုးဂိုဏ်းကို ငွေပေးခိုင်းတာကနေ စပါတယ်။ ရိဖ်ကလည်း ဒီလူဆိုးဂိုဏ်းကို သုတ်သင်ဖို့သူ့အပေါင်းအပါ ၂ယောက်နဲ့ လာမှာပါ။ သူ့အဖွဲ့သားတွေက မိတ်ဆွေဟောင်း ဆမ်နဲ့ သူထွက်ပြေးနိုင်အောင် ကူညီပေးခဲ့တဲ့ ကယ်လီဖိုးနီးယားဆိုတဲ့ လက်ဖြောင့် သေနတ်သမား ...
movie
Corsicana (2022)
2022
6.6
Strange Way of Life (2023)
Strange Way of Life (2023)~ IMDb - 6.6/10, Rotten Tomatoes - 78% ~The Skin I Live In တို့၊ Pain and Glory တို့လို အော်စကာတန်းဝင်ကားတွေကို ရိုက်ခဲ့တဲ့ စပိန်ဒါရိုက်တာ Pedro Almodóvarရဲ့ Short film အသစ်ပါ။ Pedro Pascal နဲ့ Ethan Hawke တို့လို ထိတ်ထိတ်ကြဲ မင်းသားတွေကို သုံးထားတယ်။ Almodóvar ရိုက်ခဲ့တဲ့ ဒုတိယမြောက် အင်္ဂလိပ်စကားပြော ရုပ်ရှင်ဆိုလည်းဟုတ်တယ်။ Western Drama ပေမဲ့ ပုံမှန်မြင်နေကျ Western Drama တွေနဲ့မတူဘဲ ဇာတ်အိမ်ကို မထင်ထားတဲ့ပုံစံမျိုး သုံးပြထားတယ်။ဒီဇာတ်လမ်းဟာ နာရီဝက်သာသာပဲရှိတဲ့ ဇာတ်လမ်းပေမဲ့ Western Drama အရသာကို ပေးသင့်သလောက်ပေးနိုင်ခဲ့သလို ...
movie
Strange Way of Life (2023)
2023
8.6
1883: The road west (2022)
1883: The road west (2022) ===================== IMDb Rating - 8.6/10ရဲလိုးစတုန်းကောင်းဘွိုင်စီးရီးရဲ့ မူလဇာစ်မြစ်ကြောင်းကို ပြန်ရိုက်ထားတဲ့ "1883"စီးရီးကို (2021)ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ အခုဟာကတော့ "1883"စီးရီးရဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေနဲ့ သရုပ်ဆောင်တွေကို အင်တာဗျူးထားတာတွေပါ။ ဒီထဲမှာဆိုရင် "1883"လို စီးရီးကောင်းတစ်ခု ရလာဖို့ ဇာတ်ကောင်နေရာအတွက် ဘယ်လိုပြင်ဆင်လေ့ကျင့်ခဲ့ရပုံတွေ၊ ရိုက်ကူးရေးအဖွဲ့သားတွေ ဘယ်လိုကြိုးစားပြင်ဆင်ခဲ့ရပုံတွေအပြင် သရုပ် ဆောင်တွေရဲ့ ဒီဇာတ်ကားအပေါ်ထားတဲ့ခံစားချက်တွေကိုပါ ကြည့်ရှုရမှာပါ။ရဲလိုးစတုန်းဖန်တွေ၊ "1883"ဖန်တွေအတွက် အလွမ်းဖြေစရာလေးဖြစ်ပါလိမ့် မယ်။ တကယ်ကောင်းတဲ့ စီးရီးတွေဖြစ်ပြီး CMမှာလည်း တင်ဆက်ပေးထားတာ မို့လို့ မကြည့်ဖူးသေးတဲ့သူတွေကိုလည်း ကြည့်ကြည့်ပါလို့တိုက်တွန်းလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(767 MB) / (307 MB) Quality............WEB-DL 1080p / 720p Duration.........40Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Western Translator......Ngwe Zin Encoder..........SWM
movie
1883: The road west (2022)
2022
6.0
The Killer (2017)
အသက်ရှင်နေထိုင်ဖို့ခက်ခဲလွန်းတဲ့ သဲကန္တာရမှာ လူဆိုးလူမိုက်တွေဟာအဖွဲ့ဖွဲ့ပြီးတော့ သာမန်ပြည်သူတွေဆီကနေ လုယူသတ်ဖြတ်ပြီးပိုင်ဆိုင်မှုတွေကိုအပိုင်သိမ်းကြပြီး ဒီအဖွဲ့ကို ပိုင်ဆိုင်တဲ့သူက ပြင်သစ်ကြီးမွန်ဆီယာဘလန်ရှောဖြစ်ပါတယ်။ ပြင်သစ်ကြီးဟာ မြို့မျက်နှာဖုံးဖြစ်ပြီးသူလိုချင်တဲ့မြေနေရာတွေကို မရောင်းတဲ့သူတွေ သူ့ကိုအန္တရာယ်ဖြစ်အောင်လုပ်တဲ့သူတွေကို လူသတ်သမားတွေငှားပြီးသတ်ခိုင်း လေ့ရှိပါတယ်။ မြို့မှာမန်ကီးလို့ခေါ်တဲ့ တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့ဆိုတာရှိတယ်ဆိုပေမယ့်ထင်သလောက် ဆောင်ရွက်နိုင်မှုမရှိပါဘူး။ အကြောင်းကတော့ ရဲတွေနဲ့ပက်သက်သူမှန်သမျှကိုသတင်းပေးသတ်ဖြတ်နိုင်အောင် ပြင်သစ်ကြီးကအတွင်းလူသူလျှိုထားထားပါတယ်။ ဥပဒေမဲ့မြို့ကို ရှက်ဂီဆိုတဲ့ လူမိုက်လေးရောက်လာပါတယ်။ ရှက်ဂီဟာမြို့ကိုမရောက်ခင်မှာ မြို့နဲ့အရမ်းအလှမ်းဝေးတဲ့သဲကန္တာရမှာနေထိုင်ခဲ့တာပါ။ရှက်ဂီကို ဆဲဗင်းအီးယားစ်ဆိုတဲ့ လူသတ်သမားကကျွေးမွေးပြုစုခဲ့ပြီး အမဲလိုက်နည်း သေနတ်ပစ်နည်း သားသတ်နည်း မျိုးစုံကိုကျွမ်းကျင့်အဆင့်ဖြစ်အောင်သင်ပေးခဲ့တာပါ။ တစ်နေ့ မြို့ကိုသွားရင်းနဲ့ဆဲဗင်းအီးယားစ်က ပြန်မလာတော့ပါဘူး။ နှစ်များစွာကြာတော့ ရှက်ဂီဟာဆဲဗင်းအီးယားစ်ကိုမြို့မှာလိုက်ရှာရင်းနဲ့ ပြင်သစ်ကြီးဆီမှာ အလုပ်လုပ်နေလိုက်တယ်။ဘာဆိုဘာမှမရှိတဲ့နေရာက လာတဲ့ ရှက်ဂီဟာ လိုချင်တာမှန်သမျှရလာပြီးလောဘတွေတက်လာတဲ့အခါမှာတော့...... File size…1.76GB / 753MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Action , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
The Killer (2017)
Sanctified (2022)
အချိန်ကာလအားဖြင့် ၁၈၉၀ကာလဖြစ်ပါတယ်။ ၀က်စ်တန်လို့အမည်ရတဲ့ တောပုန်းတစ်ယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ ဆိုးသွမ်းတဲ့ကန္တာရအလယ်မှာ သေအံ့ဆဲဆဲဖြစ်နေချိန် လှည်းတစ်စီးနဲ့ မြောက်ဘက်ကိုခရီးသွားနေတဲ့ ခရစ်ယာန်သီလရှင်တစ်ဦးရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပါတယ်။ ၀က်စ်တန်နဲ့ အန်းမက် ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက တောပုန်းခေါင်းဆောင်ဖြစ်တဲ့ မစ္စတာရှောရဲ့ မွေးစားခြင်းကိုခံခဲ့ရတာပါ။ ၀က်စ်တန်ဟာ ထူးချွန်လှတဲ့ ရိန်းဂျားတစ်ယောက်ဖြစ်တဲ့အတွက် မစ္စတာရှောဟာ ၀က်စ်တန်ကို တစ်နေ့ သူ့ရဲ့အရိုက်အရာကိုဆက်ခံပြီး တောပုန်းအုပ်စုကို ဦးဆောင်စေချင်နေပါတယ်။ ၀က်စ်တန်ကတော့ စိတ်မ၀င်စားဘဲ မစ္စတာရှောရဲ့လောင်းရိပ်အောက်ကနေ ရုန်းထွက်ပြီး ကယ်လီဖိုးနီးယားမှာ အခြေချပြီး ဘ၀သစ်ကိုတည်ထောင်ချင်နေသူပါ။ ဒီလိုနဲ့ ၀က်စ်တန်ဟာ ညီဖြစ်သူအန်းမက်ကို သူနဲ့အတူ မစ္စတာရှောဆီကထွက်သွားဖို့ စည်းရုံးရာ မစ္စတာရှောကိုသစ္စာဖောက်ဖို့ကြိုးစားတဲ့ ၀က်စ်တန် ညီဖြစ်သူရဲ့ သစ္စာဖောက်ခြင်းကိုပြန်ခံလိုက်ရပါတယ်။တောပုန်းတွေရဲ့စည်းကမ်းအရ တောပုန်းတစ်ယောက်ဟာ သူ့ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့ အသိုက်အ၀န်းဆီကထွက်သွားချင်ရင် အလကားထွက်သွားလို့မရပါဘူး။ သွေးနဲ့ပေးဆပ်ပြီးမှထွက်သွားခွင့်ရပါတယ်။ ဆိုလိုတာက ထွက်သွားချင်ရင် သေသွားမှထွက်သွားခွင့်ရမှာပါ။ မစ္စတာရှောတစ်ယောက် ၀က်စ်တန်ကို ကန္တာအလယ်က သစ်ပင်တစ်ပင်မှာ ကြိုးချည်ကာနှိပ်စက်ပြီး ဓားဒဏ်ရာနဲ့ သေလုမျောပါးဖြစ်အောင် ...
movie
Sanctified (2022)
7.4
Open Range (2003)
ဒီတစ်ခါမှာတော့ IMDb 7.4 ထိရရှိထားတဲ့ Western action drama ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးမှာဖြစ်ပါတယ် အရင်တုန်းက မွေးမြူရေးလုပ်တဲ့သူတွေဟာ ကျွဲနွားတွေကို ခြံနဲ့မွေးမြူတာမဟုတ်ဘဲ ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာရင်း အလွတ်ထိန်းကျောင်းကြတာဖြစ်ပါတယ် ဒီဇာတ်လမ်းလေးကတော့ 19ရာစုနှောင်းပိုင်း ခြံသွင်းမွေးမြူရေး စတင်ပေါ်ပေါက်လာချိန်ကို ဇာတ်အိမ်တည် ရိုက်ကူးထားတာဖြစ်ပါတယ်ဘောစ့် ချာလီ မိုစ့်နဲ့ ဘတ်တွန်တို့ဟာ အလွတ်ထိန်းကျောင်းသူတွေဖြစ်ကြပြီး တစ်ရက်မှာတော့ အလွတ်ထိန်းကျောင်းခြင်းကို မကြိုက်ကြတဲ့ မြို့လေးတစ်မြိုနားကိုရောက်လာပါတယ် မြို့ထဲကိုဝယ်စရာရှိတာလေးတွေဝယ်ဖို့ လွှတ်လိုက်တဲ့ မိုစ့်တစ်ယောက် ကုန်စုံဆိုင်မှာ ရန်ဖြစ်ပြီး အချုပ်ကျသွားပါတော့တယ် အချုပ်ထဲကနေ ပြန်သွားထုတ်ကြတဲ့အချိန်မှာ မွေးမြူရေးခြံကြီးပိုင်ရှင် ဒတ်စ်တာဟာ သူတို့ကို ဒီမြို့ကနေ ထွက်သွားဖို့ ပြောခဲ့ပါတယ် ဒတ်စ်တာဟာ ဒီမြို့မှာ အာဏာရှိတဲ့ ခြံပိုင်ရှင်ကြီးတစ်ယောက်ဖြစ်ပြီး အရမ်းလည်းလောဘကြီးပါတယ် ဒတ်စ်တာရဲ့လူတွေ ဘောစ့်ရဲ့ တိရစ္ဆာန်အုပ်ကို ပြဿနာလာရှာချိန်မှာ ဘာတွေဆက်ဖြစ်ကြမှာလဲ ဒီမြို့ကနေရော အဆင်ပြေပြေထွက်သွားနိုင်မှာလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တဲ့အပြင် ရှုခင်းလှလှလေးတွေနဲ့ ...
movie
Open Range (2003)
6.0
100 Rifles (1969)
လိုင်ဒက်ကာဆိုတဲ့ လူတစ်ယောက်ဟာ အရီဇိုးနားက ဘဏ်ကို ဖောက်သွားတဲ့ ဘဏ်ဓားပြတစ်ယောက်ကို ဖမ်းဖို့လုပ်ရင်း မြို့တစ်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ အဲ့မြို့မှာ လိုက်စုံစမ်းရင်း ဘဏ်ဓားပြကို တွေ့ခဲ့ပေမဲ့ သူဖမ်းလို့ မရခဲ့ပါဘူး။ ဘဏ်ဓားပြက အဲ့မြို့မှာလည်း နောက်ပြသနာတစ်ခု ရှာလိုက်တာကြောင့်ပါ။ သူကရော အဲ့ပြသနာကြားထဲမှာ ဘယ်လို ရောပါသွားမလဲ။ သူနဲ့ ဘဏ်ဓားပြဆိုတဲ့လူကြားထဲမှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ အဲ့မြို့က ဗိုလ်ချုပ်က ရိုင်ဖယ် အလက် ၁၀၀ကို တွေ့တဲ့အခါမှာရော ဘယ်လိုတွေထပ်ပြီး ပြသနာတက်ဦးမလဲ။ သူတို့နဲ့ အဲ့ရိုင်ဖယ်တွေက ဘယ်လို ဆက်စပ်နေလဲ စတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ 1969ခုနှစ်တုန်းက ထုတ်လွှတ်ခဲ့တာ ဖြစ်ပြီး IMDB rating 6အထိရထားတဲ့ Western/Drama ဇာတ်ကား တစ်ခုပဲ ဖြစ်ပါတယ်။ File size…(2.9 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Western, Adventure, ...
movie
100 Rifles (1969)
6.2
Sweetwater (2013)
Genre – Thriller, Western IMDB – 6.2/10အမေရိကန် ၁၈၀၀ နှောင်းပိုင်း ကောင်းဘွိုင်ခေတ်မှာဇာတ်အိမ်တည်ထားပါတယ်။လှပပြီး ပြည်တန်ဆာဖြစ်ခဲ့ဖူးတဲ့ ဆာရာဟာခင်ပွန်းဖြစ်သူနဲ့ ဘဝသစ်ကိုနယူးမက်ဆီကိုနယ်မြေမှာ လာပြီး ထူထောင်လျက်ရှိပါတယ်။သူတို့နဲ့ အိမ်နီးချင်းလို့ ပြောရမယ့်လူကတော့ ဘာသာရေးအစွန်းရောက်နေတဲ့ဘုန်းကြီးတစ်ပါး ဖြစ်ပြီး မိန်းမတွေတို့ တပည့်တွေတို့နဲ့အတူတူနေပြီး သိုးမွေးထားတာလည်း ဖြစ်ပါတယ်။ဘာသာရေးသမားဆိုပေမဲ့ နောက်ကွယ်မှာကဒုစရိုက်သမားသာသာ ဖြစ်ပြီး သူ့ ခြံထဲကို ကျူးကျော်တဲ့နှစ်ယောက်ဆိုလည်းသတ်ပစ်တဲ့ထိလုပ်တတ်တဲ့ ရူူးနှမ်းနှမ်း ဘုန်းကြီးလိုမျိုးပါ။အဲဒီအချိန်မှာ ဒီအသတ်ခံလိုက်ရတဲ့ လူနှစ်ယောက်ကို လာရှာတဲ့ထူးဆန်းတဲ့ရဲမှူးတစ်ယောက်လည်း ရောက်လာတယ်။ဆာရာရဲ့ ယောက်ျားကလည်း သူ့ စိုက်ခင်းတွေကိုဘုန်းကြီးရဲ့ သိုးက စားတယ်ဆိုပြီး သွားပြဿနာရှာတဲ့အချိန်လူဆိုးသာသာ ဘုန်းကြီးနဲ့ ဘာတွေဖြစ်ကြမလဲ။ဆာရာကလည်း ဘယ်လိုဖြစ်လာမလဲ။ဘုန်းကြီးနဲ့ ရဲမှူးလည်း ထိပ်တိုက်တွေ့ကြမလားဆိုပြီး ကြည့်ရှုရမှာပါ။မင်းသမီးနေရာကတော့ X-Men First Class တို့ Unknown တို့ထဲမှာပါဝင်ဖူးတဲ့ January Jones ဖြစ်ပြီး ရဲမှူးနေရာကဗီလိန်အဖြစ် မကြာခဏ သရုပ်ဆောင်လေ့ရှိတဲ့ Ed Harris ရယ်ဘုန်းတော်ကြီးနေရာမှာ ...
movie
Sweetwater (2013)
2013
5.2
Bad Girls (1994)
ဒီတစ်ခါတော့ 1994 က action, adventure ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါ့မယ် လီလီ, အနီတာ, အယ်လီနဲ့ ကိုဒီဆိုတဲ့ သူငယ်ချင်းယောက်ဟာ ပြည့်တန်ဆာအိမ်မှာအလုပ်လုပ်ကြတယ် တစ်ရက်မှာတော့ လီလီအပေါ်ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတဲ့ ကာနယ်တစ်ဦးကို ကိုဒီဟာ ပစ်သတ်လိုက်ပါတော့တယ် အဲ့ဒီအချိန်ကစပြီး သူတို့ဟာ လိုက်ဖမ်းတဲ့သူတွေဆီက ရှောင်ပုန်းပြီး စွန့်စားခန်းထွက်ကြပါတော့တယ် သူတို့ ဒီအမှူကနေ လွတ်သွားမှာလား သူတို့စွန့်စားခန်းကရော ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာတော့ စောင့်ကြည့်လိုက်ကြပါဦးခင်ဗျာ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Western, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie
Bad Girls (1994)
Cabin Girl (2023)
ပုံမှန်သရဲကားတွေလိုမဟုတ်ဘဲပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ horror thriller film လေးဖြစ်ပါတယ်... အေဗာရော်ဘင်ဆိုတဲ့ကောင်မလေးကကားနဲ့ခရီးတွေသွားရင်းဘလော့ဂ်ရိုက်ရတာကိုဝါသနာပါတဲ့ဘလော့ဂါလေးပါ တစ်နေ့မှာတော့သူကားအက်စီးဒင့်ဖြစ်ပြီးခရီးမသွားတော့ဘဲမြို့ငယ်လေးတစ်မြို့မှာအခြေချဖို့ဆုံးဖြတ်လိုက်ပါတော့တယ် မြို့စွန်ကသစ်သားအိမ်လေးကိုဝယ်ခဲ့ပေမဲ့ ဖြစ်ချင်တော့အရင်ကသတ်သေသွားဖူးတဲ့ဟန်နာဆိုတဲ့ကောင်မလေးတစ်ယောက်နေသွားတဲ့အိမ်ဖြစ်နေပြီး အေဗာကတော့အိမ်ထဲမှာလည်းသရဲမကိုခနခနတွေ့နေရတာကြောင့်အဲ့အကြောင်းကိုအရမ်းစိတ်ဝင်စားသွားခဲ့ပါတယ် အေဗာတစ်ယောက် ဟန်နာရဲ့အမှုအကြောင်းကိုလိုက်စုံစမ်းရင်းဘလော့တွေရိုက်ရင်းနဲ့ဘာတွေရှာတွေ့သွားမလဲ အိမ်မှာရှိနေတဲ့သရဲကရောတကယ်ဟန်နာဟုတ်ရဲ့လား သူအေဗာ့ဆီကဘာတွေလိုချင်နေတာလဲဆိုတာကိုကြည့်ရှုရမှာပါ ။ File size…(828 MB) Quality….Webrip 720p Format…mp4 Duration….01:28:00 Genre...Western, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Cabin Girl (2023)
Ghost Town (2023)
"Ghost town" ဆိုတဲ့နာမည်နဲ့ဇာတ်ကားတွေအများကြီးရှိတဲ့အထဲကမှဒီဇာတ်ကားကတော့ horror သိပ်မဆန်တဲ့ horror/thriller အမျိုးအစားဖြစ်ပြီး ကြောက်စရာထက်ဆန်းကျယ်တာတွေပြည့်နေတဲ့ဇာတ်ကားတစ်ကားပါ ဆိုလိုမွန်မီလာဆိုတဲ့လူတစ်ယောက်ဟာ ခရီးသွားရင်းလူသူသိပ်မရှိတဲ့ခြောက်ကပ်ကပ်မြို့လေးတစ်မြို့ကိုရောက်လာခဲ့ပါတယ် အဲဒီမြို့လေးကအရက်ဘားမှာစားပွဲထိုးအဖြစ်လုပ်ကိုင်ရင်းအားလုံးကတစ်နေ့ထက်တစ်နေ့ထူးဆန်းသထက်ထူးဆန်းလာပါတော့တယ် ဆိုလိုမွန်တစ်ယောက်အဲဒီမြို့လေးမှာလူတွေနဲ့သင့်မြတ်အောင်နေထိုင်ရင်းဘာလို့ထူးဆန်းတဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်နေရလဲဆိုတာကိုအဖြေရှာမရဖြစ်နေပါတော့တယ် အဲဒီမြို့ကဘာလို့ထူးဆန်းနေရတာလဲ တကယ်တမ်းမြို့ရဲ့သရုပ်မှန်ကရောဘာလဲ ဆိုတာကိုဆန်းကျယ်မှုတွေအများကြီးနဲ့ကြည့်ရှုရမှာပါ File size…(1.4 GB)/(688 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Western, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Ghost Town (2023)
Homestead (2023)
အခုပရိတ်သတ်ကြီးအတွက် american western thriller ဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးသွားမှာပါ ဇာတ်လမ်းအကျဉ်းချုပ်ကတော့... အိုင်ရင်း သူ့အစ်ကိုနဲ့ သူ့အမေတို့ဟာ သူတို့အတိတ်မှာဆိုးရွားတဲ့ကံကြမ္မာတစ်ခုကိုရင်ဆိုင်ပြီးတဲ့နောက်မှာတော့ သူ့အဖေနဲ့အတူတူ လက်ရှိသာယာတဲ့ခြံလေးမှာ နေထိုင်နေပါတယ် အိုင်ရင်းဟာ သွက်သွက်လက်လက်နဲ့ လူတွေအပေါ်မှာ သိပ်ပြီးယုံကြည်တတ်တဲ့သူမဟုတ်ပါဘူး တစ်နေ့မှာတော့ သူတို့ခြံလေးကို ရထားလမ်းဖောက်ဖို့ကိစ္စနဲ့ပတ်သက်ပြီး လူစိမ်းတစ်ယောက် ရောက်လာခဲ့ပါတယ် သူတို့ခြံဝင်းတစ်ဝိုက်ကို လှည့်လည်စစ်ဆေးခွင့်တောင်းလိုက်ပြီး နောက်ကျသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့အိမ်မှာတည်းခိုဖို့ဖြစ်လာတဲ့ သူစိမ်းယောက်ျားကို အိုင်ရင်းကတော့ သင်္ကာမကင်းဖြစ်နေခဲ့ပေမဲ့ သူ့အမေကတော့ လှိုက်လှိုက်လဲလဲကို ကြိုဆိုနေခဲ့တာပါ.. အဲဒီသူစိမ်းယောက်ျားဟာ မိသားစုအပေါ်ကိုဂရုစိုက်တတ်ပြီး ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းချင်နေတဲ့ သူ့ရဲ့ဖခင်ရဲ့အတိတ်ကအရိပ်ဆိုးကြီးဖြစ်နေမှန်း အိုင်ရင်းတို့သိလိုက်ရတဲ့အခါမှာတော့ သူတို့အဲဒီနေ့ညမှာ ဘယ်လိုဖြစ်ရပ်ဆိုးတွေကိုကြုံတွေ့ရမှာလဲ...သွက်လက်ချက်ချာပြီး ငြိမ်ခံမနေတတ်တဲ့ အိုင်ရင်းတစ်ယောက် ဒီအခြေအနေဆိုးကြီးကနေ ဘယ်လိုလွတ်မြောက်အောင် ရုန်းထွက်သွားမလဲဆိုတာကို ဒီဇာတ်လမ်းမှာကြည့်ရှူရမှာပါ။ File size…(1 GB)/(440 GB)/(260 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:20:00 Genre...Horror, Thriller, Western Subtitle….Myanmar ...
movie
Homestead (2023)
5.5
Surrounded (2023)
IMDb rating - 5.5/10 လွတ်လပ်တယ်ဆိုတာကို ပရိတ်သတ်ကြီးတို့ ဘယ်လိုခံယူထားပါသလဲ။ဒီရုပ်ရှင်မှာတော့ လူမည်းအမျိုးသမီးတစ်ယောက် ခံယူထားတဲ့ လွတ်လပ်ခြင်းရဲ့အနှစ်သာရကို ထိထိမိမိရိုက်ကူးတင်ဆက်ပြသထားပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... Mo Washington က လွတ်လပ်ခွင့်ရထားတဲ့ အမျိုးသမီးတစ်ဦးပါ။ အမေရိက civil war ဖြစ်ပြိးကတည်းက သူလွတ်မြောက်နေတာ ၅ နှစ်တာရှိပြီဆိုပေမဲ့ ဦးတည်ရာမဲ့နေတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ တစ်နေ့တော့ ကော်ရိုရာဒိုမှာ မြေပိုင်ဆိုင်ခွင့် သူမမှာရရှိခဲ့ပါတယ်။ ဒီတော့ သူမရဲ့မျိုးနွယ်စုအတွက် ခိုနားရာနေရာတစ်ခုအဖြစ် ဖန်တီးပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယောက်ျားလေးအသွင်ယူပြီး ကော်ရိုရာဒိုကိုသွားမယ့် လှည်းနဲ့လိုက်ပါလာခဲ့ေပမဲ့ အဲဒီလှည်းက လမ်းမှာ အတိုက်ခိုက်ခံလိုက်ရတဲ့အခါမှာ ဘဏ်ဓားပြကြီး Tom Walsh ...အလိုရှိဆုံးတရားခံအဖြစ်သတ်မှတ်ခံထားရတဲ့သူနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာတော့ အမျိုးသမီးတစ်ယောက်က သူကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကြားကနေ ဘယ်လိုအောင်အောင်မြင်မြင် ရုန်းထွက်သွားမလဲဆိုတာကို ဒီကြည့်ရှူခံစားရမှာပါ။ File size…(1.3 GB)/(790 MB)/(370 Mb) Quality….Webrip 1080p / 720p ...
movie
Surrounded (2023)
1
2
3
4
5
Previous
Next