Channel Myanmar

Western

Coyote Woman (2024)
Coyote Woman (2024)  အနောက်တိုင်း သမိုင်းထဲက မြင်းစီးကောင်းဘွိုင်တွေ၊ အင်ဒီးယန်းလူရိုင်း‌တွေအကြောင်းကိုပြန်ရိုက်ထားတဲ့ရုပ်ရှင်လို့ပြောရမယ်။ စင်သီယာဆိုတဲ့လူဖြူမိန်းကလေးဟာ တောတွင်းတစ်နေရာမှာ ဓားစာခံအဖြစ်ဖမ်းခံရရင်းကနေ လွတ်မြောက်သွားခဲ့ပြီး ကွန်မန်ချီလို့ခေါ်တဲ့အင်ဒီးယန်းလူရိုင်းမျိုးနွယ်စုတစ်ခုထဲကိုရောက်ရှိသွားခဲ့တယ်။ဂျေဂျေဂလင်တန်လို့အမည်ရတဲ့မြင်းစီးရိန်းဂျားတွေဟာ သူတို့ရဲ့မူလအဖွဲ့ကနေခွဲထွက်လာခဲ့ပြီး ထင်ရာစိုင်းနေကြပါတယ်။ ဂလင်တန်တို့အုပ်စုဟာ သူတို့အနိုင်တိုက်ပြီးတဲ့ရန်သူတွေရဲ့ ဦးရေပြားတွေကိုခွာယူရောင်းချတဲ့အလုပ်ကိုလည်းလုပ်ကိုင်ကြပါသေးတယ်။ ဒီလိုနဲ့ ဂလင်တန်တို့ရိန်းဂျားအုပ်စုနဲ့ စင်သီယာတို့ရဲ့ နောက်ဆုံးကျန်ရစ်တဲ့ကွန်မန်ချီမျိုးနွယ်စုတို့ ထိပ်တိုက်ရင်ဆိုင်ရဖို့ကြုံလာ‌တဲ့အခါမှာတော့... File size…(2.6 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:50:00 Genre... Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant
movie

Coyote Woman (2024)

The Five (2023)
The Five (2023)  ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် ကောင်းဘွိုင်အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းကတော့ ဘာဘရာဆိုတဲ့အမျိုးသမီးတစ်ယောက်က ဝရမ်းပြေးငါးယောက်ကိုစုဖွဲ့ပြီးတော့ ဘဏ်ဖောက်ကြတဲ့အကြောင်းကိုရိုက်ထားတာပါ...ထိုကောင်းဘွိုင်ငါး‌ယောက်ဟာ ဘဏ်ဖောက်ခဲ့ပြီးပိုက်ဆံကို ဘာဘရာဆီကိုပေးလိုက်ပါတယ်...ဘာဘရာကပိုက်ဆံတွေကိုယူသွားပြီး လုံခြုံတဲ့နေရာမှာပြန်တွေ့ဖို့ချိန်းထားကြတာပါ...ဒီတော့ ကောင်းဘွိုင်ငါး‌ယောက်က ဘဏ်ဖောက်ခဲ့ပြီးတော့ ချိန်းထားတဲ့နေရာမှာ ဘာဘရာကိုစောင့်နေခဲ့ကြပါတယ်...ဘာဘရာကနောက်ကျနေတဲ့အတွက် ကောင်းဘွိုင်ငါးယောက်အကြား အခြေအတင်ဖြစ်စရာကိစ္စလေးတွေဖြစ်လာခဲ့ပါတယ်...ဒီတော့ ဘယ်လိုဆက်ဖြစ်သွားမလဲ..ဘာဘရာကငွေတွေယူပြီးထွက်ပြေးသွားတာလား...ချိန်းထားတဲ့နေရာကိုရောက်ရှိလာမလားဆိုတာ‌ကြည့်ရှုကြည့်လိုက်ပါခင်ဗျာ... File size…(1.4 GB)/(730 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:15:00 Genre... Action, Drama, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie

The Five (2023)

Outlaw Posse (2024) 5.0
Outlaw Posse (2024)  လူဖြူလူမည်းခွဲခြားတဲ့ပြဿနာတွေက ဟိုးဘိုးဘေးဘီဘင်လက်ထက်ကတည်းက အခုထက်ထိ မပြီးနိုင်သေးပါဘူး။မြန်မာနိုင်ငံမှာတော့ သိပ်မသိသာပေမဲ့ အမေရိကန်နိုင်ငံမှာတော့လူဖြူလူမည်းပြဿနာတွေက အခုထက်ထိပြင်းထန်နေဆဲ ဖြစ်ပါတယ်။ဘာလို့အဲ့လိုဖြစ်ရတာလဲဆိုရင်တော့ ဟိုးအရင်ခေတ်တုန်းကလူဖြူတွေက လူမည်းတွေကို ကျွန်ပြုခဲ့ရာကနေစပါတယ်။အခုတင်ဆက်ပေးမဲ့ Outlaw Posse ဆိုတဲ့ဇာတ်ကားမှာလည်းလူမျိုးရေးခွဲခြားမှု အရမ်းပြင်းထန်နေတဲ့အချိန် ဖြစ်ခဲ့တဲ့ ၁၉၀၈ ခုနှစ်ကောင်းဘွိုင်ခေတ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ လူမည်းသူရဲကောင်းတစ်ယောက်အကြောင်းကိုတင်ဆက်ပြသထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ လူမျိုးရေးခွဲခြားတဲ့လူတွေက အရက်ဆိုင်တစ်ဆိုင်ထဲကိုဝင်လာပြီး ဆိုင်ပိုင်ရှင်အင်ဒီးယန်းလူနီကိုစော်ကားပုတ်ခတ်ကြပါတော့တယ်။အဲ့ဒီအချိန်မှာဘေးဝိုင်းက လူမည်းတစ်ယောက်ထလာပြီး ကြားဝင်လိုက်တဲ့အခါမှာတော့ အကုန်တိတ်ဆိတ်သွားပါတော့တယ်။ဘာလို့လဲဆိုတော့အဲ့ဒီလူမည်းကဂန္တဝင်၀ရမ်းပြေးတစ်ယောက်ဖြစ်နေလို့ပါပဲ။လူမြင်ကွင်းကနေပုန်းကွယ်နေတာကြာပြီး အခုမှပြန်ပေါ်လာရတဲ့အကြောင်းအရင်းကတော့ အင်ဒီးယန်းတွေရဲ့တောင်တွေထဲမှာ လူဖြူတွေဖွက်ထားခဲ့တဲ့ရွှေတွေကိုရှာဖို့အတွက်ပါပဲ။ဒါပေမယ့် အဲ့ဒီရွှေတွေကိုလိုချင်နေတာ သူတစ်ယောက်တည်းမဟုတ်ပါဘူး။အိန်ဂျယ်လို့ခေါ်တဲ့ လူဖြူတပ်ကြပ်ကြီးကလည်းအရင်ကတည်းက သူနဲ့ပြိုင်ဖက်တွေဖြစ်ခဲ့ပြီး သူ့ပြိုင်ဖက်ကရွှေတွေကိုရှာနေတဲ့သတင်းကြားတော့ အပြိုင်အဆိုင်ရှာဖို့ကြိုးစားကြတဲ့ပြိုင်ဆိုင်မှုကြီးတွေအပြင် လူကောင်းတွေကလူဆိုးတွေဖြစ်ပြီးလူဆိုးတွေက တကယ်တမ်းလူကောင်းတွေဖြစ်နေတဲ့အချိန်မှာဘယ်လိုအပြောင်းအလဲတွေကိုကြုံတွေ့ရမလဲဆိုတာတွေကိုစိတ်ဝင်စားစရာကောင်းအောင်ကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…2.12GB / 1.14GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Outlaw Posse (2024)

Hostiles (2017) 7.2
Hostiles (2017) Hostiles (2017)IMDb Rating (7.2) / Rotten Tomatoes (70%)အခုတစ်ခါမှာတော့ ကမ္ဘာကျော်မင်းသားကြီး Christian Bale ရဲ့ Western Film တစ်ကားတင်ဆက်ပေးပါမယ်။Western ဇာတ်ကားအမျိုးအစားကိုတော့ မြန်မာမှာ ကောင်းဘွိုင်ဇာတ်ကားအမျိုးအစားအဖြစ် လူသိများပါတယ်။ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Scott Copper ကရိုက်ကူးထားပါတယ်။ခေါင်းဆောင်မင်းသားကတော့ American Psycho, The Machinist, Batman Trilogy ဇာတ်ကားတွေနဲ့အတူနာမည်ကျော်ကြားလာတဲ့ မင်းသား Christian Bale ဖြစ်ပြီးတော့ဇာတ်ဆောင်မင်းသမီးနေရာမှာ 2002 ခုနှစ်ထွက် James Bond ဇာတ်ကားတစ်ကားဖြစ်တဲ့ Die Another Day မှာ Bond Girl အဖြစ်သရုပ်ဆောင်ခဲ့ပြီးတော့ နာမည်ကျော်ဇာတ်ကားတစ်ကားဖြစ်တဲ့ Gone Girl မှာခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချောကြီး Rosamund Pike ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအရတော့ ဂျိုးဘလော့ကာဟာစစ်တပ်မှာ ကပ္ပတိန်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့သူတစ်ဦးဖြစ်ပြီးတော့အင်ဒီယန်းတွေကို လွန်စွာမုန်းတီးသူဖြစ်ပါတယ်။တစ်နေ့မှာ သူ့ရဲ့ရဲဘော်ရဲဘက်တွေကို သတ်ဖြတ်ခဲ့တဲ့ သူမုန်းတီးရတဲ့ ...
movie

Hostiles (2017)

2017
4K HEVC
The Dead Don’t Hurt (2024)
The Dead Don’t Hurt (2024)  မင်္ဂလာပါ The Dead Don’t Hurt" ဆိုတဲ့ ရုပ်ရှင်ကို တော့ မော်တင်ဆင် (Mortensen) ရိုက်ကူးရေး၊ ဇာတ်ညွှန်းရေးခြင်းနဲ့ မီဇစ်ဖန်တီးမှုကို တစ်ကိုယ်တည်း လုပ်ထားပြီး၊ သူ့ရဲ့ ဒုတိယအကြိမ်မြောက် ရိုက်ကူးမှု ဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာ Mortensen က Holger Olsen အဖြစ် သရုပ်ဆောင်ထားပြီး၊ ၁၈၆၀ ခုနှစ်တွေက နယ်စပ်ဒေသမှာ တည်ငြိမ်စွာ နေထိုင်နေသူ​​ဖြစ်ပါတယ်။ သူက Vivienne (Vicky Krieps) ကို သူမရဲ့ ချမ်းသာတဲ့ ချစ်သူနဲ့ စကားများနေစဉ်မှာတွေ့ပြီး၊ သူမကိုချက်ချင်းပဲ Holger ရဲ့ အနားရောက်လာစေခဲ့ပါတယ်။ Vivienne က ချမ်းသာတဲ့ ဘဝကိုစွန့်လွှတ်ပြီး Holger နဲ့အတူ စိန်ခေါ်မှုများအပြည့်ရှိတဲ့ ဘဝကို ရွေးချယ်ခဲ့တဲ့အခါမှာ သူမရဲ့ အတွင်းစိတ်ခွန်အားနဲ့ ဆုံးဖြတ်ချက်တွေကို မြင်ရမှာပါ။Vivienne ဟာ Holger ရဲ့ ဖွတ်ဖွတ်မွှတ်မွှတ် ...
movie

The Dead Don’t Hurt (2024)

Horizon: An American Saga – Chapter 1 (2024)
Horizon: An American Saga – Chapter 1 (2024)  ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Kevin Costner က ပြောင်မြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ဂန္ဓဝင်အနောက်တိုင်းရုပ်ရှင်ဇာတ်ကားဖြစ်ပြီးတော့ An American Saga Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ကာ နောက်ထပ် Sequel နှစ်ကားလာဖို့ ရှိပါသေးတယ်။ဇာတ်လမ်းလေးကတော့ အမေရိကန်လူမျိုးတွေဟာ အမေရိကတိုက်ကြီးရဲ့ မိုးကုပ်စက်ဝိုင်းလို့ ခေါ်ဝေါ်သမုတ်တဲ့ အနောက်ဖက်အရပ်ရဲ့ ဆွဲဆောင်ညို့ယူမှုကို ခံရပြီး အမေရိကန်နိုင်ငံရဲ့နယ်နိမိတ်ကို တိုးချဲ့တိုင်းတာသတ်မှတ်ဖို့ တရွေ့ရွေ့ ခြေဆန့်ခရီးဆက်လာတဲ့အချိန်မှာ ယနေ့ခေတ်အခေါ် ဟစ်ပီတွေ တဖြစ်လည်း ဒေသခံတိုင်းရင်းသားလူမျိုးရင်းမျိုးနွယ်စုတွေဖြစ်တဲ့ အပါချီမျိုးနွယ်စုနဲ့ တခြားမျိုးနွယ်စုခွဲတွေအတွက်ကတော့ သူတို့ပိုင်ဆိုင်တဲ့မြေကို တစတစ ဖဲ့ပေးနေရတာဖြစ်တဲ့အတွက် သူတို့ကြားထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းနဲ့ စတင်ထားပါတယ်။ ယဉ်ကျေးမှုနှင့် နည်းပညာတိုးတက်မှုတို့ အချိုးကျကျပေါင်းစပ်ကာ ဂီတ အနုပညာ ဖက်ရှင် ဖျော်ဖြေရေးတွေ ထွန်းကားလာပြီးတော့ ရွှေခေတ်လို့ တင်စားကြတဲ့ ၉၀ ရာစုပြည့်နှစ်တွေ မရောက်ရှိလာခင် ခေတ်အချိုးအကွေ့ရဲ့ ကနဦးအစောပိုင်းကာလကို မတူညီကွဲပြားတဲ့ ဇာတ်ကောင်တွေ ရှုထောင့်တွေနဲ့ ...
movie

Horizon: An American Saga – Chapter 1 (2024)

Quantum Cowboys (2023)
Quantum Cowboys (2023) Criticsနဲ့Audienceတွေရဲ့တခဲနက် အားပေးမှုတွေ ရထားတဲ့ animation ကိုမှ live actionနဲ့ပေါင်းစပ်ကာ ပုံစံအဆန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း Killers of the Flower Moon, Fancy Dance, The Last Manhunt, The Walking Outတို့ထဲက Lily Gladstoneအပြင် Twilight saga ရုပ်ရှင်ထဲက Kiowa Gordonနှင့်အတူ Geoff Marslett၊ David Arquette၊ Patrick Pageတို့လို သရုပ်ဆောင်တွေနဲ့ ဇာတ်ကိုကွန့်မြူးအောင် ပုံဖော်ထားပါတယ်။ဇာတ်လမ်းကို မပြောခင်မှာ အချိန်နဲ့ အပြိုင်စကြာဝဠာအကြောင်းကို နည်းနည်းတော့ ပြောဖို့လိုမယ်။ အချိန်ဆိုတာက ဘာလဲ၊ ကျွန်တော်တို့ သိထားသလို အမြဲတသတ်မတ်တည်း သွားနေတဲ့အရာလား ဒါမှမဟုတ် အချိန်ဆိုတာက ဖန်တလဲလဲ ပြန်ဖြစ်တတ်တဲ့ loopလိုမျိုးလား၊ အချိန်ဆိုတာက ဘာလဲ၊ အချိန်ကို ...
movie

Quantum Cowboys (2023)

The Searchers (1956) 7.8
The Searchers (1956) The Searchers (1956)~ IMDb - 7.8/10, Rotten Tomatoes - 87% ~ဂျွန်ဖို့ဒ်ဟာ ဟောလိဝုဒ်ရွှေခေတ်က အအောင်မြင်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ပါပဲ။ အဓိကကတော့ သူ့ကို Western ကားတွေနဲ့ လူသိပိုများပါတယ်။ Western ကားတွေရဲ့ Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ဝိန်းနဲ့တွဲဖက်ပြီးတော့လည်း သိကြတယ်။ Western လိုင်းရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာနဲ့ မင်းသားအတွဲပေါ့။ သူ့ဒါရိုက်တာသက်တမ်း အနှစ်၅၀ ၁၉၁၇ကနေ ၁၉၆၅အတွင်းမှာ ရုပ်ရှင်ပေါင်း ၁၄၀ရိုက်ခဲ့ပြီး Best Director ဆု လေးဆုရထားတဲ့ ဒါရိုက်တာပါပဲ။ သူရိုက်ခဲ့တဲ့အသံတိတ်ရုပ်ရှင်တွေကတော့ ပျောက်ရှကုန်ပါပြီ။ ဂျွန်ဝိန်း၊ ဟင်နရီဖွန်ဒါ၊ မော်ရန်အိုဟာရာနဲ့ ဂျိမ်းစတီးဝတ်တို့လို ထိတ်ထိတ်ကြဲတွေနဲ့ပဲ အရိုက်များခဲ့တယ်။ ဖို့ဒ်ရဲ့ထူးခြားချက်ကတော့ သူ့ခေတ်ပြိုင်ဒါရိုက်တာတွေအပါအဝင် ကျွန်တော်တို့ သိသမျှ ထိတ်ထိတ်ကြဲဒါရိုက်တာတွေဟာ ဖို့ဒ်ကို ချီးကျူးကြတာပါပဲ။ Frank Capraဆို "King of ...
movie

The Searchers (1956)

1956
End of the Rope (2023)
End of the Rope (2023) ကြိုးရဲ့အဆုံးတစ်ဖက် Rotten Tomatoes 76%အထိ ရရှိထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကတော့ ရင်ထဲမှာ လှိုက်ကနဲခံစားသွားစေရမယ့် အီမိုရှင်းအနိမ့်မြင့်အတက်ကျဖြစ်အောင် လုပ်ပေးနိုင်မှာတော့ သေချာပါတယ်။ စီအေဂျေကော့ဆန်ကတော့ တစ်မြို့လုံးရဲ့ အထင်ကြီးလေးစားမှုကို ခံနေရတဲ့ မြောက်ဒက်ကိုတာပြည်နယ်၊ Schaferမြို့က ရဲမှူးတစ်ဦးဖြစ်ပါတယ်။တဖက်မှာလည်း ချာလ်းစ်ဘန်နွန်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ သူကတော့ စီအေနဲ့မတူဘဲ တစ်မြို့လုံးရဲ့ မုန်းတီးခြင်းခံနေရသူဖြစ်ပါတယ်။ သူ့ရဲ့ဘဝလေးက ဇာတ်ကြောင်းတော့ မလှရှာပါဘူး သူ့ဖခင်ကိုယ်တိုင်က သူ့ကိုထားခဲ့ပြီး သူ့မိခင်ကလည်း သူ့ကိုအိမ်ပေါ်ကနေ နှင်ချထားတာပါ။ ဒီလိုကြုံရာကျပန်း လယ်အလုပ်တွေမှာ ဝင်လုပ်ရင်းနဲ့ နေထိုင်နေသူပါ။ ဘဝပေးကုသိုလ်ကံမကောင်းလှတဲ့ ချာလ်းစ်ကို တမြို့လုံးက သူ့ကို အကုသိုလ်ကောင်လေးလို့ သတ်မှတ်ကာ မုန်းတီးနေကြပါသေးတယ်။ဒီလို အမုန်းခံနေရတဲ့ ချာလ်းစ်အတွက် ပိုမိုဆိုးရွားတဲ့အဖြစ်ပျက်တစ်ခုက စောင့်ကြိုနေပါတယ်။ ထိုအရာကတော့ ရဲမှူး စီအေရဲ့သမီးတွေ ရှိနေတဲ့ အိမ်ကို မတော်တဆ မီးရှို့ပြီး သတ်လိုက်မိသွားပါတယ်။ စီအေတစ်ယောက်လည်း ဆုံးသွားတဲ့သမီးတွေအတွက် ပူဆွေးသောက ...
movie

End of the Rope (2023)

The Outsider (2019) 4.7
The Outsider (2019) Western Vibe အပြည့်ပါတဲ့ဇာတ်ကားတွေထဲကမှ The Outsider ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။မီးရထားလမ်းဖောက်လုပ်ရေးက အလုပ်သမားတစ်ယောက်ဖြစ်တဲ့ ဂျင်းဖန်းဂ်တို့ ဇနီးမောင်နှံဘဝထဲကိုမမျှော်လင့်တဲ့ အဖြစ်ဆိုးကြီးတစ်ခု ဝင်ရောက်လာပုံနဲ့ စတင်ထားပါတယ်။မပြောပလောက်တဲ့ အချင်းဖြစ်ပွားမှုလေးတစ်ခုကြောင့် ဂျင်းဖန်းဂ်ကို ဥပဒေဘက်တော်သားအမည်ခံအာဏာအလွဲသုံးစားသူ ဂျိမ်းစ်ဝေါ်ကာက မတရားဖမ်းဆီးပြီး ဇနီးဖြစ်သူကို ထိုညမှာပဲ မတော်တရားကြံဖို့ ကြိုးစားခဲ့ပါတယ်.။ဂျင်း အနေနဲ့ ထောင်ထဲကနေ လွတ်မြောက်ခဲ့ပြီး ဇနီးဖြစ်သူဆီ လာခဲ့ပေမယ့်လီဖန်းဂ်ရဲ့ အလောင်းကသာ ကြိုဆိုနေခဲ့ပါတယ်။အဆုံးစွန်အထိ ဖိနှိပ်မှုနဲ့တွန်းအားတွေကြောင့် ဂျင်းဖန်းဂ်လို သာမန်မီးရထားအလုပ်သမားလေးတစ်ယောက်ဟာလည်း မာရှယ်ဝေါ်ကာ နဲ့သား ဂျိမ်းစ်ဝေါ်ကာတို့အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာခဲ့ပါပြီ။သားရဲ့အမှားတစ်ခုကို ဖုံးဖိဖို့ကြံစည်ကာ ဂျင်းရဲ့နောက်ကို ခြေရာခံအမဲလိုက်ဖို့ မာရှယ် စေလွှတ်သမျှလူတွေဟာလည်း "The Hunters become Hunted" ဆိုသလိုပဲ လက်တုံ့ပြန်ချင်စိတ်ကသာ ထိန်းချုပ်နေသူ၊ ဆုံးရှုံးစရာမရှိတော့သူဖြစ်တဲ့ "The Chinaman" ဂျင်းဖန်းဂ်ရဲ့ သားကောင်သာ ဖြစ်လာခဲ့ပါတယ်။စကားတွေရှည်ရှည်ဝေးဝေးပြောမနေဘဲ သေနတ်နဲ့သာ ဖြေရှင်းကြတဲ့ Guns Blazing Action ဇာတ်ကားလေးတစ်ကားကို CM ပရိသတ်များ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။File size…   886 MB /  383 MB Quality… WEB-DL 1080p / 720p Format… ...
movie

The Outsider (2019)

3:10 to Yuma (2007) 7.7
3:10 to Yuma (2007)   ၂၀၀၇ ခုနှစ်ကထွက်ရှိထားပြီး IMDb 7.7 ရထားတဲ့ ခပ်လန်းလန်း Cowboy ကားလေးတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ်Walk The Line ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Mangold က ရိုက်ကူးခဲ့တာဖြစ်ပြီး ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသားတွေကတော့ Russell Crowe, Christian Bale တို့ပဲ ဖြစ်ပါတယ်။ဒီကားလေးက အော်စကာ ဆု၂ဆု အတွက်နာမည်စာရင်းပါခဲ့ပြီး တခြား ရုပ်ရှင်ဆု ၃ ဆုနဲ့ ဆုပေါင်း ၃၀ ရရှိခဲ့ပါတ်ယခပ်ကြမ်းကြမ်း အက်ရှင်ကားလေး ဖြစ်တာမို့ Cowboy ပရိတ်သတ်တွေအနေနဲ့ကတော့ လက်လွတ်မခံသင့်တဲ့ကားလေးပါဗျဇာတ်လမ်းအကျဉ်းလေးကတော့ Rancher Dan Evans ဟာသူ့ ရဲ့မြေယာပြသနာအတွက် Bisbee ကိုလာခဲ့ပြီး မထင်မှတ်ဘဲ Ben Wade ဦးဆောင်တဲ့ ဓားပြမူ နဲ့ကြုံလိုက်ရပါတယ် သိပ်မကြာခင်မှာပဲ Wade ဟာ အဖမ်းခံလိုက် ရပြီး Wade ကို ...
movie

3:10 to Yuma (2007)

2007
DogMan (2023)
DogMan (2023) dogman ဒီကားကတော့ ပြင်သစ်ဒါရိုက်တာ ရိုက်ကူးထားတဲ့ အက်ရှင်ကားပါပဲ။ နာမည်ထဲက အတိုင်း ခွေးလူသား တစ်ယောက်အကြောင်းပါ။ စူပါဟီးရိုးကားမဟုတ်ပေမဲ့ စိတ်ကူးယဉ်ဆန်ဆန်ပဲ ခွေးတွေက သူတို့ရဲ့သခင်ခိုးသမျှကို အတိအကျနားလည်နေပြီ လူတွေကို တိုက်ခိုက်တာ၊ ပစ္စည်းတွေခိုးတာ လုပ်တတ်နေတာပါ။ ဒီရုပ်ရှင်အတွက် လေ့ကျင့်ထားတဲ့ခွေးအစစ်တွေအများကြီးကိုအသုံးချပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ဒေါက်ဂလပ်ဆိုတဲ့လူတစ်ယောက်အဖမ်းခံရပြီး သူ့ကို စိတ်ပိုင်းဆိုင်ရာ စစ်ဆေးဖို့ စိတ်ဆရာဝန်မ တစ်ယောက်က သူ့ဘဝအကြောင်းကို အင်တာဗြူးတာနဲ့စတင်ထားပါတယ်။ ငယ်ငယ်ကတည်းက အနိုင်ကျင့်တတ်တဲ့အဖေကြောင့် ခွေးတွေနဲ့ ခွေးလှောင်အိမ်ထဲမှာပဲ နေခဲ့ရတဲ့ကလေးဟာ လူတွေထက်ခွေးတွေကို ပိုချစ်တတ်ပြီး ပိုနားလည်လာသလို ခွေးတွေကလည်း သူ့ကို အပြည့်အဝနားလည်လာကြပါတယ်။ ဒေါက်ဂလပ်ရဲ့ ကလေးဘဝကနေ လူကြီးဘဝအထိ ရုန်းကန်လာရပုံတွေ ခွေးတွေကို ဂေဟာဖွင့်ပြီး စောင့်ရှောက်ထားရင်း ပိုက်ဆံမရှိတော့လို့ သူ့ခွေးတွေရဲ့အကူအညီနဲ့ ခိုးရဝှက်ရပုံတွေ၊ လူတွေကိုကူညီရင်းနဲ့ နောက်ဆုံးမှာ လူမိုက်ဂိုဏ်းကြီးတစ်ခုနဲ့ ရင်ဆိုင်ရပုံတွေကို အမေးအဖြေတလှည့် ဇာတ်ကွက်တစ်လှည့်ပြသသွားတာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်လိုက်ကြပါဦး။File size…(1.6 GB)/(975 ...
movie

DogMan (2023)

A Tale of Two Guns (2022)
A Tale of Two Guns (2022)  အနောက်တိုင်းကောင်းဘွိုင်ကားတွေကိုကြိုက်တဲ့သူတွေအတွက်၂၀၂၂ တုန်းကထွက်ရှိခဲ့တဲ့ A Tale Of Two Guns ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ကောင်းဘွိုင်ကားတွေထုံးစံအတိုင်း ဘိုင်ဝမ်းသေနတ်ယှဉ်ပစ်တာတွေနဲ့ သေနတ်ပစ်စကေးတွေကိုတစ်၀ကြီးကြည့်ရှုရမှာဖြစ်ပြီး ဇာတ်ညွှန်းကလည်းမဆိုးတဲ့အတွက်ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။ဇာတ်ကားအစမှာတော့ ကောင်းဘွိုင်များလို့ခေါ်တဲ့ လူဆိုးအဖွဲ့နဲ့အရာရှိကြီးမက်တိတို့ တိုက်ခိုက်နေတာကိုတွေ့ရမှာဖြစ်ပြီး နှစ်ဖက်လုံးအထိနာခဲ့ကြပြီး လူဆိုးအဖွဲ့ထဲက အေဘယ်ဆိုတဲ့တစ်ယောက်ကလွတ်သွားပါတော့တယ်။အရာရှိကြီးလည်း သူ့ရဲ့ ညာလက်ရုံးကိုဆုံးရှုံးလိုက်ရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတော့တယ်။အဲ့ဒါကြောင့်ညာလက်ရုံးအသစ် လိုအပ်နေတဲ့အရာရှိကြီးဆီကို ဟိုလင်ဂျာဆိုတဲ့လူတစ်ယောက်ရောက်ရှိလာပါတော့တယ်။  သူကလည်းရာဇဝတ်သားတွေကို နှိမ်နင်းရာမှာအရမ်းနာမည်ကြီးတဲ့ အရာရှိတစ်ယောက်ဖြစ်ပါတယ်။ဟိုလင်ဂျာရဲ့ အရည်အချင်းအစစ်အမှန်တွေကို အရာရှိကြီးတွေ့ပြီးနောက်မှာတော့ လွတ်မြောက်သွားတဲ့အေဘယ်ဆိုတဲ့ ၀ရမ်းပြေးကိုလိုက်လံဖမ်းဆီးဖို့ယုံယုံကြည်ကြည်တာဝန်ပေးလိုက်ပါတော့တယ်။ဒီလိုနဲ့ ဟိုလင်ဂျာတစ်ယောက်အေဘယ်ကိုဘယ်လိုလိုက်ဖမ်းမလဲ လမ်းမှာရောဘယ်လို အခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ နောက်ဆုံးမှာရောဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…1.30 GB / 618 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 31m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

A Tale of Two Guns (2022)

Calamity Jane (2024)
Calamity Jane (2024)  ရှေးခေတ်ကောင်းဘွိုင်ကားတွေကြည့်လိုက်ရင် Cowboy ဆိုတဲ့အတိုင်း အမျိုးသားတွေကပဲကြမ်းပြနေပြီး အမျိုးသမီးတွေကြမ်းပြတယ်ဆိုတာ ခပ်ရှားရှားပါပဲ။အဲ့ဒါကြောင့် သာမန်ကောင်းဘွိုင်ကားတွေနဲ့မတူပဲ အမျိုးသမီးတစ်ယောက် ကြမ်းပြတဲ့ကားကိုကြည့်ချင်ရင်တော့အခုတင်ဆက်ပေးမဲ့ Calamity Jane ဆိုတဲ့ ကားက ရှယ်ပဲဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ ဇာတ်ကားနာမည်ထဲကကလမ်မတီဂျိန်းဆိုတာက ကောင်းဘွိုင်သမိုင်းကြောင်းမှာ တကယ်ရှိခဲ့တဲ့ ခပ်ကြမ်းကြမ်းအမျိုးသမီးတစ်ယောက်ဖြစ်နေလို့ပါပဲ။သေနတ်ပစ်ရာမှာ ယောက်ျားတွေထက်ပိုကြမ်းသလို လုပ်ခဲ့တဲ့ရာဇဝတ်မှုတွေကြောင့် သူ့နာမည်ကြားရုံနဲ့ကို ရှိန်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။၁၉၅၃ ခုနှစ်တုန်းကလည်း ဒီနာမည်နဲ့ပဲဇာတ်ကားတစ်ကားထွက်ခဲ့ပြီး အခုကတော့ခေတ်သစ်မှာပြန်လည်ဆန်းသစ်ရိုက်ကူးထားတယ်လို့ပြောရမှာပါပဲ။အထက်မှာပြောခဲ့တဲ့အတိုင်းပဲ အဲ့လိုကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ကလမ်မတီဂျိန်းဆိုတဲ့အမျိုးသမီးရဲ့ ယောက်ျားကို ဖဲဝိုင်းတစ်ဝိုင်းမှာစကားများပြီးလူတစ်ယောက်က သတ်လိုက်တာကိုသိလိုက်ရတဲ့အခါမှာတော့ရေဆုံးမြေဆုံးထိ လိုက်ပြီးပြန်လည်လက်စားချေပုံတွေ သူ့ဘ၀ရဲ့ဘ၀ဇာတ်ကြောင်းအစုံအလင်ကို သေနတ်ပစ်ခန်းတွေအများအပြားနဲ့ကြည့်ရှုရမဲ့အက်ရှင်ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။  File size…1.69GB / 716 MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 35m Genre ….. Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Calamity Jane (2024)

Bury My Heart at Wounded Knee (2007) 7.1
Bury My Heart at Wounded Knee (2007) Bury My Heart at Wounded Knee (2007) ============================= IMDb Rating - 7.1/10ဒီဇာတ်လမ်းဟာ ၁၉၆၀ နဲ့ ၇၀ ဝန်းကျင် အမေရိကန်အနောက်ပိုင်းက မူလတိုင်းရင်းသားတွေအကြောင်းရေးသားထားတဲ့ Bury My Heart at Wounded Knee စာအုပ်ကိုအခြေခံထားတာဖြစ်ပါတယ်။အမေရိကန်တွေ သူတို့ရဲ့ဒေသကိုကျူးကျော်ဝင်ရောက်လာပုံ၊ သူတို့ရဲ့ နဂိုနေရိုးရာဓလေ့ထုံးစံတွေကနေ အမေရိကန်တွေသူတို့အတွက် သတ် မှတ်ပေးထားတဲ့ သီးသန့်နယ်မြေတွေမှာ ဘ၀ကိုအခြေချရင်း ခေတ်ပေါ် လူနေမှုဓလေ့ထုံးစံတွေအပေါ်မှာ အသားကျအောင်ပြုပြင်ရင်း ရှင်သန် အောင်ကြိုးစားရပုံတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။မူလတိုင်းရင်းသားတွေ တွေ့ကြုံခဲ့တဲ့ အခက်အခဲနဲ့ခါးသီးမှုတွေကိုစာနာ နားလည်စေသလို တစ်ဖက်စီးနင်း ဝါဒဖြန့်ဆန်ဆန်ပြမထားပဲ သူတို့ကောင်း ကျိုးကိုအမှန်တကယ် ရှေးရှုတဲ့အမေရိကန်တစ်ချို့ဘက်ကိုပါပြသွားခဲ့သလို အဲ့ဒီလူတွေရင်ဆိုင်ခဲ့ရတဲ့ အတိုက်အခံတွေကိုလည်းမီးမောင်းထိုးပြနိုင်ခဲ့ပါ တယ်။ Tv-movie တစ်ခုအဖြစ်အသက်သွင်းခဲ့ပေမယ့် ဆုပေါင်းများစွာရရှိ ထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက်ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2.5 GB) / (1 GB) Quality............BLU-RAY 1080p / 720p Duration.........2Hr 13Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History, Western Translator.......Alias Encoder..........SWM
movie

Bury My Heart at Wounded Knee (2007)

2007
Coyote (KoJot) (2017) 7.1
Coyote (KoJot) (2017) ဒီတစ်ခေါက်မှာတော့ IMDB 7.1/10 ရရှိထားတဲ့ ဟန်ဂေရီ Action/Drama ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။မီရှီက တွေဝေတတ်ပြီး လုပ်သမျှအဆင်မပြေတဲ့ လူငယ်လေးတစ်ယောက်ပါ။ ချစ်သူနဲ့ ဘဝတစ်ခု တည်ဆောက်ဖို့ ကြိုးစားရာမှာ အဆင်မပြေတာတွေကြုံခဲ့ရပြီး ဘဝကို စိတ်ပျက်လက်ပျက်ဖြစ်နေချိန်မှာပဲ ဆုံးပါးသွားတဲ့ အဘိုးဖြစ်သူက ဟန်ဂေရီက တူစကိုဆိုတဲ့မြို့လေးက သူပိုင်တဲ့အိမ်နဲ့ မြေကို သူ့ကိုအမွေပေးခဲ့တာကြောင့် သူက အမွေဆက်ခံရဖို့ ဖြစ်လာပါတော့တယ်။လက်ရှိနေနေတဲ့မြို့ကြီးကနေ မြို့ငယ်လေးက အမွေရတဲ့ အိမ်လေးကို သွားပြီး ချစ်သူနဲ့ အေးအေးဆေးဆေးနေဖို့ အိမ်ကို ပြင်ဆောက်ဖို့ ကြိုးစားခဲ့ပေမဲ့ မထင်ထားတဲ့ အန္တရာယ်တွေက သူတို့ကို ဆီးကြိုနေခဲ့ပါတော့တယ်။အဲဒါကတော့ မြို့က အာဏာရှိတဲ့လူကြီး ပါလ်ဆိုအီကာလ်က သူ့ကို မြေရောင်းဖို့ အတင်းအကျပ် ဖိအားပေးခဲ့တာပါပဲ။ သူ့အဘိုးရဲ့အမွေအနှစ်မို့ အဆုံးစွန်ထိ ကာကွယ်ဖို့ ကြိုးစားပေမဲ့ လူပျော့လူညံ့လေးဖြစ်သူ မီရှီတစ်ယောက် မြို့ခံအာဏာရှိသူ ပါလ်ဆိုအီကာလ်နဲ့ ယှဉ်ပြိုင်ပြီး သူ့ရဲ့အိမ်နဲ့ခြံလေးကို ကာကွယ်ပေးနိုင်ပါ့မလား ဆိုတာကိုတော့ ...
movie

Coyote (KoJot) (2017)

The Homesman (2014) 6.6
The Homesman (2014) The Homesman (2014)~ IMDb - 6.6/10, RT - 81%, Meta - 68% ~ဒီရုပ်ရှင်ဟာ Western ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့ Glendon Swarthout ရဲ့ The Homesman ဝတ္ထုကိုမှီငြမ်းထားတယ်။ သူ့‌ဇာတ်ကောင်တွေရဲ့ ထူးခြားချက်က သန်မာသလောက် ရှုပ်ထွေးတဲ့ပုံစံမျိုးကိုဦးတည်တယ်။ ဇာတ်ကောင်တွေက သာမန်ဖြစ်ခြင်း၊ သာမန်သတ္တိ၊ သာမန်ရဲရင့်မှု၊ သာမန်ကိုယ့်ကျင့်တရားတွေမရှိနေဘူး။ စံသတ်မှတ်ချက်တွေကနေ ကျော်လွန်တဲ့ ဒါမှမဟုတ် ကွဲပြားတဲ့ သတ္တိနဲ့ဖြောင့်မတ်မှုမျိုးကို ပြတယ်။ အဲဒီလို ဇာတ်ကောင်တွေကိုလည်း သူ့ရဲ့ Bless the Beasts and the Children နဲ့ The Homesman ဝတ္ထုတွေမှာ သိသိသာသာတွေ့ရတယ်။ The Homesman က စံသတ်မှတ်ချက်တွေကိုမေးခွန်းထုတ်ပြီး တကယ့်သတ္တိက ဘာလဲဆိုတာကို သူ့ရှုထောင့်ကနေ ဖြေဖို့ ကြိုးပမ်းချက်တွေပဲ။ ...
movie

The Homesman (2014)

2014
The Ballad of Little Jo (1993) 6.7
The Ballad of Little Jo (1993)  လူလတ်ဘဝမှာ ယောကျ်ားတစ်ယောက်လိုနေထိုင်ခဲ့တယ်... သေကာမှ မိန်းမတစ်ယောက်ဖြစ်နေမှန်းသိရတော့တယ်။ ၁၉ရာစုလောက်က ဖြစ်ရပ်မှန်ဇာတ်ကြောင်းတစ်ခုကို စိတ်ကူးစိတ်သန်းယူပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဂျို့စ်ဖင်းမော်နက်ဟန်ဆိုတဲ့ သူဌေးသမီးက ဓာတ်ပုံဆရာနဲ့ကြိုက်ခဲ့ပြီး တရားမဝင်ကလေးတစ်ယောက်ရခဲ့တယ်။ အဲဒီခေတ်က ၁၉ရာစုဆိုတဲ့အတိုင်း အမျိုးသားတွေကအခွင့်ထူးခံဘဝမျိုးနဲ့နေရပြီး အမျိုးသမီးတွေရဲ့ဘဝကတော့ လူချမ်းသာမျိုးရိုးမှမဟုတ်ရင် သိပ်ပြီးမလုံခြုံလှပါဘူး။ တရားမဝင်ကလေးရခဲ့တဲ့ ဂျို့စ်ဖင်းအပေါ် အဖေဖြစ်သူရဲ့အမျက်ကြောင့် ဂျို့စ်ဖင်းက အိမ်ကနေထွက်လာခဲ့ရတယ်။ အိမ်ခြေရာမဲ့မိန်းကလေးအဖြစ်နဲ့သွားလာရင်း မလုံခြုံလာတာကြောင့် နောက်ဆုံးမှာ ယောကျ်ားလေးအဖြစ်အသွင်ပြောင်းပြီး ဂျိုးမော်နက်ဟန်အဖြစ်နဲ့ သတ္တုတွင်းတူးတဲ့မြို့လေးကိုရောက်လာခဲ့ပါတော့တယ်။  File size…(3.1 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:01:00 Genre...Drama, Romance, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

The Ballad of Little Jo (1993)

The Night They Came Home (2024)
The Night They Came Home (2024) The Night They Came Home (2024)(function(f,b,n,j,x,e){})();အခုတစ်ခါမှာတော့ အမေရိကရဲ့ OG ဇာတ်လမ်းလေးတစ်ပုဒ်ရောက်ရှိလို့လာပါပြီ။ ဒီ "The Night They Came Home" ဆိုတဲ့ ဇာတ်လမ်းကို ၁၉ ရာစုအချိန် ဒေသခံအမေရိကန်တွေဖြစ်တဲ့ ရက်ဒ်အင်းဒီးယန်းတွေရယ် ယနေ့ခေတ်အမေရိကန်တွေဖြစ်ကြတဲ့ လူဖြူတိုင်းရင်းသားတို့ရယ် မြေပုံပေါ် နယ်နိမိတ်ချင်းလုနေကြတဲ့အချိန်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်အပေါ် အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ အားလုံးလည်း သိကြမယ့် မင်းသားကြီး Danny Trejo ပါဝင်ထားပါတယ်။~ ဇာတ်လမ်းအကျဉ်း ~ရူးဖတ်စ်ဘတ်ခ်ဆိုတဲ့ အင်းဒီးယန်းကပြားလေးတစ်ယောက်ဟာ ငယ်စဉ်အရွယ် မိဘတွေမတရားသတ်ဖြတ်ခံလိုက်ရကတည်းက လူဖြူတွေကိုမကျေနိုင်ဖြစ်နေခဲ့တာပါ။ အဲဒီအချိန်အခါက အင်္ဂလိပ်တွေက ကိုလိုနီချဲ့ထွင်ပြီးတဲ့အချိန်ဖြစ်တဲ့အတွက် အမေရိကတိုက်မှာပါ ခရစ်ယာန်သာသနာစာသင်ကျောင်းတွေရှိလာခဲ့ပါတယ်။ ငယ်စဉ်အရွယ်ဘဝဇာတ်ကြောင်း ခါးသီးလွန်းလှတာကတစ်ကြောင်း၊ အင်းဒီးယန်းခရစ်ယာန်စာသင်‌ကျောင်းတွေရဲ့ ကွဲပြားခြားနားလှတဲ့ပို့ချမှုတွေကတစ်ကြောင်း နှစ်ခုပေါင်းသွားတဲ့အခါမှာ ရူးဖတ်စ်ဟာ လူမျိုးရေးအစွန်းရောက်သွားပြီး သူမကျေမလည်ဖြစ်နေခဲ့တဲ့ လူဖြူတွေကိုသတ်ဖို့ကြံရွယ်လာတဲ့အထိဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ ရူးဖတ်စ်တစ်ယောက်အရွယ်ရောက်တဲ့အချိန် သူ့ရဲ့လူမျိုး အင်းဒီးယန်းတစ်ယောက်ကြိုးပေးခံလိုက်ရတာကို မျက်မြင်ကိုယ်တွေ့ဖြစ်သွားခဲ့တဲ့အချိန်မှာမှ တကယ်စိတ်ရိုင်းဝင်သွားပြီး လူဖြူဆိုရင်ကို သတ်ရ ...
movie

The Night They Came Home (2024)

2024