Channel Myanmar

War

Eismayer(2022) 7.1
Eismayer(2022) Eismayer(2022)**************အရာခံဗိုလ်ကြီး အက်စ်မေယာဟာ ဩစတီးယားတပ်ဖွဲ့ရဲ့တပ်သားသစ်တွေကြားမှာ ကြမ်းလွန်းတင်းကြပ်လွန်းတယ်လို့ နာမည်ကြီးနေတဲ့သူပါ.. အဲ့လိုတင်းကြပ်လွန်းတဲ့အပြင်ဇနီးနဲ့သားတစ်ယောက်လည်း ရှိတဲ့အက်စ်မေယာဟာတစ်ဖက်မှာတော့ လိင်တူစိတ်ဝင်စားတဲ့သူတစ်ယောက်ဖြစ်နေပြီး အဲ့ဒီစိတ်ကိုထိန်းချုပ်ရင်းနဲ့နေထိုင်နေတဲ့သူပဲ ဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့တပ်သားသစ် မာရီယိုဖာလက်နဲ့တွေ့ဆုံမိပြီး ထိန်းချုပ်ထားတဲ့ စိတ်တွေပွင့်ထွက်လာခဲ့ပြီး ဖာလက်နဲ့ချစ်ကျွမ်းဝင်ခဲ့ပါတယ်။အက်စ်မေယာကင်ဆာရောဂါကိုခံစားနေရချိန်မှာလည်း ဖာလက်ကပြုစုပေးနေရင်းနဲ့ သူတို့ကြားကသံယောဇဉ်တွေကတစ်စတစ်ကြီးထွားလာခဲ့ပါတယ်။ ဒါပေမယ့်အဲ့ဒီကိစ္စကို အနားကလူတွေမရိပ်မိအောင်နေထိုင်နေရင်းဖာလက်ကတရားဝင်လူရှေ့ထွက်ဖို့ပြောလာတဲ့အခါမှာတော့...ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကိုအခြေခံထားတာဖြစ်ပြီး အချစ်ဟာအချစ်ပဲဆိုတာကိုအများကနားလည်လာအောင် တင်ဆက်ထားတဲ့ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်။File Size :(1.3GB) and (469MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:56:00 Genre : War , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  APP Encoded by Phyo Pyae
movie

Eismayer(2022)

Inbetween Worlds (2014) 6.5
Inbetween Worlds (2014) Inbetween Worlds (2014) =================== IMDb Rating - 6.5/10ဂျာမန်စစ်သားတဦးဖြစ်တဲ့ ဂျက်စ်ပါဟာရဲ့ ညီဖြစ်သူက အာဖဂန်နစ်စတန်မှာကျဆုံးထားပေမယ့် နောက်တကြိမ် ထပ်ပြီး အာဖဂန်မှာ တာဝန်ထမ်းဆောင်ရန်ထွက်ခဲ့ပါတယ်။ သူ့တာဝန်က တာလီဘန်တွေရဲ့ရန်ကနေရွာတရွာကို ဒေသခံ အာဘတ်ကီတပ်ဖွဲ့တွေနဲ့ အတူတူကာကွယ်ပေးရမှာဖြစ် ပါတယ်။အဲ့ဒီမှာဂျက်စ်ပါရဲ့ စကားပြန်ဖြစ်သူ တာရစ်နဲ့ သူ့ညီမလေး တို့ဟာ ဂျာမန်စစ်တပ်အတွက် စကားပြန်လုပ်ပေးနေလို့ တာလီဘန်တွေရဲ့ ခြိမ်းခြောက်ခံနေရပါတယ်။  တာရစ်နဲ့ ခင်မင်ရင်းနှီးသွားပြီးနောက် သနားစိတ်တွေပေါ်လာတဲ့ ဂျက်စ်ပါတယောက် တာရစ်ညီမလေးဒုက္ခကြုံလာတဲ့အခါ အထက်အမိန့်တွေလွန်ဆန်ပြီး ကယ်တင်နိုင်မလား ဆိုတာကို စစ်ပွဲနောက်ခံ ဒရာမာ လေးတွေကြည့်ချင်သူတွေအတွက် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်)File Size..........(1.92 GB) / (831 MB) / (476 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 38Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, War Translator.......Chit Min Thu Encoder..........SWM
movie

Inbetween Worlds (2014)

2014
April 9th(2015) 6.6
April 9th(2015)  Genre - War, Action, Drama IMDB - 6.6/10ဧပြီလ ၉ ရက်နေ့တဲ့ ဒီနေ့ရက်ကို ဒိန်းမတ်လူမျိုးတွေ သူတို့ တစ်သက်တာ ဘယ်တော့မှ မေ့နိုင်ကြမယ်လို့ မထင်တော့ဘူး။ ဘာလို့လဲဆိုတော့ ၁၉၄၀ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ ဥရောပမှာ အင်အားကြီးထွားနေတဲ့ ဖက်ဆစ်ဂျာမန်တပ်တွေက ဒိန်းမတ်နိုင်ငံကို စတင်ကျူးကျော်ခဲ့လို့ ဖြစ်ပါတယ်။ဂျာ့လန်ကျွန်းစွယ်ရဲ့တောင်ဖက်တွေမှာ တိုက်ပွဲတွေ ကြီးကြီးမားမား ဖြစ်ခဲ့ကြတာပေါ့။ ဒီလိုအင်အားကြီးနေတဲ့ ဂျာမန်စစ်တပ်ကြီးကို ယှဉ်တိုက်ရမှာက အဖက်ဖက်က မယှဉ်နိုင်တဲ့ ဒိန်းမတ်စစ်တပ်လေးပေါ့။ တင့်ကားတွေ သံချပ်ကာယာဉ်တွေ မော်တာတွေ ရှိတဲ့ ဂျာမန်နဲ့ ရင်ဆိုင်ရာမှာ ဒိန်းမတ်ဖက်တော့ အမြင့်ဆုံးဆိုလို့ စက်သေနတ်သာ ရှိပါတယ်။ပြီးတော့ တင့်ကားတွေ ယာဉ်တွေမပြောပါနဲ့ ပထမဆုံး စစ်မျက်နှာပြင်ကို ခံစစ်ဖွင့်ရတဲ့တပ်စုတွေကိုကြည့် မော်တော်ဆိုင်ကယ်တပ်စုတဲ့ မင်းသားတို့ဆို ပိုဆိုး နယ်စပ်က အိမ်စောင့်စက်ဘီးတပ်စုလေးဗျာ အဲဒါလေးနဲ့ ဟိုဖက်က ဧရာမဘီလူးတွေကို ...
movie

April 9th(2015)

Das Boot(1981) 8.4
Das Boot(1981) Genre - War,Drama IMDB - 8.4/10 ဒုတိယကမ္ဘာစစ်ရဲ့ စစ်မျက်နှာပြင်မှာ ကုန်းကြောင်း၊ လေကြောင်းနဲ့ ရေကြောင်းရှိတဲ့အလျောက် ဒီလို ရေငုပ်သင်္ဘောအကြောင်း ရိုက်ထားတာ တော်တော်ကိုရှားတယ် ပြောရမယ်။ မှတ်မိသလောက်ဆို ၂၀၀၀ ခုနှစ်က U-571 ရယ် ထွက်ထားတာ သိပ်မကြာသေးတဲ့ Greyhound တို့ပဲ ရှိမယ်ထင်တယ်။ ပြီးတော့ ဂျာမန်စစ်ကားထုံးစံအတိုင်း ဝါဒဖြန့်မပါပဲ သဘာဝကျကျ ဖြတ်သန်းရတာမျိုးပဲ ကြည့်ရှုရမှာပါ။ ပြောလို့သာပြောတာ WW2 မှာ ဂျာမန်ရေငုပ်သင်္ဘောတွေက အမဲလိုက်မြေခွေးတွေဆိုတဲ့ နာမည်ပြောင်အတိုင်း ပင်လယ်ပြင်တွေမှာ မဟာမိတ်သင်္ဘောတွေကို တစ်စီးတည်းနဲ့ အုပ်လိုက်တွေကို အမဲလိုက်တာ အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ မင်းသားကြီး တွန်ဟမ့်သရုပ်ဆောင်ထားတဲ့ Grey Hound မှာ ဥပမာအနေနဲ့ မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီကားမှာကျ ဒီဂျာမန်ရေငုပ်သင်္ဘောသားတွေရဲ့ လက်တွေ့ဘဝ၊ အခက်အခဲ၊ သေရေးရှင်ရေး ကြိုးပမ်းရပုံတွေကို အမြင်တစ်မျိုးနဲ့ ပြန်ခံစားရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ စစ်သတင်းထောက် ဗိုလ်လေးတစ်ယောက်က ...
movie

Das Boot(1981)

Suite Francaise (2014) 7.0
Suite Francaise (2014) Suite Francaise (2014)********************Suite Francaiseရုပ်ရှင်ရဲ့ မူရင်းဝတ္ထုဟာဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းမှာရေးသားခဲ့တာဖြစ်ပြီး၂၀၀၄ခုနှစ်ရောက်မှ ထုတ်ဝေနိုင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဒီဝတ္ထုကိုရေးသားခဲ့သူ Irène Némirovskyဟာ ၁၉၄၂ခုနှစ်မှာ ဂျူးလူမျိုးဖြစ်တဲ့အတွက်ဂျာမန်တပ်တွေ ဖမ်းဆီးတာခံရပြီး Auschwitzချွေးတပ်စခန်းမှာအခြားသော ဂျူးလူမျိုးတွေနဲ့အတူသတ်ဖြတ်ခံခဲ့ရလို့ပါ။ နှစ်၆၀လောက်ကြာပြီးတဲ့နောက်မှာ သူမရဲ့သမီးဖြစ်သူက မိခင်ဖြစ်သူရဲ့မှတ်စုစာအုပ်ထဲမှာရေးသားထားတဲ့ဝတ္ထုနှစ်ပုဒ်ကိုတွေ့ရှိခဲ့ပြီး၊ ဒီဝတ္ထုနှစ်ပုဒ်ပေါင်းပြီးမှ Suite Francaiseဆိုတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လာကာ နောက်များမှ ရုပ်ရှင်အဖြစ်ပိတ်ကားပေါ်ရောက်ရှိလာရပါတယ်။ မူရင်းစာရေးဆရာမဟာ ဒီဇာတ်လမ်းကို အပိုင်း ၅ပိုင်းနဲ့ရေးသားခဲ့မှတ်စုထုတ်ထားခဲ့ပေမယ့်လည်းနှစ်ပိုင်းသာအချောသတ်ရေးသားနိုင်ခဲ့တဲ့အတွက် ကျန်သုံးပိုင်းကတော့ မှတ်စုစာအုပ်ထဲက မှတ်တမ်းမှတ်ရာလေးတွေအဖြစ်သာကျန်ရှိနေဆဲပါ။ ဒီဇာတ်ကားရဲ့ဇာစ်မြစ်လေးဟာ ဒီလိုကြေကွဲစရာကောင်းသလို ဇာတ်လမ်းလေးကလည်း ရိုးရိုးရှင်းရှင်းဆို့ဆို့နင့်နင့်နဲ့ အချစ်၊အမုန်းဒွန်တွဲပြီး ရန်သူတွေတစ်ဖြစ်လဲ၊ ဝတ္တရား တာဝန်တွေ ခြားနားခံထားရတဲ့ ချစ်သူနှစ်ဦးအကြားကတိမ်းညွှတ်လိုက်လျောမှုတွေကိုပေါ်လွင်အောင်ရိုက်ပြထားပြီး လက်မလွှတ်တမ်းကြည့်သင့်တဲ့war romantic dramaကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။File Size :(1.7GB) and (688MB) Quality :Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:47:00 Genre : War, Drama , Romance , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo ...
movie

Suite Francaise (2014)

Civil War Saint (2022) 4.0
Civil War Saint (2022) Civil War Saint (2022) ================ဇာတ်လမ်းလေးကတော့ တိုက်ပွဲအတွင်းမှာဒဏ်ရာရလာတဲ့ ဂျွန်နသန်ကို ဆေးရုံက ဝီလာမီနာဆိုတဲ့ခွေးကရှာတွေ့ပြီးတော့ ကယ်ဆယ်လိုက်ပါတယ်။ နောက်ပြီး ဂျွန်နသန်မေ့နေတုန်းက စစ်ပွဲကြီးပြီးသွားတဲ့အတွက် အကုန်လုံးအိမ်ပြန်ကြတယ်။ဂျွန်နသန်ပြန်သတိရလာတဲ့အခါမှာတော့ သူနာပြုဆရာမကြီး က စစ်ပွဲကြီးပြီးသွားကြောင်းနဲ့ အကုန်လုံးနေရပ်ကိုပြန်သွား ကြောင်းပြောပြတယ်၊ အဲ့ဒါနဲ့ပဲ ဂျွန်နသန်လည်းသူ့နေရပ်ဖြစ်တဲ့ မေယာလန်းကိုပြန်ဖို့လုပ်တယ်၊ ဆေးရုံမှာစောင့်ရှောက်မယ့်သူ မရှိတဲ့ ဝီလာမီနာဆိုတဲ့ခွေးမကို သူနာပြုဆရာမကြီးက ခေါ်သွား ပေးဖို့တောင်းဆိုတယ်၊ လမ်းမှာလည်းအဖော်ရတဲ့အတွက် ဂျွန် နသန်ဟာခေါ်သွားဖို့ဆုံးဖြတ်လိုက်တာပေါ့။ ဒီလိုနဲ့ ဂျွန်နသန်ရဲ့ အိမ်ပြန်ခရီးမှာမမျှော်လင့်ထားတာတွေဖြစ်လာတဲ့အခါမှာတော့.......(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(1.47 GB) / (693 MB) / (460 MB) Quality............WEB-RIP 1080p / 720p / 480p Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, War Translator.......Tin Myo Lwin Encoder..........SWM
movie

Civil War Saint (2022)

2022
Born on the Fourth of July(1989) 7.2
Born on the Fourth of July(1989) Born on the Fourth of July(1989)*******************************ဒီရုပ်ရှင်ဟာ အမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့၊ ဂျူလိုင် ၄ရက်နေ့မှာမွေးဖွားခဲ့တဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူ အမေရိကန်-ဗီယက်နမ် စစ်ပြန်ကြီး Ron Kovicအကြောင်းဇာတ်အိမ်တည်ရိုက်ကူးထားတဲ့စစ်ဆန့်ကျင်ရေး အတ္ထုပတ္တိကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Ronရဲ့ငယ်စဥ်ကလေးဘဝဟာ ထိုခေတ်ထိုကာလကထုံးစံအတိုင်း စစ်ပွဲအောင်နိုင်မှုတွေအကြောင်း၊တိုင်းပြည်တာဝန်ထမ်းပြီး စစ်တိုက်ရတာမှဂုဏ်ရှိတယ်၊ ကွန်မြူနစ်ဝါဒကို တိုက်ဖျက်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်-ဗီယက်နမ်စစ်ပွဲဖြစ်တော့ သူကိုယ်တိုင်ရောသူငယ်ချင်းတွေပါစိတ်လိုလက်ရ မရိန်းတပ်ထဲဝင်ပြီး တိုက်ပွဲဝင်ပါတော့တယ်။ ဒီစစ်ပွဲအတွင်းမှာပဲ စစ်ပွဲရဲ့ခါးသီးမှုတွေကြုံခဲ့ရပြီး စိတ်ဝေဒနာလည်းရ အကြောပါသေ၊ မြုံတဲ့ဘဝ ဒုက္ခိတဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့အချိန်ထိ သူ့ရဲ့ စစ်ပွဲအပေါ်အယူအဆတွေက ပြောင်းလဲမသွားသေးပါဘူး။ စစ်ဆေးရုံကဆင်း မွေးရပ်ကိုပြန်ရောက်တော့မှ အဲ့ကာလမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊နိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုမြင်ရကြားရပြီး မျက်စိပွင့်နားပွင့်ဖြစ်လာကာ၊ ကိုယ်ကိုယ်တိုင်ကလည်း စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မလုံခဲ့သူမို့... Ron Kovidတစ်ယောက် စစ်တိုက်ရတာဂုဏ်ယူတဲ့လူငယ်လေးဘဝကနေစစ်ဆန့်ကျင်ရေးသမားကြီးဘဝကို ဘယ်လိုကံကြမ္မာတွေ၊ အဖြစ်အပျက်တွေကြောင့် ရောက်လာလဲဆိုတာ ရိုက်ကူးပြသထားတဲ့ anti-war movieလေးပါပဲ။File Size :(3.3GB)(1.3GB) and (714MB) Quality : BLU-RAY 1080P5.1Ch,720p Format…mp4 Duration…02:25:00 Genre : War, Biography , Drama Subtitle : Myanmar Subtitle ...
movie

Born on the Fourth of July(1989)

The Blood Of The Bright Sword ( 2023 ) 5.9
The Blood Of The Bright Sword ( 2023 ) တရုတ်နိုင်ငံအတွင်း ဂျပန်တပ်တွေ အုပ်စိုးချယ်လှယ်စဥ်အချိန်ကာလ..., အဋ္ဌမလမ်းကြောင်း(ပါးလု)တပ်မတော်ရဲ့ အဖွဲ့ချုပ် ဖြစ်သူ လီယွင်လုံ နဲ့ ရှို့ချင်တို့ရဲ့ မင်္ဂလာပွဲညမှာ ဂျပန်အထူးတပ်ဖွဲ့ဟာ ဝင်ရောက် ထိုးစစ်ဆင်ပါတော့တယ် ။ အဲဒါအပြင် ကျောက်ကျားတောင်ကြားရွာက ရွာသူရွာသား အများအပြားဟာ ဂျပန်တွေလက်ထဲမှာ အပြစ်မဲ့စွာသေဆုံးသွားခဲ့ကြပြီး သတို့သမီးဖြစ်သူ ရှို့ချင်ကိုလဲ အရှင်လတ်လတ်ဖမ်းဆီးသွားခဲ့ပါတော့တယ် ။ဒီလုပ်ရပ်ကို မခံမရပ်ဖြစ်နေကြတဲ့ အဋ္ဌမလမ်းကြောင်း(ပါးလု) တပ်မတော် နဲ့ ကျောက်ကျားတောင်ကြားရွာ ရွာသူရွာသားတွေဟာ ဖက်စစ်ဂျပန်တွေကို တိုက်ခိုက်ဖို့အတွက် တစ်ဖန်ပြန်ကာ ထိုးစစ်ဆင်လာခဲ့ပါတယ် ။ ဒီတော့ -❏ သူတို့တွေရဲ့ တိုက်ပွဲ အောင်မြင်နိုင်ပါ့မလား ? ❏ အသက်နဲ့ရင်းကား ပေးဆပ်ခဲ့ကြတဲ့ ကျောက်ကျားတောင်ကြားရွာ ရွာသူရွာသားတွေအတွက် လက်စားချေပေးနိုင်ပါ့မလား ?❏ မဂ်လာဦးညမှာတင် ကွဲကွာသွားခဲ့တဲ့ လီယွင်လုံ နဲ့ ရှို့ချင်တို့ကတော့ ပြန်လည်တွေ့ဆုံ နိုင်ပါ့မလားဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres ...
movie

The Blood Of The Bright Sword ( 2023 )

The War Below(2020) 7.0
The War Below(2020) The War Below(2020)********************World war 1  ကမ္ဘာစစ် ဖြစ်ရပ်မှန်ကိုအခြေခံထားပြီး ကာလအားဖြင့်1915 ခုနှစ် စစ်ပွဲကြီးမှာ ဂျာမန်တွေနဲ့  အင်္ဂလိပ်တို့တိုက်နေရချိန်ပါ...ဒီချိန်မှာ ဂျာမန်ဘက်က အရေးသာပြီးပြီး အဂ်လိပ်တို့ အရေးနိမ့်နေချိန်ပါ..လူတွေ သောင်းချီ အပတ်တိုင်းသေနေပြီး ရှေ့ကိုတစ်လမတိုးဖို့တောင် ခက်ခဲနေတဲ့အဂ်လိပ်တို့ရဲ့အခြေအနေပါ..ဘာလင်ကိုသိမ်းဖို့ ဝေးစွ ....ဂျာမန်ရဲ့ရှေ့တန်းခံစစစ်စည်းကိုတောင်မကျော်နိုင်တဲ့အတွက်အင်္ဂလိပ်တို့ ထိုးစစ်ဆင်ဖို့ နည်းအမျိုးမျိုးစဉ်းစားကြပါတယ်..ဒါကြောင့်  British ခေါင်းဆောင်တွေက မိုင်းတူးသမားတွေကို လူစုပြီး ခေါ်ခဲ့ပါတယ် ..အကြံကတော့ အင်္ဂလိပ်ဘက်ကနေ ဂျာမန်ရှေ့တန်းထိ နေရာတစ်လျှောက်ကိုမြေအောက်ကနေ လှိုက်ခေါင်းတွေတူးပြီး ဗုံးထောင်ခွဲဖို့ပါ ..သာမန်အရပ်သားတွေဖြစ်နေပြီးစစ်ရေးအတွေ့ကြုံလည်းမရှိ ..ဒါ့အပြင် တူးတဲ့ကာလက အပေါ်မှာ အမြောက်သံတဝီဝီနဲ့ ဂျာမန်တွေရဲ့ နည်းဗျူဟာမြောက်ကင်းထောက်တွေကြားမှာသူတို့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....File Size :(1.1GB) and (470 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:36:00 Genre : War, History, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The War Below(2020)

Klondike (2022) 7.0
Klondike (2022) Klondike (2022) ============= IMDb Rating - 7.0/10 Rotten Tomatoes 🍅 ~ 96 % 39 Wins & 18 NominationsRating တွေလည်းကောင်းသလို ဆုတွေလည်း တနင့်တပိုး ရထားတဲ့ ယူကရိန်း ဇာတ်ကားပါ။၂၀၁၄ ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့မှာ အမ်စတာဒမ်ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ပူကို ပျံသန်းလာတဲ့ ခရီးသည်တင် လေယာဉ် MH 17 ဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၊ ယူကရိန်း- ရုရှားနယ်စပ်ဒေသမှာ ပျက်ကျခဲ့ပါတယ်။ ခရီးသည်​ (၂၈၃) ယောက်နဲ့ လေယာဉ်ဝန်ထမ်း (၁၅) ယောက်လုံးသေဆုံးခဲ့တဲ့ အဆိုပါဖြစ်ရပ်ဟာ ရုရှားတွေ အားပေးအားမြှောက်ပြုထားတဲ့ ယူကရိန်းခွဲထွက်ရေးသမားတွေရဲ့ လက်ချက်လို့ အတည်ပြုနိုင် ခဲ့ပါတယ်။ဒီဇာတ်လမ်းက အဲဒီအချိန်ကာလ အဲဒီဒေသမှာ ခွဲထွက်ရေး သမားတွေရဲ့ဒဏ်ကို အလူးအလဲခံခဲ့ရတဲ့ မိသားစုတစ်စုအကြောင်း ရိုက်ကူးထားတာပါ။တိုလစ်နဲ့ အီရီခါတို့ ဇနီးမောင်နှံဟာ ယူကရိန်း-ရုရှားနယ်စပ်က ဒွန်နတ်စ်ရွာမှာ နေထိုင်ကြသူတွေပါ။ အီရီခါက ကိုယ်ဝန်အရင့် အမာကြီးနဲ့ဖြစ်ပြီးတော့ အိမ်ကနေ ဘယ်ကိုမှ မသွားဆိုပြီး ခေါင်း မာနေတာကြောင့် သူတို့မိသားစု ရွာမှာပဲ ...
movie

Klondike (2022)

2022
The Wind That Shakes the Barley(2006) 7.5
The Wind That Shakes the Barley(2006) The Wind That Shakes the Barley(2006)**************************************အိုင်ယာလန်နိုင်ငံရဲ့ လွတ်လပ်ရေးတိုက်ပွဲအကြောင်း၊ပြည်တွင်းစစ်အ‌ကြောင်း ကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားခေါင်းစဉ် The wind that shakes the barleyဆိုတာက အိုင်းရစ်ရှ်လူမျိုးသူပုန်လေးရဲ့အကြောင်းသီဆိုထားတဲ့ သီချင်းကနေယူထားတာပါ။ဇာတ်ဝင်ခန်းတစ်ခန်းမှာတော့ ဒီသီချင်းကိုသုံးပြထားပါတယ်။ ဒီဇာတ်ကားထဲမှာနယ်ချဲ့အင်္ဂလိပ်တွေရဲ့ ဖိနှိပ်မှု နှိပ်စက်မှုတွေကို မခံနိုင်တဲ့နောက်မှာတော့အိုင်ယာလန်လူငယ်လေးတွေဟာ ပြန်လည်တိုက်ခိုက်ပုန်ကန်ကြပါတယ်။အချို့ပြည်သူတွေကလည်း အင်္ဂလိပ်တွေကို အကူအညီမပေးတာမျိုး၊ကိုယ့်လူမျိုးတော်လှန်ရေးသမားတွေကို စားစရာ၊နေစရာပေးတာမျိုး စတဲ့အမျိုးသားရေးစိတ်ဓာတ်တွေလည်းတွေ့မြင်ရမှာပါ။ လွတ်လပ်ရေးပေးမယ့်ပေးတော့လည်း နယ်ချဲ့တို့ ထုံးစံအတိုင်း ရွှေရည်စိမ်ပဲပေးပြန်တယ်။ဒီလိုနဲ့ အချင်းချင်း နိုင်ငံရေးသ‌ဘောထားတွေမတူဘဲ ငြင်းကြခုံကြနဲ့ ပြည်တွင်းစစ်ဖြစ်တာတွေကို မြင်တွေ့ရမှာပါ။ကိုယ့်ရဲဘော်ဆိုပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ကိုယ်တိုင်ကွပ်မျက်ရတာမျိုး စတဲ့ရင်နာစရာဇာတ်ကွက်တွေလည်းပါပါသေးတယ်။ ဇာတ်လိုက်ညီအစ်ကိုတွေဟာလည်း အိုင်ယာလန်နိုင်ငံဖွားသရုပ်ဆောင်တွေဖြစ်ကြပြီး peaky blinders မင်းသားကြီး Cillian Murphyရဲ့ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုလည်းတွေ့မြင်ရဦးမှာပါ။File Size :(2.2GB)(978 MB) and (380 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:07:00 Genre : War, Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

The Wind That Shakes the Barley(2006)

The Deer Hunter(1987) 8.1
The Deer Hunter(1987) The Deer Hunter (1978)=================== စစ်ပွဲတစ်ခုဆိုတာ လူတွေကို ဘာများ ပြောင်းလဲသွားစေနိုင်သလဲ....။လူတွေရဲ့ နေ့စဉ် နိစ္စဓူဝတွေအပေါ် ဘာတွေသက်ရောက်မှုရှိသွားနိုင်သလဲ....။ပင်ဆဲဗေးနီးယားက မြို့ငယ်လေးတစ်မြို့မှာ သူငယ်ချင်းတွေ အုပ်စုလိုက်ရှိကြတယ်၊ စက်ရုံမှာ အလုပ်အတူတူလုပ်တယ်၊ အမဲလိုက်တူတူထွက်ကြတယ်၊အရက်ဆိုင်လေးမှာ ပျော်ပျော်ပါး တူတူသောက်ကြတယ်။ သူငယ်ချင်းမင်္ဂလာပွဲမှာ စိတ်လွတ်ကိုယ်လွတ် လူငယ်သဘာဝ ပျော်ရွှင်ကြမယ် ဗီယက်နမ်စစ်ပြန်တွေကို အားကျတယ်။ ဒီလိုနဲ့ အဖွဲ့ထဲက လူငယ်လေး ၃ ယောက်ဟာတိုင်းပြည်ကို စစ်မှုထမ်းပေးချင်တာကြောင့် ဗီယက်နမ်ကို စစ်လိုက်ခဲ့ပါတော့တယ်။ဒီမှာ သူတို့ထင်ထားသလိုမဟုတ်ပဲ ဗီယက်နမ်နိုင်ငံက သူတို့ကို ရက်စက်စွာနဲ့ကြိုဆိုခဲ့ပါတော့တယ်၊ သေအံ့နီးနီး အဖြစ်အပျက်တွေကနေ မနည်းအသက်လွတ်အောင် ရုန်းကန်ခဲ့ရပြီး တကွဲတပြားနဲ့ ပြန်ရောက်လာခဲ့ပါတယ်။ ဒီမှာပဲဘဝတွေဟာ ပြောင်းလဲလာပါတော့တယ် ကိုယ့်မြို့လေးကို ပြန်လာနိုင်ခဲ့တယ်ဆိုပေမယ့် ဒီစစ်ကြီးရဲ့ ဆိုးရွားတဲ့အမှတ်တရဟာ နေ့စဉ်နှိပ်စက်လာပါတော့တယ်။သွားခဲ့တဲ့ သူငယ်ချင်း ၃ ယောက်ဟာ တစ်ယောက်တစ်မျိုးစီ ဘယ်လိုတွေဖြစ်ပျက်ခဲ့သလဲ၊ ပြန်ပြီး အံဝင်ခွင်ကျဖြစ်အောင် ဘယ်လိုကြိုးစားနေထိုင်ကြမလဲ၊ ကိုယ့်မြို့ကိုပြန်ရောက်တဲ့လူရော ရှိလား မရှိရင် ...
movie

The Deer Hunter(1987)

Battlebox (2023) 5.1
Battlebox (2023) Battlebox (2023)၁၉၄၁ ခုနှစ်၊ ဟောင်ကောင်ဟာ ဗြိတိသျှအင်ပိုင်ယာကြီးရဲ့ အရှေ့ဘက်စစ်မျက်နှာခံတပ်တစ်ခု ဖြစ်နေတဲ့ကာလ...... ဂျပန်တပ်တွေရုတ်တရက်တိုက်ခိုက်လာခဲ့တဲ့အခါ.... အလွဲလွဲအမှားမှား ဖြစ်ကုန်တဲ့ စစ်ဖက်ထောက်လှမ်းရေးပြဿနာကြားမှာ ပါဝင်ပတ်သက်နေမိတဲ့ တရုတ်ညီအစ်မနှစ်ယောက်ရဲ့ ဇာတ်လမ်း.... Gin Drinker ခံစစ်ကြောင်းမှာ ဂျပန်တွေအဝိုင်းခံလိုက်ရတဲ့ ဗြိတိသျှ-အိန္ဒိယစစ်သားတွေရဲ့ ဖြစ်ပုံပျက်ပုံတွေ.... သွေးပျက်ချင်စရာ စစ်ပွဲရဲ့မြူနှင်းတွေကြားမှာ မေဂျာဂျင်နရယ် မော့ဘီနဲ့ သူ့ရဲ့ အထက်တန်းအရာရှိတွေ အရှက်ကွဲခံပြီးလက်နက်ချကြမှာလား၊ အသက်အသေခံပြီး အဆုံးထိခံတိုက်သွားကြမှာလား.... (ဘယ်လမ်းကိုရွေးဖို့ သတ္တိပိုလိုမလဲ) စတာတွေကို ဇာတ်ကားလေးကြည့်ရင်း ဆက်လက်ရှုစားလိုက်ကြပါဦး.............အညွှန်း နဲ့ ဘာသာပြန်ကတော့ Bruce ပဲ ဖြစ်ပါတယ်။Genre..... Drama, History, War Quality…. 1080p | 720p | 480p File size…1.1GB | 567MB | 265MB Format… mp4 Duration…. 1h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Bruce Encoder ..... August
movie

Battlebox (2023)

2023
Air Force The Movie (2022) 6.7
Air Force The Movie (2022) Air Force The Movie (2022)*************************နာမ်ဘူရီနိုင်ငံလေးဟာ တောင်နဲ့မြောက် (၂)ခြမ်းကွဲပြီးပြည်တွင်းစစ်ဖြစ်နေတာ (၅)နှစ် တိုင်ခဲ့ပြီ...ပြည်တွင်းစစ်ဖြစ်လို့ နိုင်ငံဟာမွဲပြာကျနေပေမယ့်လူသတ်လက်နက်တွေတော့ ၂ဘက်လုံးမှာ ခေတ်မှီစွာတည်ရှိနေကြတယ်.....အဲ့ဒီနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူမှုရယူနိုင်ခဲ့တယ်.. မလေးရှားက နမ်ဘူရီရဲ့  နိုင်ငံကိုကိုတတ်နိုင်သလောက် အပတ်အခတ်ရပ်စဲစဉ်ကာလမှာအများကြီးကူညီခဲ့တယ်.. နာမ်ဘူရီနိုင်ငံထဲထိ မလေးရှားစစ်သည်အချို့လာရောက်ပြီး ကူညီခဲ့တယ်..အဲ့ဒီနောက် တောင်မြောက်ပြန်လည်စစ်ပွဲတွေဖြစ်ခဲ့ပြီးမလေးရှားစစ်သည်တွေပါဝင်တဲ့ လေယာဉ်ကြီးကို နမ်ဘူရီတို့က ပစ်ချခဲ့ပါတယ်..စစ်သည်အချို့ လေထီးနဲ့ခုန်ချခဲ့ပေမဲ့ နာမ်ဘူရီတို့ဟာ ဒီကိစ္စကို လက်စတုံးချင်တဲ့အတွက် တောနင်းရှာဖွေသတ်ဖြတ်ဖို့ဖြစ်လာတဲ့အခါမှာတော့..မလေးရှားတို့ သူတို့စစ်သည်တွေကယ်တင်နိုင်မလား..လူ လက်နက်အင်အားချို့တဲ့စွာနဲ့ တောထဲမှာ မလေးရှားစစ်သည်တွေဘယ်လောက်ထိတောင့်ခံထားနိုင်မလဲဆိုတာကိုတော့... File Size :(2.1GB)(960 MB) and (282MB) Quality :WEB-DL.1080P5.1Ch, 720p Format…mp4 Duration…01:43:00 Genre : Action,Adventure  , War Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae
movie

Air Force The Movie (2022)

Narvik: Hitler’s First Defeat (2022) 6.7
Narvik: Hitler’s First Defeat (2022) Narvik: Hitler's First Defeat (2022)နော်ဝေနိုင်ငံမှာရှိတဲ့ နားဗတ်မြို့ကလေးဟာ ကားလမ်း၊ ရထားလမ်း၊ သင်္ဘောဆိပ်တွေ ရှိပြီး သံရိုင်း တင်ပို့ရောင်းချရာမှာ အရေးပါတဲ့မြို့ ဖြစ်တဲ့အတွက် အချက်အချာမြို့လေးတစ်မြို့ပါ။ ဒုတိယကမ္ဘာစစ် စတင် ဖြစ်ပွားချိန်မှာ စစ်ထဲကိုဝင်မပါချင်တဲ့ အတွက် ကြားနေမူဝါဒကျင့်သုံးကြောင်း ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ဂရိတ်ဗြိတိန်နဲ့ နာဇီဂျာမန်တို့ရဲ့ အားပြိုင်မှု ကြားမှာ စစ်ထဲဝင်ပါရဖို့ဖြစ်လာပါတော့တယ်။ နားဗတ်တိုက်ပွဲဟာ ဒုတိယကမ္ဘာစစ်မှာ ဟစ်တလာပထမဆုံး ရှုံးနိမ့်ခဲ့တဲ့ တိုက်ပွဲဖြစ်ပြီး ဒီဇာတ်ကားလေးက အဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ နော်ဝေစစ်တပ်က တပ်ကြပ်ဂန်နာဟာ မိသားစုရှိရာ နားဗတ်မြို့မှာ တာဝန် ထမ်းဆောင်ဖို့ပြန်ရောက်လာပါတယ်။ အဲ့ဒိညမှာပဲ ဂျာမန်တပ်တွေက နားဗတ်မြို့ကို သိမ်းပိုက်ပြီး နော်ဝေတပ် တွေကို လက်နက်ချခိုင်းပါတယ်။ တပ်ခွဲမှူး ဗိုလ်မှူးက တပ်ကြပ်ဂန်နာအပါအဝင် လက်နက်မချချင်တဲ့ ရဲဘော် တွေကို စုစည်းပြီး မြို့အထွက်က တံတားကိုဖေါက်ခွဲဖျက်စီးပြီး ပိတ်ဆို့ရေးလုပ်ဖို့ပြင်ဆင်ပါတယ်။ ဒါပေမယ့် ...
movie

Narvik: Hitler’s First Defeat (2022)

2022
WWII: The Long Road Home (2017) 4.9
WWII: The Long Road Home (2017) WWII: The Long Road Home (2017) ==========================ဒီဇာတ်လမ်းက ဆယ်ကျော်သက်ဒါရိုက်တာတစ်ယောက်ရဲ့ သူ့အဘိုး ဒုတိယကမ္ဘာစစ်မှာ ထွက်ပြေးလွတ်မြောက်တာကို ရိုက်ထူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ချာလီတို့တပ်ဖွဲ့ကို ကပ္ပတိန်တစ်ယောက်နဲ့အတူ ဂျာမနီစစ်တပ် ကိုစုံစမ်းဖို့အတွက် ဂျာမနီနိုင်ငံကိုသွားရမယ်လို့အထက်ကအမိန့် ချလာပါတယ်။ စုံစမ်းဖို့သွားနေရင်းနဲ့ လမ်းတစ်ဝက်မှာအဖမ်းလိုက် ခံရပါတယ်။ နောက်တော့ ကပ္ပတိန်နဲ့အတူ မဟာမိတ်တပ်တွေ လာကယ်တာကိုစောင့်ဆိုင်းကြတာပေါ့။ဒါပေမယ့် ချာလီဟာ ရန်သူ့နယ်မြေမှာဖြစ်တဲ့အတွက် စောင့်နေရင် ပိုဆိုးလာမယ့် အန္တရာယ် များကိုသိတဲ့အတွက် သူတစ်ယောက်တည်း မဟာမိတ်နယ်မြေကို ရောက်အောင်သွားရင်းနဲ့လမ်းမှာ ကြုံရတဲ့အခက်အခဲတွေကိုရိုက် ကူးထားတာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(1.7 GB) / (822 MB) / (530 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 20Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, History Translator.......Tin Myo Lwin Encoder..........SWM
movie

WWII: The Long Road Home (2017)

2017
Army Soul of Han Dynasty ( 2022 ) 6
Army Soul of Han Dynasty ( 2022 ) ရှေးသမိုင်းတွေစိတ်ဝင်စားတဲ့သူတွေအကြိုက်တွေ့စေမယ့် ဟန်ခေတ်ကနယ်စပ်မြို့လေးမှာအခြေတည်ပြီး ရိုက်ထားတဲ့စစ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဘီစီ၃၀၀ခုနှစ်လောက်မှာ အရှေ့ဥပရောပမှာနေထိုင်တဲ့ရှုံနူလူမျိုးတွေရှိခဲ့ပါတယ်။ သူတို့ဟာရေကြည်ရာမြက်နုရာလှည့်လည်ကျက်စားတတ်ပြီး တရုတ်ပြည်မြောက်ပိုင်းကိုအကြိမ်ကြိမ်ကျူးကျော်ဖို့ကြိုးစားခဲ့သူတွေလဲဖြစ်တယ်။ဒီဇာတ်ကားလေးမှာတော့ ဟန်တိုင်းပြည်နယ်စပ်မြို့လေးဖြစ်တဲ့ စူးလော့မြို့လေးကိုစစ်သည်အင်အား၃၀၀နဲ့စစ်သူကြီးတစ်ယောက်ဟာ ရှုံနူတွေရဲ့ရန်ကနေပြီး ဘယ်လိုခုခံကာကွယ်မလဲ..... မြို့လေးကိုသေသည်အထိကာကွယ်မယ်ဆိုပြီးသစ္စာဆိုခဲ့တဲ့ဟန်စစ်သားတွေဟာ သူတို့ရဲ့တာဝန်ကိုဘယ်လိုစိတ်ဓာတ်အားမာန်တွေနဲ့ ဘယ်လိုကျေပွန်အောင်ထမ်းဆောင်ခဲ့လဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action ,War Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Army Soul of Han Dynasty ( 2022 )

Whiskey Tango Foxtrot(2016) 7.0
Whiskey Tango Foxtrot(2016) Whiskey Tango Foxtrot(2016)**************************ကင်မ်ဘေကာဟာ သတင်းဌာနတစ်ခုမှာ သူများတွေရေးတဲ့သတင်းတွေ၊ ဆောင်းပါးတွေကိုစာချော အောင် ပြင်ပေးရတဲ့အလုပ်ကိုလုပ်ကိုင်သူပါ။ တစ်ရက် အမေရိကန်တို့ အီရတ်ကိုဝင်တိုက်တော့အီရတ်ကို သတင်းဌာနက လူတွေအများကြီးလွှတ်လိုက်ရတဲ့အတွက်ဘယ်သူမှ သိပ်မသွားချင်တဲ့ အာဖဂန်နစ္စတန်ကို စစ်သတင်းထောက် အနေနဲ့ ဌာနက လွှတ်လိုက်ပါတော့တယ်။ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို အာဖဂန်နစ္စတန်ရဲ့ ချီးနံ့ ယင်နံ့တလှောင်လှောင် လေထု၊လိမ်တောင်းတဲ့သူတောင်းစား၊ မိန်းမတွေကိုခွဲခြားမှုတွေ စကြုံပါတော့တယ်။ဒါပေမယ့် မူလက ၃လပဲနေဖို့ စိတ်ကူးခဲ့တဲ့ ကင်မ်ဘေကာဟာ တကယ်တမ်းမှာ (၃)နှစ်ကျော်အာဖဂန်မှာ စစ်သတင်းထောက်လုပ်ဖြစ်ခဲ့ပြီး နာမည်လည်းကြီးသွားခဲ့ပါတယ်။ဒီလိုဖြစ်သွားအောင် ဘယ်လို စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ၊ ဘယ်လိုစိတ်ဒုက္ခတွေ၊ဘယ်လိုမွန်းကြပ်မှုတွေက သူ့ကို တွန်းအားပေး စေ့ဆော်ခဲ့လဲဆိုတာ ဇာတ်ကားထဲမှာ ရှုစား ရမှာပါ။ ဒီဇာတ်ကားဟာ အပြင်မှာတကယ်ရှိတဲ့ စစ်သတင်းထောက် ကင်မ် ဘေကာ (Kim Baker)ရဲ့စာအုပ်ကို မှီးပြီးရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်ဖြစ်တဲ့ Whisky.Tango.Foxtrot ဆိုတာကအမေရိကန် မရိန်းတပ်ဖွဲ့တွေ စကားပြောစက်ထဲမှာသုံးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။အဓိပ္ပါယ်ကတော့ ...
movie

Whiskey Tango Foxtrot(2016)

Ab Tumhare Hawale Watan Saathiyo (2004) 4.4
Ab Tumhare Hawale Watan Saathiyo (2004) Ab Tumhare Hawale Watan Saathiyo (2004) Action, Drama, War IMDb 4.4/10 (1.7K)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီး အမီတာဘဂျမ်း..အရှေးကူမား.. ဘော်ဘီဒိုးတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။Box Office မှာလည်း အိန္ဒိယရူပီ ဘတ်ဂျက် သန်း ၂၀၀ မှာ အိန္ဒိယရူပီ ၃၀၁.၆၆ သန်းအထိ ပြန်လည်ရရှိခဲ့သော ကားလေးတစ်ကားဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ အိန္ဒိယ-ပါကစ္စတန်မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းပေါ့ဗျာ။ ပါကစ္စတန်ဘက်က အကြမ်းဖက်သမားတွေ အိန္ဒိယထဲစေလွှတ်မယ်။ အကြမ်းဖက်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်မယ်။တရားမဝင်နည်းလမ်းနဲ့ အိန္ဒိယပိုင်နယ်မြေကို သိမ်းပိုက်မယ်။ ဒါကို အိန္ဒိယက ရဲစွမ်းသတ္တိအပြည့်နဲ့ အမိမြေအတွက် သက်စွန့်ဆံဖျား ပြန်လည်ချေပမယ်။ဒီဇာတ်ကားထဲမှာ အိန္ဒိယစစ်တပ်ရဲ့ရဲစွမ်းသတ္တိရှိမှုတွေကို ဖေါ်ပြထားပြီး စစ်သားတစ်ယောက်ဖြစ်ရခြင်းရဲ့ အဓိပ္ပါယ်ဟာ ဘာလဲဆိုတာကို သေချာအဓိပ္ပါယ်ဖေါ်ပြပေးသွားပါတယ်။ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်ဆို တရားသောနည်းလမ်းနဲ့ ရန်အစွယ်စွယ်ကို တွန်းလှန်ပြီး ပြည်သူသာအမိ ပြည်သူသာအဖဆိုတဲ့ သဘောတရားကို ကောင်းကောင်းသရုပ်ဖေါ်သွားနိုင်ခဲ့ပါတယ်။နိုင်ငံတစ်နိုင်ငံကို စောင့်ရှောက်ဖို့မှာ နိုင်ငံသားတိုင်းအတွက် တာဝန်ရှိပါတယ်။ ကိုယ့်အိုးအိမ်ကိုတောင် ဘေးကင်းအောင်မထားနိုင်တဲ့သူဟာ နိုင်ငံ့သားကောင်းဖြစ်မလာနိုင်ပါဘူး။ မိသားစုအတွက် ကိုယ်ဟာ သားကောင်းတစ်ယောက်ဖြစ်သင့်သလို နိုင်ငံ့အတွက်လည်း အကျိုးရှိတဲ့လူတစ်ယောက်ဖြစ်သင့်တယ်ဆိုတာကို ဒီဇာတ်ကားလေးက ကောင်းကောင်းဖေါ်ပြပေးထားလို့ ရှုစားကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File ...
movie

Ab Tumhare Hawale Watan Saathiyo (2004)

2004