Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
War
Warhorse One (2023)
အာဖဂန်နစ္စတန်စစ်ပွဲကိုဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ war & action movie အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအစမှာတော့ စစ်ဖြစ်နေတဲ့အချိန် နိုင်ငံတွင်းမှာပိတ်မိနေတဲ့အမေရိကန်နိုင်ငံသားတွေကို ကယ်တင်ဖို့စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ် အဲဒီထဲမှာ Warhorse တပ်ဖွဲ့ကရဟတ်ယာဉ်ပျက်ကျရာကနေတပ်ဖွဲ့မှူးတစ်ယောက်ပဲအသက်ရှင်ကျန်တော့တဲ့အခြေအနေကိုရောက်သွားခဲ့ပြီး သူ့တစ်ယောက်ထဲရန်သူ့နယ်မြေမှာသွားလာရင်း တာဝန်ပေးထားတဲ့အမေရိကန်နိုင်ငံသားတွေကိုကယ်ထုတ်လာနိုင်ပါ့မလား၊ ရန်သူပတ်လည်ဝိုင်းနေတဲ့နေရာကနေသူတို့ဘယ်လိုလွတ်မြောက်အောင်တိုက်ထွက်ကြမလဲဆိုတာကိုစောင့်ကြည့်ရမှာပါ အာဖဂန်နစ္စတန်အကြောင်းရိုက်ထားတဲ့စစ်ကားတွေထဲမှာ ဒီနှစ်မှထွက်ထားတဲ့နောက်ဆုံးပေါ်ဇာတ်ကားတစ်ကားဖြစ်လို့မလွတ်တမ်းကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။ File size…(2.3 GB)/(1.7 GB)/(960 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Action, Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Warhorse One (2023)
6.5
Against the Sun (2014)
ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပျံသန်းရင်း ပျောက်ဆုံးသွားကြတဲ့လေယာဥ်တွေ၊ သင်္ဘောတွဆိုတာ ဒုနဲ့ဒေးပါ။ပျောက်ဆုံးရာကနေ အသက်ရှင်လျက်ပြန်လာနိုင်သူကအနည်းအကျဥ်းပဲရှိပါတယ်...။ ဒီဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပျံရင်း ရေပေါ် ထိုးဆင်းခဲ့ရတဲ့ အမေရိကန်စစ်သားသုံးဦးရဲ့ဖြစ်ရပ်မှန်လေးပါ။ရေတပ်လေယာဥ်မှူး Harold Dixon၊ ဗုံးကြဲသမား Tony Pastula နဲ့ရေဒီယိုသမား Gene Aldrich တို့သုံးဦးအကြောင်းပါ။တစ်ကားလုံး သူတို့သုံးဦးနဲ့ပဲ ဇာတ်အိမ်ဖော်ရိုက်ကူးထားပါတယ်...။သူတို့ရဲ့လေယာဥ်ဟာ ကင်းထောက်တာဝန်တစ်ခုနဲ့ ကင်းလှည့်နေတုန်း မိခင်သင်္ဘောနဲ့ ရေဒီယိုမမိဖြစ်ကာ အဆက်အသွယ်ပြတ်သွားပါတယ်...။ရေဒီယိုမမိတော့ တည်နေရာမသိတော့ဘူး...။ဆက်လက်ပျံသန်းရင်းနဲ့ ဆီကုန်ပြီး ပျက်ကျမယ့် အခြေအနေရောက်နေပါပြီ...။မတတ်သာတဲ့အဆုံး လေယာဥ်မှူး Harold Dixonဟာ ရေပြင်ပေါ်မှာအရေးပေါ်ဆင်းပြီး လာကယ့်မယ့် အစီအစဥ်ကိုပဲ စောင့်နေရပါတယ်...။တစ်ရက်ပြီးတစ်ရက်သာကြာသွားတယ် ကယ်ဆယ်မယ့်လေယာဥ်လည်းမလာ...၊တစ်နေ့ တစ်နေ့ အပြောကျယ်တဲ့ ပင်လယ်ကြီးကိုသာထိုင်ကြည့်ရင်း...ရန်သူနဲ့အရင်တွေ့သမား သေမင်းနဲ့အရင်တွေ့မလား ဖြစ်နေပါပြီ...ဒီလို ဖောင်တစ်စီးနဲ့ လူသုံးယောက်..လှော်တက်၊စားစရာ၊ရေဘာတစ်ခုမှမရှိဘဲ သမုဒ္ဒရာထဲမှာ မိုင်တစ်ထောင်ကျော်ဖြတ်ခဲ့ကြပုံကိုအမှန်အတိုင်းမြင်တွေ့ရမယ့် survivalဆန်ဆန် Biography movieလေးဖြစ်ပါတယ်...။ File size…2.26GB / 1.18GB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 40m Genre ...
movie
Against the Sun (2014)
6.3
The Ambush (2021)
Original Title: Al Kameen Genre – Action, Drama, War IMDB – 6.3/10 စစ်ကားကောင်းကောင်း ကြိုက်တဲ့သူတွေအတွက်အာရေဗျစကားပြော ယဲမန်နိုင်ငံရေးထဲ UAE စစ်ကူတွေရဲ့ကင်းပတ်ရင်း ကြုံရတဲ့ တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံရိုက်ကူးထားတဲ့ကား ဖြစ်ပါတယ်။ တခြားနိုင်ငံကကားဆိုပြီးအထင်မသေးလိုက်ပါနဲ့ ဒါရိုက်တာကြီးက ပြင်သစ်နာမည်ကြီးParkour ကားဖြစ်တဲ့ B-13 တို့ Liam Neeson ရဲ့နာမည်ကြီးTaken တို့ John Travolta ရဲ့ From Paris with love တို့လိုAction အလန်းစားတွေကို ရိုက်ထားတဲ့ ပြင်သစ် ဒါရိုက်တာPierre Morel ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့၂၀၁၈ ခုနှစ်ဝန်းကျင်လောက်မှာ ယဲမန်နိုင်ငံ ပြည်တွင်းစစ်ဖြစ်တော့ သမ္မတကနေ မဟာမိတ်နိုင်ငံတွေ ကုလတွေကိုစစ်ကူတောင်းခဲ့ပါတယ်။ အဲဒီထဲမှာ UAE နိုင်ငံလည်း အပါအဝင်ပေါ့၊ သူတို့ကတော့ ပြည်သူလူထုတွေကို စားနပ်ရိက္ခာထောက်ပံ့ပေးရင်း တစ်နေ့ တစ်နေ့ ကင်းပတ်တဲ့ တာဝန်ယူရပါတယ်။ ...
movie
The Ambush (2021)
4K HEVC
5.9
Chasing Kawashima Yoshiko ( 2023 )
ယိုရှီကို ခါဝါရှီးမား ဟာ တရုတ်-ဂျပန် ဒုတိယစစ်ပွဲကာလအတွင်းက စွဲဆောင်မှုအပြည့်နဲ့ထက်မြက်တဲ့မိန်းမတစ်ပါ။ သူ့ကိုသေမိန့်ချတဲ့အထိ အများပြည်သူဟာ အရှေ့တိုင်းမိစ္ဆာမဆိုပြီး မုန်းတီးခံရတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။ဟုတ်ပါတယ် ယိုရှီကိုဟာတရုတ်နိုင်ငံရဲ့သစ္စာဖောက်မတစ်ဦးပါ… မန်ချူးမင်းဆက်ရဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့သူက တရုတ်ပြည်ကိုသစ္စာဖောက် ဂျပန်နဲ့ပူးပေါင်းပြီး မန်ချူးနိုင်ငံပြန်ထူထောင်ဖို့အိပ်မက်မက်နေတဲ့သူတစ်ယောက်ပေါ့……ယိုရှီကိုဟာနိုင်ငံရေးသမားတစ်ထောင်ကျော်နဲ့ပတ်သက်ခဲ့ပြီး အရေးကြီးဂျပန်သတင်းပေးသူလျှိုတစ်ယောက်တဲ့အတွက် တရုတ်တော်လှန်ရေးသမားတွေဟ ယိုရှီကိုကို မဖြစ်မနေသတ်ဖို့ လိုအပ်တာကြောင့် ယိုရှီကို ခါဝါရှီးမားကိုတော်လှန်ရေးသမားတွေ ဖမ်းဖို့ကြိုးစားတဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဉာဏ်များတဲ့ သမိုင်းဝင်သူလျှို ယိုရှီကိုတစ်ယောက် တရုတ်တော်လှန်ရေးသမားတွေထပ် အမြဲခြေတစ်လှမ်းစောနေတာကို ဘယ်လိုဖမ်းကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Chasing Kawashima Yoshiko ( 2023 )
7.3
The Conference (2022)
သမိုင်းမှာ Holocaust ဖြစ်ရပ်ကိုကြားဖူးကြမယ်ထင်ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ ဖြစ်ပျက်ခဲ့တဲ့ အရေးပါဆုံးဖြစ်စဥ်တွေထဲကတစ်ခုဖြစ်ပြီး ဂျူးလူမျိုး ၆သန်းကျော်ကို လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ ဒီအဖြစ်အပျက်က ဒုတိယကမ္ဘာစစ်နဲ့တကွ နောင်လာမဲ့ကမ္ဘာ့နိုင်ငံရေးဖြစ်စဥ်တွေကိုပါ ရိုက်ခတ်မှုကြီးမားခဲ့ပါတယ်။ အခုရုပ်ရှင်က နာဇီတွေရဲ့ဂျူးပြဿနာကိုဖြေရှင်းမဲ့ Final Solution ဆိုတဲ့စီမံကိန်းနဲ့ ဒီစီမံကိန်းကို အကောင်အထည်ဖော်ခဲ့တဲ့ Holocaust အဖြစ်အပျက်ရဲ့ မြစ်ဖျားခံရာ Wannsee Conference အကြောင်းကို Dokudrama အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်တစ်ခုလုံးဟာ Wannsee Conference ကျင်းပနေတဲ့ မိနစ်ပိုင်းတွေကို ဘေးကနေထိုင်ကြည့်နေရသလို တင်ဆက်ထားတာဖြစ်ပါတယ်။ဒီအစည်းအဝေးကို ဘာလင်မြို့ပြင်က Wannsee ဆိုတဲ့အရပ်မှာကျင်းပခဲ့ပြီး အစည်းအဝေးကို နာဇီဂျာမနီအစိုးရရဲ့ ထိပ်တန်းအရာရှိတွေနဲ့ SS ထိပ်သီးခေါင်းဆောင်တွေတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလူတွေထဲမှာ ထိပ်တန်းဂျာမနီတက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့တဲ့ ပညာရှင်တွေ ခေါင်းဆောင်တွေပါဝင်ပြီး ဒီလူတွေကပဲ လူ့သမိုင်းမှာမကြုံဖူးလောက်တဲ့ စနစ်တကျလူမျိုးတုံးသတ်ဖြတ်မှုကြီးကို စီမံခဲ့တာပါ။ ဒီအစည်းအဝေးဟာ ကမ္ဘာ့သမိုင်းဖြစ်စဥ်ရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ နာဇီတွေဟာ ဥရောပတိုက်ကို ကျူးကျော်မှုစပြီးမကြာမီမှာ ဂျူးပြဿနာကိုဖြေရှင်းဖို့ ...
movie
The Conference (2022)
5.6
The Chalice of Blood (2022)
The Chalice of Blood (2022)အခု မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ၂၀၂၂ ခုနှစ်မှထွက်ရှိထားတဲ့ စစ်ကားပဲဖြစ်ပါတယ်။၁၉၄၃ ခုနှစ်မှာ ဗာတီကန်ဘုန်းတော်ကြီးတစ်ယောက်ကနေ ခွင်ဆင်ထားတဲ့ဇာတ်အပေါ်ကို ဖင်လန်စစ်သားတွေကနေ ကြိုးကိုင်ခံလိုက်ရတဲ့အကြောင်းပါ။ ဒီဇာတ်ကားရဲ့ မင်းသားဖြစ်တဲ့ မီလီကော့ဗ်စကီဟာဆိုရင် စစ်ရေးကနေပြန်လာပြီး မိန်းမယူဖို့အတွက် တပ်ကနေထွက်တော့မယ့် အချိန်ဆဲဆဲမှာပဲ ဇာတ်လမ်းလေးက စပြီးအကြောင်းဖန်လာတာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကသော့ချက်ဖြစ်တဲ့ တန်ဖိုးကြီးဖလားတော်ကို မင်းသားတို့တစ်သိုက်လိုက်ရှာဖွေရင်း ဘယ်လိုအတွေ့အကြုံသစ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို စိတ်လှုပ်ရှား ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်နဲ့ ဖင်လန်စစ်တပ်တွေရဲ့ စစ်တိုက်ပုံတွေ၊ တပ်တွင်းထဲမှာ အတွင်းရေးတွေကို ဘယ်လိုကိုင်တွယ်လေ့ရှိလဲ... အဲဒါအပြင်ကို စစ်သားတစ်ယောက်ဖြစ်ရတဲ့ ကောင်းကျိုး ဆိုးကျိုး အားသာချက် အားနည်းချက်တွေကိုပါ ကွက်ကွက်ကွင်းကွင်းဖော်ပြထားတာမို့လို့ ဗဟုသုတတွေပါ တစ်လှေကြီးရမယ့်ဇာတ်ကားဆိုလည်း မမှားပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 710MB Quality - 1080p, 720p IMDb Rating ...
movie
The Chalice of Blood (2022)
2022
7.0
1944 (2015)
ဒုတိယကမ္ဘာစစ်အတွင်းက အက်စ်တိုးနီးယားနိုင်ငံရဲ့အရှေ့တိုင်းစစ်မျက်နှာစာမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကိုအခြေခံရိုက်ကူးတင်ဆက်ထားပြီး ရသစုံပေးနိုင်သော စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အလွယ်ကူဆုံးပြောရရင်တော့အိမ်ကြက်အချင်းချင်း အိုးမဲသုတ်ပြီး ခွပ်ခိုင်းတာပါဘဲ။ ဇာတ်လမ်းအကျဉ်းကတော့ အက်စ်တိုးနီးယားနိုင်ငံဟာကြားနေနိုင်ငံအဖြစ် ကြေငြာခဲ့ပေမယ့်လည်း ၁၉၄၀ခုနှစ်မှာဆိုဗီယက်ကသိမ်းပိုက်ခြင်းခံခဲ့ရပြီး ၁၉၄၁ခုနှစ်မှာ နာဇီဂျာမန်ရဲ့သိမ်းပိုက်ခြင်းကိုခံခဲ့ရတယ်။ သူတို့လက်အောက်သို့ကျရောက်နေစဉ် အတောအတွင်းမှာ ဆိုဗီယက်ကဖွဲ့စည်းထားတဲ့အက်စ်တိုးနီးယန်းတပ်ဖွဲ့နဲ့ နာဇီတို့လက်နက်တပ်ဆင်ပေးထားတဲ့အက်စ်တိုးနီးယန်းအဖွဲ့တို့ ထိပ်တိုက်ရင်ဆိုင်ဖြစ်ကြပုံကိုစစ်ပွဲရဲ့ ရသအပြင် ဒရာမာဆန်ဆန် ရိုက်ကူးထားလို့ ဆုတံဆိပ်များရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်လို့ CM ပရိသတ်တို့ကိုတင်ဆက်ပေးလိုက်ပါတယ်.. File size…1.97GB / 866MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Drama , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zwel Zan Aung
movie
1944 (2015)
6.8
Danger Close: The Battle of Long Tan (2019)
Danger Close: The Battle of Long Tan (2019)၁၉၆၆ ခုနှစ် ဩဂုတ်လမှာ လောင်းတန်လို့ ခေါ်တဲ့ ဗီယက်နမ်တွေရဲ့ ရော်ဘာစိုက်ခင်းတစ်ခုထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဩစတြေးလျနဲ့ နယူးဇီလန် နိုင်ငံက အတွေ့အကြုံမရှိသေးတဲ့ လူငယ် စစ်သား ၁၀၈ ယောက် နဲ့ အတွေ့ကြုံရှိတဲ့ မြောက်ဗီယက်နမ်နဲ့ ဗီယက်ကောင်း စစ်သား ၂၅၀၀ တို့ ရဲ့ တိုက်ပွဲပါ။မိုးထဲရေထဲ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေပါ ကုန်သွားတဲ့အခါမှာတော့ တိုက်ပွဲအတွေ့အကြုံ နုနယ်သေးတဲ့ လူငယ်လေးတွေ သူတို့ ဆက်ပြီး ယှဉ်သန်နိုင်ဖို့ ဘယ်လိုတွေ ကျားကုတ်ကျားခဲ ရှေ့ဆက်ရမလဲ?နယ်မြေကျွမ်းကျင်တဲ့ ဗီယက်ကောင်းတွေလက်ထဲ သားကောင်မဖြစ်သွားဖို့အတွက်ဆို သူတို့ ဘာဆက်လုပ်ကြမလဲ? ဆိုတာ ...File Size : 2.6GB, 1.1GB, 637MB Quality ...
movie
Danger Close: The Battle of Long Tan (2019)
2019
Ambush (2023)
ဗီယက်နမ်စစ်ပွဲအတွင်းကအမေရိကန်စစ်သားတွေရဲ့အကြောင်းကိုဇာတ်အိမ်တည်ထားတာဖြစ်ပြီး IMDb 4/10 ရရှိထားတဲ့ War & Action ကားဖြစ်ပါတယ် ဒီဇာတ်လမ်းဟာဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားပြီး ဇာတ်လမ်းထဲမှာတော့ ရုတ်တရက်ခြုံခိုတိုက်ခိုက်ခံလိုက်ရတဲ့တပ်စခန်းလေးတစ်ခုကစစ်သားတွေဟာမြေအောက်လိုဏ်ခေါင်းတွေထဲကနေအရေးကြီးတဲ့စစ်ဆင်ရေးတစ်ခုလုပ်ဆောင်နေကြတာကိုကြည့်ရှုရမှာပါFile size…(1.8 GB)/(900 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Action, War, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Ambush (2023)
7.0
War Witch (2012)
Rt - 94% ~ IMDb - 7.0 အသက် ၁၂ နှစ်အရွယ်ကတည်းကနေပြီး သူပုန်အဖွဲ့ကနေပြန်ပေးဆွဲခံလိုက်ရတဲ့ ကိုမိုနာ ဟာ "ကျားကြီး" သူပုန်အဖွဲ့မှာတပ်သားသစ်အနေနဲ့ အစိုးရစစ်တပ်ကိုတိုက်ခိုက်ဖို့အတွက် လေ့ကျင့်ပေးခံခဲ့ရပါတယ်။ တစ်နေ့မှာ တောထဲကိုစစ်ဆင်ရေးသွားရင်းနဲ့ အစိုးရဘက်က သေသွားတဲ့သူတွေရဲ့ ဝိဉာဉ်တွေကိုမြင်ရတာမလို့ ကိုမိုနာကို သူပုန်ခေါင်းဆောင် "ကျားကြီး" က သူ့ရဲ့ စစ်ပွဲစုန်းမ (War Witch) အဖြစ်သတ်မှတ်ပြီး အလေးထားခဲ့ပါတယ်။ ဒီလိုနဲ့နေရင်းကနေ သူပုန်အဖွဲ့ထဲက မှော်ဆရာဆိုတဲ့ ကောင်လေးနဲ့အတူ သူငယ်ချင်းတွေဖြစ်သွားကြပြီး တစ်နေ့မှာ ကိုမိုနာ လုပ်တဲ့အရာတွေက တစ်ခုခုလွဲချော်သွားခဲ့ရင် ကျားကြီးက သတ်လိမ့်မယ်ဆိုပြီး မှော်ဆရာနဲ့ ကိုမိုနာတို့ နှစ်ယောက် ကျားကြီးသူပုန်အဖွဲ့ထဲကနေထွက်ပြေးခဲ့ကြပြီး လက်ထပ်လိုက်ကြကာ ဇာတ်မြုပ်နေခဲ့တယ်။ဒီလိုနဲ့ ကိုမိုနာနဲ့ မှော်ဆရာတို့ နှစ်ယောက်သား သူပုန်တွေဆီကနေ လွတ်မြောက်ခဲ့ကြပေမဲ့ အမှန်တကယ်လွတ်မြောက်ပါ့မလား၊ စစ်ပွဲစုန်းမဆိုတဲ့ နာမည်အောက်ကရောရုန်းထွက်နိုင်ပြီး သာမာန်မိန်းကလေးတစ်ယောက်ဖြစ်လာနိုင်မလားဆိုတာကို ကြည့်ရှုလိုက်ကြပါဦးဗျ။ Oscar ...
movie
War Witch (2012)
7.5
Brothers (2004)
Brothers (2004)အကြောင်းအရာကတော့ ညီအစ်ကိုနှစ်ယောက်အကြားက မိသားစုအရှုပ်အရှင်းပြဿနာပါပဲ။ အစ်ကို ဖြစ်သူဟာ အောင်မြင်တဲ့ ဖခင်တစ်ယောက် ဖြစ်ပြီး ချောမောတဲ့ ဇနီးဖြစ်သူနဲ့ သမီးနှစ်ယောက်ကိုပိုင်ဆိုင်ထားပါတယ်။ အလုပ်အကိုင်ကလည်း အတည်တကျ စစ်ဗိုလ်ပေါ့။ညီဖြစ်သူကတော့ လေလွင့်လိုက်၊ ထောင်ကျလိုက်နဲ့ ဘာမှ မည်မည်ရရ မရှိ။ တစ်နေ့ အစ်ကိုဖြစ်သူက အာဖဂန်ကို ဝာာဝန်အရ စစ်တိုက်ဖို့သွားရင်း စစ်ပွဲမှာကျဆုံးသွားပါတယ်။ ဒီလိုနဲ့ အစ်ကိုဖြစ်သူရဲ့ မိသားစုကို ညီဖြစ်က နှစ်သိမ့်အားပေးရင်း အစ်ကိုဖြစ်သူရဲ့ဇနီးနဲ့ပါ ကြိုးချင်းငြိသွားတယ်ပေါ့။အဲ့ဒီမှာ အစ်ကိုဖြစ်သူက စစ်ပွဲမှာ မသေဘဲ ပြန်ရောက်လာတဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မလဲဆိုတာ တကူးတကပြောနေစရာမလိုတော့ပါဘူး ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size : 2.6GB, 1.1GB, 551MB Quality : 1080p Blu-ray, 720p Blu-ray, ...
movie
Brothers (2004)
2004
6.6
Blood & Gold (2023)
Blood And Gold (2023)~ IMDb - 6.6/10, Rotten Tomatoes - 67% ~နာဇီတွေက ရှေးဟောင်းပစ္စည်းတွေ အနုပညာပစ္စည်းတွေ လက်ဝတ်ရတနာတွေနဲ့ တခြားထူးထူးဆန်းဆန်း ဂမ္ဘီရပစ္စည်းတွေကို တော်တော်စိတ်ဝင်စားကြပုံရတယ်။ ဥပမာ - ကျွန်တော်တို့ငယ်ငယ်က Indiana Jones ရုပ်ရှင်တွေထဲမှာဆိုလည်း သူနဲ့အပြိုင်ရတနာလိုက်ရှာတာက နာဇီတွေခပ်များများပဲ။ အခုဒီဇာတ်ကားကတော့ ဂျူးလူမျိုးတစ်ယောက်ချန်ထားခဲ့တဲ့ ရွှေချောင်းတွေကို နာဇီတွေလိုက်ရှာတဲ့အကြောင်းပါ။အချိန်ကာလကိုပြောရရင် ဒုတိယကမ္ဘာစစ်ပြီးခါနီး ၁၉၄၅... ဂျာမန်တွေစစ်ရှုံးနေတဲ့အချိန်ပေါ့။ ဒါပေမဲ့ သူတို့ကလက်မလျှော့သေးဘူး။ စစ်ရှုံးနေရင်းတန်းလန်း ရွှေချောင်းသွားရှာနိုင်သေးတယ်။ တကယ်က ရှာပုံတော်လို တောတောင်တွေဖြတ်ပြီးရှာကြတာမဟုတ်ပါဘူး။ သူတို့မှာ သတင်းရထားပြီးသားပါ။ ဒီမြို့မှာနေသွားတဲ့ ဒီဂျုးလူမျိုးကြီးမှာ ရွှေချောင်းသေတ္တာလိုက်ရှိခဲ့ဖူးတယ် ဆိုပြီးပေါ့။ ဒီတော့ သူတို့ကသွားယူရုံပဲလို့တွေးထားခဲ့တာပါ။ဒါပေမဲ့ အဲဒီဂျူးမိသားစုနေသွားတဲ့အိမ်က အပျက်အစီးပုံကြီးပဲကျန်တာကြောင့် နာဇီတွေအကြပ်ရိုက်ပါပြီ။ ရွှေတွေကဘယ်ရောက်နေမလဲ ဘယ်သူတွေရသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းက ကြည့်ပျော်တယ်လို့ပြောနိုင်ပြီး သေနတ်ပစ်တာတွေ၊ ရိုက်ကွင်းရိုက်ကွက်တွေကအတော်လှတယ်လို့ပြောနိုင်ပါတယ်။ ဂျာမန်ရုပ်ရှင်ဆိုတော့ ဂျာမန် Vibe ...
movie
Blood & Gold (2023)
2023
7.4
Mudbound (2017)
Mudbound (2017) ============= IMDb Rating - 7.4/10ဒီကားက သရုပ်ဆောင်တွေက တော်တော်တော့မိုက်ပါတယ်။ ပထမဆုံးတစ်ယောက်အနေနဲ့ ဂတ်စ်ဘီကားနဲ့ အားလုံးအချစ် ခံခဲ့ရတဲ့ ဒေစီတစ်ဖြစ်လဲ Carey Mulliganဟာ တကယ့်ထိပ် တန်းမင်းသမီးလို့ ပြောလို့ရပါ့မလား သေချာတော့မသိပေမဲ့ သရုပ်ဆောင်အရာမှာတော့ အခုထိလည်း ကိုယ့်ကိုယ်ကိုယ် တစ်စထက်တစ် သွေးနေတုန်း၊ စိတ်နှစ်ကိုယ်နှစ်သရုပ်ဆောင် တဲ့ မင်းသမီးဆိုတာတော့ သေချာပါတယ်။နောက် ဂတ်စ်ဘီကားမှာပဲ ဒေစီ့ယောက်ျားနဲ့ ဖောက်ပြန်တဲ့ မိန်းမရဲ့ ယောက်ျားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jason Clarke လည်းပါပါတယ်။ သံသရာတစ်ပတ်လည်ပြီး ဒီထဲမှာတော့ သူတို့၂ယောက်လင်မယားဖြစ်လာခဲ့တာပါ။ နောက် Tron မင်းသား Garrett Hedlundနဲ့ လူမဲဘဝသရုပ်ဖော်ကားဆိုတော့ သရုပ်ဆောင်ကောင်းတဲ့ လူမဲတွေတော်တော်ပါပါတယ်။ ဇာတ်ပို့ ဇာတ်ဆောင်အကောင် သရုပ်ဆောင်တာတွေက သူ့နည်းသူ့ဟန်နဲ့ အံဝင်ခွင်ကျဖြစ်နေတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်ကတော့ ဒုတိယကမ္ဘာ စစ်ကာလရယ် လူမဲဖိနှိပ်ခံဘဝရယ်ကို ဖော်ပြဖို့ ကျေးလက်ဒေသက လယ်ယာစိုက်ပျိုးရေးနဲ့ တွဲဖက်ပုံဖော်သွားခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်မီးက သူ့ဘာသာလောင် လူတွေကလည်း သူ့အပူနဲ့ သူ့စားဝတ်နေရေး သူ့အတ္တအတွက် သူ့ဘာသာလောင်နေတဲ့ကာလ တစ်ခုပေါ့။ လူဖြူလယ်လုပ်ငန်းရှင်တစ်ယောက်ဟာ လူမဲမိသားစု တစ်စုကို လူငှားချပြီး အနိုင်ကျင့်တာတွေကို ကျွန်တော်တို့မြင်ရတယ်။ လူဖြူမိသားစုက ညီငယ်က ဒုတိယကမ္ဘာစစ်ပွဲအပြီး ပြန်လာတဲ့အချိန် လူမဲမိသားစုက သားကြီးကလည်း ...
movie
Mudbound (2017)
2017
6.0
Siberian Sniper(2022)
Siberian Sniper(2022)********************ရှေ့တန်းစစ်မြေပြင်တစ်ခု အတွင်းမှာ ရုရှားတပ်ဟာအတုံးအရုံး လဲကျခဲ့ပြီး Egor Cherin ဆိုတဲ့ sniper တစ်ယောက်သာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်... ရုရှားတပ်တစ်ခုလုံးမှာ ဘာစစ်ကူ ဘာလက်နက်မှ မကျန်တော့လောက်အောင်ကို ပြုတ်ပြုတ်ပြုန်းနေပါပြီ။အဲ့ဒီ့အချိန် အဲ့ဒီဒေသမှာ ဂျာမန်တွေဟာ ကြီးစိုးနေတာပါ... အဲ့ဒီ့ဂျာမန်တပ်ကို ဖြိုခွင်းဖို့ ဘာလက်နက် ဘာအင်အားမှမရှိတော့တဲ့ ရုရှားတပ်ဟာ လက်ဖြောင့် spiner တပ်သားEgor Cherin ကိုသာ မှီခိုရပါတော့တယ်။ အဲ့ဒီတပ်သားကရော Victory ယူလာပေးနိုင်ပါ့မလားဆိုတာကိုတော့ ရုပ်ရှင်ကြည့်ရင်းပဲ ခံစားလိုက်ကြပါဦး....File Size :(1.6GB) and (681MB) Quality : AMZN.WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:32:00 Genre : History, War Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie
Siberian Sniper(2022)
7.3
Sisu(2022)
Sisu(2022)********* ဇာတ်ကားနာမည် Sisu ဆိုတာ ဖင်လန် စကားလုံးပါ။ တိုက်ရိုက်တစ်ခွန်းတည်းဘာသာပြန်လို့မရတဲ့စာလုံးလည်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ မဆုတ်မနစ်ဇွဲနပဲကြီးကြီး လုံးဝလက်မလျှော့ဘဲ သဲကြီးမဲကြီးလုပ်တတ်တဲ့သူပါတဲ့။သမိုင်းနောက်ခံကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ဂျာမန်တွေ ဖင်လန်ကနေ ပြန်ဆုတ်နေချိန်ပါ။မြေလှန်နည်းကိုသုံးပြီး နာဇီတွေဟာ လမ်းတလျှောက် အရာရာတိုင်းကို ဖျက်ဆီးပြီး ဆုတ်ခွာနေပါပြီ။ဒါပေမဲ့ နာဇီတပ်ခွဲတစ်ခုကတော့ လမ်းမှာ ကံကောင်းပြီး ရွှေတွေအများကြီးသယ်လာတဲ့ဘိုးတော်တစ်ယောက်နဲ့တွေ့သွားပါတယ်။ သူ့ဆီက ရွှေတွေကို လုယူလာပြီး သူ့ကိုသတ်ဖို့ကြိုးစားခဲ့ပေမဲ့။သူတို့တွေ့တဲ့ဘိုးတော်က ဂျွန်ဝစ်ရဲ့အဘိုးအဆင့်လောက်ဖြစ်နေတဲ့အခါ တပ်ခွဲတစ်ခွဲလုံးကို လိုက်သတ်တာကြောင့်ခွေးပြေးဝက်ပြေးပြေးရပါတော့တယ်။ ကျန်တာကတော့ အက်ရှင်အကြမ်းသီးသန့်မို့ အများကြီးပြောစရာမရှိပါဘူး ကြည့်လိုက်ပါဦး။File Size :(8.1GB)(1.98GB) &(719MB) Quality : AMZN.4K.AC3.5.1Ch,1080P5.1Ch,720P Format…mp4 Duration…01:31:00 Genre :Action , War Subtitle : Myanmar Subtitle (Hard Sub) Translated Mr.Anderson Encoded by Phyo Pyae
movie
Sisu(2022)
4K HEVC
8.0
The Covenant(2023)
The Covenant(2023)*******************Sherlock Holmes 2009 တို့ Alladin 2019 တို့ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Guy Ritchie ရဲ့ ဖြစ်ရပ်မှန်အခြေခံ စစ်ကားအသစ်လာပါပြီ။ဇာတ်ကားနာမည် Covenant ဆိုတာကတော့ ကတိတစ်ခု သစ္စာတစ်ခုကို ဆိုလိုတာပါပဲ။ မင်းသားကတော့ ဂျိတ်ယီလင်ဟောပါပဲ။ အဖြစ်အပျက်ကတော့ အာဖဂန်စစ်ပွဲတွင်းကိုပဲ အခြေတည်ထားတာပါ။ အောက်တိုဘာ ၇ ရက်၊၂၀၀၁ ခုနှစ်မှာ ၉/၁၁ တိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့ အမေရိကန်တပ် ၁၃၀၀ ကို အာဖဂန်မှာတာဝန်ချထားခဲ့ပေမဲ့ ၂၀၁၁ ဒီဇင်ဘာမှတေ့ာ အမေရိကန်တပ်သား ၉၈၀၀၀ အထိ တာဝန်ပေးတပ်စွဲစေခဲ့ပါတယ်။အဲဒီတပ်တွေနဲ့အတူ အာဖဂန် စကားပြန်ပေါင်း ၅၀၀၀၀ လောက်ကို အမေရိကန်မှာ ခိုလှုံခွင့်ပေးဖို့ သဘောတူညီချက်နဲ့အမေရိကန်စစ်တပ်က တာဝန်ပေးခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာ တပ်ကြပ်ကြီး ဂျွန် ကန်န်လီနဲ့ စကားပြန် အာမက်တို့အသက်လုပြီးတိုက်ပွဲဝင်ခဲ့ရပုံတွေကို တစ်ဝက်လောက်အထိပြထားတာပါ။ အာဖဂန်ကနေ ၂၀၂၁ ခုနှစ်မှာအမေရိကန်တွေတပ်ဆုတ်ပြီး တာလီဘန်တွေ အာဏာရသွားချိန်မှာ စကားပြန်ပေါင်း ...
movie
The Covenant(2023)
4K HEVC
7.0
Summerland(2020)
Summerland(2020)******************ဒုတိယကမ္ဘာစစ်တုန်းက စစ်ထွက်တိုက်ပေးရတဲ့ဖခင်တွေနဲ့ အစိုးရရုံးမှာအလုပ်လုပ်ပေးရဲ့မိခင်တွေဟာသားသမီးတွေကို ဂရုစိုက်ဖို့အချိန်လည်း မပေးနိုင်ကြသလို၊ လုံခြုံမှုလည်း ရာနှုန်းပြည့်မပေးနိုင်ကြပါဘူး။ ဒီလိုနဲ့ သူတို့ရဲ့သားသမီးတွေကို စစ်မဖြစ်တဲ့ နယ်ဘက်တွေမှာ လုံလုံခြုံခြုံနေထိုင်၊ပညာသင်နိုင်ဖို့ဆိုပြီး လူမှုကူညီရေးအသင်းတွေပေါ်လာပါတယ်။ သားသမီးမရှိတဲ့ အဘိုးကြီးအဘွားကြီးတွေ၊ အားလပ်သူတွေက တစ်နိုင်တစ်ပိုင် တာဝန်ယူစောင့်ရှောက်ပေးကြတာပေ့ါ။ အဲ့အထဲမှာမှ လူ့ဂွစာအမျိုးသမီးကြီးတစ်ယောက်က ကောင်ကလေးတစ်ယောက်ကိုစောင့်ရှောက်တာဝန်ယူပေးဖို့ဖြစ်လာပါတယ်။ ဒီအမျိုးသမီးကြီးဟာ အိမ်ထောင်လည်းမရှိ၊ တကုပ်ကုပ်နဲ့သာ စာရေးနေတတ်သူဖြစ်ပြီး ဆက်ဆံရေးလည်းမကောင်းလို့ ပတ်ဝန်းကျင်ကပါရှောင်ဖယ်ခံနေရသူပါ။ သူ့ဆီကိုကောင်လေးတစ်ယောက်လာနေရမယ်ဆိုတော့ မြို့ထဲကလူမှန်သမျှကကောင်လေးကို ဝိုင်းသနားကြပါလေရော။ လူ့ဂွစာအမျိုးသမီးကြီးကလည်း သူချစ်ခဲ့ဖူးတဲ့အမျိုးသမီးကပစ်ထားခဲ့တာကြောင့် အသဲကွဲကာတစ်ယောက်တည်းနေရတာကိုပဲခုံမင်နေခဲ့သူပါ။ အခုသူ့ဆီကို ကောင်လေးတစ်ယောက်လာနေမယ်ဆိုတော့ လက်မခံချင်ဘဲ ပထုတ်ဖို့သာကြံပါတော့တယ်၊ ဇာတ်လမ်းလေးထဲမှာ lesbianတို့ရဲ့အချစ်၊ လူ့ဂွစာအပျိုကြီးနဲ့ ကောင်ကလေးတို့အကြားကမေတ္တာတရားလေးတွေကို မြင်တွေ့ရမယ့်ကားလေးပဲဖြစ်ပါတယ်။File Size : (1.7GB) and (610MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:32:00 Genre : Drama, Romance , War Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Summerland(2020)
Condor’s Nest (2023)
ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ဗုံးကြဲလေယာဥ်တစ်စီးဟာ ဂျာမနီကရန်သူ့စခန်းကို ဗုံးကြဲဖို့သွားရင်း လမ်းတစ်ဝက်မှာပျက်ကျသွားပါတယ် ပျက်ကျသွားတဲ့နေရာက မစွန့်ခွာနိုင်ခင်မှာ နာဇီတပ်ရင်းတစ်ရင်း သူတို့လေယာဥ်ကို တွေ့သွားပါတယ်။ အင်အားချင်းမမျှတာကြောင့် လေယာဥ်ပေါ်မှာပါလာတဲ့ အမေရိကန်တပ်သားတွေဘက်က လက်နက်ချလိုက်ရပါတယ် နာဇီဘက်က ဗိုလ်မှုးဖြစ်သူက အဲလူတွေကို စစ်သုံ့ပန်းအနေနဲ့ ဖမ်းသွားရမဲ့အစား နေရာမှာတင် ပစ်သတ်လိုက်ပေမဲ့ သူမသိလိုက်တာတစ်ခုက လေယာဥ်ပျက်ကျပြီးတော့ ရန်သူလာမလာစောင့်ကြည့်နေတဲ့ ကင်းစောင့်တစ်ယောက် ကျန်နေခဲ့တယ်ဆိုတာပါပဲ စစ်ပြီးလို့ ရာစုနှစ်တစ်ခုအကြာမှာတော့ အဲတုန်းက ကင်းစောင့်ရင်း အသက်ဘေးက လွတ်သွားတဲ့ စစ်သားဟောင်း Will ဟာ သူ့အဖွဲ့သားတွေကို သွေးအေးအေးနဲ့သတ်သွားခဲ့တဲ့ နာဇီဗိုလ်မှုးကို လက်စားချေဖို့လုပ်ရင်း သူထင်ထားတာထက်ပိုရှုပ်ထွေးတဲ့လမ်းကို လျှောက်မိနေတဲ့အခါမှာတော့… File size…(1.7 GB)/(800 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre...Action, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho
movie
Condor’s Nest (2023)
Bunker (2022)
ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ ပထမကမ္ဘာစစ်ကအကြောင်းရိုက်ထားတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ် ကမ္ဘာစစ် ၂ခုလုံးမှာ မှော်ပညာတွေ အောက်လမ်းနည်းတွေ သဘာဝလွန်နည်းတွေ အဏုဇီဝလက်နက်တွေ ဓာတုလက်နက်တွေ မျိုးစုံနဲ့တိုက်ခိုက်ခဲ့ကြတယ်လို့ သတင်းလွင့်လွင့်ရှိခဲ့ကြပေမဲ့ လူတွေမသိလိုက်ဘဲ သမိုင်းမတင်နိုင်ခဲ့တဲ့ ဖြစ်ရပ်တွေ ဘယ်သူမှအစရှာမရခဲ့တဲ့ဖြစ်ရပ်တွေလည်း အများကြီးရှိနေတာပါ ဒီကားထဲမှာတော့ အင်္ဂလိပ် နဲ့ အမေရိကန် မဟာမိတ်တပ်ဖွဲ့ဟာ ဂျာမန်တွေစွန့်သွားတဲ့ ဘန်ကာထဲမှာ ပိတ်မိပြီး ဘာမှန်းမသိတဲ့အရာကို ရင်ဆိုင်ကြုံတွေ့ရတဲ့အကြောင်းရိုက်ထားတာပါ ဒီကားထဲမှာတော့ အထက်လူကြီးတွေချင်း ညှိနှိုင်းကြလို့ ဘယ်လောက်ပဲ အဆင်ပြေနေပါစေ အောက်ခြေတပ်သားတွေကြားက ပဋိပက္ခတွေကိုပါ မြင်ရမှာပါ စစ်ကားဆိုပေမဲ့ တိုက်ခိုက်တာသိပ်မပါဘဲ ဘန်ကာထဲမှာပိတ်မိနေတာကြောင့် အချင်းချင်းပဲ မယုံသင်္ကာတွေဖြစ်ရင်း တကယ်ရင်ဆိုင်ရမဲ့ အန္တရာယ်ကို မသိဘဲ စတေးနေရတဲ့ပုံစံမျိုး ရိုက်ထားတာမို့ ခံစားကြည့်ရှုလိုက်ကြပါဦးFile size…(1.8 GB)/(800 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Horror, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Bunker (2022)
7.6
Stalingrad (1993)
Stalingrad (1993) Genre - War, Action, Drama IMDB - 7.5/10All quiet on the Western Front ဇာတ်ကားကခုနောက်ပိုင်းခေတ်ရဲ့ ဂျာမန်စစ်ကားကောင်း ဖြစ်မယ်ဆိုဒီကားကလည်း ၉၀ ခုနှစ်ရဲ့ အကောင်းဆုံးဖြစ်မှာ ဧကန်မလွဲဘူးဗျာ။သတိထားကြည့်မိသလောက် ဂျာမန်တွေက စစ်ကားကောင်းကောင်းတွေပိုင်ပိုင်နိုင်နိုင် ရိုက်နိုင်ကြတာကို တွေ့ရတယ်ဥပမာ Downfall တို့ ခု Stalingrad တို့ Land of Mine တို့ All quiet.. တို့လိုမျိုးတွေပေါ့။ပြီးတော့ သဘောကျစရာကောင်းတာက အမေရိကန်တွေလိုမျိုးစစ်စိတ်ဘာညာ ဝါဒဖြန့်တဲ့ပုံစံမျိုး မသွားဘူးစစ်ပွဲတစ်ခုရဲ့ အနိဌာရုံတွေကို ပညာပေးချင်တာမျိုး ပိုများတယ်(သူတို့ကိုယ်တိုင် လူဆိုးဖြစ်ခဲ့တာလည်း ပါမှာပေါ့လေ)။ဒီရုပ်ရှင်အခြေခံထားတဲ့ စတာလင်ဂတ်တိုက်ပွဲဆိုတာဒုတိယကမ္ဘာစစ်ကြီးရဲ့ ၁၉၄၂ ခုနှစ်ဝန်းကျင် အဓိကတိုက်ပွဲထဲက တစ်ခုပဲလူတွေသန်းပေါင်းများစွာလည်း သေကြေပျက်စီးခဲ့ရတာပေါ့စတာဂတ်မြို့ကို ပတ်စီးဆင်းနေတဲ့ ဗော့ဂါမြစ်ရယ်ဆီကွင်းတွေကို ထိန်းချုပ်ချင်တာနဲ့ ဒီစစ်ဆင်ရေးပေါ်ပေါက်ခဲ့ရတာပါ။ဇာတ်လမ်းထဲမှာတော့ ရှေ့တန်းကို ပထမဆုံးထွက်ရမယ့်ဗိုလ်ကြီးဝစ်ဇ်လန်က အာဖရိကစစ်မျက်နှာပြင်က ပြန်လာတဲ့လူတွေကိုဦးစီးပြီး မုန်တိုင်းတပ်သားတွေအဖြစ် ...
movie
Stalingrad (1993)
1993
First
4
5
6
7
8
Last
Previous
Next