Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
War
The Alamo (2004)
IMDb rating - 6/10 Award - 1 nomination ဒီကားလေးကတော့ 1836ခုနှစ်မှာဖြစ်ခဲ့တဲ့ တက္ကဆက်ပြည်လွတ်လပ်ရေးမှာအရေးပါခဲ့တဲ့ အမေရိကန်သမိုင်း၀င်စစ်ပွဲတစ်ခုအကြောင်းရိုက်ထားတာပါ။အမေရိကန်တက္ကဆက်ပြည်နဲ့ မက္ကဆီကန်နယ်ကြားက သာသနာပြုနေရာ ချာ့ခ်ျကျောင်းတစ်ခုဖြစ်တဲ့ အလာမိုခံတပ်ကို တက္ကဆက်သားတွေဖြစ်ကြတဲ့ ဂျင်မ်ဘိုဝီနဲ့ ဒေဗီခရော့ကတ် ကာနယ်ထရာဗစ်တို့ မက္ကဆီကန်အာဏာရှင်ဆန်တာအန်နာရဲ့သိမ်းပိုက်မှုကနေ ကာကွယ်တဲ့သမိုင်း၀င်ဖြစ်ရပ်ကို စိတ်၀င်စားစရာကြည့်ရမှာပါ။ reviewတွေအရတော့ သမိုင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်ဖော်ပြထားတယ်လို့လဲဆိုပါတယ်။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။File size…(1.1 GB) Quality….Webrip 720p Format…mp4 Duration….02:17:00 Genre... Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe
movie
The Alamo (2004)
5.7
Thirteen Generals of Han Dynasty ( 2019 )
CMကနေ ယခုတစ်ခေါက် တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ သမိုင်းဖြစ်ရပ်ကိုနောက်ခံထားပြီးရိုက်ကူးထားတဲ့ ရှေးခတ်စစ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကိုပြောပြရမယ်ဆိုရင်တော့ အေဒီ၇၄ခုနှစ်ဝန်းကျင်က ဟန့်မင်းဆက်ကို ပြန်လည်ထူထောင်ပြီးကာလအတွင်း အနောက်ဘက်မြို့လေးဖြစ်တဲ့ စူးလဲမြို့လေးကို တပ်အင်အားကြီးမားတဲ့ မော့ပေစစ်တပ်က ဝိုင်းထားခဲ့တာ လအတော်ချီနေခဲ့ပါပြီတပ်အင်အားနှစ်သောင်းကျော်ရှိတဲ့ မော့ပေတပ်ကြီးက တပ်အင်အား၃၀၀ပဲရှိတဲ့ ဟန့်ပြည်ရဲ့တပ်လေးကို အနိုင်မတိုက်နိုင်ရတဲ့အကြောင်းအရင်းကတော့ လက်ရုံးရည်ရော နှလုံးရည်ရောပြည့်စုံတဲ့ စစ်သူကြီး ကန်ကုန်းကြောင့်ပါပဲ ဟန့်မင်းဆက်ရဲ့ နန်းတွင်းမှာလည်း တိုင်းပြည်ရေးရာတွေ ရှုပ်ထွေးနေချိန်နဲ့ သွားတိုက်တဲ့အချိန်မှာတော့ လော့ယန်မြို့ကနေ တပ်ကူလွှတ်ဖို့အချိန်ကြန့်ကြာနေခဲ့ပါတယ်ဒီလိုနဲ့ တိုက်ပွဲတိုင်း ရှုံးပွဲမရှိတဲ့ မော့ပေတပ်ကြီးနဲ့ ဗျူဟာကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကန်ကုန်းရဲ့ တဖြေးဖြေးနဲ့ လူအင်အားလျော့နည်းလာတဲ့ ဟန့်ပြည်တပ်လေး လာတိုက်လိုက် တပ်ဆုတ်လိုက်နဲ့နေရင်း အချိန်တစ်နှစ်ပြည့်လုနီးပါးဖြစ်လာတဲ့အချိန်မှာတော့ မော့ပေတပ်ကြီးက နောက်ဆုံးအနေနဲ့ စစ်ပွဲကို အပြီးသတ်ဖို့ စစ်ချီလာခဲ့ချိန်မှာတော့ တပ်သား၁၃ ယောက်နဲ့ စူးလဲမြို့ကို မော့ပေတပ်ရန်ကနေခုခံကာကွယ်နေတဲ့ ကန်ကုန်းတို့ လက်နက်ချလိုက်ရပါတော့တယ်ကံကောင်းစွာနဲ့ပဲ လော့ယန်က တပ်ကူတွေရောက်ရှိလာချိန်မှာတော့ ဟန့်ပြည်ရဲ့မြေပေါ်ကနေ ရန်သူတွေကို မောင်းထုတ်နိုင်ခဲ့ပါတော့တယ် သမိုင်းဖြစ်ရပ်မှန်ကို နောက်ခံရိုက်ကူးထားတဲ့ကားလေးဖြစ်တာမို့လို့ စစ်ကားကြိုက်နှစ်သက်သူတွေနဲ့ သမိုင်းနောက်ခံကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအဖို့ ကြည့်ရှုဖို့ ညွှန်းပေးချင်ပါတယ်နော် Filesize : 1.03 GB / 636 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , ...
movie
Thirteen Generals of Han Dynasty ( 2019 )
8.3
Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb (1964)
ဒီကားလေးကတော့ ၁၉၆၄တုန်းကထွက်ခဲ့တဲ့ War/Comedy အဖြူအမည်းအမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ Ratingတွေကိုကြည့်လိုက်ရင် old but goldထဲကတစ်ကားဖြစ်မှန်းသိမှာပါ။ Oscarဆုလေးဆုအတွက်လည်း ဆန်ခါတင်၀င်ခဲ့ပါသေးတယ်။ စစ်အေးခေတ် အမေရိကန်လေတပ်က ရုရှားပိုင်နက်အနီးမှာ နျုဗုံးသယ်လေယာဉ်တွေကို အချိန်ပြည့်ဖြန့်ကျက်ထားခဲ့တဲ့အချိန်ကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ လေတပ်ဗိုလ်မှူးတစ်ယောက်အရူးထပြီး လေယာဉ်တွေကို ရုရှားပိုင်နက်ထဲပစ်မှတ်တွေကို နျူဗုံးကျဲခိုင်းတာကနေစပြီး အဲဒီကနေမီးခိုးကြွက်လျှောက်သလိုပြဿနာတက်ပြီး အမေရိကန်သမ္မတ ရုရှား၀န်ကြီးချုပ်ပါမနေရဘဲ ပြဿနာဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။(ဇာတ်လမ်းအရသာပျက်မှာစိုးလို့ reviewအရှည်ကြီးမရေးတော့ပါဘူး အားလုံးပဲကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါ။) File size…(1.8 GB)/(950 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre... Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie
Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb (1964)
6.1
Sniper (1993)
သမ္ဘာ့ရင့် လက်ဖြောင့်စနိုက်ပါသမားဖြစ်တဲ့ တပ်ကြပ်ကြီးThomas Beckett သူ့ရဲ့အထောက်တော် Papich တောတွင်းကပနားမားသူပုန်ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ပြီးမစ်ရှင်တစ်ခုအောင်ပြီးချိန်မှာ မမျှော်လင့်တဲ့အမှားတခုကြောင့်Papich တိုက်ပွဲကျသွားခဲ့ပါတယ်။ဒီနောက်မှာတော့ ဆရာကြီး Beckett အတွက် အတွေ့အကြုံနုနယ်တဲ့ Richard Miller အထောက်တော်အဖြစ် ခန့်အပ်ပေးပြီးသူတို့နှစ်ဦးဟာ ကိုလံဘီယာဘိန်းရာဇာက ငွေအင်အားထောက်ပံ့ပေးထားတဲ့ ပနားမားသူပုန်ဗိုလ်ချုပ်ကို လုပ်ကြံဖို့ မစ်ရှင်စတင်ခဲ့ကြပါတယ်။ကျွမ်းကျင်တဲ့ ဝါရင့်စနိုက်ပါသမားနှင့် အတွေ့အကြုံမရှိတဲ့အထောက်တော်တို့ဟာ အန္တရာယ်ရှိတဲ့ တောတွင်းမြေပြင်ကိုသွားလာရင်း မမျှော်လင့်ထားတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ကြရမှာလဲ၊ အမြင်မတူတဲ့ သူတို့နှစ်ယောက်ကြားဘယ်လိုတင်းမာမှုတွေ ဖြစ်ပေါ်လာမှာလဲ၊ အသက်လုပြေးရတဲ့အခက်အခဲတွေကြားထဲမှာ Beckett က ဆရာကောင်းပီသနိုင်ပါ့မလားဒီမစ်ရှင်ကို အောင်မြင်အောင် ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမယ့် စနိုက်ပါအသားပေးအက်ရှင်ရုပ်ရှင်ကားကောင်းတကားဖြစ်ပါတယ်။ File size…3.69GB / 1.39GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Action , Thriller , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Sniper (1993)
5.5
Sniper 2 (2002)
အမေရိကန်အထူးတပ်ဖွဲ့ရဲ့ တပ်ကြပ်ကြီး၊ မရိန်းစနိုက်ပါဟောင်းတဦးဖြစ်တဲ့ ဘက်ကက်ဟာ လွတ်မြောက်နယ်မြေမှာမွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုမစ်ရှင်တွေလုပ်ဆောင်နေတဲ့ ဆားဘီးယားဗိုလ်ချုပ်ကြီးကို ရှင်းပစ်ဖို့တာဝန်ပေးခံခဲ့ရပါတယ်။ဒီမစ်ရှင်မှာ သူနဲ့အတူ အထောက်တော်တယောက်ပါဝင်လာခဲ့ပြီးဒီအထောက်တော်ဟာ ထောင်ထဲမှာ သေဒဏ်ပေးခံထားရာကနေမစ်ရှင်မှာ ပါဝင်ခွင့်ရလာတာဖြစ်ပါတယ်။ကျွမ်းကျင်တဲ့ ဝါရင့်စနိုက်ပါသမားနဲ့ သေဒဏ်ကနေလွတ်ပြီးမစ်ရှင်အောင်မြင်ချင်တဲ့ အထောက်တော်တို့ဟာ အန္တရာယ်ရှိတဲ့လွတ်မြောက်နယ်မြေထဲ သွားလာရင်း စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်ကြရမှာလဲ၊ သူတို့နှစ်ယောက်ကြား ဘယ်လိုတင်းမာမှုတွေဖြစ်ပေါ်လာမှာလဲ၊ အသက်လုပြေးရတဲ့ အခက်အခဲတွေကြားထဲမှာဒီမစ်ရှင်ကို အောင်မြင်အောင် ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမယ့် စနိုက်ပါအသားပေးအက်ရှင်ရုပ်ရှင်ကားကောင်းတကားဖြစ်ပါတယ်။ File size…2.12GB / 964MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Action , Thriller , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie
Sniper 2 (2002)
5.5
Sniper: Legacy (2014)
Sniper Legacy (2014) ဇာတ်ကားဟာ 2011 ခုနှစ်ထွက်Sniper Reloaded ရဲ့အဆက်ဖြစ်ပြီး ရှေ့ကားရဲ့ ခြေရာကိုကောင်းကောင်းလိုက်နင်းထားနိုင်တဲ့ Sniper အသားပေးAction ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။အရင်ကားထဲက မင်းသားကျော် သရုပ်ဆောင်ထားတဲ့Brandon Beckett ဟာ ဒီကားထဲမှာလဲ အဓိကအနေနဲ့ဆက်လက်ပါဝင်နေတုန်းပါပဲ။ဇာတ်လမ်းလေးရဲ့အစမှာတော့ ယခင်စစ်သားဟောင်းတစ်ယောက်က အကြောင်းတစ်စုံတစ်ခုကြောင့်အာဖဂန်နစ္စတန်က မစ်ရှင်တစ်ခုမှာ ပါဝင်ခဲ့ဖူးတဲ့ အရာရှိတွေအားလုံးကို တစ်ယောက်ပြီးတစ်ယောက် လိုက်လံလုပ်ကြံနေတာနဲ့ စထားပါတယ်။ သူ ဘာအကြောင်းတွေကြောင့်ဒီလိုလုပ်ကြံနေတာလဲ။ အဲဒါတွေကို အဖြေရှာဖို့ မင်းသားရဲ့ဆရာအပေါ် တာဝန်ကျလာတဲ့အခါမှာ မင်းသားနဲ့ ဘယ်လိုပူးပေါင်းပြီး အဖြေရှာမလဲ သူတို့ရဲ့ ရည်မှန်းချက်ကရောအောင်မြင်မှာလား မင်းသားရဲ့အဖေ တစ်ချိန်က နာမည်ကျော်Sniper ဖြစ်ခဲ့တဲ့သူကရော နောက်ကွယ်မှာ ဘာအကြောင်းတွေရှိနေမှာလဲ မင်းသားအနေနဲ့ လုပ်ကြံမှုတွေကို တားဆီးနိုင်ပါ့မလားစတာတွေကို ပစ်ခတ်ခန်း အကောင်းစားတွေနဲ့ R rating အဆင့်မျိုးကြည့်ရမှာဖြစ်လို့ အက်ရှင်ကားကြိုက်သူတွေ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်..... File size…2.14GB / 1.15GB Quality…WEB-Rip 1080p ...
movie
Sniper: Legacy (2014)
8.3
Full Metal Jacket (1987)
Full metal Jacket ( 1987 )IMDb Rating (8.3) / Rotten Tomatoes (90%)အမေရိကန်ဒါရိုက်တာတွေထဲ အတော်ဆုံးဆိုတဲ့ ဒါရိုက်တာတွေ တော်တော်တော့များတယ်ပေမဲ့ စတန်လေကူးဘရစ်ကတော့ အဲဒီအတော်ဆုံးတွေရဲ့ အတော်ဆုံးထဲကမှ အတော်ဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ Genre ပေါင်းစုံရိုက်ခဲ့ပြီး ရိုက်ခဲ့သမျှလဲ သူ့Genreမှာသူ အနုပညာအရထိပ်ဆုံးက အောင်မြင်နေတဲ့ ရုပ်ရှင်တွေချည်းရိုက်ထားတဲ့သူပါပဲ။ သူ့ရုပ်ရှင်တွေဟာ ဟောလိဝုဒ်နယူးဝေ့ရဲ့ အရေးပါတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့သလို ၂၀ရာစု ကမ္ဘာ့ရုပ်ရှင်ရဲ့ အရေးအပါဆုံး ရုပ်ရှင်တွေလည်းဖြစ်ခဲ့တယ်။ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးရုပ်ရှင်လို့လည်း ပြောကြတဲ့ Citizen Kaneရဲ့ ပဲ့ကိုင်ရှင် အော်ဆန်ဝဲလ်က သူ့အောက်မျိုးဆက်မှာ ကူးဘရစ်ဟာ တော်တော်အထင်ကြီးစရာကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ စပီးဘာ့ချ်, စကောဆေးစိ,ကော်ပိုလာ,လူးကတ်စ်,ကလင့်အိစ်ဝုဒ်, ကင်မရွန်း,ဝူဒီအယ်လန်, တင်ဘာတန်, တာရတန်တီနို ,ဒေးဗစ်လင်း, ပေါလ်သောမတ်အန်ဒါဆန်, ဝက်စ်အန်ဒါဆန်, အာရွန်နော့စကီး, နိုလန်, ရစ်ချက်လင့်လိတ်တာ, မိုက်ကယ်မန်း, ဒယ်တိုရို, ဂျော့အေရိုမီရို ...
movie
Full Metal Jacket (1987)
6.1
Purple Butterfly (2003)
Purple Butterfly ( 2003 ) IMDb - 6.1/10 Genre - Drama/History/Warဒီကားကိုရိုက်တဲ့ Lou Yeကို တော်တော်များများကတော့ Suzhou Riverတို့ Summer Palaceတို့နဲ့ သိကြမှာပါပဲ။ လုရီဟာ ပြည်မကြီးက ဒါရိုက်တာဖြစ်သလို ခြောက်ဆက်မြောက်မျိုးဆက်ဒါရိုက်တာလည်း ဟုတ်တယ်။ Chen Kaigeတို့ Zhang Yimouတို့ရဲ့ နောက်တစ်ဆက် Jia Zhangkeတို့အဆက်ပေါ့။ဒီမျိုးဆက်က အချိုးအကွေ့တော့ ကြီးတယ်ပြောရမလားပဲ။ ချန်ကေ့တို့ ကျန်းရိမူတို့ အဆက်နဲ့ အကြောင်းအရာရော တင်ဆက်ပုံရော တော်တော်လေးကွဲပြားသွားတယ်။ ဒီလိုဆန်းသစ်မှုတွေနဲ့ ပြည်မနဲ့ရဲ့ ပြဿနာလည်း တော်တော်လေးပေါ်လာတယ်။ လုရီရဲ့ ပထမဆုံးကားဖြစ်တဲ့ Weekend Loverကလည်း အပိတ်ခံရသလို Suzhou Riverကလည်း အပိတ်ခံခဲ့ရတယ်။ သူလည်း ရုပ်ရှင်ရိုက်ခွင့် ၂နှစ်အပိတ်ခံခဲ့ရလို့ ၂၀၀၃မှာမှ တတိယကားဖြစ်တဲ့ Purple Butterflyနဲ့ ပြန်ပေါ်လာခဲ့တယ်။ ...
movie
Purple Butterfly (2003)
7.0
Liberation (aka) Before It Ends (2023)
ဒီရုပ်ရှင်ကတော့ သမိုင်းနောက်ခံပြု ရိုက်ကူးထားတဲ့ ဒရာမာရုပ်ရှင်ကားတစ်ကားဖြစ်ပြီး တချိန်က ဒန်းမတ်ရောက် ဂျာမန်ဒုက္ခသည်များ၏ အတွေ့အကြုံများကို တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။ စစ်ပွဲကာလ ရှားပါးပြတ်လပ်မှုနှင့် နာဇီအစိုးရ၏ ဂျာမန်လူမျိုးများကို စွန့်ပစ်ခြင်း များကြောင့် လူပေါင်း မြောက်များစွာ သေဆုံးခဲ့ရပုံကို အခြေပြုရိုက်ကူးထားတာပါ။ဇာတ်လမ်းအညွှန်းJacob ဟာ ကျေးလက်အထက်တန်းကျောင်းမှာ ယောက်ျားလေး ဘော်ဒါကျောင်းတစ်ခု၏ ကျောင်းအုပ်ဆရာတစ်ယောက် ဖြစ်ပါတယ်။ဒိန်းမတ်နိုင်ငံကို ဂျာမန်တို့ သိမ်းပိုက်ထားချိန် ၁၉၄၅ ခုနှစ် ဧပြီလမှာ စစ်ဘေးရှောင် ဂျာမန်ဒုက္ခသည် ၅၀၀ ကို ခေါ်ထားရန် အမိန့်ပေးခံရသောအခါမှာလည်း Jacob အနေနဲ့ မလွှဲမရှောင်သာဘဲ ကျောင်းရဲ့ အားကစားခန်းမကို ဒုက္ခသည်စခန်းအဖြစ် အသုံးပြုခွင့် ပေးခဲ့ရပါတော့တယ်။ လွတ်လပ်ရေးတိုက်ပွဲကလည်း အရှိန် မြင့်နေချိန်မို့ ဒုက္ခသည်တွေကို ကူညီတဲ့သူတိုင်းကို သစ္စာဖေါက်လို့ အမည်တပ်ကြချိန် ဖြစ်ပါတယ်။ မကြာခင်ပဲ သူ့ကျောင်းမှာရှိတဲ့ ဂျာမန်လူမျိုးဒုက္ခသည်တွေက ဆုံဆို့နာရောဂါ ဖြစ်ပွားပြီး တဖြုတ်ဖြုတ် သေကြပါတော့တယ်။ဒီအခါ ...
movie
Liberation (aka) Before It Ends (2023)
7.3
Hell’s Angels (1930)
Hell’s Angels က ၁၉၃၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စစ်ပွဲ ကာလအတွင်း ကိုဖော်ပြရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်၊ရိုင် မွန်တဲတို့ နှစ်ယောက် စစ်ပွဲကာလအတွင်း နိုင်ငံ့တာဝန်ထမ်းဆောင်နေရတဲ့အချိန် သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့အတွေးအခေါ်စိတ်နေစိတ်ထားနဲ့ စစ်ပွဲတွင်းအခြေအနေတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်ဟယ်လန်ဆိုတဲ့ ကောင်မလေးနဲ့ သူတို့ကြားက ဆက်ဆံရေးကိုလည်း ခံစားကြည့်ရှုရမှာဖြစ်တဲ့အပြင် IMDB မှာလည်း rating 7.3 ရရှိထားတာမို့ စစ်ပွဲကာလကို ထင်ဟပ်ချင်ရင်တော့ ကြည့်ရှုသင့်တဲ့ အဖြူအမဲ ဇာတ်ကားကောင်းပါ File size…(2.9 GB)/(2.6 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:07:00 Genre...Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie
Hell’s Angels (1930)
6.0
Pilecki’s Report (2023)
ဒီဇာတ်ကားကတော့ ဇာတ်ကားပြီးသွားတဲ့အခါသူရဲကောင်းတွေကို ဘာကြောင့် သတ်ပစ်ကြတာလဲဆိုတဲ့မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရမယ့်ဇာတ်ကားမျိုးပါ။၂ နာရီစာ ဒီဇာတ်ကားက တကယ့်ဖြစ်ရန်မှန်ကို အခြေခံထားတဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ဒုတိယ ကမ္ဘာစစ်မှာ ပိုလန် လူမျိုး ဝစ်တိုး ပီလက်ကီဆိုတဲ့တော်လှန်ရေး တပ်သားတစ်ယောက်ဟာ အရမ်း ဆိုးဝါးတဲ့အော့ဇ်ဝစ်ချ် ဂျာမန် အကျဉ်းထောင်ထဲကို ဝင်ရောက်ခဲ့ပါတယ်။စစ်ကြီးပြီးသွားတဲ့အခါမှာတော့ ကွန်မြူနစ် အရာရှိတွေရဲ့ဖမ်းဆီးခြင်းကို သူ့အနေနဲ့ ခံလိုက်ရတယ်။ စစ်အတွင်းမှာသူကြုံခဲ့ရတာတွေ .. အော့ဇ်ဝစ်ချ်ဆိုတဲ့ ငရဲခန်းထဲမှာ သူ့ရဲ့အတွေ့အကြုံတွေနဲ့ မျက်မြင်ကိုယ်တွေ့ သူကြုံခဲ့ရတဲ့ အနိဌာရုံမြင်ကွင်းတွေအကြောင်း ကွန်မြူနစ်အရာရှိတွေက သိချင်ခဲ့ကြတာဖြစ်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့၁၉၄၈ ခုနှစ်မှာ ဆိုဗီယက်အစိုးရကို ဆန့်ကျင်မှုကြောင့်သူဟာ ကွပ်မျက်ခံလိုက်ရတာပါပဲ။ပထမ စစကြည့်ချင်းမှာ ဇာတ်ကားကို သိပ်နားမလည်နိုင်ပေမဲ့နောက်ပိုင်းမှာ အော့ဇ်ဝစ်ချ် အကျဉ်းထောင်ထဲက ရိုက်ကွင်းတွေကြောင့် ဇာတ်ကားက ပိုကြည့်လို့ ကောင်းလာပြီး ဇာတ်ရည်လည်းလည်လာမှာဖြစ်ပါတယ်။ သမိုင်း ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဒီဇာတ်ကားက ကြည့်ရမယ့်ဇာတ်ကားကောင်း တစ်ကားပါပဲ လို့ ပြောရင်း ...
movie
Pilecki’s Report (2023)
8.4
Come and See (1985)
Come and See ( 1985 )IMDb Rating (8.4) / Rotten Tomatoes (90%)Greatest War Films of all time စာရင်းမှာ ကူးဘရစ်ရဲ့ Paths of Glory (1957)နဲ့ Full Metal Jacket (1987)တို့ ကော်ပိုလာရဲ့ Apocalypse Now (1979)တို့ Jean Renoirရဲ့ Grand Illusion (1937)တို့နောက်မှာ ကပ်ပါလာတာကတော့ ဆိုဗီယက်ကား Come and See ( 1985 )ဆိုတဲ့ရုပ်ရှင်ကားပါပဲ။ တစ်ချက်ရှိတာက ဒီကားတွေကို အကောင်းဆုံးစစ်ကားတွေလို့ ပြောကြပေမဲ့ ဒီကားတွေအကုန်လုံးက Anti-war filmsစာရင်းမှာ ဝင်နေတာပါပဲ။ Anti-war filmsတွေဆိုတာကတော့ စစ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့အရာ အနိဠာရုံများတဲ့အရာလို့ဖော်ပြထားတဲ့ စစ်ရဲ့မကောင်းခြင်းတွေကို မီးမောင်းထိုးပြနေတဲ့ ရုပ်ရှင်တွေပါပဲ။ ...
movie
Come and See (1985)
4K HEVC
5.7
Iron Lady Sniper ( 2024 )
ဇာတ်ကားလေးကိုတော့ တရုတ်ပြည်မှာ ဂျပန်တွေကြီးစိုးနေတဲ့ခေတ် 1950နှောင်းပိုင်းကိုအခြေခံပြီးရိုက်ကူးထားပါတယ် ။ ဇာတ်ကားလေးက Action ဆန်ဆန် ဇာတ်လမ်းတွေ ကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက်တော့ ဇာတ်ကားကောင်းလေးဖြစ်မယ်ဆိုတာ ပြောရဲပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ စက်တင်ဘာ 18 ဆူပူမှုကြီးအပြီးမှာ တရုတ်ပြည်ရဲ့ အင်အားအကြီးဆုံးစစ်တပ်ဖြစ်တဲ့ တုန်းပေစစ်တပ်ဟာ ဂျပန်တွေကို မတိုက်ခိုက်တော့ဘဲ ခုခံဖို့မူဝါဒကိုချမှတ်လိုက်ပါတယ် ။ဒါကိုမကျေနပ်ကြတဲ့ တုန်းပေစစ်တပ်က စစ်သားတွေဗိုလ်ကြီးတွေ တော်တော်များများက တုန်းပေစစ်တပ်ကထွက်ခွာပြီး ပြည်သူ့တော်လှန်ရေးတပ်ထဲဝင်ကြပါတော့တယ် ။ ဂျပန်တွေကလည်း မန်ချူးတွေရဲ့အကူအညီနဲ့ရဲတင်းပြီး တရုတ်ပြည်က တော်လှန်သူမှန်သမျှကို ရက်ရက်စက်စက်လိုက်လံသုတ်သင်နေတဲ့အချိန်လည်းဖြစ်ပါတယ် ။အဲဒီတော်လှန်သူတွေထဲမှာ မင်းသမီးရဲ့မိဘတွေကလည်းအပါအဝင်ဖြစ်ပြီး သူတို့ရဲ ရဲဘော်ရဲဘက်တစ်ယောက်ကို ဖွက်ထားပေးမိလို့ အသေနှိပ်စက်ခံခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ် ။ဒါကိုမျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရတဲ့ လန်ရွှယ် ( မင်းသမီး ) လေးဟာ တစ်ဘဝလုံး ဂျပန်တွေကိုမုန်းတဲ့စိတ်နဲ့ကြီးပြင်းလာခဲ့ပြီးတော့ အဲဒီကယ်လိုက်တဲ့ရဲဘော်ရဲဘက်ဗိုလ်ကြီးဆီမှာ သေနတ်ပစ်နည်းကို ကျွမ်းကျင်သည်အထိသင်ခွင့်ရခဲ့ပါတယ် ။သူပညာရည်ပြည့်စုံပြီး ထိပ်တန်းစနိုက်ပါတစ်ယောက်ဖြစ်လာခဲ့ချိန်မှာတော့ မိဘတွေအတွက်ဘယ်လိုလက်စားချေသွားမလဲ ? ဂျပန်တွေကိုရော ဘယ်လိုတော်လှန်သွားမလဲဆိုတာကို စိတ်ဝင်စားစွာ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှူပေးကြပါအုံးနော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , War Runtime : 1 h 12 min Subtitle : Myanmar Subtitle ...
movie
Iron Lady Sniper ( 2024 )
6.7
Battle of the Warriors (2006)
စစ်သည်တို့ရဲ့တိုက်ပွဲလို့အမည်ရတဲ့ ဒီဟောင်ကောင်ရုပ်ရှင်က၂၀၀၆ ခုနှစ်ထွက်စစ်ပွဲရုပ်ရှင်ဖြစ်ပြီး ဂျပန်သမိုင်းဝင်မန်းဂစီးရီးတစ်ခုဖြစ်တဲ့ Bokkō ပေါ်အခြေခံထားပါတယ်။ ဒါရိုက်တာ Jacob Cheung ရိုက်ကူးထားပြီး နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Andy Lau, Ahn Sung-ki, Wang Zhiwen, Fan Bingbing, Nicky Wu နဲ့ Choi Siwon တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီပူးတွဲထုတ်လုပ်မှုမှာ တရုတ်ပြည်မြောက်ပိုင်း၊ ဟောင်ကောင်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ပါဝင်ပါတယ်။ဒီရုပ်ရှင်က ဘီစီ ၃၇၀ ခုနှစ်က တရုတ်ပြည်ရဲ့ စစ်ပွဲခေတ်ကာလကို ဖော်ပြထားပြီး Zhao နိုင်ငံက စစ်တပ်ကြီးဟာ Yan နိုင်ငံကို တိုက်ခိုက်သိမ်းယူဖို့ ချီတက်လာနေပါတယ်။ Zhao-Yan နယ်နမိတ်ပေါ်မှာတည်ရှိနေတဲ့ Liang မြို့ဟာ Zhao စစ်တပ်က သိမ်းယူခြင်းကိုခံရမယ့် အန္တရာယ်ကိုကျရောက်နေပါတယ်။ Liang မြို့ကို ကာကွယ်ဖို့ Mohist တစ်ဦးဖြစ်သူ Ge Li က အကူအညီပေးဖို့ရောက်ရှိလာပါတယ်။ ...
movie
Battle of the Warriors (2006)
8.4
Apocalypse Now (1979)
Apocalypse Now (1979) ================= IMDb Rating (8.4) / Rotten Tomatoes (97%)ကမ္ဘာ့အကောင်းဆုံး War စစ်ကားတွေလို့ရှာလိုက်ရင် ထိပ်ပိုင်းမှာ အမြဲတွေ့ရမှာကတော့ Apocalypse Now (1979) ရုပ်ရှင်ကားကြီးပါပဲ။ ဒီရုပ်ရှင်ဟာ Oscar 8 ဆုထိ ဇကာတင်ဝင်ခဲ့ပြီး ရုပ်ရှင်ဓာတ်ပုံပညာနဲ့ အသံပိုင်းဆိုင်ရာမှာ Oscar 2 ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ The Greatest War film အဖြစ် သတ်မှတ်ကြတဲ့ Apocalypse Now ကို God Fatherရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာက ရိုက်ထားတဲ့အပြင် God Fatherကြီး မာလွန်ဘရန်ဒိုက Second lead နေရာက သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်ကို တကယ့်စစ်ပွဲကာလအတွင်း ဗီယက်နမ်အနီးက တောတွင်းတစ်နေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ခက်ခဲကြမ်းတဲ့ ပတ်ဝန်းကျင်အနေအထားတွေကြောင့် သရုပ်ဆောင်တွေရော ဒါရိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့တချို့ပါ သေလုမျောပါးဒဏ်ရာတွေရရှိခဲ့တဲ့အထိ ခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါတယ်။ ဒါပေမယ့် တကယ့်ဗီယက်နမ်အငွေ့အသက် စစ်ပွဲအငွေ့အသက်တွေနဲ့ တစ်သက်တာအကောင်းဆုံးစစ်ကားကြီးအဖြစ်ဖန်တီးနိုင်ခဲ့ကြပါတယ်။Apocalypse Now (1979) ...
movie
Apocalypse Now (1979)
1979
4K HEVC
5.8
Mutant ( 2024 )
ဒီဇာတ်ကားလေးကတော့ အပြင်လောက လက်ရှိ ၂၁ရာစုမှာ ကြောက်စရာ ကောင်းလောက်အောင် အရမ်းကိုဖွံ့ဖြိုးတတ်တက်လာပြီးတော့ အနာဂတ်မှာ လူသားမျိုးနွယ်ကိုပါ အန္တာယ်ပေးလာနိုင်တယ်ဆိုတဲ့ လူလုပ်ဉာဏ်ရည်တု AI နဲ့ လူသားတွေကြားက စစ်ပွဲအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ လူသားမျိုးနွယ်အတွက် အထောက်အကူဖြစ်စေဖို့အတွက် လက်ရှိ AI ထက် တစ်ဆင့်မြင့်တဲ့ ခံစားချက်ပါထည့်သွင်းထားပြီး ကိုယ်ပိုင်အသိစိတ်ရှိစေတဲ့ပရိုဂရမ်ပါ ထျန်းရုန်ချစ်ပ်ပြားကို အင်ဂျင်နီယာကြီး ကျူးရုန်ကတီထွင်ခဲ့ပါတယ် ။မူလရည်ရွယ်ချက်က လူသားအထောက်အကူပြုနည်းပညာဆိုပေမဲ့ ကိုယ်ပိုင်အသိစိတ်ရသွားတဲ့ ပင်မကိုယ်ထည် AI ဟာ လူသားမျိုးနွယ်ကို မျိုးသုဉ်းသွားသည်အထိ သတ်ဖြတ်ပြီး စက်ရုပ်တွေကို ကမ္ဘာမြေပေါ်မှာ အစားထိုးနေရာရဖို့ ကြိုးစားပါတော့တယ် ။အဲဒါကြောင့်ပဲ AI စက်ရုပ်စစ်တပ်ကြီးရဲ့ လူသားမျိုးနွယ်တွေကို မျိုးသုဉ်းသတ်ဖြတ်ခြင်းအစီအစဉ်ကြီးစတင်လာပြီး လူသားတွေဘက်ကလည်း ခုခံစစ်အနေနဲ့ပြန်လည်တိုက်ခိုက်ကြတဲ့အခါမှာတော့ လူသားတွေနဲ့ AI ကြားစစ်ပွဲကြီးပေါ်ပေါက်လာပါတော့တယ် ။လူသားတွေထက်နည်းပညာတစ်ဆင့်မြင့်တဲ့အပြင် ဦးနှောက်ကပါ အဆ၃၀ အဆင့်မြင့်နေတဲ့ AI ကိုလူသားတွေဘယ်လိုပြန်တိုက်ခိုက်မလဲ ? အနိုင်ရောတိုက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးထဲစိတ်ဝင်စားစွာကြည့်ရှုလိုက်ပါအုံးနော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Science Fiction , War , Romance Runtime : ...
movie
Mutant ( 2024 )
N/A
Sniper: Ghost Shooter (2016)
ဓာတ်ငွေ့ပိုက်လိုင်းကို တိုက်ခိုက်တဲ့သူတွေနဲ့ အကျိုးစီးပွားကာကွယ်တဲ့ သူတွေအကြား စနိုက်ပါတိုက်ပွဲကို ကြည့်ရှုရမှာပါ Ghost Shooter ဆိုတဲ့အတိုင်း အမည်မသိ စနိုက်ပါသမားတစ်ယောက်က ဘယ်သူလဲ?ပြီးတော့ တိုက်ပွဲတစ်ခုမှာ အသာစီးရဖို့ ဘာက အရေးကြီးတယ်လို့ ပရိတ်သတ်များထင်ပါသလဲ? လက်ရည်တစ်ခုတည်းနဲ့ အောင်မြင်နိုင်ပါ့မလား? စနိုက်ပါတွေနဲ့ အပြန်အလှန်အပြီဆော်တဲ့ Action ကား မျိုးကြိုက်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို pick ကြည့်ပါလို့ အကြံပေးချင်ပါတယ်။File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama , Action, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Luca
movie
Sniper: Ghost Shooter (2016)
2016
The Shamrock Spitfire (2024)
ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှတော်ဝင်လေတပ်မှာ အသက် ၂၁ နှစ်နဲ့ အသက်အငယ်ဆုံး ဒုတိယဗိုလ်မှူးကြီးအဖြစ် သမိုင်းဝင်ခဲ့တဲ့ တိုက်လေယာဉ်မှူး အိုင်ယာလန်နိုင်ငံသားလေး ဘရက်ဒန်ရဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတဲ့ ဒီဇာတ်ကားက ဆုပေါင်း ၅၂ ဆုနဲ့ nomination ၇ ဆုဝင်ထားတာပါ။ဇာတ်လမ်းနာမည်က Shamrock ဆိုတာက အိုင်ယာလန်နိုင်ငံသားတွေရဲ့ သင်္ကေတ အရွက်၃ရွက်ပါ ရှန်မ်ရော့ခ်သစ်ရွက်လေးကို ညွှန်းဆိုတာဖြစ်ပြီး Spitfire ဆိုတာကတော့ ဒုတိယကမ္ဘာစစ်အတွင်း နာမည်ကျော်ခဲ့တဲ့ ဗြိတိန်တိုက်လေယာဉ်ဖြစ်ပါတယ်။ လေယာဉ်ရဲ့ အင်ဂျင်က မြင်းကောင်ရေအား ၁၀၄၀ အားရှိပြီး Rolls Royce မာလင်အင်ဂျင်ဖြစ်ကာ တစ်နာရီကို အမြင့်ဆုံး ၃၇၄ မိုင်နဲ့ ပေ ၃၇၀၀၀ လောက်အထိကို ပျံသန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။အဖေက အိုင်ယာလန်ဖြစ်ပြီး အမေ အင်္ဂလိပ်လူမျိုးက မွေးဖွားလာတဲ့ ဘရက်ဒန် ဖီနူကန်လေးက ငယ်စဉ်ကတည်းက ပျံသန်းလိုစိတ်ပြင်းပြသူလေးပါ။ အသက်အရွယ်ရောက်လာတော့ တော်ဝင်လေတပ်ရဲ့ လူသစ်ခေါ်စာကိုတွေ့ပြီး ...
movie
The Shamrock Spitfire (2024)
7.6
The Thin Red Line (1998)
The Thin Red Line (1998)IMDb Rating (7.6) / Rotten Tomatoes (80%)ဒီရုပ်ရှင်ကားကြီးကတော့ သရုပ်ဆောင်ပေါင်းများစွာနဲ့ စစ်ပွဲရဲ့အနိဌာရုံအကြောင်းတွေကို အသေးစိတ်အနုစိတ်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဂန္တဝင်ရုပ်ရှင်စစ်ကားကြီးဖြစ်ပါတယ်.....ကံဆိုးတာကတော့ တွမ်ဟန့်ရဲ့ Saving Private Pyan (1998) ရုပ်ရှင်ကားနဲ့တစ်နှစ်တည်းထွက်ခဲ့တာကြောင့် အော်စကာဆုတစ်ဆုမှမရခဲ့ဘဲ စကာတင်အဆင့်နဲ့တင်ကျေနပ်ခဲ့ရပြီး အခြားဆုပေးပွဲတွေမှာပဲ Won ခဲ့ရပါတယ်... ဒါပေမယ့် တချို့ဆိုရင် ဒီရုပ်ရှင်ကားကြီးကို Saving Private Pyan ထက် ပိုကြိုက်ခဲ့ကြပြီး အေးအေးလေးလေးခံစားတတ်သူများအဖို့တော့ TTRL က ခံစားစီးဝင်ဖို့ သိပ်ကောင်းတဲ့ရုပ်ရှင်ကားကြီးပါ....ရုပ်ရှင်ပြသချိန်ကလဲ ၃ နာရီလောက် ကြာရှည်ပြီး ကြည့်ရင်းကြည့်ရင်း ကိုယ်ပါရုပ်ရှင်ထဲရောက်ရှိသွားသလို နစ်မြောသွားမှာပါ။ TTRL ရဲ့ဇာတ်ကြောင်းကတော့ Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေလိုပဲ ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်... ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ...
movie
The Thin Red Line (1998)
1998
4K HEVC
Civil War (2024)
A24 က ထုတ်လုပ်တဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ပထမဆုံး တရုတ်အထိပါ ရုံတင်ဖြစ်တဲ့ကားပါပဲ။ ဇာတ်လမ်းကတော့ အက်ရှင် စွန့်စားခန်း သည်းထိပ်ရင်ဖို အမျိုးအစားဖြစ်ပါတယ်။အမေရိကန်နိုင်ငံကြီး လက်ရှိခေတ်မှာ ပြည်တွင်းစစ်ဖြစ်သွားတာကို စိတ်ကူးယဉ်ရိုက်ကူးထားတာပါ။ ဒါရိုက်တာကတော့ 28 Days Later တို့ Ex Machina တို့ရဲ့ ဖန်တီးရှင် Alex Garland ပါပဲ။ စစ်ပွဲတွေရဲ့ ဖြစ်တတ်တဲ့ သဘာဝကို အဓိက ဇာတ်ကောင် စစ်သတင်းထောက်တွေ ပတ်လည်မှာ အခြေခံပြီး ပြသထားတာပါ။ စစ်ပွဲအတွက် စည်းကမ်းတွေအများကြီးရေးခဲ့ကြပေမဲ့ တကယ်တိုက်တဲ့အခါ ဘာစည်းကမ်းမှ မရှိတော့တာမျိုးကိုလည်း ပြထားပါတယ်။ဇာတ်လမ်းအကျဉ်း အမေရိကန် သမ္မတနဲ့အစိုးရ ဦးဆောင်တဲ့ တပ်တွေနဲ့ ခွဲထွက်ရေး အနောက်ပိုင်းတပ်တွေ ပြည်တွင်းစစ်ဖြစ်ကြပါတယ်။ ဝါရှင်တန်ဒီစီကနေ အစိုးရတပ်တွေ ဘယ်လိုအောင်ပွဲခံနေကြောင်း ဆက်တိုက်လွှင့်နေပေမဲ့ ခွဲထွက်ရေးတပ်တွေက တစ်မြို့ပြီးတစ်မြို့သိမ်းလာပြီး ရက်ပိုင်းအတွင်း မြို့တော်ဒီစီ ကျရှုံးတော့မဲ့အချိန်ကိုရောက်လာပါတယ်။ အဲဒီအချိန်မှာ စစ်သတင်းထောက် ...
movie
Civil War (2024)
4K HEVC
1
2
3
4
Last
Previous
Next