Channel Myanmar

War

Baahubali 2: The Conclusion (2017) Bahubali 2 8.7
Baahubali 2: The Conclusion (2017) Bahubali 2 IMDb Rating (8.2) / Rotten Tomatoes (86%)ဘုရင့် သက်တော်စောင့် ကက်တာပါးက မဟစ်ရှ်မာတီ နိုင်ငံတော်က ထီးညွန့်နန်းလျာ အမန်ဒရာဘာဟုဘာလီကို သူ ကိုယ်တိုင် ဘာကြောင့်သတ်ဖြတ် ပစ်ရတဲ့အကြောင်းကို သားဖြစ်သူ မဟင်ဒရာဘာဟုဘာလီကို ရှင်းပြတဲ့ပုံစံနဲ့ ဇာတ်လမ်းဆက်ထား တာပါ။ဆူပူသောင်းကျန်းတဲ့ မ ကောင်းဆိုးဝါးတွေ နှိမ်နင်းအပြီး မှာတော့ ဘုရင်မကြီးဆီဗာဂါမိ ဟာ သားဖြစ်တဲ့ အမန်ဒရာဘာဟု ဘာလီကို ထီးနန်းဆက်ခံမယ့်သူ အဖြစ် ကြေညာခဲ့ပြီး တူဖြစ်တဲ့ ဘာလာကိုတော့ စစ်သူကြီးအဖြစ် ကြေညာခဲ့ပါတယ်။ ဘုရင်မကြီး က အမန်ဒရာကို တပ်မှူးကက် တာပါးနဲ့အတူ အနီးဝန်းကျင်က နိုင်ငံတွေနဲ့ ပြည်သူတွေကြားကို လေ့လာဖို့ စေလွှတ်ခဲ့ပါတယ်။အဲဒီလိုသွားရင်းနဲ့ တစ်နေ ရာအရောက်မှာတော့ တိုက်ရေး ခိုက်ရေးကျွမ်းကျင်ပြီး ထက်မြက် တဲ့ ကန်တာလာနိုင်ငံက မင်းသမီး ဒီဗာဆီနာနဲ့ဆုံခဲ့ပြီး မင်းသမီးကို သဘောကျမိတဲ့အတွက် အမန် ...
movie

Baahubali 2: The Conclusion (2017) Bahubali 2

2017
4K HEVC
Baahubali: The Beginning (2015) Bahubali 8.3
Baahubali: The Beginning (2015) Bahubali IMDb Rating (8/10) / Rotten Tomatoes (89%)မူရင်းအသံဖြစ်တဲ့ Telugu အသံနဲ့ International Cut Version ကို HEVC Encode နဲ့ပါ တင်ဆက်လိုက်ပါတယ်။ဗာဟုဘာလီဇာတ်ကားကတော့ Action, Adventure, History အမျိုးအစား ရာဇဝင်ဇာတ်ကားပါ။ရှေးခေတ်အိန္ဒိယတိုင်းပြည် က အင်အားကြီးဘုရင်တွေနဲ့ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းတွေကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ရှီဗာဆိုတဲ့ မွေး ကင်းစကလေးငယ်လေးနဲ့ သူ့ရဲ့ အထိန်းတော်ဖြစ်သူတို့ကို ဘုရင့် မှူးမတ်တွေက လိုက်ပြီးတော့ သုတ်သင်ပါတယ်။ ထွက်ပြေးရင်း လမ်းခုလတ်အရောက်မှာ သူ့ရဲ့ အထိန်းတော်ဖြစ်သူက ကွယ်လွန် သွားခဲ့ပြီး ရှီဗာဆိုတဲ့ ကလေးလေးကို ဒေသခံရွာသားတွေက စောင့်ရှောက်ခဲ့ပါတယ်။ရှီဗာ တဖြည်းဖြည်းကြီးလာ တဲ့အခါ တခြားလူငယ်တွေနဲ့မတူ ဘဲ သန်မာပြီးရဲရင့်တဲ့လူငယ်တစ် ယောက်ဖြစ်လာတယ်။ သူကြီး ပြင်းခဲ့တဲ့ရွာနဲ့ မနီးမဝေး တောင် ပေါ်မှာ ရှေးဟောင်းဘုရင့် တိုင်း ပြည်တစ်ခုရှိပြီး ...
movie

Baahubali: The Beginning (2015) Bahubali

2015
HEVC 1080p BluRay
Knights of Valour (2021)Green Dragon Crescent Blade
Knights of Valour (2021)Green Dragon Crescent Blade တရုတ်ဂန္တဝင်စာပေအကြောင်းပြောရင်မပါမဖြစ်တဲ့ Romance of the Three Kingdoms ဝတ္ထုကို မှီငြမ်းပြီးပုံစံသစ်တစ်မျိုးနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ဟန်မင်းဆက် ကုန်ဆုံးခါနီးအချိန် တိုင်းပြည်တစ်ခုလုံး အုန်းအုန်းကြွက်ကြွက်ဖြစ်နေတဲ့ အချိန်ကိုပြန်လည်ရောက်ရှိသွားသလို ယူငင်ခေါ်ဆောင်သွားနိုင်မှာပါ။တောင်လိုပုံနေတဲ့ အလောင်းတွေ၊ သွေးချောင်းစီးမှုူတွေ၊ မီးတောက်တွေနဲ့ ပျက်စီးမှုတွေ ကြားထဲမှာအဖေဖြစ်သူ ကွမ်းယွီသေဆုံးမှုကို လက်စားချေနိုင်ဖို့နဲ့သူ့ရဲ့နာမည်ကျော် ​ကျောက်စိမ်းနဂါးဓားကို ပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ ကွမ်းရှင်းကိုတွေ့ရမှာပါ။  File size…(1 GB) Quality….WEB-DL  1080p Format…mp4 Duration….01:20:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aung Myint Oo
movie

Knights of Valour (2021)Green Dragon Crescent Blade

R-Point (2004) 6.3
R-Point (2004) ဒီဇာတ်ကားကတော့ တော်တော်လေးခြောက်ခြားစရာကောင်းတဲ့ ကိုရီးယား Horror ကားပါ..အဖြစ်အပျက်က ၁၉၇၂ ခုနှစ် ဗီယက်နမ်စစ်ပွဲအတွင်းမှာ ဖြစ်ပျက်ခဲ့တာပါ..ဗီယက်နမ်တောနက်ထဲက R-Point ဆိုတဲ့နေရာမှာ တောင်ကိုရီးယားတပ်စိတ်တစ်ခုလုံးပျောက်ဆုံးသွားကြောင်းရေဒီယိုအဆက်အသွယ်ကနေတဆင့် သိလိုက်ရပါတယ်...ဒါကြောင့် သူတို့ကိုကယ်ဆယ်ဖို့ ဗိုလ်ချွဲထယ်အင်း ဦးဆောင်တဲ့တပ်စိတ်တစ်စိတ်ကို R-Point ဆီ စေလွှတ်လိုက်ပါတယ်..တပ်စိတ်တစ်ခုလုံး ဘာကြောင့်ပျောက်ဆုံးနေတာလဲ...ဘယ်လိုအကြောင်းတွေရှိနေတာလဲ....ဘယ်လိုခြောက်ခြားစရာတွေက R-Point မှာ စောင့်ကြိုနေမလဲဆိုတာ....။IMDb Rating (6.3) ရရှိထားပါတယ်။  File size…(1.8 GB) / (1 GB) / (500 MB) Quality…BluRay 1080p/720p/480p Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Myat Thet
movie

R-Point (2004)

Quo vadis, Aida?(2020) 7.9
Quo vadis, Aida?(2020) Quo Vadis, Aida ?(2021) =================== IMDb Rating. = 7.9/10 Rotten Tomatoes = 100%July 1995မှာ Srebrenicaက မွတ်စလင် 8373ယောက်ဟာ လူမျိုးသုဉ်းသတ်ဖြတ် ခံခဲ့ရတယ်။2005မှာ ကုလအထွေထွေ အတွင်းရေးမှူးချုပ် ကိုဖီအာနန်က ဆရီဘရီနီကာမြို့က အစုအပြုံလိုက်သတ်ဖြတ်မှုဟာ ဥရောပမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အဆိုးရွားဆုံးဖြစ်ရပ်လို့ ကြေညာခဲ့ရတဲ့အထိကို ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ အဖြစ်ဆိုးတစ်ခုပါပဲ။ဥရောပရဲ့ နှလုံးသား‌ ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ UNသမိုင်းက အမဲစက်ကြီးဆိုပြီး ကျော်ကြားခဲ့တယ်။ဒီသတ်ဖြတ်မှုကို လူမျိုးသုဉ်းသတ်ဖြတ်မှုလို့လည်း ခေါ်ကြပေမဲ့ ဆားဘီးယားသမ္မတကတော့ လူမျိုးသုဉ်း သတ်ဖြတ်မှုမဟုတ်ပါဘူးလို့ ငြင်းဆိုထားတယ်။ဒီရုပ်ရှင်ဟာ ဆရီဘရီနီကာက Genocideဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ဇာတ်လမ်းကတော့ ဆာ့ဗ်‌တွေက ဆ‌ရီဘရီနီကာကို စသိမ်းလုဆဲဆဲ အချိန်ကစထားတယ်။ မြို့ပေါ်ကို လက်နက်ကြီးတွေ စက္ကန့်တိုင်းမှာ သုံးခုစီ ကျနေတယ်။ UN က ဆရီဘရီနီကာမှာ အခြေစိုက်စခန်းချပြီး ဆရီဘရီနီကာကို လုံခြုံရေးဇုန် (ဝါ) UN ...
movie

Quo vadis, Aida?(2020)

2020
The Beast of War (1988) 7.3
The Beast of War (1988) CM Fan တွေအတွက် တိပ်ခွေခေတ်က ကြည့်ခဲ့ရဖူးတဲ့ Old But Gold စစ်ကား တစ်ကား တင်ဆက်ပေးလိုက်ပါတယ် သမိုင်းကြောင်းအရ အာဖကန်အစိုးရသည် မူဂျာဟစ် သူပုန်တွေကို တိုက်ထုတ်ဖို့ရန် အင်အားမရှိချိန် ဆိုဗီယက်တို့က ကွန်မြူနစ် ကမ္ဘာကြီးတည်ထောင်ရန်ကြိုးပမ်းချိန် အာဖကန်အား ကွန်မြူနစ်အတွင်းသွတ်သွင်းရန်ကြိုးပမ်းပြီး အာဖကန်အစိုးရဘက်မှ မူဂျာဟစ် သူပုန်တွေကို ကူညီတိုက်ခိုက်ပေးခဲ့ရာ နောက်ပိုင်းပြောက်ကျားစစ်ကို အလူးလဲခံရလာပြီး ရွာအလိုက်ရှင်းလင်းရေးတွေလုပ်ဆောင်လာခဲ့ရာ beast ခေါ် သားရဲတင့်ကားကြီးအား မူဂျာဟစ်တို့မှ တိုက်ခိုက်ရန်ကြိုးပမ်းလာရာ သားရဲကြီးပဲ နှိမ်နင်းခံရမလား မူဂျာဟစ်တို့ဘဲ အနိုင်ရမလား အာဖကန်နစ်စတန် ပြည်သူတွေက အများထင်နေကြသလို အရိုင်းအစိုင်းတွေလား သူတို့ရဲ့ ယဉ်ကျေးမှုတွေ အကျင့်စရိုက်တွေ ရုရှားတို့ရဲ့ နိုင်ငံချစ်စိတ်တွေ ကိုယ့်နိုင်ငံကို ကာကွယ်ခြင်းမဟုတ်ဘဲ သူတပါးနိုင်ငံအား ကျုးကျော်စစ်တိုက်ရာ ကြုံတွေ့ပုံများ စစ်မြေပြင်မှာ ဖြစ်တတ်သည့် စစ်ရာဇဝတ်မှုများ စတဲ့ အရာများအားလုံးကို စိတ်ဝင်တစားကြည့်ရှုရမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် Quality - 1080P & 720P WebripSubtitle - BurmeseDuration - 1h 51minFormat - MP4File Size - 1.33 GB & 785.4 MBEncoder ...
movie

The Beast of War (1988)

1988
300: Rise of an Empire (2014) 6.2
300: Rise of an Empire (2014) 300: Rise of an Empire (2014) IMDb - 6.2/10_____Rotten - 44%  #ရုပ်ရှင်မိတ်ဆက်ဒီကားကတော့ 2006 ခုနှစ် တုန်းက ထွက်ခဲ့တဲ့ 300 ဇာတ်ကားရဲ့အဆက် အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားက 300 လောက်သိပ်မကောင်းပါဘူး။ အထူးသဖြင့် ဒီကားမှာ စစ် ပွဲကောင်းကောင်းတွေ တွေ့ရမယ်လို့ မျှော်လင့်ထားတဲ့ ကျွန်တော်အတွက်တော့ စိတ်ပျက်စရာဖြစ် ခဲ့ပါတယ်။ဇာတ်လမ်းကတော့ Themistokles ဆိုတဲ့ အေသင် မြို့က စစ်သူကြီး က ပထမဆုံးအကြိမ် Persian တွေ စစ်ချီလာကတည်းက ရင်ဆိုင်တွေ့ခဲ့ဖူးသလို၊ Xerxes ရဲ့ အဖေဖြစ်တဲ့ (အဲ့ဒီအချိန်တုန်းက စစ်ချီလာတဲ့ Persian ဘုရင်) Darius ကို ပါ မြှားနဲ့ပစ်ခွင်းပြီး သတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက ဘုရင့်သားတော် Xerxes ကိုတော့ မသတ်ပဲ လွှတ်ပေးမိရာကနေ Xerxes က နောက်တစ်ကြိမ် ပြန်ပြီး စစ်ချီလာတာဖြစ်ပါတယ်။၃၀၀ မှာတုန်းက Sparta ကို Messenger ...
movie

300: Rise of an Empire (2014)

2014
300 (2006) 7.6
300 (2006) 300 (2006)IMDb - 7.6/10_____Rotten - 61%ဒီဇာတ်ကားက တကယ့်အဖြစ်အပျက်ရာဇဝင်ကို အခြေခံပြီးရိုက်ကူးထားတာပါ။ဇာတ်ကားရဲ့ အသက်ကတော့ စကားအသုံးအနှုန်းနှင့် Graphic Effect တွေပါ။ စကားအသုံးအနှုန်းတွေ တကယ်အသက်ဝင်ပြီး မာန်ပါလှပါတယ်။ ဇာတ်ညွှန်းဆိုတာထက် သမိုင်းက တကယ့်အဖြစ်အပျက်ကိုတော့ အနည်းငယ်ပြောပြချင်ပါတယ်။***300 (သို့မဟုတ်) Battle of Thermopylae***ဘီစီ ၄၈၀ ခုနှစ် သြဂုတ်လတွင် ပါရှားဘုရင် ဇပ်ဇီး(စ်) (Xerxes) သည် ဂရိပြည်အား တိုက်ခိုက် ရန်အတွက် စစ်သည် နှစ်သိန်း ၊ စစ်သဘောၤတထောင်မျှ ပါဝင်သည့် ဧရာမ တပ် ကြီးနှင့် ချီ၍ လာသည်။ ထိုစဉ်က ဂရိတို့သည် (City state ) မြို့တမြို့ တနိုင်ငံ စံနစ်ဖြင့် သီးခြားစီ ရပ်တည်နေထိုင်လျက် ရှိကြသည်။ သို့သော် တမျိုးနွယ်လုံး၏ ရန်သူ ပါရှန်တို့ စစ် ချီလာပြီ ...
movie

300 (2006)

2006
Lincoln (2012) 7.3
Lincoln (2012) Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေ‌လောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie

Lincoln (2012)

2012
The Warlords (2007) 7
The Warlords (2007)  The Warlords (2007)IMdb Rating (7) / Rotten Tomatoes (63%)၁၉ရာစုအလယ်မှာ ချင်မင်းဆက်ရဲ့ အကျင့်ပျက်ခြစားတဲ့ အုပ်ချုပ်မှုဒဏ်ကို မခံနိုင်တော့တဲ့ပြည်သူတွေဟာ တိုင်ပင်းပုန်ကန်မှုကို အစပြုခဲ့တယ်။ ဒီပြည်တွင်းစစ်ကာလဟာ ၁၄နှစ်ကြာမြင့်ခဲ့ပြီး အငတ်ဘေးနဲ့ စစ်ပွဲကြောင့် လူသန်း၇၀ကျော်သေဆုံး ခဲ့ရတယ်။ ၁၅ရာစုကဆောက်ခဲ့တဲ့ အလယ်ခေတ် ကမ္ဘာ့အံ့ဖွယ်၇ခုထဲပါတဲ့ နန်ဂျင်းကကြွေမျှော်စင်ဆို မြေကွက်လပ်ပဲကျန်တဲ့အထိ ပျက်စီးဆုံးရှုံးမှု များခဲ့တယ်။ ဒီရုပ်ရှင်ဟာ အဲ့ဒီကာလက ဇာတ်အိမ်တည်ထားတဲ့ စစ်ခေါင်းဆောင် သွေးသောက်ညီအစ်ကိုသုံးယောက်ကို ဗဟိုပြုပြီး ဇာတ်အိမ်တည်ထားတယ်။စစ်ကိုဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်တွေမှာ တိုက်ပွဲကိုအသားပေးတဲ့ရုပ်ရှင်ရယ် တိုက်ပွဲထဲက လူတွေရဲ့ စိတ်အခြေအနေကို အသားပေးတဲ့ရုပ်ရှင်ရယ် ရှိတဲ့အထဲ ဒီရုပ်ရှင်ဟာ ဒုတိယအမျိုးအစားရုပ်ရှင်လို့ ပြောလို့ရတယ်။ အောက်ခြေစစ်သားတွေထက် အမိန့်ပေးဆုံးဖြတ်မှုလုပ်ရတဲ့ ခေါင်းဆောင်တွေရဲ့ စိတ်ကို ပိုအသားပေးပြတယ်။တကယ်တမ်းပြောရရင် သွေးသောက်ညီအစ်ကိုစစ်ခေါင်းဆောင်သုံးယောက်မှာ ဒုတိယညီရယ် တတိယညီရယ်ကို နားလည်နိုင်ပေမဲ့ အကိုကြီးဖြစ်တဲ့ ဂျက်လီရဲ့ ကာရိုက်တာ ဖန်းကွမ်ရန်ကို သိပ်နားမလည်နိုင်ဘူး။ ဟိုးငယ်ငယ်တုန်းက တစ်ခါကြည့်ဖြစ်ခဲ့တုန်းကတော့ ဂျက်လီရဲ့ ဒီကာရိုက်တာကို လူယုတ်မာလိုသတ်မှတ်ခဲ့ဖူးပေမဲ့ ဒီတစ်ခါပြန်ကြည့်ဖြစ်တဲ့အခါကျ သူ့လုပ်ရပ်တွေဟာ တစ်နည်းတစ်ဖုံနဲ့ မှန်နေတာကိုလည်း မြင်လာတယ်။ တစ်ချိန်တည်းမှာပဲ သူ့ကာရိုက်တာရဲ့ စိတ်ဟာ နားလည်ရခက်တဲ့ အခြေအနေတစ်ခုဖြစ်သွားတယ်။ ဘယ်သူ့လုပ်ရပ်မှန်ပြီးဘယ်သူ့လုပ်ရပ်မှားတယ်ဆိုတာ အဖြေမထွက်တော့ဘူး။အမှန်ဆိုတာ ပိုဝေဝါးလာတယ်။ စာအုပ်တစ်အုပ်ကို နှစ်ခါဖတ်လို့မရဘူးဆိုတဲ့စကားလိုပဲ ဒီရုပ်ရှင်ကို ငယ်ငယ်တုန်းက အတော်များများလည်း ကြည့်ဖူးခဲ့ကြမှာပဲ ကြည့်တဲ့လူရဲ့စိတ်ပေါ်မူတည်ပြီး ရုပ်ရှင်တစ်ကားကိုလည်း နှစ်ခါပြန်ကြည့်လို့ရမှာတော့ မဟုတ်‌လောက်ဘူး။WARLORDS ဟာ ဂျက်လီကားတွေထဲ Heroနဲ့ Fearless အပါအ၀င် ဂျက်လီရဲ့ ...
movie

The Warlords (2007)

Lawrence of Arabia (1962) 8.3
Lawrence of Arabia (1962) Lawrence of Arabia (1962)====================IMDb Rating (8.3)Rotten Tomatoes (93%)အော်စကာဆု (၇) ဆု ရရှိထားတဲ့ ဖြစ်ရပ်မှန်စစ်ပွဲနောက်ခံ တကယ့်ဂန္တဝင်ဇာတ်ကားကြီးနဲ့မိတ်ဆက်ပေးချင်ပါတယ်...ဒီဇာတ်ကားဟာ ၁၉၁၆ ခုနှစ်များဆီက အာရပ်ကန္တာရတော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ T.E. Lawrence အကြောင်းဖြစ်ပြီးတော့Revolution တို့ရဲ့သဘောတရားကို ရှုမြင်နိုင်ပါတယ်...ပထမကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှဗိုလ်တစ်ဦးဖြစ်တဲ့ ဗိုလ်လောရန့်စ်ဟာ ဂျာမန်နဲ့တူရကီတွေကိုဆန့်ကျင်တိုက်ထုတ်နေတဲ့ အာရပ်တွေရဲ့တော်လှန်ရေးကို လေ့လာဖို့ အာရေးဘီးယားကို စေလွှတ်ခြင်းခံရပါတယ်။ ကိုယ်နဲ့အကျွမ်းတဝင်မရှိတဲ့ ကန္တာရဒေသမှာ ခရီးစနှင်ကတည်းက အခက်အခဲများစွာကြုံတွေ့ရင်းကနေ အာရပ်ခေါင်းဆောင် မင်းသားဖိုင်ဆယ်ဆီရောက်ရှိလာပါတော့တယ်။ဒီလိုနဲ့ အစိတ်စိတ်အမွှာမွှာကွဲပြားနေတဲ့ အာရပ်လူမျိုးစုတွေကို ပြန်လည်စည်းရုံးစုပေါင်းပြီး လောရန့်စ်တစ်ယောက် ဗြိတိသျှအထက်အမိန့်တွေကို ဖီဆန်ကာ အာရပ်တော်လှန်ရေးကိုအရှိန်မြှင့်တင်ခဲ့ပါတော့တယ်။စစ်မှန်တဲ့စိတ်ရင်းစေတနာ၊ မလျှော့သောဇွဲနဲ့ ထက်မြက်တဲ့စစ်ဆင်ရေးနည်းဗျူဟာတွေကြောင့် လက်နက်အင်အား၊ လူအင်အားမမျှတဲ့ တူရကီကြီးစိုးရာနယ်မြေတွေကို သိမ်းယူလာနိုင်ခဲ့တဲ့လောရန့်စ်ဟာ အာရပ်လူမျိုးတွေနဲ့ အင်္ဂလိပ်အရာရှိနှစ်ဖက်လုံးရဲ့ ယုံကြည်ကိုးစားမှုကို တစ်စတစ်စရရှိလာပြီး သူနဲ့အတူအာရပ်တော်လှန်ရေးဟာလည်း အရှိန်အဟုန်မြင့်လာပါတော့တယ်။တော်လှန်ရေးတစ်လျှောက်မှာ မိတ်ဆွေတွေတိုးပွားပြီး စိတ်အားတက်စရာတွေကြုံခဲ့ရသလို ရပြီးသားမိတ်ဆွေတွေကိုဆုံးရှုံးရပြီး လက်လျှော့ချင်စိတ်အကြိမ်ကြိမ်ဖြစ်ခဲ့ရတဲ့ လောရန့်စ်ရဲ့စိတ်ခံစားချက်အတက်အကျတွေကိုပီပြင်အောင်ပုံဖော်နိုင်ခဲ့တဲ့ မင်းသားကြီး ...
movie

Lawrence of Arabia (1962)

1080p Untouched
Warriors of the Rainbow: Seediq Bale – Part 2: The Rainbow Bridge (2011) 7.5
Warriors of the Rainbow: Seediq Bale – Part 2: The Rainbow Bridge (2011) Warriors of the Rainbow: Seediq Bale - Part 2: The Rainbow Bridge (2011)IMDB (7.5) / Rottoen tomatoes ( 69%)ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်အပေါ် အခြေတည်ထားတဲ့ ထိုင်ဝမ်ကားလေးပါRating အရ‌လည်းကောင်းပြီး ဘတ်ဂျက်မှာလည်း ထိုင်ဝမ်ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ဘတ်ဂျက် အများဆုံးသုံးထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်ဇာတ်လမ်းကတော့ထိုင်ဝမ်ကျွန်းကို ဂျပန်က နှစ်ငါးဆယ် ကိုလိုနီပြုထားတဲ့ ကာလအတွင်း ကို ဇာတ်အိမ်တည်ထားပါတယ်နှစ်ငါးဆယ်အတွင်း ဌာနေတိုင်းရင်းသားတွေရဲ့ ပုန်ကန်မှုတွေထဲကမှဆီးဒစ်ဘာလေ လူမျိုးစု ပုန်ကန်မှုကို အဓိက ပြထားတာပါဒီလူမျိုးစုက ၁၆ ရာစုမှာ ဟန်လူမျိုးတို့ ထိုင်ဝမ်ဖော်မိုဆာကျွန်းကို အခြေမချခင် နှစ်ငါးထောင်ကျော်တည်းက နေလာခဲ့တဲ့ လူမျိုးစုလည်း ဖြစ်ပါတယ်ထိုင်ဝမ်ကျွန်းက ဌာနေတိုင်းရင်းသားများစွာထဲမှာမှ ဆီးဒစ်တိုရဲ့ ဘဝအပေါ်ခံယူမှု၊ လူမှုဓလေ့ ၊ စားဝတ်နေရေးအတွက် အမဲလိုက်ကြပုံ ၊ကိုယ့်ဒေသ အပေါ် ချစ်ခင်တွယ်တာ ...
movie

Warriors of the Rainbow: Seediq Bale – Part 2: The Rainbow Bridge (2011)

1080p Untouched
Warriors of the Rainbow: Seediq Bale – Part 1: The Sun Flag (2011) 7.5
Warriors of the Rainbow: Seediq Bale – Part 1: The Sun Flag (2011) Warriors of the Rainbow: Seediq Bale - Part 1: The Sun Flag (2011)IMDB (7.5) / Rottoen tomatoes ( 69%)ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်အပေါ် အခြေတည်ထားတဲ့ ထိုင်ဝမ်ကားလေးပါRating အရ‌လည်းကောင်းပြီး ဘတ်ဂျက်မှာလည်း ထိုင်ဝမ်ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ဘတ်ဂျက် အများဆုံးသုံးထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်ဇာတ်လမ်းကတော့ထိုင်ဝမ်ကျွန်းကို ဂျပန်က နှစ်ငါးဆယ် ကိုလိုနီပြုထားတဲ့ ကာလအတွင်း ကို ဇာတ်အိမ်တည်ထားပါတယ်နှစ်ငါးဆယ်အတွင်း ဌာနေတိုင်းရင်းသားတွေရဲ့ ပုန်ကန်မှုတွေထဲကမှဆီးဒစ်ဘာလေ လူမျိုးစု ပုန်ကန်မှုကို အဓိက ပြထားတာပါဒီလူမျိုးစုက ၁၆ ရာစုမှာ ဟန်လူမျိုးတို့ ထိုင်ဝမ်ဖော်မိုဆာကျွန်းကို အခြေမချခင် နှစ်ငါးထောင်ကျော်တည်းက နေလာခဲ့တဲ့ လူမျိုးစုလည်း ဖြစ်ပါတယ်ထိုင်ဝမ်ကျွန်းက ဌာနေတိုင်းရင်းသားများစွာထဲမှာမှ ဆီးဒစ်တိုရဲ့ ဘဝအပေါ်ခံယူမှု၊ လူမှုဓလေ့ ၊ စားဝတ်နေရေးအတွက် အမဲလိုက်ကြပုံ ၊ကိုယ့်ဒေသ အပေါ် ချစ်ခင်တွယ်တာ ...
movie

Warriors of the Rainbow: Seediq Bale – Part 1: The Sun Flag (2011)

1080p Untouched
Dara of Jasenovac 2021 8.3
Dara of Jasenovac 2021 2021 Serbian သမိုင်း ဒရာမာ အသစ်လေးဘာသာပြန်တင်ဆက်ပေးထားပါတယ်။IMDb 8.3 ရရှိပြီးတော့ မနှစ်က အော်စကာမှာအကောင်းဆုံးနိုင်ငံခြားရုပ်ရှင်ဆုအတွက်ဝင်လျှောက်ခဲ့ပါသေးတယ်။Another Round ဆိုတဲ့ အရက်သမားကားကို မယှဉ်နိုင်လို့သာ ဆုမရခဲ့တာပါ။ဒီရုပ်ရှင်ကတော့ သမိုင်းရဲ့ လူသိနည်းတဲ့လူသတ်ပွဲကြီးတစ်ခုအကြောင်းကို ပြသထားတာပါပဲ။နာဇီတွေက ချွေးတပ်စခန်းတွေ ဖွင့်ပြီးဂျူးတွေကိုသတ်တာတော့ အားလုံးသိနေပြီးသားပါ။အဲဒီကာလအတွင်းမှာပဲ ခရိုအေးရှားမှာလည်း ဖက်ဆစ်ဝါဒ ကြီးစိုးပြီးဂျူးတွေ အပြင် ဆားဘီးယားတွေကိုပါ ခွှေးတပ်စခန်းတွေထဲမှာရက်ရက်စက်စက်သတ်ခဲ့ကြတာတွေ ရှိပါတယ်။ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက် ဒါရာ ဆိုတဲ့ မိန်းကလေး ၁၀ နှစ်ပဲ ရှိပါသေးတယ်။သူ့အဖေက ခွှေးတပ်စခန်းတစ်ခုမှာ မသေအောင် ရုန်းကန်နေရချိန်။သူ့အမေနဲ့ အစ်ကိုက အသတ်ခံလိုက်ရချိန်မှာနှစ်နှစ်သားပဲ ရှိတဲ့ သူ့ရဲ့ မောင်လေးကိုချွေးတပ်စခန်းထဲမှာ မသေအောင် စောင့်ရှောက်ရမယ့်တာဝန်ကျရောက်လာပါတယ်။အဲဒီစခန်းတွေမှာ လူ့အသတ်ဆိုတာ အပျင်းပြေ သတ်စရာလောက်ပဲ ရှိပါတယ်။တံမြက်စည်းလှဲတာ စင်ရင်သတ်တယ်၊အလုပ်မလုပ်နိုင်ရင်သတ်တယ်၊ဖျားရင် ကုရခက်ရင် သတ်တယ် ဆိုတော့ဒီစခန်းကြီးထဲကနေ ဒါရာတစ်ယောက်ဘယ်လိုရုန်းကန်လွတ်မြောက်ရမလဲဆိုတာ.... File size…(1.7 GB) and (1 GB) Quality….WEB-DL 1080p and ...
movie

Dara of Jasenovac 2021

The Last Frontier (2020) 6.5
The Last Frontier (2020) တကယ်ကို ကောင်းတဲ့ စစ်ကားပါ။ ၁၉၄၁ အောက်တိုဘာမှာ ဂျာမန်တပ်တွေဟာမော်စကိုကို သိမ်းပိုက်ဖို့ ခံစစ်ကြောင်းနှစ်ခုကို ဖောက်ပြီး ချီတက်လာခဲ့ပါတယ်။နောက်ထပ်ခံစစ်တစ်ခုပြင်ဖို့တပ်တွေ စုချိန်မမှီတော့တဲ့အတွက်အနီးဆုံးမှာ ရှိတဲ့ ပါဒို့စ်ဗိုလ်သင်တန်းကျောင်းက ဗိုလ်လောင်း ၃၅၀၀ ဟာ ခြေလျင်တပ်အမြောက်တပ်အဖြစ် ခုခံဖို့ တာဝန်ပေးခံရပါတယ်။ သူတို့ကို ၅ ရက်တိတိမဆုတ်ဘဲ တောင့်ခံဖို့အမိန့်ပေးခဲ့ပေမယ့် စစ်ကူတွေက နောက်ကျနေတဲ့အခါ ၁၂ ရက်အထိ တောင့်ခံနိုင်ခဲ့ကြပါတယ်။ ဗိုလ်လောင်း ၃၅၀၀ ထဲက၂၅၀၀ ကျဆုံးခဲ့ပေမယ့် မော်စကိုကို ဂျာမန်တွေ မတက်နိုင်ခဲ့လို့ စစ်ပွဲရဲ့အဖြေပြောင်းလဲသွားခဲ့ပါတယ်။ ဒီနှစ်ထဲမှာ စစ်ကားကေငာ်းရှားတာကြောင့် အားလုံးကြိုက်ကြမှာပါ။ Translated by : Mr. AndersonEncoded by : YKQuality : 1080p Blu0-Ray and 720pFile Size : ...
movie

The Last Frontier (2020)

2020
The Last Train (2006) 6.6
The Last Train (2006) Last Train to Auschwitz(2006)=============================IMDb Rating- 6.6/10Rotten Tomatoes- 79%ဒုတိယကမ္ဘာစစ်အတွင်းမှာ ဟစ်တလာခေါင်းဆောင်တဲ့ နာဇီဟာ ဂျူး၆သန်းကို သုတ်သင်ခဲ့တာ လူတိုင်းအသိဖြစ်မယ်လို့ထင်ပါတယ်ဒီဇာတ်ကားထဲမှာတော့ ဂျာမန်အစိုးရဲ့ ဂျူးသုတ်သင်ရေးတစိတ်တပိုင်းဖြစ်တဲ့ “ဘာလင်မြို့ပေါ်က ဂျူးတွေကို နှင်ထုတ်၊Auschwitzမြို့အထိ ရထားနဲ့ပို့လိုက်တဲ့အကြောင်း”ကို ရှုစားရမှာပါ*************************************** ၁၉၄၃ ဧပြီလ ညတစ်ညမှာတော့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိနေတဲ့ ဂျူးလူမျိုးလက်ကျန်တိုင်း(ဆင်းရဲ ချမ်းသာမရွေး)ကိုနာဇီလျှို့ဝှက်ရဲတပ်ဖွဲ့ကနေ  အိမ်တိုင်ရာရောက်ဖမ်းဆီးခဲ့ပါတယ်ဖမ်းဆီးခဲ့တဲ့ ဂျူးလူမျိုးတွေကိုလည်း ဘာလင်-ဂူနဗိုင်လ် ဘူတာကတစ်ဆင့် ပို့မယ့်နေရာမပြောပြဘဲ ရထားပေါ်တင်လိုက်ပါတယ်ရထားပေါ်မှာလည်း ဂျူးလူမျိုးတွေဟာ တိရစ္ဆာန်တွေလိုဆက်ဆံခံခဲ့ရတယ်ပြီးတော့ အစာရေစာကျွေးတာမခံခဲ့ရသလို စိတ်ကူးပေါက်ရင် သေနတ်အပစ်ခံရတာမျိုး ကြုံခဲ့ရတယ်ဇာတ်လမ်းတင်ဆက်ပုံကတော့ realistic တော်တော်လေး ဖြစ်တာကြောင့် ဗဟုသုတတော်တော်ရနိုင်သလိုနာဇီစနစ်ဆိုးကိုလည်း မျက်ဝါးဝါးထင်ထင် မြင်တွေ့နိုင်ပါတယ်
movie

The Last Train (2006)

2006
Yamato (2005) 6.5
Yamato (2005) [ Unicode ]ဒုတိယကမ္ဘာစစ်တွင် ဂျပန်တပ်များ စစ်ပွဲတွင်စတင်ပြီးစစ်ရှုံးခဲ့ကြပါတယ် ကာမီအို ပါဝင်တဲ့ အထူးဂျူနီယာအရာရှိများ ယာမာတိုသင်္ဘောကြီးပေါ်ရောက်ပြီး ဗိုလ်ကြီး မိုရီဝါကီနဲ့ အူချီဒါတွေနဲ့တွေ့ဆုံပါတော့တယ်ဒါပေမယ့် ဒီတိုက်ပွဲဟာဆိုရင် ဂျပန်အင်ပါယာရေတပ်ရဲ့ မှတ်သားဂုဏ်ယူစရာတိုက်ပွဲတဟ်ခုဖြစ်ခဲ့ပါတယ် ဒီထဲမှာဆိုရင် တပ်သားတွေရဲ့ နိုင်ငံအပေါ်ထားတဲ့ မျိုးချစ်စိတ်နဲ့ ယာမာတိုသင်္ဘောကြီးအပေါ်မှာထားတဲ့ ချစ်မြတ်နိုးစိတ်တို့ကိုတွေ့မြင်နိုင်တဲ့အပြင် ရဲဘော်အချင်းချင်းဖေးမရင်း နိုင်ငံအတွက် သေတဲ့အထိ တိုက်ခိုက်သွားကြတဲ့ပုံစံတွေကို ဝမ်းနည်းကြေကွဲဖွယ်တွေ့မြင်နိုင်မှာဖြစ်ပါတယ်( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ပါ )  [Zawgyi]ဒုတိယကမ္ဘာစစ်တွင် ဂျပန်တပ်များ စစ်ပွဲတွင်စတင်ပြီးစစ်ရှုံးခဲ့ကြပါတယ် ကာမီအို ပါဝင်တဲ့ အထူးဂျူနီယာအရာရှိများ ယာမာတိုသင်္ဘောကြီးပေါ်ရောက်ပြီး ဗိုလ်ကြီး မိုရီဝါကီနဲ့ အူချီဒါတွေနဲ့တွေ့ဆုံပါတော့တယ်ဒါပေမယ့် ဒီတိုက်ပွဲဟာဆိုရင် ဂျပန်အင်ပါယာရေတပ်ရဲ့ မှတ်သားဂုဏ်ယူစရာတိုက်ပွဲတဟ်ခုဖြစ်ခဲ့ပါတယ် ဒီထဲမှာဆိုရင် တပ်သားတွေရဲ့ နိုင်ငံအပေါ်ထားတဲ့ မျိုးချစ်စိတ်နဲ့ ယာမာတိုသင်္ဘောကြီးအပေါ်မှာထားတဲ့ ချစ်မြတ်နိုးစိတ်တို့ကိုတွေ့မြင်နိုင်တဲ့အပြင် ရဲဘော်အချင်းချင်းဖေးမရင်း နိုင်ငံအတွက် သေတဲ့အထိ တိုက်ခိုက်သွားကြတဲ့ပုံစံတွေကို ဝမ်းနည်းကြေကွဲဖွယ်တွေ့မြင်နိုင်မှာဖြစ်ပါတယ်( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu ...
movie

Yamato (2005)

2005
Our Time Will Come (2017) 6.4
Our Time Will Come (2017) ဝေဖန်ရေးသမားတွေရဲ့ ကောင်းမွန်တဲ့ဝေဖန်သံတွေ နဲ့ ရုပ်ရှင်ဆုပေါင်း ၈ ဆု ရရှိထားပြီးဆင်ဆာကြမ်းလှတဲ့ တရုတ်အစိုးရရဲ့ ပိတ်ပင်မှုကိုခံရပြီးမှ ၂၀၁၇ ခုနစ်မှာထွက်ရှိလာခဲ့တဲ့ တရုတ်တော်လှန်ရေးကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။တရုတ်အမျိုးသမီး တော်လှန်ရေးခေါင်းဆောင် “ဖန်းကူး” နဲ့ တော်လှန်ရေးတပ်ဖွဲ့အောင်မြင်ဖို့ မိမိကိုယ်ကို စတေးထားတဲ့ လူငယ်တွေရဲ့ ကြိုးပမ်းခဲ့ပုံတွေကိုနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Zhou Xun , Wallace Huo, Eddie Peng တို့က အတွဲညီညီပုံဖော်ပေးထားပါတယ်။လူငယ်တော်လှန်ရေးအဖွဲ့တွေရဲ့ တော်လှန်ရေးအတွင်းမှာ ကြုံတွေ့ရတဲ့ ခံစားချက်တွေ၊ ခံယူချက်တွေ၊ အတွေ့အကြုံတွေကို အဓိကထားပြီး ရိုက်ပြပေးထားပါတယ်။ ပစ်တာခတ်တာတွေချည်းပဲ ရိုးအီနေအောင်မပြဘဲ တော်လှန်ရေးစိတ်ဓါတ်တွေကို အများကြီးထည့်သွင်းပေးထားတဲ့ ကားလေးဖြစ်တာမို့တွေးလို့ကောင်းမယ့် ရုပ်ရှင်ကောင်းလေးတစ်ကားပါ။ “သမီးတို့တော်လှန်ရေးကကျောက်ခဲကိုကြက်ဉနဲ့ပေါက်သလိုဖြစ်နေမှာပေါ့”“ဒီလိုသာ လူတိုင်းတွေးနေရင် အရေးတော်ပုံ ဘယ်နိုင်တော့မှာလဲအမေ...သမီးပြန်လာခဲ့မှာပါ...အားလုံးအေးချမ်းသွားတဲ့တစ်နေ့ သမီးတို့ ပြန်လည်တွေ့ဆုံကြတာပေါ့”  Translated by : JoJoVaEncoded by : YKFile Size ...
movie

Our Time Will Come (2017)

2017
Shadow in the Cloud (2020)
Shadow in the Cloud (2020) ဒုတိယ ကမ္ဘာစစ်အတွင်း မုန်တိုင်းထန်တဲ့ ညတစ်ည၊ ပျံတက်လုဆဲဆဲ ဗုံးကြဲလေယာဉ်တစ်စင်းပေါ်ကို ထိပ်တန်းလျှို့ဝှက်ကုန်စည်တစ်မျိုးသယ်ဆောင်လာတဲ့ အမျိုးသမီးလေယာဉ်မှူးတစ်ယောက် တက်လာခဲ့တယ်။ လေယာဉ်ပေါ်က အမျိုးသားတပ်ဖွဲ့ဝင်တွေဟာ အထောက်အထားတွေရော သူတို့ကြောက်ရတဲ့ နာမည်ဆိုးနဲ့အထက်လူကြီးကြောင့်သာ လက်ခံလိုက်ရပေမယ့် အင်တင်တင်ဖြစ်ရုံမက သူ့အပေါ် ရိုင်းရိုင်းပျပျဆက်ဆံတယ်။ ဒါပေမယ့် သူနဲ့ စကားတွေပြောရင်း ဖလှယ်ရင်း ဒီအမျိုးသမီးနဲ့ ဒီကုန်စည်အပေါ်ကိုသံသယတွေကြီးထွားလာပြီး အမှောင်ထဲက တိမ်တွေကြားထဲ အရိပ်တစ်ခုကိုမြင်လိုက်ကြရတဲ့အခါမှာတော့? အဲ့ဒါ ရန်သူ ဂျပန်လေယာဉ်တွေဖြစ်မလား? ဒါမှမဟုတ် လေယာဉ်ကြုံလိုက်တဲ့ မိန်းမကြောင့်ဖြစ်မလား? စစ်အတွင်းကာလ အက်ရှင် နဲ့ အရင်တုန်းက နာမည်ကျော် gremlins မှင်စာတွေနဲ့ Horror ကိုရောမွှေထားတဲ့ကားပါပဲ။ ဇာတ်အစကနေ ပျိုးလာတဲ့ သိချင်စိတ်ကိုအဆုံးထိဆွဲခေါ်နိုင်သလို အထူးပြုလုပ်ချက်တွေလဲ သပ်ရပ်လှပပါတယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့ အားလုံးရဲ့ အသည်းကျော်လေး Chloë Grace Moretz ကိုဇာတ်အစကနေအဆုံးထိ တောက်လျှောက်မြင်တွေ့ရမှာဖြစ်ပါတယ်။  File size…(1.7 GB) and (1 GB) Quality….WEB-DL 1080p and 720p Format…mp4 Duration….01:23:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie

Shadow in the Cloud (2020)

God Of War Zhao Zilong ( 2020 ) 6.2
God Of War Zhao Zilong ( 2020 ) အခုတင်ဆက်ပေးမဲ့ကားလေးကတော့ဟန်မင်းဆက်နောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအရှုပ်အထွေးတွေအကြောင်းကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပါတယ်Mobile Legend ထဲက Hero တစ်ယောက်ဖြစ်တဲ့ Zhao Zilong ရဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်ကျစ်လုံဟာဆိုရင် ရှုံးပွဲမရှိဖူးတဲ့ အဖြူရောင်မြင်းစီးသူရဲကောင်းအဖွဲ့ရဲ့စစ်သူကြီးတစ်ယောက်ပါ ဒါပေမဲ့ ကျစ်လုံဟာ ချင်ကျုံစစ်ပွဲမှာ ညီနောင်အများစုတိုက်ပွဲကျခဲ့ပြီး သူ့ရဲ့ အစ်ကိုဖြစ်သူ တိုက်ပွဲကျသွားတဲ့ အဖြစ်ကြောင့်နိုင်ငံရေးအရှုပ်အထွေးတွေကနေ အနားယူခဲ့ပါတယ် သို့ပေမဲ့ ခုနှစ်နှစ်ကြာပြီးတဲ့အခါမှာကျစ်လုံအနေနဲ့ ပရမ်းပတာဖြစ်နေတဲ့ နိုင်ငံတော်ကြီးကို ပြန်လည်မွန်းမံ့ဖို့နိုင်ငံအရှုပ်အထွေးတွေနဲ့ ပြန်လည် ပတ်သတ်ရတဲ့အခါမှာတော့ ကျစ်လုံအနေနဲ့ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံ့အရေးတွေကြားမှာ ဘယ်လိုနောက်တစ်ဖန်ပြန်ရပ်တည်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားလိုက်ကြပါဦးနော်  Filesize : 0.99GB Quality : WEB-DL 720p Format : mp4 Subtitle : Myanmar Subtitle ( Hardsub ) Translator  : Yamin Ei Encoder : LK
movie

God Of War Zhao Zilong ( 2020 )