Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
War
5.8
Railway Heroes (2021)
Railway Heroes (2021)အခုတင်ဆက်ပေးမှာတော့ Railway Heroes ဆိုတဲ့ ရှန်းတုန်းမီးရထားလမ်းအဖွဲ့သားတွေကိုဂုဏ်ပြုတဲ့အနေတဲ့ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်။ တရုတ်-ဂျပန် ဒုတိယစစ်ပွဲအတွင်းအချိန်ပိုင်းကိုရိုက်ကူထားတာဖြစ်ပါတယ်။ ကျင်းဖူးမီးရထားလမ်းကို ၁၉၀၈ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ဂျာမဏီနှင့်ဗြိတိန်ကုမ္ပဏီတို့ကပူးတွဲတင်ဒါယူဆောက်လုပ်ခဲ့ပါတယ်။ တရုတ်ပြည်တောင်မြောက်ဆက်သွယ်ထားတဲ့ကုန်သွယ်ရေးပင်မမီးရထားလမ်းဟာ ၁၉၃၈ခုနှစ်မှာ ဂျပန်တွေရဲ့ထိန်းချုပ်မှုအောင်ကိုရောက်သွားပါတယ်။ ဂျပန်တွေရဲ့လက်နက်ခဲယမ်းသည်ဆောင်ဖို့အသုံးချစရာဖြစ်သွားပါတယ်။ အဲဒီအချိန်မှာပဲ လင်ချန်မြို့ဘူတာလေးမှာ လောင်ဟုန်ဦးဆောင်တဲ့ မီးရထားလုပ်သားတစ်ဖွဲ့ဟာ သက်စွန့်စံဖျား လက်နက်တွေကိုဖြတ်ယူပြီဖို့ကြိုစားကြပါတယ်။ ဂျပန်တွေကလောင်ဟုန်တို့အဖွဲ့ကိုကြိုးစားဖမ်းပေမယ့် လောင်ဟုန်ဟာဒဏ်ရာနဲ့ထွက်ပြေးလွှတ်မြောက်သွားပါတယ်။ အဲဒီအချိန်မှာရှေ့တန်းအတွက်အရေးပါတဲ့လက်နက်ဟာ လင်ချန်ဘူတာလေးကိုဆိုက်ရောက်မှာဖြစ်တဲ့အတွက် လောင်ဟုန်တို့ကဘယ်လို့များထပ်ပြီးလက်နက်တွေကိုလုယူကြမလဲ။ သန်မာတဲ့ယောင်္ကျားပဲဖြစ်ဖြစ် အားနွဲ့တဲ့မိန်းကလေးဖြစ်ဖြစ် တိုင်းပြည်လွတ်မြောက်ဖို့အတွက် တတ်နိုင်တဲ့နေရာကနေပါဝင်ပြီး ပါဝင်စွန့်စားကြတာကို ကြည့်ရတာ စိတ်ထဲမှာတစ်ခုခုတော့ စွဲကျန်ခဲ့မှာသေချာပါတယ်။ဒါရိုက်တာရန်ရဲ့ နှင်းတောထဲကရိုက်ချက်တွေကလဲ Zhang Yimou နဲ့အပြိုင်မလို့ Cinematography ကပြောစရာမရှိအောင်လှပါတယ်။ တော်လှန်ရေးကားကြိုက်တတ်တဲ့သူတွေအတွက်တော့ လုံးဝကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Nu Mon ပဲ ဖြစ်ပါတယ်Genre.....Drama, History, War Quality….WEB-DL 1080p and 720p and 360p File size…1.75GB, 909MB, 301MB Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hardsub) Translator ..... Nu Mon Encoder .....LK
movie
Railway Heroes (2021)
2021
8.3
To Live (1994)
To Live (1994) (ဘ၀တစ်ကွေ့) ~ IMDb Rating - 8.3/10, Rotten Tomatoes - 87% ~" Directed by Zhang Yimou "အလယ်တန်းကျောင်းသားဘ၀လောက်က သော်တာဆွေ၀တ္တုတို တစ်အုပ်မှာလားမသိ ဗမာပြည်က ကွန်မြူနစ်စနစ်အောက်က လူတွေရဲ့ ဘ၀အကြောင်း နည်းနည်းပါးပါးရေးထားတာ ဖတ်ဖူးတယ်။ ဆယ်နှစ်လောက်ရှိပြီဆိုတော့ ဘာမှ သေသေချာချာတော့ မမှတ်မိတော့ပါဘူး။ အလုပ်ခွဲတမ်းအတိုင်းလုပ်ပြီး ပိုလုပ်လို့ရတဲ့ ငွေလေးနဲ့ သမဝါယမဆိုင်က ဓာတ်ဘူး၀ယ်တာလေးလားမသိ သိပ်တော့မရေရာပေမဲ့ မှတ်တော့မှတ်မိနေသေးတယ်။ ကွန်မြူနစ်စနစ်အောက်မှာ ရှင်သန်ရတဲ့ပုံစံကို ပုံဖော်ထားတဲ့ ၀တ္တုတိုလေးပေါ့။ ဇာတ်လမ်းကရိုးရိုးလေးပါပဲ။ ဖတ်တုန်းကတော့ ဒီတိုင်းပဲပြီးသွားတယ်။ သို့ပေမဲ့ ဇာတ်အိမ်တောင် မရေရာတော့တဲ့ ဆယ်နှစ်လောက်အကြာက အဲဒီ၀တ္တုကို ဒီရုပ်ရှင်အပြီးမှာပြေးသတိရမိတယ်ဆိုတော့ ၀တ္တုဟာ ကျွန်တော်မသိလိုက်အောင်ကို မသိမသာနဲ့ပဲ ခံစားချက်တစ်ခု ချန်နိုင်ခဲ့ပုံပါပဲ။ တကယ်တမ်း အဲဒီ၀တ္တုဟာ ဒီတိုင်းအခြေအနေတစ်ခုကို တင်ပြထားရုံပါပဲ။ To ...
movie
To Live (1994)
1994
7.6
Welcome to Dongmakgol (2005)
Welcome to Dongmakgol (2005)ဒီတစ်ခါမှာတော့ 2005ခုနှစ်က ထွက်ရှိခဲ့တဲ့ ကားလေးနဲ့မိတ်ဆက်ပေးပါ့မယ်။ဒီကားလေးကတော့ 1950ခုနှစ် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြား စစ်ပွဲကာလကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ဝေးလံခေါင်းပါးတဲ့ တောင်ပေါ်မှာ လက်ရှိခေတ်အခြေအနေနဲ့ ဝေးကွာနေတဲ့ ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးရှိပါတယ်။လေယာဉ်ပျက်ကျပြီး ဘာသာစကားမတူညီ လူမျိုးမတူညီတဲ့ ရွာလေးကိုရောက်လာတဲ့ အမေရိကန်လေတပ်က ကပ္ပတိန်တစ်ဦးရယ်....စစ်ပွဲကြောင့် တောထဲလမ်းပျောက်နေကြတဲ့ တောင်ပိုင်းက စစ်သား၂ယောက်နဲ့ မြောက်ပိုင်းက စစ်သား၃ယောက်ရယ်....ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးမှာ ရေစက်လာစုံကြပါတော့တယ်။တစ်ဖက်က လူမျိုးမတူတဲ့ လေတပ်ကကပ္ပတိန်.... နောက်တစ်ဖက်မှာက တကယ့်ရန်သူတော်ကြီးတွေ.... ကြားထဲမှာကတော့ ဘာဆိုဘာမှမသိတဲ့ ရိုးသားတဲ့ ရွာသူရွာသားတွေသူတို့ကြားထဲက အလွဲလေးတွေကို ဟာသနှောရိုက်ကူးထားပေမယ့်ထည့်ထားတဲ့အနှစ်သာရတွေကတော့ အချစ်၊အမုန်း၊သံယောဇဉ် စသဖြင့် အစုံအလင်ပါပဲ။ရယ်လည်းရယ်ချင်တယ် နွေးထွေးပြီး အရသာကောင်းတာလေးလည်း ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ဖို့ အကြံပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama, War Quality….WEB-DL 1080p and 720p and 360MB File size…2.1GB and 1.1GB and ...
movie
Welcome to Dongmakgol (2005)
2005
8.0
Doctor Zhivago (1965)
Doctor Zhivago (1965)IMDb (8/10) / Rotten Tomatoes 84%ဂန္တဝင်တို့ရဲ့ဂန္တဝင် ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားကို "ကြီး"ထည့် ပြောရလောက်အောင် တကယ်ပဲ အနုပညာဆန်မှု၊အောင်မြင်မှု၊ကျော်ကြားမှုတွေ အကြီးကြီးတွေ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ပါ။ ဒေါက်တာဇီဗားဂိုး လို့ပြောလိုက်ရင် ရုပ်ရှင်ဝါသနာရှင်တွေရော စာပေသမားတွေပါ သိပြီးဖြစ်ကြပါလိမ့်မယ်။ အထူးသဖြင့်တော့ သက်ကြီးပိုင်းပရိသတ်တွေက ပိုသိကြမှာပါ။ရုပ်ရှင်အကြောင်းမပြောခင် ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ ဝတ္ထုနဲ့စာရေးဆရာတို့အကြောင်းကို အရင်ပြောပါရစေ။ နောက်ခံသမိုင်းကြောင်းလေး နည်းနည်းသိထားရင်လည်း ကြည့်ရတာ ပိုအရသာရှိမှာဖြစ်လို့ပါပဲ။ တချိန်က ကမ္ဘာပေါ်မှာ ကွန်မြူနစ်ဝါဒဆိုတာ အလွန်ပျံ့နှံ့ရေပန်းစားခဲ့တဲ့ အရာတစ်ခုပါ။ လူတန်းစားမညီမျှမှုတွေကို တိုက်ဖျက်ဖြိုချပြီး ပစ္စည်းမဲ့တွေရဲ့လောကနိဗ္ဗာန်ထူထောင်ရေး ဆိုတဲ့ သဘောတရားပါပဲ။ အလွတ်သဘော အကြမ်းဖျင်းပြောရရင်တော့ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ ၁၉၉၀ခုနှစ်လောက်အထိ ကွန်မြူနစ်ဝါဒ အလွန်အားကောင်းခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုလို့ခေါ်ကြတဲ့ USSR (United States of Soviet Russia) ဟာ အမေရိကန်ပြည်ထောင်စု(အရင်းရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံ)နဲ့ အားပြိုင်ရင်း စစ်အေးတိုက်ပွဲနွှဲနေခဲ့ကြတဲ့ကာလတွေပါ။ "တပ်နီတော်" တို့ ...
movie
Doctor Zhivago (1965)
8.3
Cyborgs: Heroes Never Die (2017)
Cyborgs: Heroes Never Die (2017)IMDb.....8.32014 တုန်းက ရုရှားတွေရဲ့ကျူးကျော်စစ်ကို ယူကရိန်းတွေခုခံခဲ့ကြတဲ့ တိုက်ပွဲတွေထဲကတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားပါ။ကိုယ်နှစ်သက်တဲ့လူတစ်ယောက်ကိုပိုင်ဆိုင်ဖို့ဆိုရင် အဲ့ဒီလူရဲ့ အဓိကနေရာဖြစ်တဲ့ နှလုံးသား အလယ်ဗဟိုတည့်တည့် ချိန်ရွယ်ပစ်ခပ်သိမ်းပိုက်ဖို့လိုပါတယ်... ဒီလိုပဲ စစ်ပွဲတစ်ပွဲမှာဆိုလည်း အောင်မြင်ရေးသော့ချက်ဖြစ်တဲ့ အဓိက အချက်အချာမြေကို သိမ်းပိုက်ဖို့ ကြိုးစားကြပါတယ်...ယူကရိန်းနိုင်ငံကDonetskလေဆိပ်ကိုရုရှားတွေလာရောက်တိုက်ခိုက်နေကြတယ်.... အဲ့လေဆိပ်ကိုဘာလို့တိုက်ရလဲဆိုတော့ အထက်ကပြောခဲ့သလို အချက်အချာမြေနေရာဖြစ်နေလို့ပါပဲ... ဒီလေဆိပ်ကျသွားရင် ယူကရိန်းကျသွားတာနဲ့တူတူပဲဖြစ်နေလို့ပါ... ဒါ့ကြောင့် ယူကရိန်းတို့ ဒီလေဆိပ်မကျသွားဖို့အရေးကို စစ်သည်အပေါင်းတို့ဟာ တတ်စွမ်းသမျှ အတတ်နိုင်ဆုံးခုခံဖို့ကြိုးစားကြပါတယ်...ဒီစစ်သည်တွေ အောင်မြင်ပါ့မလား... အသက်ပေါင်းများစွာ ဘယ်လောင်တောင်ပေးဆပ်လိုက်ကြရလဲ.... သူရဲကောင်းတွေဟာ ဘယ်သူများဖြစ်မလဲ.... စစ်ကားကောင်းကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း ညွှန်းဆိုပါရစေ...ဒီကားကတော့ ယူကရိန်းစစ်ကားတစ်ကားဖြစ်ပြီးပြီးတော့ အောင်မြင်မှုတွေလည်းရသလို IMDb မှာဆိုလည်း 8.3တောင်ရထားလေတော့ ထွေထွေထူးထူးတော့ပြောစရာလိုမယ်မထင်ပါဘူး...ခံစားကြည့်လိုက်ဦးဗျို့...File Size : (1.1 GB)/(850 MB) / (332MB) Quality : Blu-Ray 1080p HEVC/720p/480p Format…mp4 Duration…01:52:00 Genre : Action, Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded ...
movie
Cyborgs: Heroes Never Die (2017)
1080p HEVC
6.6
Merrill’s Marauders (1962)
ဒုတိယကမ္ဘာစစ်အတွင်းက ဗမာပြည်စစ်မြေပြင် Burma Campaign ရဲ့ နာမည်ကြီးတိုက်ပွဲဖြစ်တဲ့ မြစ်ကြီးနားတိုက်ပွဲကိုဆင်နွှဲခဲ့တဲ့ ဗိုလ်ချုပ် Merrill နဲ့ သူ့ရဲ့တပ်ဖွဲ့ Merrill's Marauders အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားပါ...ဂျပန်တွေလက်ထဲက မြစ်ကြီးနားကို သိမ်းဖို့ ပြောက်ကျားတပ်ဖွဲ့ ၂ ဖွဲ့ ဖွဲ့ခဲ့ပြီး တစ်ခုက မရောက်ဒါးတပ်ဖွဲ့နဲ့ နောက်တစ်ဖွဲ့က Levi Scout (Kachin Scout) လို့ခေါ်တဲ့ ကချင်လူမျိုးတွေအများဆုံးပါဝင်တဲ့တပ်ဖွဲ့ပါ။"ယမ်းငွေ့ဟာ ပန်းမွေ့ယာဖြစ်မလာနိုင်ဘူး" တဲ့။ "စစ်တိုက်တယ်ဆိုမှတော့ ပန်းတွေနဲ့ပေါက်ကြတာမှ မဟုတ်ဘဲလေ"။ "စစ်" ဆိုတဲ့ ကဗျာခေါင်းစဉ်လေးအောက်မှာ "ဒုံးဒုံးဒက်ဒက်၊ တုံးလုံးပက်လက်" ဆိုပြီး နှစ်ကြောင်းထဲနဲ့ စစ်ရဲ့ အနိဌာရုံကို ထင်ဟပ်နိုင်သလိုပေါ့။ လူတွေဟာ စစ်တိုက်ဝါသနာ ပါသလားမသိ။ အခုထိ ကမ္ဘာ့စစ်ပွဲကြီး နှစ်ကြိမ်ဖြစ်ပြီးသွားပြီ။ဒါပေမဲ့ စစ်တိုက်တယ်ဆိုတာနဲ့ လူအများပြေးမြင်တာက ကျည်ဆံတွေ ပလူပျံနေတုန်း ပြေးကြ လွှားကြ၊ သွေးသံရဲရဲ သေပွဲဝင်ကြ၊ ကိုယ့်ရဲဘော် ...
movie
Merrill’s Marauders (1962)
8.1
Platoon (1986)
Platoon (1986)[ Dir: Oliver Stone ]IMDb - 8.1/10, Rotten Tomatoes - 87% " ငါတို့တွေဟာ တိုက်လာတဲ့ စစ်ပွဲတိုင်း နိုင်ခဲ့ကြတာချည်းပဲလေ။ ဒီတစ်ပွဲတော့ရှုံးသင့်ပါတယ် " Sergeant Elias ကနေ ညတစ်ညမှာ တပ်သားလေး Chris ကိုပြောခဲ့တဲ့စကား။Platoon ဟာ Oliver Stone ရဲ့အအောင်မြင်ဆုံးဇာတ်ကားကြီးတွေထဲကတစ်ခုပေါ့။ သူ့အတွေ့အကြုံ သူ့ခံစားချက်တွေကို ချပြခဲ့တယ်။ Vietnam စစ်ပွဲမှာ အမေရိကန်တွေစစ်ရှုံးသွားပုံတွေပေါ့။ ပိုဆိုးတာက စိတ်ဓာတ်တွေပါ ဆုံးရှုံးသွားခဲ့ရတာ။=================Chris ရဲ့အဖိုးဟာ ပထမကမ္ဘာစစ်မှာ ဝင်ကြမ်းခဲ့တဲ့ သူရဲကောင်း။ အဖေက ဒုတိယကမ္ဘာစစ်မှာ အမေရိကန်တွေအတွက် ဂုဏ်ဆောင်ပေးခဲ့တဲ့သူ။ သူကိုယ်တိုင်ကရော ဒီ Vietnam စစ်ပွဲမှာ ဘာလုပ်ပေးနိုင်မလဲ?Chris ဟာတစ်ယောက်ထဲ စာရေးနေတတ်တယ်။ စကားတွေလဲပြောတတ်တယ်။ ဘယ်ကမှန်းမသိ ရှိလဲမရှိတဲ့ သူ့အဖွားဆီကိုပေါ့။ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမဲ့ ဒီ ဇာတ်လမ်းတစ်ခုလုံးက ...
movie
Platoon (1986)
1986
6.9
Moffie (2019)
Moffie (2019)====================IMDb Rating - 6.9/10၁၉၈၁ခုနှစ်၊ တောင်အာဖရိကကာကွယ်ရေးတပ်ဖွဲ့(SADF)နဲ့ နမ်ဘီယာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLAN)တို့ ကြားဖြစ်ခဲ့တဲ့တောင်အာဖရိကနယ်စပ်စစ်ပွဲကိုအခြေတည်ရိုက်ထားတဲ့ကားပါ။ အဲ့အချိန်က ကွန်မြူနစ်စနစ်ကိုမုန်းတီးမှု၊ LGBTခွဲခြားမှုနဲ့ လူမျိုးရေးခွဲခြားမှုတွေကိုရိုက်ပြထားပါတယ်။ စစ်မှုထမ်းဖို့တာဝန်ကျလို့ထွက်လာတဲ့ နီကိုးလပ်ဗန်ဒါဆွတ်ဆိုတဲ့ Homoကောင်လေးတစ်ယောက်....လိင်တူချစ်သူတွေကိုလက်မခံပဲတွေ့တာနဲ့ အပြင်းအထန်အပြစ်ပေးတတ်ပြီး လူမျိုးရေး ခွဲခြားတတ်တဲ့ တပ်ထဲကိုရောက်လာခဲ့ပါတယ်။ ဒီလိုတပ်ထဲမှာ သူတာဝန်ထမ်းရမယ့်ကာလက နှစ်နှစ်...ဓီနှစ်နှစ်ဆိုတဲ့ကာလမှာ ရက်စက်ပြင်းထန်လှတဲ့တပ်ထဲသူ့အနေနဲ့အဆင်ပြေပြေကျော်ဖြတ်နိုင်မှာလား... ကြမ်းတမ်းရက်စက်လှတဲ့ဒီနယ်ပယ်မှာသူ ဘယ်လိုဖြတ်ကျော်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ စစ်ကားတစ်ကားလေးဆိုတာထက် ဒရမ်မာဘက်ကိုပိုအသားပေးထားတဲ့ ကားလေးတစ်ကားပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Chit Tee, Thiha Yan Naing တို့ပဲဖြစ်ပါတယ်။)File Size - (1.71 GB)/(900 MB)/(700 MB) Quality – BluRay- (720p)/(480p) Duration - 1hr 40min Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Fantasy, Mystery Translator – Chit Tee Encoder – San Win Maung
movie
Moffie (2019)
6.9
Heartbreak Ridge (1986)
Heartbreak Ridge (1986) ~ IMDb - 6.9/10, RT -68%, Meta - 53% ~"ဒီဟာကြောင့် ငါတို့တွေ မသေခဲ့ရင် ဒါက ငါ့တို့နှလုံးသားတွေကို ကွဲကြေစေမှာ"- အရာခံဗိုလ် စတုန်နီ ဂျက်ဆင် (Heartbreak Ridge တောင်ကုန်းပေါ်မှ ရှင်ကျန်ရစ်သူ စစ်သားကြီး)မီးခိုးတလူလူ ယမ်းခိုးတဝေဝေနဲ့ ဆောင်းရာသီအစ တောင်တန်းကြီးတွေက အရုပ်ဆိုးအကျည်းတန်စွာ လှပနေလေရဲ့။ မကောက်ရသေးတဲ့အလောင်းတွေပေါ်က ကျီးငှက်တွေရဲ့ ဘုံဗိမ္မာန်တွေဟာ တရားသောစစ်လို့ နှစ်ဖက်လုံးက ကြွေးကြော်တဲ့ အသံကနေ ဖြစ်တည်လာခဲ့တာ။နိုင်ငံအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ကြတဲ့ အရွယ်ကောင်းအမျိုးသားလေးများဟာ သေမင်းကချီးမြှင့်ထားတဲ့ သွေးဆာသေနတ်တွေကိုထမ်းပိုးရင်း အဆုံးသတ်ချောက်ကမ်းပါးဆီကို တရွေ့ရွေ့လျှောက်လှမ်းသွားကြပြီ။ပြင်းထန်တဲ့ Heartbreak Ridge တိုက်ပွဲကြီးကနေ အသက်မသေ ရှင်ကျန်ရစ်ပြီး အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံး နိုင်ငံ့စစ်သည်ဂုဏ်ရည်တံဆိပ်ရခဲ့တဲ့ စစ်သားကြီးတစ်ယောက်၊ သွေးဆူလွယ်ပြီး စိတ်အလိုလိုက်တတ်တဲ့ စစ်သားကြီး။ ရန်ပွဲတခြိမ်းခြိမ်း၊ အထက်အရာရှိကို မထင်ရင် မထင်သလို ထိုးကြိတ်ရန်ရှာတတ်တဲ့ ...
movie
Heartbreak Ridge (1986)
1986
5.9
A Better Tomorrow III: Love and Death in Saigon (1989)
A Better Tomorrow III: Love and Death in Saigon (1989) A Better Tomorrow Trilogy ရဲ့ နောက်ဆုံးကား ဖြစ်တဲ့ A Better Tomorrow III ကိုတော့ ရှေ့နှစ်ကားရဲ့ ဒါရိုက်တာ ဂျွန်ဝူးဟာ ပရိုဂျူဆာဖြစ်တဲ့ Tsui Hark နဲ့ သဘောထားကွဲလွဲရာကနေ ဆက်မရိုက်ဖြစ်ခဲ့ပါဘူး။ ပရိုဂျူဆာ Tsui Harkကပဲ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တယ်။Tsui Hark ဟာ A Better Tomorrow III နဲ့တော့ အောင်မြင်မှုအပြည့်အ၀ မရခဲ့ပေမဲ့ သူလည်း ဟောင်ကောင် စီနီမာရဲ့ အရေးပါတဲ့သူပါပဲ။ ဂျက်လီရဲ့ Once Upon A Time In China ၄ကားအပါအ၀င် Green Snake, Tide and ...
movie
A Better Tomorrow III: Love and Death in Saigon (1989)
1989
6
Snow Leopard Secret War ( 2021 )
အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ဂျပန်တပ်ကို တရုတ်တွေတော်လှန်ခဲ့တဲ့ ခေတ်နောက်ခံထားပြီးရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်low budget ကားဆိုပေမယ့် သရုပ်ဆောင်တွေကသရုပ်ဆောင်ကောင်းမွန်မှုနဲ့ Plot ကောင်းတာကြောင့်ကြည့်လို့ကောင်းတဲ့ဇာတ်ကားအမျိုးအစားထဲမှာပါပါတယ်ဇာတ်လမ်းအကျဉ်းပြောရရင် တရုတ်ပြည်ကိုဂျပန်တွေသိမ်းထားတဲ့ကာလမှာ ဂျပန်လက်အောက်ခံသစ္စာဖောက်တွေ အများကြီးပေါ်လာပါတယ်ဒါကို ရှင်းဖို့ပြည်သူ့တပ်ဖွဲ့နဲ့အတူပြောက်ကျားတပ်ဖွဲ့လေးတွေပေါ်လာတော့တယ်သို့ပေမယ့် ခံယူချက်နဲ့ ပန်းတိုင်တူပေမယ့်သတင်းပေါက်ရောက်မှုခြင်းကွာသလို ရိက္ခာ ထောက်ပံ့မှု အစစမတူညီတာမျိုးရှိလို့ ကြားထဲ သဘောထားကွဲလွဲမှုတွေနဲ့ သိုးရေခြုံသောဝံပုလွေလိုပဲ ရန်သူတပ်က သူလျိုတွေလည်း ကိုယ့်တပ်ထဲရှိနေတဲ့အခါဘယ်လိုတွေဆက်ဖြစ်မလဲ ဘယ်လိုကြုံရမလဲဆိုတာဆက်လက်ကြည့်ရှုရမှာပါပဲဖြစ်ပါတယ် Quality : WEB-DL 1080p Format : mp4 Genres : Action , War Duration : 1h 23min Subtitle : Myanmar Subtitle ( Hardsub ) Translated By Chu Chu Encoded By LK
movie
Snow Leopard Secret War ( 2021 )
7.0
Fanny’s Journey (2016)
Fanny's Journey (2016)==================IMDb Rating - 7.0/10တစ်ခါတစ်လေကျ ကိုယ်ကိုယ်တိုင်ကဘာမှမဟုတ်ပေမယ့် ကိုယ့်ကိုအားကိုးနေတဲ့လူတွေကြောင့် သူရဲကောင်းဖြစ်မှန်းမသိ ဖြစ်ခဲ့ရပါတယ်ဆိုတဲ့ စကားလေးလိုပဲ အရမ်းကောင်းတဲ့ ဖြစ်ရပ်မှန်ဇာတ် ကားတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ဒီဇာတ်ကားထဲမှာပါ၀င်တဲ့ ဖန်နီဆိုတဲ့ဇာတ်ကောင်လေးဟာ အသက် ၁၃ နှစ်သာရှိသေးပေမယ့် အရမ်းကို သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်ပိုင်ရှင်လေးဖြစ်ပြီး အပြင်မှာလည်း တကယ်ရှိခဲ့တာမို့ အရမ်းကိုလေးစားစရာ ကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျူးလူမျိုးမိဘတွေဟာ သူတို့ရဲ့ သားသမီး တွေကို အသတ်မခံရစေဖို့ ဂေဟာတွေမှာအပ်ပြီးတော့ အသက်ဘေးမှ ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။ အဲဒီ့ထဲမှာ ဇာတ်လိုက်ကျော်ဖန်နီနဲ့ ညီမနှစ်ယောက်ဟာလည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဂေဟာ တွေကလည်း အမြဲတစေ ၀င်ရောက်ဖမ်းဆီးခြင်းကိုခံကြရတာမို့ နေရာမျိုးစုံရွှေ့ပြောင်းရင်း ဖန်နီတစ်ယောက် ဂေဟာမှကလေးတစ်သိုက်နဲ့ လွတ်မြောက်ရာနယ်မြေကို အရောက်သွားနိုင်မှာလား၊ သူရဲ့မိဘတွေနဲ့ရော ပြန်လည်ဆုံတွေ့နိုင်မှာလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။တစ်ခါတစ်ရံမှာ လက်တွေ့က စိတ်ကူးယဉ်ထက် ဆန်းကြယ်နေတဲ့သဘောကို သက်သေပြထားတဲ့ ရုပ်ရှင် တစ်ခုဖြစ်ပြီး ၁၃ နှစ်အရွယ်ကလေးငယ်တစ်ယောက်နဲ့ ရက်စက်လှတဲ့စစ်ပွဲရဲ့ အားပြိုင်မှုတွေကို ကြည့်ရှုရမယ့် အရမ်းကောင်းတဲ့ရုပ်ရှင်တစ်ကားဖြစ်တာကြောင့် အားပေးကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tar Tee Poe ...
movie
Fanny’s Journey (2016)
2016
5.3
Lorelei: The Witch of the Pacific Ocean (2005)
Lorelei: The Witch of the Pacific Ocean (2005)ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေရဲ့ ရေတပ်ဟာ အတော်ကို အင်အားကြီးမားခဲ့ပါတယ်။ ပိုပြီးအထင်ကြီးဖို့ကောင်းတာက ဂျပန်တွေရဲ့ ရေငုပ်သင်္ဘောနည်းပညာနဲ့ အတွေးအခေါ်တွေပါပဲ။ ဘယ်သူက စဉ်းစားမိမှာလဲ ? ရေငုပ်သင်္ဘောတွေထဲမှာ လေယာဉ်တွေထည့်ပြီး လေကြောင်းကနေ တိုက်ခိုက်လာနိုင်မယ်လို့ပေါ့။ ဒီနေ့ခေတ်မှာတောင် ပြန်ပြီး မဖန်တီးနိုင်သေးတဲ့ I-400 အမျိုးအစား ရေငုပ်သင်္ဘောတွေကို ဂျပန်တွေဟာ အမှန်တကယ် ဖန်တီးနိုင်ခဲ့သလို အမေရိကန်ကမ်းခြေတွေအထိပါ ဗုံးကြဲတိုက်ခိုက်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုပြောပြနေတာတွေက ဇာတ်ကားနဲ့တော့ မသက်ဆိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်ကားထဲမှာပါတဲ့ ရေငုပ်သင်္ဘောက ဒီထက်ပိုပြီး နည်းပညာမြင့်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေငုပ်သင်္ဘောမျိုးပါ။ဒီရေငုပ်သင်္ဘောကို ဂျပန်တွေက I-500 အမျိုးအစားလို့ နာမည်ပေးထားတယ်။ ဇာတ်လမ်းထဲမှာ ပါလာမယ့် ရေငုပ်သင်္ဘောက ကိုယ်ထည်အမှတ် I-507 ပါ။ I-400 တွေဟာ ဂျပန်တွေ စစ်ရှုံးချိန်ကျမှ တပ်တော်ဝင်နိုင်ခဲ့ပြီး ...
movie
Lorelei: The Witch of the Pacific Ocean (2005)
2005
6.4
Saving General Yang (2013)
IMDb Rating(6.4)ရန်အိမ်တော်ဆိုတာနဲ့ တစုန့်ခေတ်က အရဲရင့်ဆုံးစစ်သူကြီးအဖြစ် လျောင်နိုင်ငံရဲ့ကျူးကျော်မှုတွေကိုတွန်းလှန်ခဲ့တဲ့စစ်သူကြီး "ရန်ရဲ့"ကို တော်တော်များများ သိကြမှာပါ။ နှစ်ပေါင်းများစွာ တစုန့်ပြည်အတွက် သက်စွန့်ဆံဖျားအစေခံရင်း အလုပ်အကျွေးပြုခဲ့တဲ့ သူ့ရဲ့နောက်ဆုံးတိုက်ပွဲအကြောင်းကို ဒီရုပ်ရှင်မှာလိုက်ပါစီးမျောခံစားလိုက်ပါ။ဇာတ်လမ်းအကျဉ်း............တစုန့်ပြည်ကိုကာကွယ်ရင်း လွန်ခဲ့သော ဆယ်နှစ်က သူအနိုင်တိုက်ခဲ့တဲ့ လျောင်စစ်တပ်ရဲ့ ဗိုလ်ချုပ်သားနဲ့ပြန်ရင်ဆိုင်ရတဲ့အခါ... စစ်ပွဲက သာမန်စစ်ပွဲနဲ့မတူတော့ဘဲ ရန်ငြိုးတွေကို အပြတ်ရှင်းကြမယ့်စစ်ပွဲဖြစ်နေတဲ့အခါ... ထောင်ချောက်မိပြီး ဝံပုလွေတောင်ခံတပ်မှာ ပိတ်မိနေတဲ့စစ်သူကြီးကိုကယ်တင်မယ့် သူ့သား၇ ယောက်... သူတော်စဉ်ကြီးရဲ့ သား ၇ ယောက်သွားပြီး ၆ယောက်ပြန်လာမယ် လို့ထွက်ပေါ်လာတဲ့ကောလဟာလ... တကယ့်အဖြစ်အပျက်နဲ့ဘာတွေလွဲမှာလဲ။ တကယ်တမ်းမှာ ဘယ်သူတွေအသက်ရှင်မှာလဲဆိုတာကို သမိုင်းဖြစ်ရပ်မှန်တွေနဲ့ ချိတ်ဆက်ရိုက်ကူးထားတဲ့ဇာတ်ကားပါ။ဟောင်ကောင်ဒါရိုက်တာ Ronny Yu ရဲ့လက်ရာဖြစ်သလို အစအဆုံးဆွဲဆောင်မှုရှိရှိနဲ့တင်ဆက်ထားနိုင်ပါတယ်။CGI မကြိုက်တဲ့မိတ်ဆွေတွေအတွက် ကြည့်ရတန်မယ့်ရုပ်ရှင်တစ်ကားပါပဲ။ File size…(1.8 GB)/(1 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Lwin Htoo Aung
movie
Saving General Yang (2013)
Soldier Boy (2019)
ဖြစ်ရပ်မှန် ဒရာမာ စစ်ကားလေး တစ်ကားလောက် ကြည့်ရအောင်။ဒုတိယကမ္ဘာစစ်အတွင်းမှာ တကယ်ရှိခဲ့တဲ့ သူရသတ္တိဆုတံဆိပ်ရ၆နှစ်အရွယ် အသက်အငယ်ဆုံး စစ်သားလေး ဆီရော့ရှာ ရှိရှကင်အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလည်းကောင်းသလို ကလေးကလည်းအရမ်းကိုချစ်ဖို့ကောင်းပါတယ်။ ဂျာမန်တွေကြောင့် မိသားစုတစ်စုလုံးအသတ်ခံရအပြီးမှာဆီရော့ရှာလေးကို တပ်ရင်းတစ်ခုက ကင်းထောက်တစ်ယောက်က ကောက်ရပြီး ခေါ်လာခဲ့ပါတယ်။တပ်ရင်းကနေ မိဘမဲ့ဂေဟာကို ပို့ရမှာဖြစ်ပေမဲ့ တပ်ရင်းတစ်ရင်းလုံးကချစ်ပြီးတပ်ရင်းမှူးကိုယ်တိုင်က မွေးစားလိုက်တဲ့အတွက် ဆီရော့ရှာဟာ တပ်ရင်းမှာပဲ ဆက်နေခွင့်ရခဲ့ပါတယ်။တိုက်ပွဲအတွင်း ကျည်ဆံလိုက်ပို့တာ၊ ဆက်သွယ်ရေးကြိုးသွယ်တာ၊ စာတွေလိုက်ဝေတာကအစတတ်နိုင်သမျှအကုန်လုပ်ခဲ့ပြီး သူ့မွေးစားအဖေကိုပါ သူ့ကိုချစ်တဲ့ သူနာပြုလေးနဲ့လိုက်ပြီးအောင်သွယ်ပေးတဲ့အထိကို လိမ္မာပြီး လည်တဲ့ကလေးပါပဲ။ကြည့်ရင်းနဲ့ကို အတော်သဘောကျဖို့ကောင်းပါတယ်ကြည့်ကြည့်လိုက်ပါဦး File size…(1.6 GB) / (800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...War, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson
movie
Soldier Boy (2019)
6.4
The Messenger: The Story of Joan of Arc (1999)
The Messenger: The Story of Joan of Arc (1999)ဒီကားလေးဟာ ပြင်သစ်တော်လှန်ရေးကားလို့ပြောလို့ရသလို ဘာသာရေးအစွန်းရောက်သူတွေ အစွန်းရောက်မှုတွေကို ပြသတဲ့ကားလို့လဲ ပြောလို့ရပါလိမ့်မယ်။နန်းတွင်းကား၊ ရှေးခေတ်စစ်ကားတို့ရဲ့ ထုံးစံအတိုင်း တိုက်ပွဲတွေကို ကြည့်ရမှာဖြစ်သလို ပိုပြီးထူးဆန်းတာက ဒါဟာ သမိုင်းဝင်ဖြစ်ရပ်ကို အခြေပြုပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မင်းသမီးဂျန်းဟာ ဘုရားသခင်ရဲ့ တမန်တော်လို့ဆိုပြီး ပြင်သစ်အတွက် အင်္ဂလန်ကနေ လွတ်လပ်ရေး တိုက်ပွဲတွေ အနိုင်ဆောင်ကျဉ်းပေးခဲ့သူဖြစ်ပါတယ်။ သူဟာ တကယ်ပဲ ဘုရားသခင်ရဲ့ တမန်တော်လား၊ တိုက်ရည်ခိုက်ရည်ကျွမ်းကျင်လို့ပဲလား၊ ဒါမှမဟုတ် ကံကောင်းလို့ပဲ တိုက်ပွဲတွေနိုင်ခဲ့တာလားဆိုတာကိုတော့ ဘယ်သူမှ အသေအချာမသိခဲ့ကြပါဘူး။ ဒါပေမယ့်လည်း တိုက်ပွဲတွေကြားထဲ သစ္စာဖောက်မှုတွေ၊ ဘာသာရေးအစွန်းရောက်မှုတွေ လွှမ်းမိုးလာတဲ့အချိန်မှာတော့ ဘုရားသခင်ရဲ့ တမန်တော်၊ သူတော်စင်ဂျန်းဟာလည်း လူတွေရဲ့ ဓါးစာခံဖြစ်သွားရရှာပါတယ်။မင်းသမီး Milla Jovovich ဦးဆောင်ပါဝင်တဲ့ ဇာတ်ကားဟာ စိတ်လှုပ်ရှားစရာအပြည့်နဲ့ အပီအပြင်ခံစားလို့ရမယ့်ကားလေးဖြစ်တာမို့ အားပေးကြည့်ရှုလိုက်ကြပါဦး...(ဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ...
movie
The Messenger: The Story of Joan of Arc (1999)
1999
7.0
The East(2021)
The East(2021) အညွှန်း*******************IMDb...7.0အင်ဒိုနီးရှားလွတ်လပ်ရေးစစ်ပွဲအတွင်းမှာ ဒုတိယကမ္ဘာစစ်လွန်သူပုန်တွေကို ကိုင်တွယ်နှိမ်နင်းဖို့စေလွှတ်လိုက်တဲ့တပ်ဖွဲ့တစ်ဖွဲ့ထဲမှာ ယိုဟန် ဆိုတဲ့လူငယ်စစ်သားလေးတစ်ယောက်ပါဝင်ခဲ့ပါတယ်။ဘာကိုမှအတွေ့အကြုံမရှိ အစိမ်းသက်သက် ဘဝကနေ မဟုတ်မခံမှန်ရာကိုလုပ်တတ်တဲ့ဉာဉ် အရိုးခံစိတ်ထားတွေကြောင့်"The Turk." လို့အများခေါ်ကြတဲ့ ကပ္ပတိန်က မျက်စိကျပြီး သူ့အနီးကပ်လူယုံတစ်ယောက်ဖြစ်လာခဲ့တဲ့အထိ အဆင့်မြင့်လာခဲ့ပါတယ်။အဲ့ဒါနဲ့အတူတူ စစ်ရဲ့ အနိဌာရုံတွေ၊ အထက်အမိန့်ဆိုတဲ့ ပြန်လှန်မေးခွန်းထုတ်ချင်စရာလုပ်ရပ်တွေနဲ့အတူ တာဝန်နဲ့ အသိစိတ်ကြားမှာ သူဟာ တခြားသူတစ်ယောက်လိုဖြစ်သွားတယ်....ဒီလိုနဲ့ တစ်ခုခုဆိုပြတ်သားလွန်းလှတဲ့ ဟင် ဆိုပြန်လှည့်မကြည့်တတ်တဲ့ တစ်ဇွတ်ထိုးတဇောက်ကန်း သူ့ဆရာ တာကီသားနဲ့ သဘောထားကွဲလွဲလာရင်း သူကိုယ်တိုင်သူပုန်အဖြစ် စာရင်းသွင်းခံလိုက်ရတော့တဲ့အခါမှာတော့..။တွေ့ရခဲတဲ့ အင်ဒိုနီးရှားနိုင်ငံနောက်ခံနဲ့ ဖြစ်ရပ်မှန်သမိုင်းတွေအပေါ်အခြေခံထားတဲ့စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File Size :(2.6GB)(1.1GB) and (435MB) Quality : Blu-Ray 720p Format…mp4 Duration…02:17:00 Genre : War , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by Phyo Pyae
movie
The East(2021)
7.4
The Forgotten Battle (2020)
The Forgotten Battle (2020)====================IMDb Rating - 7.4/10The Forgotten war ဆိုတဲ့ နာမည်လေးအတိုင်း သမိုင်းတွင်ခဲ့ပေမဲ့ သမိုင်းစာမျက်နှာထက်မှာအကျယ်တဝင့်ဖော်ပြခြင်းမခံခဲ့ရတဲ့ စစ်ပွဲလေးအကြောင်းကိုအခြေတည်ရိုက်ထားတဲ့ဇာတ်ကားလေးပါ။D-Day လိူ့ဆိုလိုက်တာနဲ့ မဟာမိတ်တွေ ဂျာမာန်တွေကိုအနိုင်ယူခဲ့တဲ့ နောမန်ဒီကမ်းတက်စစ်ပွဲကြီးကိုတစ်ခါတည်းတွဲမြင်တတ်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီစစ်ပွဲကြီးဖြစ်တည်ဖို့ လမ်းဖောက်ပေးခဲ့တဲ့ Scheldtတိုက်ပွဲလေးအကြောင်းကိုတော့ လူတွေသိပ်မသိခဲ့ကြပါဘူး။နော်မန်ဒီတိုက်ပွဲအတွက် ရိက္ခာလက်နက်ထောက်ပံ့ပို့ရန်ဆိပ်ကမ်းတစ်ခုအသည်းအသန်လိုအပ်နေခဲ့တဲ့မဟာမိတ်တွေဟာ ဘယ်ဂျီယံနိုင်ငံထဲက Antwerp ဆိပ်ကမ်းလေးကိုတွေ့ရှိပြီး စစ်သင်္ဘောတွေဆိုက်ကပ်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ Scheldt မြစ်ကြောင်းတစ်လျှောက်မှာ ဂျာမာန်တွေကခြေကုပ်ယူထားတဲ့အခါမှာတော့....ဒီဇာတ်ကားလေးဟာ Scheldt တိုက်ပွဲမှာအောင်ပွဲဆင်နိုင်ဖို့ လူမသိသူမသိအညတရသူရဲကောင်းလေးတွေရဲ့ကိုယ်စီအားထုတ်ကြိုးစားခဲ့မှုလေးတွေ အခက်အခဲတွေကိုဖြတ်ကျော်ခဲ့ရပုံတွေကို အလေးပေးရိုက်ကူးထားတဲ့စစ်ကားကောင်းလေးတစ်ကားပါ။ဒီကားထဲမှာ Tom Felton (harry potter ထဲမှ မက်ဖွိုင်း) လည်း ပါဝင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူများကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 2hr 04minSubtitle – Myanmar ...
movie
The Forgotten Battle (2020)
2021
6.9
[18+] All Things Fair (1995) Lust och fägring stor /Love Lessons
ဆရာမကစာသင်ချိန် ပြီးတော့အခန်းထဲက မထွက်ခင်ကျွန်တော့်ကို လှမ်းခေါ်ပါတယ်။ရင်တထိတ်ထိတ် နဲ့ ဆရာမ အနားရောက်သွားတော့မှ ဆရာမက ခပ်တိုးတိုးနဲ့၊ “ မောင်ဇော်....ညနေကျရင် ဆရာမကိုစောင့်ပါ။အမှတ်ခြစ်စရာတွေ အိမ်ကိုပြန်သယ်ရမှာ နဲနဲလေးနေလို့။ ” “ သြော်...ဟုတ်ကဲ့ ဟုတ်ကဲ့ ဆရာမ။ ” ဒီဇာတ်ကားကတော့ မောင်ဇော်ချစ်သောဆရာမ ဆွီဒင်ဗားရှင်းပါပဲ...။ဆွီဒင်နိုင်ငံ တောင်းပိုင်းကမယ်လ်မိုဆိုတဲ့ နယ်မြို့လေးတစ်ခုမှာ စတစ်ဂ်ဆိုတဲ့ ၁၅ နှစ်အရွယ်ကျောင်းသားလေးရှိပါတယ်။ ကလေးမကလူကြီးမကျ စကောစကအရွယ်၊စတစ်ဂ်အပါအဝင် သူ့နဲ့အတန်းဖော်တွေဟာ တစ်ခါတစ်လေကလေးတွေလိုကစားကြ ပေါက်ကရတွေလုပ်ကြပြီး တစ်ခါတစ်လေကျတော့လဲ လူကြီးတွေလိုကစားကြပေါက်ကရတွေလုပ်ကြပါတယ်(တစ်ယောက်ဟာတစ်ယောက်ပေကြိုးနဲ့ တိုင်းပြီးလောင်းကြေးထပ်တာတို့ဘာတို့)တစ်နေ့မှာတော့ သူတို့အတန်းကိုအတန်းပိုင်ဆရာမ လှလှကြီးတစ်ယောက်ပြောင်းလာပါတယ်။ လှလဲလှပြီး အသက်လဲကြီးလို့ပါ။ စတစ်ဂ် အမေနဲ့ရွယ်တူလောက်ဆိုပေမယ့် နုပျိုလှပတဲ့ ဆရာမဟာ စတစ်ဂ်ကိုချစ်စနိုးစနောက်တယ်။ ရင်းရင်းနှီးနှီးဆက်ဆံတယ်။ ဆရာမယောက်ျားဟာအရက်စွဲတစ်ချိန်လုံးမူးရူးနေတဲ့သူ အိမ်မှာအနေနည်းတဲ့သူဖြစ်ပါတယ်။ သွေးသားဆန္ဒလိုအပ်ချက်တွေ လျာထားချက်ပြည့်မှီပုံမရတဲ့ ဆရာမနဲ့၊ ဒီလိုကိစ္စမျိုးတွေစိတ်ဝင်စားကာစ ရမ္မက်ရာဂတွေဆူဖြိုးလျှံကျနေတဲ့ မနူးမနပ်ကလေးစတစ်ဂ်တို့ဟာ ဖြစ်သင့်ဖြစ်ထိုက်စွာပဲ ဇာတ်လမ်းစခဲ့ကြပါတော့တယ်။ကမ္ဘာကြီးဟာ သူတို့နှစ်ယောက်တည်းနဲ့ဖွဲ့စည်းထားတာမဟုတ်တဲ့အတွက် စတစ်ဂ်ကိုကြိတ်ကြိုက်နေတဲ့အခန်းမျက်စောင်းထိုးကအပျိုဖြန်းလေး၊ ဆရာမရဲ့ခင်ပွန်းသည် အရက်သမား အစရှိတဲ့ဘေးလူတွေပါဝင်လာတဲ့အခါ ရှင်းရခက်တဲ့ ဒီဇာတ်လမ်းကို သူတို့ဘယ်လိုသိမ်းကြမလဲဆိုတာ ဇာတ်လမ်းထဲမှာဆက်လက်ရှုစားစေချင်ပါတယ်။All Things Fair ဟာကမ္ဘာအနှံ့ကသြဇာကြီးတဲ့ရုပ်ရှင်ပွဲတော်တွေမှာပြသခဲ့ပြီး ဆုတွေအမျိုးမျိုးဆွတ်ခူးခဲ့တဲ့ကားဖြစ်ပြီး အဲ့ဒီနှစ် အကောင်းဆုံးဘာသာစကားပြော အော်စကာဆုလဲလျာထားခံခဲ့ရပါတယ်။ ...
movie
[18+] All Things Fair (1995) Lust och fägring stor /Love Lessons
6.5
Wife of a Spy(2021)
ယေဘုယျအနေနဲ့တော့ နိုင်ငံတစ်နိုင်ငံရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုရဲ့ သက်တမ်းကြာရှည်လေ သူ့မှာထွန်းကားတဲ့ အနုပညာတွေ မြင့်မားလေပါပဲ။ ရုပ်ရှင်လောကမှာ ဂျပန်ဟာ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အသွေးနဲ့ ရပ်တည်နေပြီး အနောက်နိုင်ငံတွေက သူ့ကို ဆင့်ပွားကူးယူ ခံရနေကျ ဆရာတစ်ဆူပါပဲ။ ဂျပန်ရုပ်ရှင်တွေဟာ အသားမကျရင် အ၀င်နည်းနည်း ခက်ပေမဲ့ ရင်ထဲရောက်သွားတဲ့အခါ သူ့အရသာဟာ တသသကို စွဲထင်ကျန်ရစ်တတ်တယ်။ ရုပ်ရှင်အကြောင်းမပြောခင် ဖန်တီးသူဖြစ်တဲ့ ဒါရိုက်တာခိရိုရှိ ခူရိုဆ၀အကြောင်း အရင်ဆုံး မိတ်ဆက်ပေးချင်တယ်။ သူက တိုကျို အနုပညာတက္ကသိုလ်က ပရော်ဖက်ဆာ။ ဇာတ်ညွှန်းရေးဆရာ ဒါရိုက်တာနဲ့ ဝေဖန်ရေး ဆရာတစ်ယောက်ဆိုလည်း ဟုတ်တယ်။ ဒါရိုက်တာက မညံ့သလို ဒီရုပ်ရှင်ဟာလည်း ၂၀၂၀ရဲ့ အကောင်းဆုံး ဂျပန်ရုပ်ရှင်တစ်ကားလို့ ဝေဖန်ရေးဆရာတွေ ချီးကျုးခံခဲ့ရတယ်။ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာလည်း ငွေခြင်္သေ့ဆုရထားပါတယ်။အကောင်းဆုံးဒါရိုက်တာဆုပါ။ Cinematographyဟာလည်း အတော် သိမ်မွေ့လှပတယ်လို့ ချီးကျူးခံခဲ့ရပါတယ်။ အဓိကဇာတ်ဆောင်ကတော့ ဂျပန်ကားတွေနဲ့ သိပ်မစိမ်းတဲ့လူတွေ သိကြတဲ့ မမ ယုအအို့အိပါပဲ။ ဘော်ဒါတစ်ယောက်ပြောသလိုပြောရရင် ဟန်နီနွေဦးဂျပန်ဗားရှင်းပေါ့။ တကယ်တော့ ဒီရုပ်ရှင်ဟာ သူနဲ့တင်တန်နေပါပြီ။ ဇာတ်လမ်းကတော့ စစ်တွင်းကာလက အဖြစ်အပျက်တစ်ခုကို ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်။ 1940 ဒုတိယကမ္ဘာစစ် အကြိုကာလလောက်မှာ ...
movie
Wife of a Spy(2021)
2020
First
8
9
10
11
12
Last
Previous
Next