Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Uncategorized
5.9
Bruiser (2022)
Bruiser (2022) ===========ဒီဇာတ်ကားကိုတော့ အဖေနှစ်ယောက် သားလုတဲ့ကားလို့ပြောရ မလားပဲဗျ။ လူမည်းမိသားစုတစ်စုရဲ့အကြောင်းပေါ့။ ဒဲရီးယပ်စ်ဆိုတဲ့ ၁၄နှစ်အရွယ်ကောင်လေးတစ်ယောက် ကျောင်းပိတ်ရက်မှာ ဘော် ဒါဆောင်ကနေ အိမ်ပြန်လာရာက ဇာတ်လမ်းစပါတယ်။ သူ့အဖေရင်းကတော့ သူမွေးလာတုန်းက တာဝန်ယူဖို့အဆင်သင့်မဖြစ် သေးလို့ဆိုပြီး ပစ်သွားတာပါ။ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ကျွေးမွေးစောင့်ရှောက်လာတဲ့သူက သူ့အမေရဲ့ခင်ပွန်းဖြစ်တဲ့လက်ရှိ အဖေပေါ့။ အဖေရင်းနဲ့လက်ရှိမိဘတွေက ငယ်သူငယ်ချင်းကြီးတွေ ဖြစ်ကြလေရဲ့။ တစ်ရက်ကျ သူ့အဖေရင်းဟာ ပြန်ရောက်ချလာပြီး ဒဲရီးယပ်စ်ရဲ့မိသားစုဘဝထဲကို ဝင်လာပါလေရော။သွေးသားရင်းဖြစ်တဲ့ အဖေရင်းဟာ သူ့အပေါ်နားလည်ပေးတယ်လို့ ဒဲရီးယပ်စ်တစ်ယောက် ခံစားလာရပါတယ်။ အဖေရင်းကလည်း သူ့ သားသူမတွေ့ရမနေနိုင်တော့ပါဘူး။ လက်ရှိအဖေကတော့ စည်းကမ်း တင်းကြပ်တာတွေ၊ ဆူဆူပူပူပြောတာတွေကြောင့် ဆယ်ကျော်သက် ဖြစ်တဲ့ ဒဲရီးယပ်စ်နဲ့ အစေးမကပ်ဘူးပေါ့။ လက်ရှိအဖေဟာ ဒဲရီးယပ်စ် အဖေရင်းရဲ့အကျင့်နဲ့ နေပုံထိုင်ပုံကြောင့် သူ့သားကို အဲ့လူနဲ့နီးနီးမှာ နေ ခွင့်မပေးနိုင်ဘူးဖြစ်ပြန်ပါတယ်။ပေါ့ပေါ့ပါးပါးနဲ့ သူ့ကိုပျော်အောင်လုပ်ပေးနိုင်တဲ့ အဖေရင်းနဲ့ စနစ်တကျ ရှိပြီး အခုချိန်ထိ သူ့ကိုကျွေးမွေးပေးလာတဲ့ လက်ရှိအဖေတို့ကြားမှာ ဒဲရီးယပ်စ်တစ်ယောက် ဝေခွဲရခက်နေပါတယ်။ အဖေနှစ်ယောက်ကလည်း မတည့်ကြတာမို့ သူ့သားငါ့သားဆိုပြီး ငြင်းကြပါတော့တယ်။ ကဲပါ ကြည့်ရှု ခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.82 GB) / (757 MB) / ...
movie
Bruiser (2022)
2022
Tag-init (2023) 18+
မာတင်ဆိုတဲ့ကောင်လေးဟာ တစ်ခုသော နွေရာသီမှာ သူ့အစ်ကို၊ သူ့အစ်ကိုသူငယ်ချင်းနဲ့အတူ အပန်းဖြေကမ်းခြေတစ်ခုကိုရောက်ရှိခဲ့ပါတယ်။ အဲ့ဒီခရီးစဉ်ဟာ သူ့ဘဝအတွက် တစ်သက်မမေ့နိုင်စရာ အတွေ့အကြုံတွေကြုံဆုံလာရမယ့် ကာလတစ်ခုဖြစ်လာမယ်ဆိုတာကိုတော့သူမသိခဲ့ပါဘူး။ သူ့အစ်ကိုနဲ့အတူ ပါလာတဲ့သူငယ်ချင်းက ရည်းစားမက သူငယ်ချင်းမကျကောင်မလေးတစ်ယောက် ခေါ်လာပါတယ်။သူ့အစ်ကိုအပါအဝင် သုံးယောက်လုံးက သောက်လိုက်စားလိုက် ဝိတွေချလိုက်နဲ့ ပျော်ပါးနေချိန်မှာ အဲ့ဒါမျိုးတွေမလုပ်တတ်တဲ့အတွက် သူကတော့ ကမ်းခြေတစ်လျှောက်စူးစမ်းမိပါတယ်။ အဲ့ဒီမှာ သူမြင်ခဲ့ရတာ နေဝင်ဆည်းဆာရောင်အောက်မှာ ဘီကနီနဲ့ရေထဲလမ်းလျှောက်နေတဲ့ သိပ်လှတဲ့ မမကြီးတစ်ယောက်ကိုပါပဲ။ နောက်ပိုင်း လစ်ရင်လစ်သလို အဲ့ဒီ မမရှိတဲ့ ဘက်ကိုသွားသွားနေမိရင်း အဲ့ဒီမမက သူ့ကိုခေါ်နူတ်ဆက်ရင်း စကားလက်ဆုံကျမိသွားတဲ့ညနေတစ်ခုမှာတော့ လူပျိုဖြန်းလေးတစ်ယောက် အရူးအမဲသားကျွေးသလို ဆတ်ဆတ်ခါသွားခဲ့ပါတော့တယ်။ အဲ့ဒီမမဟာသူတို့တည်းတဲ့ တည်းခိုအိမ်ဘေးက အပန်းဖြေအိမ်ပိုင်ရှင်အကောင်ကြီးကြီးတစ်ယောက်သားရဲ့အငယ်အနှောင်းလေးဖြစ်တယ်။ အဲ့ဒီမမဟာ သူ့ချစ်သူလို့ထင်တဲ့လူက အချိန်မပေးလို့ စိတ်ထွက်ပေါက်ရှာနေတယ်။ တစ်ဖက်ကလဲသူ့အစ်ကိုသူငယ်ချင်းခေါ်လာတဲ့ အစ်မကြီးကလဲ သူ့ကိုပညာစုံသင်ပေးဖို့ကမ်းလှမ်းနေတဲ့အချိန်ဖြစ်နေတဲ့အခါမှာတော့..။ မာတင် အတွက်တစ်သက်မမေ့နိုင်စရာ အတွေ့အကြုံတွေကို ခံစားကြုံဆုံရမယ့် ခရီးတစ်ခုဖြစ်လာပါတော့တယ်။ အားလုံးနဲ့ ရင်းနှီးလောက်ဖြစ်တဲ့ Franki Russell ကမမကြီး Adele အဖြစ်၊Lovely Ladies Dormitory မှာဂျက်ကလင်းဇာတ်ရုပ်နဲ့တက်သစ်စဖြစ်လာခဲ့ပြီဖြစ်တဲ့ Yen Renee Durano တို့က မာတင့်ကို ...
movie
Tag-init (2023) 18+
Arlington Road (1999)
Thriller/Crimeထဲမှာမှ Terroristဇာတ်ကားမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ "မိုက်ကယ်ဖာရာဒေး"နဲ့ "အော်လစ်ဗာလန်း"ကတော့ အဓိကဇာတ်ဆောင်တွေပေါ့။ "မိုက်ကယ်ဖာရာဒေး"ဆိုသူ သမိုင်းဘာသာရပ်ပါမောက္ခက သီးခြားနေတတ်ပေမဲ့ ဉာဏ်လည်းကောင်း၊စိတ်ရင်းလည်းကောင်းသူတစ်ဦးပါ။ ဒီလိုနဲ့ အာလင်တန်လမ်းမှာရှိတဲ့ ဖာရာဒေးရဲ့အိမ်ရှေ့မျက်စောင်းထိုးအိမ်ကို မိသားစုတစ်စုပြောင်းလာခဲ့တယ်။ ဖာရာဒေးရဲ့အိမ်နီးချင်းအသစ် အော်လစ်ဗာမှာ ကြောက်ဖို့ကောင်းတဲ့လျို့ဝှက်ချက်တစ်ခုရှိနေတယ်။ အဲဒီလျို့ဝှက်ချက်က ဘဝပေါင်းများစွာကို နေ့ချင်းညချင်း ပြောင်းလဲသွားစေနိုင်တဲ့ လျို့ဝှက်ချက်မျိုးပါ။ ဖာရာဒေးရိပ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ FBIအေးဂျင့်တစ်ဦးဖြစ်ခဲ့တဲ့ဇနီးသည်လီရယ်ကို ဆုံးရှုံးထားတဲ့ဖာရာဒေးရဲ့ဘဝထဲမှာ အိမ်နီးချင်းအသစ်ရောက်လာတဲ့အခါ ဖာရာဒေးဘဝက ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားမလဲ။ သမိုင်းမှာဘယ်လိုနာမည်မျိုးကျန်ရစ်မလဲ။ ရက်အနည်းငယ်အတွင်းမှာပဲ လူတစ်ယောက်ရဲ့ဘဝထဲမှာ အရာအားလုံးဖြစ်ပျက်သွားနိုင်ပါတယ်။ သရုပ်ဆောင်တွေက actingအရမ်းတော်ပြီး ဇာတ်လမ်းဇာတ်ကွက်ရော အဆင့်မြင့်မြင့်ရိုက်ကူးထားတဲ့ကားတစ်ကားမျိုးဖြစ်တာမို့လို့ အချိန်ပေးကြည့်ရတာအရမ်းတန်လို့ ဒေါင်းကြည့်ဖို့ကို recommendပေးပါတယ်နော် File size…(2 GB)/(1B)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:58:00 Genre...Drama,Crime,Thriller,Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie
Arlington Road (1999)
A Little Bit of Heaven (2011)
တကယ်လို့များ ဘုရားသခင်နဲ့တွေ့ပြီး လိုချင်တဲ့ ဆု ၃ခု ဆုတောင်းခွင့်ရခဲ့မယ်ဆိုရင်....IMDB 6.2/10 ရရှိထားတဲ့ A little bit of Heaven (2011)ဆိုတဲ့ ဒီ Romance/Dramaကားလေးမှာ မင်းသမီး Kate Garry Hudson (How to lose a guy in 10 days/Almost Famous)နဲ့ မင်းသား Gael García Bernal (Bad Education)တို့က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားကြတာပါ။ဇာတ်လမ်းအကျဉ်း မာလေက ဘဝကို ပျော်ပျော်နေတတ်ပြီး စိတ်ရှုပ်စရာတွေကို ရယ်စရာလုပ် တောက်ထုတ်တတ်တဲ့၊ ချိန်းတွေ့တာမျိုးလုပ်ပေမယ့် အချစ်ကိုဘဝထဲအဝင်မခံတတ်တဲ့၊ အလုပ်အကိုင်ရှိတဲ့ အမျိုးသမီးတစ်ယောက်ပါ.. သူငယ်ချင်းကောင်းတွေ ဝန်းရံထားပြီး ပြီးပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားပေမယ့် လျစ်လျူရှုတတ်တဲ့အဖေနဲ့ ပွစိပွစိပြောတတ်တဲ့အမေကြား အလိုက်အထိုက်ဆက်ဆံရင်း နေနေရသူပေါ့.. အေးချမ်းနေတဲ့ မာလေ့ရဲ့ဘဝထဲကို မထင်မှတ်ဘဲ ကင်ဆာဆိုတဲ့ မုန်တိုင်းကြီးက ရုတ်တရက်ရောက်ရှိလာခဲ့ချိန်မှာတော့.. မာလေက ဘုရားသခင်ဆိုသူနဲ့ စကားပြောခွင့်ရခဲ့ပါတော့တယ်.. သူ့ကိုယ်သူ ဘုရားသခင်လို့ဆိုသူက လိုချင်တဲ့ ဆု ၃ခု ...
movie
A Little Bit of Heaven (2011)
5.6
Driven to Murder (2022)
Driven to Murder (2022) ==================Driven to Murder ဆိုတဲ့ Survival ကားလေးနဲ့မိတ်ဆက် ပေးချင်ပါတယ်။ ကားမောင်းရင်းနဲ့လူသတ်ပါတယ်။ အကြောင်း ပြချက်မရှိလူသတ်ပါတယ်။ အဲ့ဒီကြားထဲညှပ်သွားတာ အရမ်း သနားဖို့ကောင်းတဲ့ ဆာရာလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်။သူလုပ်မိတဲ့အပြစ်ဆိုလို့ ညဘက်အချိန်မတော် အငှားကားငှား မိတာပါပဲ။ အခုမှစမ်းသပ်နေဆဲ အက်ပလီကေးရှင်းတစ်ခုကနေ ကားငှားလိုက်တယ်။ ကားသမားကလည်း စကားပြောကောင်းပြီး ရုပ်ရည်ကလည်းအသင့်အတင့်ရှိတော့ ဆာရာနဲ့စကားတွေဖောင်ဖွဲ့ ပြောရင်း သူ့အကြောင်းကိုယ့်အကြောင်း စပ်စုမိကြပါတော့တယ်။လူဆိုးတွေနဲ့တွေ့ရင် ဘယ်လိုလုပ်ရမလဲဆိုတာ ကားသမားက ဆာရာကိုသေချာရှင်းပြနေရင်း လမ်းဘေးမှာမတ်တပ်ရပ်နေတဲ့သူကို ကားနဲ့ပြေးတိုက်ပါတော့တယ်။ ဆာရာလည်းကြောင်သွားပြီး ရဲခေါ် မယ်လုပ်တော့ မင်းလည်းကြံရာပါဆိုပြီးခြိမ်းခြောက်ကာ ကားပေါ် အတင်းခေါ်သွားပါတော့တယ်။ ကားငှားမယ့်နေရာနဲ့ ဆာရာအိမ်က အဝေးကြီးမဟုတ်ပေမယ့် အငှားကားနဲ့အိမ်ပြန်တဲ့ ညတစ်ညမှာတော့ ဆာရာတစ်ယောက် ဘယ်လိုမျိုးတွေကြုံတွေ့ရမလဲ? ဘာတွေရင်ဆိုင် ရမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.55 GB) / (463 MB) / (295 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Jo Jo Va Encoder..........SWM
movie
Driven to Murder (2022)
2022
5.3
Message and the Messenger (2022)
Message and the Messenger (2022) =========================လောကဓံရဲ့ ဖြစ်တတ်တဲ့သဘောလေးတွေကြားထဲမှာ ကျင် လည်နေတဲ့လူထဲကလူတစ်ဦးဖြစ်တဲ့ အိမ်ခြံမြေအကျိုးဆောင် ဂျက်ဆီကာကလာ့ခ်။ သူ(မ)က ဘုရားကျောင်းအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး သဿမေဓအခွန်(ဘုရားကျောင်းကိုသွင်းရတဲ့အလှူငွေ) တွေကို ငွေမရှိလည်းရအောင်လှူတဲ့ ယုံကြည်သူတစ်ဦးပေါ့လေ။သူအဲလိုလှူတဲ့အတွက်လည်း ဘုရားက သူ့ကိုအဆင်ပြေအောင် ပြန်လုပ်ပေးမယ်လို့ မမှိတ်မသုန်ယုံကြည်နေတယ်။ အဲဒါနဲ့တစ်နေ့ သူ့ဘဝထဲကို စီးပွားရေးမိတ်တစ်ယောက်ဝင်လာတယ်။ အစက တော့ ဘုရားက သူဘဝထဲကို မကောင်းတဲ့လူတစ်ယောက်လွှတ် လိုက်တယ်ထင်လိုက်ပေမယ့် တကယ်တမ်းကျတော့ သူကိုကောင်း ချီးပေးလိုက်တယ်ဆိုတာ တဖြည်းဖြည်းသဘောပေါက်လာတဲ့ အကြောင်းကိုကြည့်ရမှာဖြစ်ပါတယ်။ အဲ့အပြင် သူမရဲ့မိသားစုနဲ့ သူငယ်ချင်းတွေလည်း သူတို့ရဲ့ အကျပ်အတည်းအခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာပါ ကြည့်ရမယ့် ဘာသာရေးနှော ထားတဲ့ ဒရာမာကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naingမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Khant Sett Naing, Momo တို့ဖြစ်ပါတယ်)File Size..........(1.6 GB) / (570 MB) / (370 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Khant Sett Naing, Momo Encoder..........SWM
movie
Message and the Messenger (2022)
2022
Shark Waters (2022)
Shark Waters (2022) ===============အစာဖြစ်တဲ့ငါးတွေရှားပါးလာတဲ့အခါ ငါးမန်းတွေက ရန်လိုလာပြီး ရေထဲလာတဲ့လူတွေကို စားတဲ့အဆင့်ထိ ရောက်လာပါတယ်။တစ်ရက်မှာတော့ ငါးဖမ်းခရီးထွက်လာတဲ့ စက်လှေတစ် စီးကို ငါးမန်းတွေရန်ပြုရင်း စက်လှေကရေလယ်ခေါင်မှာ ချောင်ပိတ်သွားတာကြောင့် စက်လှေပေါ်ပါလာတဲ့သူတွေ က အသက်စွန့်ပြီးပြန်တိုက်ခိုက်ကြတာကို ရင်ခုန်စွာနဲ့ကြည့် ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့ Kasashi ဖြစ်ပါတယ်)File Size..........(1.9 GB) / (830 MB) / (474 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 25Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Kasashi Encoder..........SWM
movie
Shark Waters (2022)
7.2
RocknRolla(2008)
RocknRolla(2008)=============== နာမည်ကြီး Director Guy Ritchie ရဲ့လက်ရာ အက်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့ Rocknrollaကိုတင်ဆက်ပေးလိုက်ပါတယ်။လန်ဒန်မြို့ရဲ့ဒုစရိုက်လောက၊ မူးယစ်ဆေး၊ အိမ်ခြံမြေဥပဒေပိုင်းအကျင့်ပျက်ခြစားမှုတွေကို လှည့်ကွက်ကောင်းကောင်းနဲ့တင်ဆက်ထားလို့ အက်ရှင်ကားကြိုက်ရင် ကြည့်သင့်တဲ့ ပေးရတဲ့အချိန်နဲ့တန်စေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဇာတ်အိမ်ကတော့ လန်ဒန်အိမ်ခြံမြေလောကကို လက်ခုပ်ထဲထည့်ထားတဲ့ လောဘကြီးတဲ့သူဌေးကြီး လန်နီကိုးလ်ဆီကို ရုရှားသူဌေးတစ်ဦးက လုပ်ငန်းအတွက်ဆက်သွယ်လာရာမှ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေနဲ့ နှစ်ဦးကြားကို ပတ်သက်မိသွားတဲ့ ဒုစရိုက်အဖွဲ့ဝိုင်းဘန့်ချ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးအဖြစ်အပျက်တွေက ဝိုင်းဘန့်ချ်ကို စောင့်ကြိုနေမလဲ၊ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေက ဘာတွေဆက်ဖြစ်လာစေမလဲ၊ အကွက်ကျ ကောက်ကျစ်တတ်တဲ့သူဌေးနှစ်ဦးကြားမှာ မြေစာပင်ဖြစ်သွားမလားဆိုတာကို ပြကွက်တစ်ကွက်ချင်းဆီက အချိတ်အဆက်မိမိနဲ့ ဆွဲခေါ်သွားမှာပါ။ File size…1.13GB / 502MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ..... Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chloe Khin
movie
RocknRolla(2008)
5.9
Strange Talk About Heishiling ( 2022 )
အားလုံးပဲ သိုင်းကားတွေအချစ်ကားတွေ မှုခင်းကားတွေပဲကြည့်ပြီး ရိုးအီနေကြလောက်ရောပေါ့ ဒီတစ်ခါတော့ CMကနေသရဲကားကောင်းကောင်းလေးကို တင်ဆက်ပေးသွားမှာပါပဟေဠိပေါင်းစုံ စကားပုံပေါင်းစုံနဲ့ ဟယ်ရှီလင်မြိုကလေး ပိုပြီး လူသိများတာက တော့ ဟယ်ရှီလင်မြိုရဲ့နာကြည်းချက်မြစ်ပါပဲ အဲ့မြစ်နာမည်ဘယ်လိုဖြစ်ပေါ်လာရလဲဆိုရင် အငြိုးအာဃာတ မကျေနပ်ချက် နာကြည်းချက်တွေနဲ့ သေဆုံးရသူတွေဟာ မကျွတ်မလွတ်ဘဲ အဲ့မြစ်မှာသရဲတစ္ဆေသွားဖြစ်ကြလိုပါပဲလတိုင်းရဲ့၁၅ရက်နေ့မြောက်ရောက်ရင် မှော်ဆရာတွေဟာ အဲ့မြစ်ကိုသွားပြီးဝိဉာဥ်ဆင့်ခေါ်ကာ လူပြန်ဝင်စားဖို အာဃာတတွေလွှတ်ချဖို လုပ် ဆောင်ပေးရပါတယ် မလုပ်ဆောင်ပေးနိုင်ဘဲ စိတ်ဆိုးအောင်လုပ်မိရင်တော့ ဟယ်ရှီလင်တစ်ရွာလုံး ဘေးဒုက္ခဆိုးကြီးကျရောက်ပြီး လူတွေသေကြေကြရမှာပါဒီဇာတ်လမ်းထဲမှာလည်းအစပြုထားတာက ရွှအခေါင်းဆိုင်ကအလုပ်သမား ကျိုးလော့ဟန်ပျောက်ဆုံးရာကနေစတင်ခဲ့တာပါ သူက လျိုအိမ်တော်ကလူနှစ်ယောက်သေဆုံးချိန်ရှိသောလူ သူမိန်းမသေဆုံးပြီးပျောက်သွားသောလူဖြစ်တာကြောင့် စုံထောက်လျိုကဒီကိစ္စကိုစုံစမ်းဖို ဟယ်ရှီလင်ရွာရောက်လာပါတော့တယ်အယုံအကြည်မရှိတဲ့လူက ဘယ်လိုဖြစ်ရပ်ဆန်းတွေ ကြုံတွေ့ရမလဲ? တကယ့်တရားခံကရော ဘယ်သူလဲ? ဒီကိစ္စကိုရော ကိုင်တွယ်နိုင်ပါ့မလား?ဆိုတာ ဇာတ်လမ်းလေးထဲ ရင်တဖိုဖိုနဲ့ ကြည့်ကြရအောင်နော် [ Reviewed By Kong Hou ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded ...
movie
Strange Talk About Heishiling ( 2022 )
7.3
Lullaby (2022)
Lullaby (2022)~ IMDb - 7.3/10, Rotten Tomatoes - 100% ~ခရမ်းချဉ်သီးတစ်ရာအပြည့်ရထားတဲ့ စပိန်ကားလေးပါ။ စပိန်တွေက အင်တာကိုအဓိကပေါက်တာက ဒရာမာတွေများတတ်တော့ ဒီတစ်ခါလည်း ဒရာမာကားပါပဲ။ IMDb ကတော့ 7.3/10 ရထားပါတယ်။ ဇာတ်ကတော့ မိသားစုဒရာမာကိုမှ နှစ်ထပ်ကွမ်းမိသားစု ဒရာမာပါပဲ။ မနှစ်က ပင်နလိုပီခရုဇ် ရိုက်တဲ့ အော်စကာဆန်ခါတင်ဝင် မိသားစုဒရာမာနဲ့တောင်ဆင်ပါတယ်။မိန်းမတစ်ယောက်ရဲ့ ကိုယ့်အမေရယ် ကိုယ့်သမီးရယ်နဲ့ကြားက အတွေ့အကြုံတွေပေါ့။ ကြွေးသစ်ချပေးတာတို့ ကြွေးဟောင်းဆပ်တာ ဘာဘာညာညာတို့ပေါ့။ ကလေးရလာတဲ့အခါ မိဘတွေရဲ့ စိတ်ကို နားလည်လာမလည်လာ ဘာဘာညာညာရောပေါ့။ နောက် အိုမင်းမစွမ်းတော့တဲ့ မိဘတွေရဲ့ သားသမီးအပေါ် ပေးဆပ်ချင်စိတ်ကျန်နေခြင်းတွေ ဘာညာဘာညာနဲ့ မိသားစုဒရာမာကို မိသားစုဒရာမာပြန်ဆင့်ထားတဲ့ ရိတ်တင်အမြင့်စားနဲ့ စပိန်ဒရာမာကားကောင်းလေးပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.42GB, 580MB Quality - 1080p, 720p IMDb ...
movie
Lullaby (2022)
2022
5.7
Delirium(2018)
Delirium(2018)===============ဒီတစ်ခါမှာ ပရိသတ်ကြီးတို့ကို မိတ်ဆက်ပေးချင်တာကတော့၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Delirium ဆိုတဲ့ဇာတ်ကားလေးပါ။ပြသချိန် ၁ နာရီခွဲဝန်းကျင် ကြာပြီးတော့ Horror, Thrillerအမျိုးအစား ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အနေနဲ့လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားပါပဲ။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် Tom Walker ကစိတ်ရောဂါကုဆေးရုံမှာ နှစ် ၂၀ ကုန်ဆုံးပြီးနောက်မှာလွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ရက် ၃၀အကျယ်ချုပ်နေပြီးမှ ပုံမှန်လူတစ်ယောက်လိုသွားလာခွင့်ရမှာပါ။ အဲဒီတော့ သူဟာ သူ့မိဘတွေ ချန်ခဲ့တဲ့အိမ်ကြီးမှာ တစ်ယောက်ထဲ နေရဖို့ အကြောင်းဖန်လာပါတော့တယ်။ အမေနဲ့ အဖေက သူတို့ငယ်ငယ်ကတည်းကကွဲသွားကြတာ ဖြစ်ပြီးတော့ အဖေဖြစ်သူက သူမလွတ်လာခက်ရက်ပိုင်းအလိုမှာ ကိုယ့်ကိုယ့်ကိုယ်သတ်သေသွားတာဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ Alex ကလည်း ထောင်ကနေလွတ်မလာသေးပါဘူး။ အိမ်အကြီးကြီးထဲမှာ တစ်ယောက်ထဲနေရတဲ့Tom ဟာ အိမ်ထဲကနေ အသံတွေကြားရတာတွေ၊ ထူးဆန်းတဲ့ဖုန်းခေါ်ဆိုမှုတွေကို ကြုံတွေ့လာရပါတော့တယ်။မိန်းကလေးတစ်ယောက် ရေနစ်နေတာကိုလည်းမြင်မြင်နေရပါသေးတယ်။ တစ်နေ့မှာတော့ Tom ဟာ မုန့်စားချင်လို့ဈေးဆိုင်ကနေ မုန့်မှာရင်း မုန့်လာပို့တဲ့ Lynn ...
movie
Delirium(2018)
5.9
Abraham Lincoln: Vampire Hunter(2012)
Abraham-Lincoln-Vampire-Hunter(2012)==================================အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ကျုုုပ်တို့အင်အားချိနဲ့ပြီး လွတ်လပ်မှုတွေဆုံးရှူံးရပြီဆိုရင် ဒါဟာကျုပ်တို့ကိုယ်တိုင် ဖျက်ဆီးပစ်တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း)သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေးမဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာကဖျက်ဆီးနိုင်ဖို့၊ ရန်သတ္တရုပြုဖို့ဆိုတာ မလွယ်လှသလို၊ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ကြုံတွေ့ရမှာမြေကြီးလက်ခတ်မလွဲပါပဲ။ 'သွေးထွက်သံယိုမှုမရှိဘဲနိုင်ငံတစ်ခုကို မတည်ဆောက်နိုင်' ဆိုတဲ့အတိုင်းလင်ကွန်းကိုယ်တိုင်ထိတ်လန့်ခြောက်ခြားဖွယ်ရာသွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကိုရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လိုအမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာနိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။အေဘရာဟမ်လင်ကွန်း လို့ဆိုလိုက်တာနဲ့အမေရိကရဲ့၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ်ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက်တွေကိုသာ သတိရကြစမြဲပါ။ လင်ကွန်းနဲ့ပတ်သက်ပြီးအလွန်အရေးကြီးလှသည့်တိုင် သမိုင်းမတွင်တဲ့အကြောင်းခြင်းရာတစ်ခုကတော့ အင်မတန် လူသိနည်းလှပါတယ်။ အဲဒါကတော့လင်ကွန်းဟာ နေ့ဘက်မှာတိုင်းပြည်ကို သမ္မတအဖြစ် စီမံအုပ်ချုပ်ပြီး၊အကာလညအခါမှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသုတ်သင်ချေမှုန်းသူတစ်ဦး ဆိုတာပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေကိုဆက်သ်ဂရေဟမ်စမစ်သ် က လေ့လာဖော်ထုတ်ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ဘက်ခ်မမ်ဘီတော့ဗ် ကရိုက်ကူးတင်ပြလိုက်တဲ့အခါ-Abraham Lincoln: Vampire Hunter ဆိုပြီး ဖြစ်လာပါတယ်။ခေါင်းဆောင်မင်းသား ဘင်ဂျမင်ဝေါ်ကာရဲ့အထူးပီပြင်လှတဲ့ အင်ပြည့်အားပြည့် သရုပ်ဆောင်ချက်တွေ၊သွေးပျက်ခြောက်ခြားစရာ တိုက်ခိုက်ခန်းတွေ၊အန်ထော်နီမက်ကီ၊ ဒေါမနစ်ကူးပါး ...
movie
Abraham Lincoln: Vampire Hunter(2012)
5.2
The Honeymoon (2022)
The Honeymoon(2022)ဘတ်ဗ်နဲ့ အဒမ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ကလေးဘဝ ချာတိတ်အရွယ်ထဲက သွားအတူလာအတူ စားအတူပေါင်းလာခဲ့တဲ့ကောင်တွေ ဖြစ်တယ်အဲ့တော့ တစ်ကောင်နဲ့တစ်ကောင်က ပြောမနာဆိုမနာ အားမနာလျှာမကျိုးကောင်တွေပေါ့ သူတို့နှစ်ယောက်ဟာ ပုံပန်းသွင်ပြင်ရော စိတ်ထားချင်ပါ တစ်ယောက်နဲ့တစ်ယောက် တက်တက်စင်အောင်မတူပေမယ့် သိပ်ကိုချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်တယ်အရမ်းပူးကပ်လွန်းလို့တောင် ပတ်ဝန်းကျင်က ဒီနှစ်ကောင်ခွဲမရပါဘူးကွာလို့ ပြောကြတဲ့ထိပဲဒီလိုနဲ့ ၂ကောင်သားအသက်တွေကြီးလာပြီး အဒမ်တစ်ယောက် မိန်းမယူဖို့ဖြစ်လာတဲ့အချိန်မှာ ဘတ်ဗ်တစ်ယောက် ဘယ်လိုအူတိုမလဲဆိုတာ ကြည့်ရမှာပါဘယ်လောက်အူတိုလဲဆိုရင် အဒမ်နဲ့ သူ့မိန်းမရဲ့ ဟန်းနီးမွန်းခရီးစဥ်ထိပါ လိုက်ရှုပ်တဲ့အထိပဲ အဲ့လိုနဲ့ကြားထဲမှာသောက်တလွဲတွေလဲ အများကြီးဖြစ်တာပေါ့ပြောရရင် Hangover ထဲကဖက်တီးရဲ့ vibe မျိုးတောင်ပြန်ရတယ်ပြောရမယ် တော်တော်လေးလဲရီရပြီး ကြည့်ပျော်တဲ့ကားတစ်ကားပါ ကျွန်တော်ကတော့ကြည့်ပြီးလို့ အတော်လေးကြိုက်ပါတယ် တကယ်မိုက်တဲ့ကားပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ) File Size__(1.7GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__5.2/10 Format__mp4 Duration__02:12:00 Type__Comedy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hein ...
movie
The Honeymoon (2022)
6.2
Something from Tiffany’s (2022)
ဒီကားလေးကတော့ Christmas movie ကြိုက်သူတွေအတွက် အကြိုက်တွေ့စေမှာဘဲဖြစ်ပါတယ်။Rotten Tomatoes 85%ရရှိထားတဲ့ဒီရုပ်ရှင်ထဲမှာThe outfit ထဲကမင်းသမီးချော Zoey Deutch ကလည်းမတူညီတဲ့ပုံစံတစ်မျိုးေလးနဲ့သရုပ်ေဆာင်ထားတာကိုတွေ့ရမှာဘဲဖြစ်ပါတာ်။Christmasကာလမှာ မိသားစုနဲ့ဖြစ်စေ တစ်ယောက်ထဲဖြစ်စေ Romance ဇာတ်ကားလေးကို Christmas vibeလေးနဲ့ကြည့်ချင်တယ်ဆိုရင်တော့ဒီကားလေးကသင့်တော်တဲ့ကားလေးတစ်ကားဘဲဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Min Phoon Pyae ပါ )File Size__(1.7GB) / (700MB) Quality__WEB-DL_1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:22:00 Type__Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by Min Phoon Pyae Encoded by Naing Aung Latt
movie
Something from Tiffany’s (2022)
5.0
Killer Whales (2022)
Killer Whales(2022)ဒီ ရုပ်ရှင်ဟာ documetary ဆိုပေမယ့်အတော်လေးစားပါတယ် ကျွန်တော်တို့ သိတဲ့documentary ဆိုတာ တကယ်ဖြစ်ခဲ့တဲ့ အမှန်တရားကို အခြေခံပြီးရိုက်တယ်ဆိုပေမယ့်ဒီ documentary ကတော့အဲ့လိုမဟုတ်ပါဘူး ဒါကြောင့်စားတယ်ပြောတာပါဒွန်နီ ဝမ်ဒါဆိုတဲ့လူငယ်လေးတစ်ယောက်ဟာ documentary filmmaker တစ်ယောက်အရမ်းဖြစ်ချင်ပါတယ်ဒါပေမယ့် ဘာမှ တော့မတတ်ပါဘူး လူကသာ ဘာမှ မတတ်တာ တကယ်ရိုက်ချင်တဲ့အကြောင်းက ပန်းချီဆရာတစ်ယောက် အသတ်ခံရမှုကိုပါအဆိုပါ လူသတ်မှုဟာ အခုထိ လက်သည်မပေါ်ပဲရှိနေပါတယ် အဲ့ဒါကိုငချွတ်လေး ဒွန်နီက documentary ရိုက်ရင်းအဲ့လူသတ်မှုကိုပါ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကိုပါ ရိုက်ပြချင်တာပါ အကြံကတော့အကြီးကြီးနော် ကိုယ့်လူကအဲ့လိုနဲ့အဖက်ဖက်က pressure တွေပိလာပြီး ရုပ်ရှင်ထုတ်လုပ်သူက footage တွေအတင်းတောင်းရာကနေတလွဲ idea တွေရသွားတဲ့ ဒွန်နီဟာ documentary ကို ဘယ်လို အဆန်းကြီးရိုက်ပြထားလဲ ကိုယ်တိုင်ပဲ ကြည့်ကြည့်ပါအခုဆို ဒွန်နီတစ်ယောက် ထောင်ထဲမှာပါရောက်နေပြီး နောက်ရုပ်ရှင်ဇာတ်ကားအတွက်ပါ fund ငွေလိုက်ရှာနေတယ်ဆိုပဲတကယ်ဇကတော့မသေးဘူး Killer Whale နဲ့ဒွန်နီ ဘယ်လိုဆက်ဖြစ်မလဲကတော့ ...
movie
Killer Whales (2022)
5.5
Darby and the Dead (2022)
Darby and the Dead (2022) ======================ဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်ငယ်ကတည်းအမေ့ခြေရာအတိုင်း လိုက်နင်းပြီး ပန်းပွားအကမယ်ဖြစ်ချင်တဲ့ ဒါဘီဟာ ပါဟာကမ်းခြေမှာ သူ့အမေနဲ့အတူကမ်းခြေမှာ ရေဆော့နေတုန်း လှိုင်းပုတ်လိုက်မှုကြောင့် နှစ်ယောက်လုံးသေဆုံးသွားပါတယ်။ ဝိုင်းဝန်းအသက်ကယ်ကျပေမယ့် ဒါဘီတစ်ယောက်တည်းကိုသာ တမလွန်ကနေပြန်ခေါ်လိုက်နိုင်ပါတယ်။ အသက်မသေတဲ့အပြင် သေပြီးအသက်ပြန်ရှင်လာတဲ့ဒါဘီမှာ သေပြီးသား ဝိဉာဉ်တွေကိုမြင်ရတဲ့ စွမ်းအားတစ်ခုပါထပ်ဆောင်းအပိုရရှိခဲ့ပါတယ်။ဒီလိုနဲ့ လူသေဝိဉာဉ်တွေရဲ့ လူ့ဘဝမှာမပြီးပြတ်သေးတဲ့ကိစ္စတွေကို လိုက်လံကူညီပေးရင်းနဲ့ နောင်ဘဝသစ်ကိုကူးနိုင်အောင် တတ်နိုင်သမျှ ဆောင်ရွက်ပေးတာပေါ့။ ဒီလိုနဲ့ဒါဘီရဲ့ဘဝဟာ တစ်ဖြည်းဖြည်းနဲ့ လူ အများက ငကြောင်မလို့ပြောဆိုခံရရင်း လူမသိသူမသိအနှိမ်ခံဘဝနဲ့ ကျောင်းတက်ခဲ့ရပါတယ်။ တစ်နေ့တော့ သူ့ကိုမုန်းပါတယ်ဆိုတဲ့ ကျောင်း မှာ နာမည်ကြီးပန်ပွားမယ်အဖွဲ့ခေါင်းဆောင်ကာပရီဟာ လျှပ်စစ်ဆံပင် ကောက်စက်ကြောင့်သေဆုံးသွားပါတယ်။ ကာပရီကို ဒါဘီတစ်ယောက် တည်းမြင်ရတာရယ်ကြောင့်ရယ် ကာပရီရဲ့မပြီးပြတ်သေးတဲ့ ၁၇နှစ်ပြည့် မွေးနေ့ပါတီကိုဆက်လုပ်ချင်တာကြောင့်နောင်ဘဝသစ်ကိုမကူးနိုင်ဘဲ ဒါဘီကို အတင်းအကြပ်အကူအညီတောင်းလို့လက်ခံလိုက်ရပါတယ်။ကျောင်းမှာရှိလို့ရှိမှန်းတောင်မသိတဲ့လူမသိသူမသိ ငကြောင်မလေး ဒါဘီဟာ သေသွားပြီးဖြစ်တဲ့နာမည်ကြီး ကာပရီမွေးနေ့ပွဲပါတီကို ကျင်းပဖို့ အတွက်ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့မလဲဆိုတာဆက်လက်ကြည့်ရှု ပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2.13 GB) / (854 MB) / (493 MB) Quality............WEB 1080p / 720p / 480p Duration.........1Hr 40mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Fantasy Translator.......Tin ...
movie
Darby and the Dead (2022)
2022
7.8
Boruto: Naruto the Movie(2015)
Boruto - Naruto Shippuden movie 8 ============================IMDb - 7.8/10 MyAnimeList - 7.4/10ဒီကားကတော့ naruyo shippudenကာတွန်းရုပ်ရှင်၈ ကားရဲ့နောက်ဆုံးကားဖြစ်ပြီး boruto seriesထက်အရင်ဇာတ်လမ်းပိုင်းကြိုထွက်လာတဲ့ရုပ်ရှင်ပါ။ ဒီကားမကြည့်ပဲစီးရီးပဲကြည့်ရင်ရော ရလားမေးရင် ရရင်ဖြေလို့ရသလိုဒီကားက canonပဲလားဆိုရင် ဟုတ်ပါတယ်လို့ဖြေလို့ရပါတယ်။boruto စီးရီးမှာဆိုရင် အပိုင်း၅၀ကျော်လောက်မှာ ဒီကားရဲ့ဇာတ်လမ်းပြန်ပါတာမလို့မကြည့်လည်းရတယ်လို့ပြောတာပါ။ဒါပေမဲ့ စီးရီးက ကျက်သရေတုံးစွာ fillerတွေ ၉၀ ရာခိုင်နှုန်းလောက်ပါတော့ အရမ်းပျင်းဖို့ကောင်းတဲ့အတွက် စီးရီးကိုကြည့်မနေပဲ ဒီရုပ်ရှင်ကိုကြည့်ဖို့ပဲ ကျနော်ကတော့ တိုက်တွန်းချင်ပါတယ်။ဒီကားမှာတော့ Narutoတို့ခေတ်ကလိုပဲ Chuninစာမေးပွဲဖြေတာကိုဇာတ်အိမ်တည်ထားတာဖြစ်ပြီး ငှက်ပျောသီးဖီးကြမ်းအခိုင်လိုက် ဇောက်ထိုးတပ်ထားတဲ့ဆံပင်ကေနဲ့ဇာတ်လိုက်ရဲ့ ကျက်သရေတုံးမှုတွေကိုမြင်ရမှာပါ။Otsutsukiမျိုးနွယ်တွေလည်းပါတာမလို့ fight scenceကောင်းကောင်းတွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ File size…1.30GB / 589MB Quality…1080p / 720p Format…mp4 Duration….1h 35m Genre ..... Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Dr Nyan
movie
Boruto: Naruto the Movie(2015)
7.8
Masooda (2022)
Masooda ( 2022 ) IMDb 7.8/10အခုတစ်ခေါက်မှာတော့ ရုံတင်၀င်ငွေခန့်မှန်းခြေ ဆယ်ကုဋေကျော်လောက်ရရှိထားတဲ့ သဘာ၀လွန် Horrorရုပ်ရှင်အမျိုးအစား ရုံတင်ကားသစ်ကြီးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်...။ဇာတ်လမ်းအကျဉ်းကတော့ နီလမ်ဟာ Single motherတစ်ယောက်ဖြစ်ပြီးတော့ သမီးဖြစ်သူနာဇီယာနဲ့အတူ တိုက်ခန်းလေးတစ်ခန်းငှားကာနေထိုင်ပါတယ်။သူတို့အခန်းနဲ့မနီးမဝေးမှာ ဂိုပီလို့ခေါ်တဲ့ အိမ်နီးချင်းကောင်လေးတစ်ယောက်နေထိုင်ပြီးတော့ နီလမ်တို့သားအမိအကူအညီ လိုအပ်ရင်လည်း လက်မတွန့်ပဲကူညီပေးတတ်တဲ့ အိမ်နီးချင်းကောင်းတစ်ယောက်ဖြစ်ပါတယ်...။တစ်ညမှာတော့ နီလမ်တစ်ယောက် ဂိုပီ့အခန်းကိုတံခါးလာခေါက်ကာအကူအညီတောင်းပါတော့တယ်... ဂိုပီလိုက်သွားကြည့်တဲ့အခါမှာတော့ တစ်စုံတစ်ယောက်၀င်ပူးနေသလိုဖြစ်နေတဲ့ နာဇီယာကိုတွေ့လိုက်ရပါတယ်။နီလမ်နဲ့ဂိုပီတို့နှစ်ယောက် နာဇီယာကိုဆရာ၀န်နဲ့ပြပေမဲ့ မသက်သာတဲ့အဆုံးမှာတော့ အပနှင်ဆရာတွေလိုက်ရှာဖွေရင်း သိရှိလာတာက ဒီပူးကပ်နေတဲ့နတ်ဆိုးဟာ အင်မတန်မှအငြှိုးကြီးပြီး သူ့ကိုသတ်နိုင်မယ့်လက်နက်ကလည်း သီးသန့်ရှိနေကြောင်းသိရှိလိုက်ရတဲ့အခါမှာတော့....နာဇီယာကိုကုသလို့ရနိုင်ပါ့မလား ... နာဇီယာကို၀င်ပူးနေတဲ့ အငြှိုးကြီးတဲ့ဝိဉာဥ်ကရောဘယ်သူဖြစ်မလဲ... ဘယ်လိုအကြောင်းကြောင့်၀င်ပူးနေတာလဲဆိုတာကို တော့ ကျောတချမ်းချမ်းနဲ့ဆက်လက်ကြည့်ရှုရမှာပါ။ Horror ရုပ်ရှင်ကြိုက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ File size…2.17GB / 1.03GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 40m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ OeliuJ ~ Yunni
movie
Masooda (2022)
2022
6.6
The Weather Man(2005)
The Weather Man(2005)====================ကျွန်တော်တို့အားလုံးဟာ ဘဝသင်ခန်းစာတွေကိုပုံစံအမျိုးမျိုးနဲ့ life long learningလုပ်နေရတဲ့ဘဝကျောင်းတော်ထဲက ကျောင်းသားလေးတွေပေါ့။တစ်ခါတလေမှာ အလွယ်တကူနားလည်လိုက်တာရှိပေမဲ့ တစ်ခါတစ်လေကျ ခက်ခက်ခဲခဲနဲ့ ရင်းနှီးပေးဆပ်မှုတွေများပြီးမှ ရင်ဘတ်ကြီးကိုရင်းနှီးလိုက်ရပြီးမှသင်ယူလိုက်ရတာတွေလည်း အများကြီးပါပဲ။လွယ်ကူတယ်ဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ဘဝထဲကို ဝင်မလာဘူးလို့ ဒေ့ဗ်ရဲ့အဖေက ဒေ့ကိုအမြဲဆုံးမပါတယ်။ ဒါပေမဲ့ဒေ့ဗ်တစ်ယောက် ဒါကိုလက်မခံနိုင်ဘဲ ပြဿနာပေါင်းစုံနဲ့ ဗရုတ်သုတ်ခလူ့ဘဝကြီးကိုအကြီးအကျယ်အဆိုးမြင်နေသူတစ်ယောက်ပါ။အသက်အရွယ်နဲ့ယှဉ်ရင် မရင့်ကျက်နိုင်သေးတဲ့ဒေ့ဗ်ကတော့ဘဝရဲ့ပြဿနာတွေကို ထိုင်အလိုမကျဖြစ်နေတဲ့Grumpy kidလိုပါပဲ။(Grumpyဖြစ်မဖြစ်ကတော့တစ်ကားလုံးကိုလွှတ်ဆဲနေတော့တာ)work lifeကိုကြည့်ရင်လည်း ဒေ့ဗ်စပရစ်ဇ်ရဲ့ဘဝကစာမေးပွဲခန်းထဲက ကျွန်တော်တို့နဲ့မခြားပါဘူး။ စာမေးပွဲခန်းထဲထိုင်နေပေမဲ့ စာဆိုတာဒါလားလို့မေးယူရတဲ့အနော်တို့လိုပဲသူလည်း မိုးလေဝသပညာဆိုတာ ချိုနဲ့လားဆိုသလိုပါပဲ။ဒီလိုလူက မိုးလေဝသသတင်းကြေညာသူဆိုတော့ကာသူမှန်းသမျှကတော့ ကတွတ်ပီအမဲလိုက်သလိုပါပဲ___ပြောင်းပြန်မှတ်ယူမှ စိတ်ချရမှာပါ။အလုပ်ကအဆင်မပြေတော့ Family Lifeကိုကြည့်တော့လည်းတလွဲ။ ဇနီးဖြစ်သူနိုရင်းနဲ့ကလည်း တကျက်ကျက်ရန်ဖြစ်၊နေ့တိုင်းဆူပူနေတဲ့မိဘတွေကြောင့် စိတ်ထွက်ပေါက်ရှာတဲ့ကလေးတွေက ဆေးစွဲတဲ့လူနဲ့ ဆေးလိပ်သောက်တဲ့လူနဲ့ပြဿနာတွေဒုနဲ့ဒေး။ ဒီကြားထဲမှာမှ အဖေဖြစ်သူရဲ့သတင်းဆိုးကလည်း သူ့အတွက်တော့ ကံဆိုးမသွားလေရာမိုးလိုက်လို့ရွာပါပဲ။ Social lifeကတော့ အထွေအထူးပြောစရာမလိုပါဘူး။ တလွဲချည်းပဲ တီဗီပေါ်တက်တက်ပြောနေတဲ့ဒေ့ဗ်ကိုလူတွေကအင်မတန်ချစ်ခင်ကြတော့ အပြင်မှာတွေ့ရင် ကြုံသလိုသွားရည်စာနဲ့ပစ်ပေါက်ပြီး ဆွမ်းကြီးလောင်းကြပါတယ်။ဒီလိုစုတ်ပြတ်နေတဲ့ဒေ့ဗ်ရဲ့ဘဝကို ပြောင်းလဲပေးမယ့်မဟာအခွင့်အရေးဖြစ်တဲ့ သူ့ရဲ့Dream Jobက သူ့ရှေ့မှောက်ကိုရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ရွေးချယ်မှုတွေ အရင်လိုပဲဝေဝါးနေဦးမှာလား။ ...
movie
The Weather Man(2005)
6.6
Road House(1989)
Road House (1989) ================= ဒီတစ်ခေါက်မှာတော့ old but gold အက်ရှင်ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားမှာ ဒေါလ်တန်ဆိုတဲ့ လုံခြုံရေးသမားဟာအကောင်းဆုံးစွမ်းရည်ရှိတဲ့ လုံခြုံရေးသမားဖြစ်ပါတယ်။ဒါကြောင့် သူဟာ တစ်နေ့မှာ မစ်ဆိုရီက ဒါဘယ်ဒုစ်ဆိုတဲ့ဘားတစ်ခုမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံရပါတယ်။ဒါဘယ်ဒုစ်ဟာ သာမာန်နေရာလို လူဆိုးတွေ၊အရက်သမားတွေ သောင်းကျန်းရုံနေရာမဟုတ်ဘဲမြို့ကိုလက်ဝါးကြီးအုပ်ထားတဲ့ ဘရတ်၀က်စ်လေ နဲ့သူ့လူတွေ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ သူတို့အကုန်လုံးကိုဒေါလ်တန်က ရှင်းထုတ်လိုက်တဲ့အခါ သူ့စီးပွားရေးကိုကာကွယ်ဖို့ ဘရတ်လည်း အစွမ်းကုန်ယုတ်မာပါတော့တယ်။ တစ်မြို့လုံးကလည်း ဘရတ်လက်အောက်ရောက်နေပြီး ဘရတ်မထင်ရင်မထင်သလိုအနှိပ်စက်ခံရတာကြောင့် မတော်လှန်ရဲတဲ့အနေအထားမှာ ဒေါ်လ်တန်တစ်ယောက်တည်း ဘရတ်ကိုရင်ဆိုင်ရပါတော့တယ်။ ဒီတွေ့ဆုံမှုမှာ ဒေါလ်တန်ကပဲအနိုင်ရရှိပြီး မြို့သားတွေကိုကယ်တင်နိုင်မလား။ဒါမှမဟုတ် ရှူံးနိမ့်ပြီး မြို့ထဲကထွက်သွားရမလားဆိုတာကို စိတ်၀င်တစားကြည့်ရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…1.70GB / 764MB Quality…Blu-Ray 1080p5.1CH / 720p Format…mp4 Duration….1h 54m Genre .....Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie
Road House(1989)
First
7
8
9
10
11
Last
Previous
Next