Channel Myanmar

Uncategorized

The Black Demon (2023)
The Black Demon (2023) မက်ဂါလိုဒွန်လို့ခေါ်တဲ့ငါးမန်းကြီးတွေဟာ ကမ္ဘာဦးခေတ်တုန်းက ရှင်သန်နေထိုင်ခဲ့တဲ့ အလွန်ကြီးမားတဲ့ ဧရာမငါးမန်းမျိုးစိတ်‌တစ်ခုဖြစ်ပြီး ကြောက်စရာအကောင်းဆုံးနဲ့ အသက်အန္တရာယ်အပေးနိုင်ဆုံးသတ္တဝါတွေအဖြစ် မှတ်တမ်းဝင်ပါတယ်။အခုချိန်မှာ မျိုးသုဉ်းသွားပြီဖြစ်ပေမဲ့လည်း "မျိုးသုဉ်းပျောက်ကွယ်သွားပြီးဖြစ်သော ကြောက်စရာအကောင်းဆုံး သတ္တဝါဆန်းကြီးများ"၊ "မက်ဂါလိုဒွန်ငါးမန်းကြီးတွေသာ မျိုးမသုဉ်းသွားခဲ့လျှင်" အဲဒီလိုခေါင်းစဉ်တွေနဲ့ YouTube မှာတော့ hot topic တစ်ခုဖြစ်နေဆဲပါပဲ။ မက္ကဆီကန် ဘာဂျာကမ်းခြေက တံငါသည်တွေရဲ့ ပါးစပ်ဒဏ္ဍာရီမှာတော့ ဒီမက်ဂါလိုဒွန်ကြီးတွေကို ရိုးရာနတ်ဘုရားတစ်ပါးရဲ့ အမျက်ဒေါသကြောင့် ဆင့်ခေါ်ခံလိုက်ရတဲ့ မိစ္ဆာကြီးတွေရယ်လို့ အယူရှိပါတယ်။ ဒီလိုအယူရှိတဲ့ မက္ကဆီကန်ကမ်းခြေ ဘာဟီရာဒေသရှိရာကို ပေါလ်နဲ့သူ့မိသားစုဟာ အလုပ်ကိစ္စလည်းလုပ်ရင်း အပန်းဖြေခရီးလည်းထွက်ရင်းဆိုတဲ့ရည်ရွယ်ချက်နဲ့ ရောက်လာခဲ့ပါတယ်။ကံဆိုးချင်တော့ နတ်ဘုရားတစ်ပါးရဲ့အမျက်နဲ့ တည့်တည့်တိုးပြီး မက်ဂါလိုဒွန်ငါးမန်းကြီးတစ်ကောင်က သူတို့ကိုအသင့်စောင့်နေပါတော့တယ်။ ဒီငါးမန်းကြီးရန်ကလွတ်အောင် သူတို့မိသားစုဘယ်လိုတွေ ရုန်းကန်ရမလဲ၊ မက်ဂါလိုဒွန်ကြီးကရော တကယ်ပဲဒဏ္ဍာရီတွေထဲမှာပြောထားသလို နတ်ဘုရားတစ်ပါးရဲ့ဆင့်ခေါ်မှုကြောင့် ရောက်လာတာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ တထိတ်ထိတ်နဲ့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ငါးမန်းကားတွေ၊ မိကျောင်းကားတွေက အရင်ကတည်းက ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားကားတွေဖြစ်ပြီး ဒီလိုဇာတ်ကားတွေနဲ့ပဲကြီးပြင်းလာတာမို့ ကြည့်ရှုသူတွေနဲ့ သိပ်ပြီးစိမ်းနေမှာမဟုတ်ပေမဲ့ ဇာတ်လမ်းဇာတ်အိမ်က အနည်းငယ်ထူးခြားနေတာမို့ ကြည့်ရတာတော့တန်မယ်ဆိုတာ ...
movie

The Black Demon (2023)

Beyond the Hills (2012) 7.5
Beyond the Hills (2012)  ဒီ Beyond The Hills ဇာတ်ကားလေးကတော့ ဒါရိုက်တာ Cristian Mungiu က ရိုက်ကူးပေးထားတဲ့ ရိုမန်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ IMDB rating 7.5/10 အပြင် Rotton Tomatoes မှာပါ rating 94% အထိ ပရိသတ်အားပေးမှုကို ရထားတဲ့ ဇာတ်ကားလေးပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ဗိုချီတာနဲ့ အလီနာဆိုတဲ့ မိဘမဲ့ကျောင်းသူလေးနှစ်ယောက် အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဗိုချီတာ နဲ့ အလီနာတို့က ငယ်ငယ်တုန်းက မိဘမဲ့ကျောင်းမှာ အတူနေခဲ့ကြပေမယ့် အရွယ်ရောက်တဲ့အခါမှာ သီးခြားလမ်းတွေကို လျှောက်လှမ်းခဲ့ကြပါတယ်။ သူတို့နှစ်ဦးပြန်ဆုံတွေ့ ကြတဲ့အချိန်မှာ အလီနာစိတ်ဒဏ်ရာတစ်ခုပါလာခဲ့ပါတယ်။ စစပိုင်းမှာတော့ အလီနာရဲ့ စိတ်ရောဂါက မသိသာခဲ့ပေမယ့် ပြဿနာတွေဖိအားတွေနဲ့ ကြုံလာရတိုင်းပိုပိုပြီးဆိုးလာခဲ့ပါတယ်။ ဒီဇာတ်လေးလမ်းကတော့ ခရစ်ယာန်ဘာသာတရားကို လက်တွေ့နဲ့အနီးစပ်ဆုံးဖြစ်အောင် အခြေခံရိုက်ကူးထားတဲ့အပြင် လူတစ်ယောက်ရဲ့ စိတ်အခြေအနေက ပတ်ဝန်းကျင်ကြောင့်ဘယ်လို ကြီးကြီးမားမားပြောင်းလဲသွားနိုင်လဲဆိုတာကို ပေါ်လွင်အောင် ရိုက်ပြပေးထားတဲ့အတွက် သုတ၊ ...
movie

Beyond the Hills (2012)

Robots (2023) 5.1
Robots (2023) Robots (2023) ===========ကိုယ့်ကိုယ်ပွားစက်ရုပ် clone တွေများထုတ်နိုင်ရင် အဲဒီစက်ရုပ် တွေနဲ့ ဘာလုပ်ချင်ကြသလဲ။ ဒီကားထဲက ချားလ်စ်ကတော့ သူ့ ကိုယ်ပွားစက်ရုပ် စီတူးကို သူ့အစားအလုပ်လုပ်ခိုင်းတယ်။ အိမ် သန့်ရှင်းရေး ထမင်းဟင်းချက် စွယ်စုံခိုင်းတဲ့အပြင် စီတူးရဲ့ အပြော ချိုချို ကြင်နာတတ်တဲ့စိတ်ထားကိုသုံးပြီး ကောင်မလေးတွေနဲ့ အိပ် ရအောင်ပါလုပ်တဲ့ ငပွေပါ။ ချားလ်စ်ရဲ့ အမဲလိုက်ကွင်းကတော့ ရေခဲ ပြင်စကိတ်ကွင်းပါတဲ့။ အဲဒီမှာ သူသဘောကျတဲ့ကောင်မလေးတွေနဲ့ ဝင်ဝင်တိုက်ပြီး ဇာတ်လမ်းထွင်ပါတယ်။ကောင်မလေးတွေ သူ့ကိုချစ်လာအောင်လုပ်ရတာကတော့ စီတူးရဲ့ တာဝန်ပေါ့။ အယ်လိန်းဆိုတဲ့ကောင်မလေးကတော့ သိုက်တူးသမား။ ရေလျှံတဲ့ဘဲကြီးတွေနဲ့သွားချိတ်ပြီး သူတို့နဲ့အိပ်ဖို့က အယ်လိန်းရဲ့ ကိုယ် ပွားစက်ရုပ် အီးတူးရဲ့တာဝန်ဖြစ်ပါတယ်။ တစ်နေ့ကျ ရေခဲပြင် စကိတ် ကွင်းမှာ ချားလ်စ်နဲ့အယ်လိန်းတို့တွေ့ပြီး အတွဲတွေဖြစ်သွားပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်အစား စီတူးနဲ့ အီးတူးက အိပ်ဖြစ်သွားကြပြီး ချစ်မိသွားကြရာကနေ ထွက်ပြေးပါတော့တယ်။ တကယ်က စက်ရုပ် ကိုယ်ပွားထုတ်တာက တရားမဝင်ဘဲ မိတာနဲ့ ထောင်နှစ်ရှည်ကျမှာပါ။ ဒီလိုနဲ့ ချားလ်စ်နဲ့အယ်လိန်းတို့ရဲ့ စက်ရုပ်လိုက်ဖမ်းပုံတွေကို ရှုစားရမယ့် Sci-fi / fantasy ဇာတ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.24 GB) / ...
movie

Robots (2023)

2023
Two for the Money(2005) 7.0
Two for the Money(2005) Two for the Money(2005)*********************** Matthew McConaughey  နဲ့  ဂုရုကြီး Al Pacino  ပါဝင်ထားတဲ့ကားဆိုတော့ထွေထူးတော့ညွှန်းဖို့သိပ်လိုမယ်မထင်ပါဘူး...  အရမ်းတော်တဲ့ ကောလိပ်ဘောလုံးသမားဖြစ်ခဲ့ပေမယ့် မတော်တဆတစ်ခုမှာ ရခဲ့တဲ့ခြေထောက်ဒဏ်ရာကြောင့်ဘယ်တော့မှ ဘောလုံးပြန်ကစားဖို့ မဖြစ်နိုင်တော့တဲ့ ဘရန်ဒန်လန်းဟာ  လောင်းကစားဘက်မှာတော့သူ့မှာ ထူးချွန်တယ်လို့ဆိုရမယ်..။ လောင်းကစားသမားတွေကို အနိုင်ရမယ့်ဘက်ခန့်မှန်းပေးပြီးအကြံပေးတဲ့သူတစ်ယောက် ဖြစ်လာပါတော့တယ်။ တစ်နေ့မှာတော့ ဝယ်လ်သာအေဘရမ်စ်ဆိုတဲ့ နယူးယော့ခ်ကလောင်းကစားလုပ်ငန်းသူဌေးကြီးက ဘရန်ဒန့်ကိုသဘောကျပြီး သူ့ဆီအလုပ်လာလုပ်ဖို့ ကမ်းလှမ်းခဲ့တဲ့အခါဘရန်ဒန်တစ်ယောက် ဂျွန်အန်တိုနီဆိုတဲ့နာမည်နဲ့ လောင်းကစားအကြံပေးသမားဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့...File Size : (2.9GB) and (800MB) Quality :Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Crime, Sport, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie

Two for the Money(2005)

The Edge of Her Mind Anthology (2022) 6.6
The Edge of Her Mind Anthology (2022) The Edge of Her Mind Anthology (2022)အမျိုးသမီးတွေရိုက်ထားတဲ့ အမျိုးသမီးတို့အကြောင်း... အမျိုးသမီးတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ပြဿနာတွေကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်အတိုလေးတွေ စုစည်းထားတာဖြစ်ပါတယ်။Xin (Heart), Café Abundance, Fragile Storm, Utopia, Over The Moon, Count Back From Ten, Uncertainship နဲ့ Mermaid လို့ခေါ်တဲ့ သူမစိတ်ရဲ့ အစွန်အဖျားလေး ၈ခုပါ,ပါတယ်။ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တာမို့ စိတ်အနှောင့်အယှက်ဖြစ်စရာအခန်းတွေလည်းပါတဲ့အပြင် အခုလိုမျိုး ကားတိုလေးတွေဆိုတော့ တစ်ကားစီ နား,နားပြီး ကြည့်လို့ရပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ချင်းစီက ကိုယ်တိုင်ကိုယ်ကျနဲ့ ဆက်စပ်ကြည့်လို့ရပြီး တမူထူးခြားပါတယ်။ အကြိုက်မိဆုံးကတော့ Fragile Storm ပါ။ဒါဟာ အမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေပဲဆိုပေမယ့် အမျိုးသားတွေလည်း ကြည့်ရှုနိုင်ပါတယ်။ ဘာလို့ဆို ကျားကျားမမ ကိုယ်ပိုင်အတွေ့အကြုံတွေဟာ ယှဉ်တွဲနေကြတာဖြစ်ပြီး တကယ်တမ်းဆို အဲဒီလောက်ထိ မခြားနားဘူးဆိုတာ ...
movie

The Edge of Her Mind Anthology (2022)

Operation Mayfair (2023) 6.3
Operation Mayfair (2023) Operation Mayfair ( 2023 ) ========================= IMDb 7.3/10 အသစ်ထွက်ထားတဲ့ အိန္ဒိယ မှုခင်း၊ သည်းထိတ်ရင်ဖိုရုပ်ရှင်မိုက်မိုက်လေးတစ်ခုကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးချင်ပါတယ်။မေဖဲရ်လူသတ်ကောင်ဆိုတဲ့ လူသတ်သမားဟာ ချောပေ့၊ လှပေ့ဆိုတဲ့ အရွယ်ကောင်း မိန်းကလေးတွေကိုမှ ရွေးပြီးသတ်တတ်ပါတယ်။ သူက လူသတ်ရင် ပစ်မှတ်မိန်းကလေးကို မျက်လုံးအောက်မှာ မျက်ရည်ပုံစံ အနက်ရောင်ဆေးရည်တွေသုတ်တယ်၊ နောက်ကျောကိုကြာပွတ်နဲ့ရိုက်ပြီး သေသွားရင်လည်း အလောင်းကနေ လက်ညှိုးကို ဖြတ်ယူသေးတယ်။ အဲဒီ မေဖဲရ်လူသတ်သမားဟာ ခြေရာဖျောက်သွားခဲ့ပြီး သုံးနှစ်နေမှ ပစ်မှတ်အသစ်နဲ့အတူ ပြန်ပေါ်လာခဲ့ပါတယ်။စုံထောက် အာမာဆင်းဂ်ကတော့ အဲဒီလူသတ်သမားကို ဖမ်းဖို့ကြိုးစားခဲ့ပေမဲ့ မမိခဲ့တာကြောင့် စိတ်ဖိအားတွေနဲ့ စုံထောက်ဘဝကနေ အနားယူပြီး အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ ပါမောက္ခလုပ်နေတဲ့သူပါ။ လူသတ်သမား ပြန်ပေါ်လာတဲ့နောက်မှာတော့ ပါမောက္ခအအမရ်ဆင်းဂ်လည်း မပြီးပြတ်သေးတဲ့အမှုအတွက် စုံထောက်အဖွဲ့ထဲကို ပြန်ဝင်ပြီး လူသတ်သမားကို မိအောင် ကြိုးစားဖမ်းဖို့ဖြစ်လာပါတော့တယ်။ဒီ Operation Mayfair ဆိုတဲ့ရုပ်ရှင်ဟာဆိုရင် မြင်နေကျအတိုင်း ပရိသတ်ဘက်က လူသတ်သမားဘယ်သူဆိုတာကို သိဖို့ကြိုးစားရတာမျိုးမဟုတ်ဘဲ လူသတ်သမားကို သိသိကြီးနဲ့ စုံထောက်တွေ ဖမ်းဖို့ကြိုးစားနေတာကို အသည်းတယားယား ကြည့်ရှုရမှာပါ။ ရုပ်ရှင်က ဇာတ်လမ်းအစကတည်းက Thriller vibe အပြည့်နဲ့ ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ ပရိသတ်တွေအတွက် ...
movie

Operation Mayfair (2023)

2023
(18+) A Chinese Torture Chamber Story (1994) 5.9
(18+) A Chinese Torture Chamber Story (1994) ဂေါ်ဖီထုပ်ကလေးဆိုတဲ့ ခြေသေးမမိန်မပျိုလေးဟာ ဆေးဆရာယန်နေဝူ ဆီမှာအိမ်တော်ထိန်းအဖြစ်တာဝန်ထမ်းနေပါတယ်။ ဒါပေမယ့် ယန်က သူ့အပေါ်တိမ်းညွတ်နေပြီးတစ်ချိန်မှာ ကိုယ်လုပ်တော်အဖြစ်မြှောက်စားဖို့အထိ ဆန္ဒရှိနေပါတယ်။ ယန်ရဲ့ဇနီးဖြစ်သူနဲ့အောက်ရုံးတရားသူကြီးရဲ့ သားနဲ့ဖောက်ပြန်နေတဲ့ ဇာတ်လမ်းကိုဂေါ်ဖီထုပ်ကလေး အမှတ်မထင်မြင်သွားတဲ့နောက်မှာတော့ သူ့ရဲ့ဇာတ်လမ်းပေါ်လာမှာစိုးရိမ်စိတ်နဲ့ဂေါ်ဖီထုပ်ကလေးကို ယောက်ျားပေးစားပြီးအဝေးပို့လိုက်ရုံမကပဲ ဆက်လက်ဒုက္ခပေးဖို့အကြံဆိုးတွေကြံပါတော့တယ်။ အဲ့ဒါကတော့ သူပေးစားလိုက်တဲ့ဂေါ်ဖီထုပ်ကလေးရဲ့ယောက်ျားကိုတစ်ဖက်လှည့်နဲ့လုပ်ကြံပြီး အဲ့ဒီအမှုကိုဂေါ်ဖီထုပ်ကလေးနဲ့ခင်ပွန်းသည် ယန်နေဝူတို့အပေါ်ပုံချလိုက်တာပါပဲ။ဒီအမှုကိုစစ်တဲ့တရားသူကြီးကိုယ်တိုင်က ဘက်လိုက်တဲ့သူဖြစ်တဲ့အတွက်တရားခွင်မှာ အဲ့ဒီအချိန်က တရားဝင်ပြဌာန်းထားတဲ့ ရက်စက်ကြမ်းတမ်းလွန်းတဲ့နှိပ်စက်နည်းအမျိုးမျိုးနဲ့စစ်မေးတော့မှာဖြစ်ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ် ၁၉၉၀ လွန်နှစ်များဆီက ဂန္ဓဝင်ဇာတ်ကားတစ်ကားပါ။ ဇာတ်ကားနာမည်နဲ့တွဲမသိရင်တောင် ဂရုထဲမှာ လာမေးကြတဲ့ လေပေါ်မှာဝဲပျံပြီးကိုယ်ဖော့ပညာနဲ့ဂျိန်းကြတဲ့ ဟောင်ကောင်ကတုံးကြီး Elvis Tsui ရဲ့နာမည်ကျော်ဇာတ်ဝင်ခန်းကို သိကြမှာပါ။ ဇာတ်ကားနာမည်နဲ့လိုက်အောင်အလွန်ရက်စက်ပြီး စိတ်မသက်သာဖွယ် ညှင်းပန်းနှိပ်စက်နည်းပေါင်းစုံနဲ့ကြံကြံဖန်ဖန်ပေါက်ပေါက်ရှာရှာလို့ပြောရမယ့် လိင်ဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်။ဒါပေမယ့်လည်း Dark comedy ဆန်ဆန်မြူးမြူးသွက်သွက်နဲ့ပေါ့ပါးတဲ့တင်ဆက်ပုံအရ ကြည့်ရတာပျော်စရာကောင်းပြီး entertaining ဖြစ်တဲ့ကားပါ။ File size…(880 Mb)/(520 Mb) Quality….Webrip 720p/480p Format…mp4 Duration….01:28:00 Genre...Drama Thriller Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias 
movie

(18+) A Chinese Torture Chamber Story (1994)

The Fix-It Man (2022) 5.5
The Fix-It Man (2022) The Fix-It Man (2022) =================လူတစ်ယောက်ရှိတယ်။ မတော်မတည့်ကံကြမ္မာက ကျီစယ်လို့ နေရင်း ထိုင်ရင်း အလောင်းတစ်လောင်းကို အိမ်သယ်လာရတယ်။ ဘယ်လိုကံ ကြမ္မာအကျိုးပေးရယ်မသိ အလောင်းကိုအသုံးချပြီးလုပ်လို့ရတဲ့ စီးပွား ရေးဂွင်ကောင်းကိုပါ ထပ်တွေ့တယ်။ ဒါပေမဲ့ သူ့ကိုယ်ကျင့်တရားကြောင့် မြှောက်ပေးတဲ့သူကိုပါမာန်မဲပြီး မလုပ်ဘူးငြင်းလွှတ်လိုက်တယ်။တစ်နေ့တော့ အဲဒီလူ အချစ်နဲ့တွေ့တယ်။ အဲ့အချစ်ဒုက္ခရောက်တော့ သူ့ကိုယ်ကျင့်တရားအရ ငြင်းပယ်ထားတဲ့အလုပ်ကို လုပ်ဖို့ဆုံးဖြတ်လိုက် တယ်။ သူ့ဘေးမှာ‌အပေါင်းအသင်းတွေရှိတယ်။ မိတ်ဆွေစစ်ကတစ်ယောက် တည်း။ မိသားစုကတစ်ယောက်တည်း။ ကံကြမ္မာက ထပ်လှည့်စားပြန်တယ်။ နောက်ဆုံးမှာ သူဖွတ်ဖွတ်ကြေအောင် လောကဓံထောင်းတာခံလိုက်ရတယ်။ ဒါပေမဲ့ ကံကြမ္မာကြီးက သနားသွားဟန်တူရဲ့။ သူ့ကိုထပ်ပြီးမြှောက်စားပြန်တယ်။ ဒီလိုနဲ့ ဒီဇာတ်လမ်းဖြစ်လာတယ်ပေါ့လေ . . .(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(2.1 GB) / (750 MB) / (500 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Translator.......Ngwe Zin Encoder..........SWM
movie

The Fix-It Man (2022)

2022
Bon Bini: Judeska in da House (2020) 5.7
Bon Bini: Judeska in da House (2020) Bon Bini: Judeska in da House (2020) ===========================အဆိုပါဒတ်ချ်ဟာသရုပ်ရှင်သည် ကမ္ဘာ့ရောဂါကပ် ကိုဗစ်၁၉ ဖြစ်ပွားချိန်၌ ဇာတ်အိမ်တည်ထားပါသည်။ လူမျိုးရေးခွဲခြားမှု ဟာသတွေ၊ အဆုံးမှာ အသားရောင်အခြေခံခွဲခြားခြင်းကို ဆန့် ကျင်ကျော်လွန်လက်ခံသွားတဲ့ လူဖြူဇာတ်ကောင်တွေအကြောင်း အား ကလီရှေးဆန်ဆန်ရိုက်ကူးထားပါတယ်။ ထူးခြားတာက သရုပ်ဆောင် Jandino Asporaat ပါ။ ဇာတ်လမ်းအဆုံး ဂူဂဲလ် မှာရှာဖတ်ကြည့်တော့မှ အမျိုးသားသရုပ်ဆောင်ဟာ အမျိုးသမီး ကဲ့သို့ဝတ်ဆင်ကာ သရုပ်ဆောင်ထားမှန်းသိရအောင်ကို ပီပြင် လွန်းခဲ့တာပါ။ ဟော်လီဝုဂန္တဝင် ရော်ဘင်ဝီလီယံ ရဲ့ Mrs Doubtfireဇာတ်ရုပ်ကိုမြင်ယောင်မိပါသေးတယ်။ ဇာတ်လမ်းအကျဉ်းက ဂျူဒပ်စကာတစ်ယောက် သူ့တူမကို ရည်းစားကောင်လေးအိမ်လမ်းကြုံလိုက်ပို့ပါတယ်။ ကောင်လေး ရဲ့အဖေ နိုင်ငံတော်အတွင်းဝန်ဖြစ်သူဟာ ထိုနေ့မှ ကပ်ဆိုးရောဂါ ကိုဗစ်၁၉နဲ့ပါတ်သတ်ပြီး အိမ်၌ သတင်းစာရှင်းလင်းပွဲလုပ်မှာဖြစ် ပါတယ်။ ဂျူဒပ်စကာဟာ အလိုက်ကမ်းဆိုးမသိ ဂရုလည်းမစိုက်တဲ့ တော်တော် ဂွကျတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဖြစ်ပြီး နှာဘူးထလိုက်တာဆိုသည်မှာ လည်းကမ်းကုန်ဖြစ်သည်။ တိုက်ရိုက် ထုတ်လွင့်နေတဲ့ သတင်းစာရှင်းလင်းပွဲ၌ ဂျူဒပ်စကာဝင်နှောက်ပါ တော့တယ်။စာနယ်ဇင်းသမားတွေမေးခွန်းထုတ်တဲ့အခါ အတွင်းဝန်လည်း ချော် လဲရောထိုင်ကာ အဆိုပါလူမည်းအမျိုးသမီးနှစ်ယောက်အား သူ့အိမ် တွင် လော့ဒေါင်းကာလ နှစ်ပတ်အတွင်း နေထိုင်ရန် ဖိတ်ခေါ်ထား ကြောင်းပြောပါတော့တယ်။ ပြဿနာက လူမည်းကောင်မလေးနဲ့ သူ့ရဲ့သားကိုသဘောမတူနိုင်တဲ့ ဂုဏ်သရေရှိမျိုးရိုးမှဆင်းသက်လာ တဲ့ ဝန်ကတော် ...
movie

Bon Bini: Judeska in da House (2020)

2020
Leave No Trace (2018)
Leave No Trace (2018) Leave no trace ရုပ်ရှင်ဟာဆုပေါင်းများစွာသိမ်းပိုက်ထားပြီး rotten tomatoes rating 100%အထိရရှိထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ် ပန်းခြံတစ်ခုရဲ့ တောအုပ်ထဲမှာသားအဖနှစ်ယောက်သီးသန့်နေနေရာမှ မထင်မှတ်ထားတဲ့အမှားတစ်ခုကြောင့် တောခေါင်းတွေဖမ်းဆီးတာခံလိုက်ရပြီး လူမှုဖူလုံရေးအဖွဲ့ဆီကိုရောက်ရှိသွားပါတော့တယ်။ လူမှုဖူလုံရေးအဖွဲ့က နေရာအသစ်တစ်ခုမှာအခြေကျဖို့စီစဉ်ပေးသောအခါ စိတ်ရောဂါဝေဒနာခံစားနေရတဲ့ဖခင်ဖြစ်သူက နေရာအသစ်မှာနေထိုင်ရတာအဆင်မပြေဖြစ်လာပါတယ်။ထို့ကြောင့် သမီးဖြစ်သူကိုခေါ်ကာ သားအဖနှစ်ယောက်နေရာအသစ်ကနေ ထွက်ပြေးဖို့ကြိုးစားပါတော့တယ်။သားအဖနှစ်ယောက် တောအုပ်ထဲကိုပဲ အဆင်ပြေပြေပြန်ရောက်သွားမလား ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမည့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…(1.9 GB)/(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:51:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

Leave No Trace (2018)

Stepmom(1998) 6.9
Stepmom(1998) Stepmom(1998)**************ကျွန်တော်တို့တွေ ကြားဖူးနေကျ မိထွေဇာတ်လမ်းတိုင်းလိုလိုမှာ သားသမီးဖြစ်သူနေရာကဝင်ခံစားပြီး မိထွေးဖြစ်သူကို အဆိုးမြင်ခဲ့တာတွေများပါတယ်။ဒါပေမဲ့ ကိုယ့်သားသမီးလည်းမဟုတ်တဲ့ကလေးတွေကို မိခင်တာဝန်ချက်ချင်းယူလိုက်ရတဲ့ မိထွေးနေရာကနေတစ်ချက်ဝင်ခံစားကြည့်မယ်ဆိုရင်လည်း သိပ်လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဗျ။ကလေးတွေရဲ့ငြိုငြင်မှုတွေ မိခင်အရင်ဖြစ်သူရဲ့ အမြင်မကြည်မှုတွေစတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတာချည်းပါပဲ။ ဒီဇာတ်ကားမှာလည်း မင်းသမီးကြီး Julia Robertsက Lucyနေရာကနေသရုပ်ဆောင်ပြီး မကြာခင်မှာလက်ထပ်မယ့်ချစ်သူ Lukeရဲ့ ကလေးတွေနဲ့ အတူတူနေနေရပါတယ်။ချစ်သူရပြီးမှ ဝုန်းကနဲ မိခင်တာဝန်ယူလိုက်ရတဲ့ Lucyအတွက်တော့ ကလေးတွေနဲ့ ကီးကိုက်အောင်ကြိုးစားပေမဲ့စေတနာက ဝေဒနာဖြစ်သွားတာချည်းပါပဲ။ ကလေးတွေအတွက်ကျတော့လည်းအမေ့နေရာကို ဘာမဆိုင်ညာမဆိုင်ဝင်မလာတဲ့ အစိမ်းသက်သက်အမျိုးသမီးတစ်ယောက်ကိုဘယ်အမြင်ကြည်ပါ့မလဲ။ ဒါ့အပြင် ကျောင်းကြိုဖို့နောက်ကျနေတာတွေဟင်းကောင်းကောင်းမချက်တတ်တာတွေကြောင့် Lucyအတွက်တော့ ကလေးတွေနဲ့အဆင်ပြေနိုင်ဖို့ ဝေလာဝေးပါပဲ။ ဒါပေမဲ့ Lucyကတော့ ဒါကိုစိန်ခေါ်မှုတစ်ရပ်အနေနဲ့ကလေးတွေနဲ့ အဆင်ပြေပြေဖြစ်ဖို့ ကြိုးစားချင်နေဆဲပါ။ Lucyနဲ့ကလေးတွေအကြားဘာတွေဆက်ဖြစ်မလဲ ကလေးတွေရဲ့အမေအရင်းနဲ့ရော ဘယ်လိုပြဿနာတွေကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ဗျာ။File Size :(1.9GB) and (823MB) Quality : BLU-RAY 1080P, 720p Format…mp4 Duration…02:05:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Stepmom(1998)

The Goonies (1985) 7.7
The Goonies (1985) The Goonies (1985)Rt - 76% , IMDb - 7.7Everything Everywhere All At Once မှာ အမျိုးသားဇာတ်ပို့ဆုအတွက်အော်စကာရသွားခဲ့တဲ့ မင်းသားကြီး Ke Huy Quan ငယ်စဉ်ကပါဝင်သရုပ်ဆောင်ထားခဲ့ပြီးဒါရိုက်တာကြီး Steven Spielberg ရေးခဲ့တဲ့ဇာတ်လမ်းကိုရိုက်ကူးထားတဲ့မိသားစု စွန့်စားခန်း ဟာသကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အပေါင်ငွေကိုဆက်ပြီးမသွင်းနိုင်တော့လို့အိမ်ကိုအသိမ်းခံရတော့မဲ့ Goon Docks မှာနေကြတဲ့"ဂူနီ" လို့ခေါ်တဲ့ မိုက်ကီ၊ ဘရန်း၊ မောက်ပ်၊ ချန့်ခ်၊ ဒေတာ တို့သူငယ်ချင်းတစ်သိုက်က သူတို့နောက်ဆုံးအတူရှိနေရမဲ့နေ့လေးကိုကျင်းပဖို့အတွက် မိုက်ကီနဲ့ ဘရန်း ညီအစ်ကိုတို့ရဲ့အိမ်မှာစုပြီးရောက်နေခဲ့ကြပါတယ်။ဒီလိုနဲ့ မိုက်ကီတို့အိမ်ထပ်ခိုးပေါ်က မိုက်ကီအဖေ့ရဲ့ ပစ္စည်းတွေကိုမွှေနှောက်ကြရင်း နာမည်ကြီးပင်လယ်ဓားပြကြီး မျက်လုံးတစ်လုံး ဝီလီရဲ့ရတနာမြေပုံကိုတွေ့ရှိသွားပါတယ်။ ဒီလိုနဲ့သူငယ်ချင်းတစ်သိုက် အကိုကြီး ဘရန်းကို တစ်ပတ်ရိုက်ကာ အိမ်မှာထားပစ်ခဲ့ကြပြီးရတနာမြေပုံထဲမှာပြောထားတဲ့နေရာကိုလိုက်ရှာပါတော့တယ်။ဖြစ်ချင်တော့ ရတနာသိုက်ကိုညွှန်ပြထားတဲ့နေရာကနာမည်ကြီးရာဇဝတ်မိသားစုဖြစ်တဲ့ဖရာတဲလိစ် မိသားစုပုန်းခိုရာနေရာဖြစ်နေပါတော့တယ်။ဒီလိုနဲ့ ဖရာတဲလိစ် မိသားစုကို‌ရော၊ မျက်လုံးတစ်လုံး ဝီလီ လုပ်ထားပစ်ခဲ့တဲ့ထောင်ခြောက်တွေကိုရော ရှောင်းတိမ်းရင်းနဲ့ဂူနီ တစ်သိုက် ရတနာသိုက် ရှာပုံတော်ဖွင့်ကြပါ‌တော့တယ်။ဂူနီ ...
movie

The Goonies (1985)

1985
O Kala (2023) 8.
O Kala (2023) O Kala ( 2023 )ဒီတစ်​ခေါက်တင်ဆက်​ပေးမှာက​တော့ မသိသူမရှိတဲ့ထုတ်လုပ်​​ရေးကြီးဖြစ်တဲ့ "Disneyနဲ့ Hotstar" တို့က ပူး​ပေါင်းပြီးရိုက်ကူးထားတဲ့ O Kalaဆိုတဲ့ တေလဂူ အချစ်ရိုမန့်စ်ကား​​ကောင်း​လေးပဲဖြစ်ပါတယ် ထုတ်လုပ်​ရေးအပိုင်းကလည်းရှယ်ဖြစ်သလို ​အော်စတာဆုရဒါရိုက်တာ Ss Rajamouliကိုယ်တိုင်က First Lookကိုထုတ်လွှင့်ခဲ့တာဖြစ်ပြီး Deepak Kolipakaဆိုတဲ့ အရည်ချင်းရှိဒါရိုက်တာ​ကရိုက်ထားတာလည်းဖြစ်ပါတယ်ဒီကားရဲ့အဓိက​ခေါင်း​ဆောင်​တွေအ​နေနဲ့က​​တော့ မင်းသား​နေရာမှာ ​အောင်မြင်မှူ​တွေနဲ့အလားအလာရှိပြီးသရုပ်​​ဆောင်ရာမှာ စိတ်အားထက်သန်တဲ့ မင်းသား Gourish Yeleti နဲ့ ​မင်းသမီး​နေရာမှာက​တော့ မြန်မာနိုင်ငံမှာလူသိများတဲ့ "​လေဆန်တိုးမယ့်မညှိုးပန်း"ဇာတ်ကားထဲက ​ စောမြရဲ့ညီမအဖြစ်သရုပ်​​​ဆောင်ခဲ့တဲ့ Roshni Sahotaတို့ပဲဖြစ်ပါတယ်ဇာတ်လမ်းရဲ့အစမှာ​တော့ "ဟာရီကာ" ကစိတ်ဓါတ်ကျပြီး သတ်​သေဖို့အထိ​တောင်​တွေး​နေတဲ့ မိန်းက​လေးတစ်​ယောက်ဖြစ်ပြီး မ​သေခင်အ​ကြောင်းအရင်းတစ်ခု​ကြောင့် ဘားကိုသွားရာမှ " ဟာရှာ "ဆိုတဲ့​ကောင်​လေးနဲ့ ​တွေ့ပြီးဘဝဇာတ်​ကြောင်း​တွေကို ဖလှယ်ခဲ့ကြပါတယ်မူလအစက​တော့ ဟာရီကာက ယုံကြည်မှူအပြည့်နဲ့ စွန့်စားလိုစိတ်ရှိတဲ့​​ခေတ်လူငယ်တစ်ဦးဖြစ်ခဲ့ပြီး သူ့အတန်း​ဖော်တစ်​ယောက်နဲ့ ကုမ္ပဏီတစ်ခုတည်​ထောင်ခဲ့ကာ အိုးချင်းထားအိုးချင်းထိပြီး ချစ်ကြိုးသွယ်ခဲ့ကြပါတယ် အချစ်​​ရေး​ရော​ရှေ့​ရေးပါ အဆင်​​ပြေ​နေတဲ့သူ့ဆီမှာ မ​မျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးကဝင်​မွှေတဲ့အခါ ဟာရီကာ ဘယ်လို​ဖြေရှင်းမလဲ သူကြုံလိုက်ရတဲ့ ကံကြမ္မာဆိုးကဘာလဲသူရင်ဖွင့်သမျှကိုစိတ်ရှည်ရှည် နား​ထောင်​ပေး​နေတဲ့ ဟာရှာဆိုသူက​ရော ဘယ်လို​နောက်​ကြောင်း​တွေရှိ​​နေမလဲ ဘာရည်ရွယ်ချက်နဲ့သူ့အနားကပ်လာသလဲ သူတို့နှစ်​ယောက်ဘာ​တွေဆက်ဖြစ်ကြမလဲဆိုတာ ...
movie

O Kala (2023)

2023
Striding Into the Wind (2020) 6.2
Striding Into the Wind (2020) Striding Into the Wind (2020) ===================== IMDb Rating - 6.2/10ဒီတစ်ခါတော့ နှစ်ကြီးတက္ကသိုလ်ကျောင်းသားဘဝ အကြောင်းကို ခံစားကြည့်ရအောင်ဗျာ။ ခရီးသွား ရုပ်ရှင်လို့သတ်မှတ်ကြတဲ့အပေါ် အယူအဆအမျိုး မျိုးရှိပေမယ့် ဒီကားလေးကိုလည်း ခရီးသွားရုပ်ရှင် အဖြစ်သတ်မှတ်နိုင်ပါတယ်တဲ့။ တစ်ချို့သောရုပ်ရှင် ဝေဖန်ရေးဆရာတွေက ဒီရုပ်ရှင်ကားသာ အနောက် နိုင်ငံမှာဖန်တီးဖြစ်ရင် နိုင်ငံရဲ့အခြေခံလူတန်းစားပုံ ရိပ်ကို မီးမှောင်ထိုးသလိုဖြစ်နိုင်လို့ ဝင်ငွေတွေအများ ကြီးရနိုင်မယ်လို့ မှတ်ချက်ပေးကြပါတယ်။အနုပညာတက္ကသိုလ်တက်နေတဲ့ ကျော်ခွန်းတစ်ယောက် က နှစ်ကြီးကျောင်းသားတစ်ယောက်ဖြစ်ပြီး တက္ကသိုလ် ဆရာတွေထက်တောင် ကျောင်းစာတွေနဲ့ရင်းနှီးနေသူ တစ်ယောက်ပါ။ အိမ်နဲ့အတူတူမနေတာကတစ်ကြောင်း၊ လွတ်လွတ်လပ်လပ်နေတတ်တဲ့ လူငယ်ပုံစံဖြစ်တာမို့ ကျောင်းပျော်ကြီးတစ်ယောက်ဖြစ်နေတာပေါ့။ ဒါပေမဲ့ အငယ်တွေဘွဲ့ယူဖို့ကြိုးစားနေတဲ့အချိန်၊ ဘဝအတွက် ကြိုးစားနေရတဲ့ ကျော်ခွန်း...အတည်တကျအလုပ်ရှိဖို့ သူများတွေကြိုးစားနေတဲ့အချိန်၊ ကိုယ်နှစ်သက်တဲ့ကားလေးတစ်စီးနဲ့ လေလွင့်ချင်တဲ့ ကျော် ခွန်း... ဘဝရဲ့အဓိပ္ပါယ်ကိုသူရှာတွေ့နိုင်ပါ့မလား၊ သူယုံကြည် ရာကိုပဲ ဆက်လျှောက်လှမ်းနိုင်ပါ့မလားဆိုတာကိုတော့ အေးအေးဆေးဆေး ဆက်ကြည့်လိုက်ပါတော့နော် ။ ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2.2 GB) / (860 MB) / (565 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hrs 14Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Jo Jo Va Encoder..........SWM
movie

Striding Into the Wind (2020)

2020
50 or Two Whales Meet at the Beach (2020) 6.9
50 or Two Whales Meet at the Beach (2020) 50 or Two Whales Meet at the Beach (2020) =============================== IMDb Rating - 6.9/10ဒီ "50 or Two Whales Meet on the Beach" ဆိုတဲ့ဇာတ်ကား လေးကတော့ ဖယ်လိစ်နဲ့ အယ်လီဆာဆိုတဲ့ ဆယ်ကျော်သက်လေး နှစ်ယောက် "Blue Whale Challenge" ကစားတာကိုအဓိကဇာတ် အိမ်ပြုထားတာပါ။အရင်ဦးဆုံး "Blue Whale Challenge" ဆိုတဲ့ဂိမ်းကိုရှင်းပြပေးချင် ပါတယ်။ "Blue Whale Challenge" ဆိုတာက ၂၀၁၆ ဝန်းကျင် လောက်တုန်းက ကမ္ဘာပေါ်ကနေရာအနှံ့မှာခေတ်စားခဲ့တဲ့ အန္တရာယ် ရှိတဲ့အွန်လိုင်းစိန်ခေါ်မှုကစားပွဲတစ်ခုပေါ့။ အဲဒီဂိမ်းကစားရတဲ့ပုံစံဟာ ဆိုရင် ဆော့ကစားတဲ့သူတွေအနေနဲ့ ရက် ၅၀ ကာလအတွင်းမှာ အက် မင်ဆိုတဲ့သူတွေဆီကနေ စိန်ခေါ်မှု အခု ၅၀ကိုလက်ခံပြီးအောင်မြင် အောင်လုပ်ရမှာပါ။စစချင်းစိန်ခေါ်မှုလေးတွေကတော့ ခပ်လွယ်လွယ်ပေါ့ပေါ့ပါးပါး လေးတွေပါပဲ။ "မနက်အစောကြီး ထရန်" တို့၊ "Horror ကားတွေ ကို တစ်ယောက်တည်းကြည့်ရန်" တို့ဆိုပြီးတော့ပေါ့။ အဲဒီကနေမှ နောက်ပိုင်းမှာ တဖြည်းဖြည်းပိုပိုခက်လာပြီး အန္တရာယ်တွေလည်း ပိုပိုရှိလာပါတယ်။ ...
movie

50 or Two Whales Meet at the Beach (2020)

2020
Tickets(2023)
Tickets(2023) Tickets(2023)************* ဦးနှောက် အကျိတ်ကင်ဆာဖြစ်နေတဲ့ ဖီးလစ်မှာ သမီးလေးတစ်ယောက်ရှိပါတယ်။သမီး ဖြစ်သူ ခရစ်စတယ်ကလည်း အိမ်ကို မထောက်ပံ့နိုင်ပဲအဆိုတော်ဖြစ်ဖို့ကြိုးစားနေပါတယ်။ဂရန့် ဆိုတဲ့ကောင်လေးကတော့ Rapper ဖြစ်ဖို့ကြိုးစားနေပြီး ကလပ်တစ်ခုရဲ့ ပိုင်ရှင်အတွက် ဆေးခြောက်ရောင်းပေးနေတာပါ။ ဂရန့်နဲ့ ခရစ်စတယ်ကတော့ ဘာလိုလိုညာလိုလိုပါ။တစ်ရက် ခရစ်စတယ်ရဲ့အမေက ထီဆုကြီးကိုပေါက်တဲ့အခါမှာတော့သမီးဖြစ်သူနဲ့ ဂရန့်တို့ဟာ ထီပေါက်တဲ့အကြောင်း အမေဖြစ်သူကိုမပြောဘဲ နှစ်ယောက်ထဲ အမေရိကားကိုသွားဖို့ စီစဉ်ကြပါတော့တယ်။ ဂရန့်ဟာ သူ့ဘော့စ်အတွက် ဆေးခြောက်ရောင်းရင်းနဲ့ ရဲ‌အဖမ်းခံလိုက်ရတဲ့အချိန်မှာတော့...ဆိုးဝါးလွန်းတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်လာပါတော့တယ်..အဲ့ဒီနောက်မှာတော့....ဘာသာပြန်နဲ့ အညွှန်းကတော့ PROXY ဖြစ်ပါတယ်။    File Size :(1.5GB) and (472MB) Quality : AMZN.WEB-DL1080P5.1Ch,720p Format…mp4 Duration…01:30:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  PROXY Encoded by Phyo Pyae
movie

Tickets(2023)

Eight Taels of Gold (1989) 7.1
Eight Taels of Gold (1989) Eight Taels of Gold (1989) ==================== IMDb Rating - 7.1/10Mabel Cheungရဲ့ Migration Trilogyမှာ The Illegal Immigrant (1985), An Autumn's Tale (1987) နဲ့ Eight Taels of Gold (1989) သုံးကားရှိတဲ့ အထဲ နောက်ဆုံးကားဖြစ်တဲ့ Eight Taels of Gold (1989)ဟာ ရှေ့ကားတွေလို အဆွေးကားစာရင်းဝင်ပေမဲ့ သုံးထားတဲ့မင်းသား Sammo Hungနဲ့လိုက်အောင်ပဲ ဟာသကားလည်း တစ်ခြမ်းဖြစ်နေတယ်။ နောက်တစ်ခုကွဲတာကတော့ ရှေ့၂ကားမှာ တရုတ်ကနေ အမေရိကန်ကိုသွားတဲ့အကြောင်းကို အဓိကထားပြပေမဲ့ ဒီနောက်ဆုံး ကားမှာ‌တော့ ပြောင်းပြန်ဖြစ်သွားပြီ။ အမေရိကန်ကနေ တရုတ်ပြည်ကို ပြန်လာတဲ့ တရုတ်တစ်ကောင်အကြောင်းဖြစ်သွားတယ်။အိမ်ကနေ ထွက်ပြေးသွားတာ ၁၆နှစ်ရှိပြီဖြစ်တဲ့ Sammo Hungရဲ့ ဇာတ်ကောင်ဟာ အမေရိကန်မှာ တက္ကစီဆွဲစားရင်း အသက်မွေး‌ဝမ်းကြောင်းပြုနေခဲ့တဲ့လူပေါ့။ ဒီကားရဲ့ အစမှာ သူအိမ်ကိုပြန်လာဖို့လုပ်တယ်။ အဖွင့်မှာတင်ပါတဲ့ ဒီအခန်းက ရယ်လည်းရယ် ရသလို လက်တွေ့လည်းကျတယ်။ တရုတ်ပြည်ကို လက်ဆောင်ပြန်ယူသွားဖို့ ...
movie

Eight Taels of Gold (1989)

1989
Three Monkeys (2008) 7.3
Three Monkeys (2008) Three Monkeys (2008) ================== Directed By Nuri Bilge Ceylan IMDb Rating - 7.3/10Once Upon a Time in Anatoliaတို့ Winter Sleep တို့ The Wild Pear Tree တို့ကို ရိုက်ခဲ့တဲ့ တူရကီဒါရိုက်တာ Nuri Bilge Ceylanရဲ့ နာမည်ကျော် ရုပ်ရှင်တွေထဲက တစ်ကားပါ။ Ceylanဟာ ၂၀၁၄မှာ Winter Sleep နဲ့ Palme d'Orရဖူးပြီး ကားတိုင်းနီးပါးလည်း ဝေဖန်ရေးသမားတွေ သဘောကျခံရတဲ့ ဒါရိုက်တာပါပဲ။သူ့ရုပ်ရှင်တွေဟာ ဖြစ်တည်မှုပဓာနဝါဒ အငွေ့အသက်နဲ့ လူ့ဘဝရဲ့ငြီးငွေ့ဖွယ် ကောင်းမှုတွေကို ရိုက်ပြတတ်ပြီး နေ့စဉ်ဘဝကို အသေးစိတ်ဖော်ပြတတ်တဲ့ ဒါရိုက်တာလို့လည်း ဆိုပါတယ်။ သဘာဝကျတာကို တော်တော် အသားပေးတဲ့ ဒါရိုက်တာလည်းဖြစ်ပြီး သူ့ရုပ်ရှင်တွေမှာ ဆက်တင်ကို သီးသန့်ပြင်ဆင်ခြင်းမရှိဘဲ မူလသဘာဝအတိုင်း ရိုက်ပြတတ်သလို သရုပ်ဆောင်တွေကလည်း သရုပ်ဆောင် မဟုတ်တဲ့ သူ့မိသားစုဝင်တွေ အိမ်နီးနားချင်းတွေကိုပဲ သုံးတာများပါတယ်။ သူ့မိန်းမ ရုပ်ရှင်မင်းသမီးကတော့ ခြွင်းချက်ပေါ့။ သူ့ကားတွေအကုန်လုံးကို ...
movie

Three Monkeys (2008)

2008
Missing (2023)
Missing (2023)  ဇာတ်လမ်းကို ချုပ်ပြောရရင် အမေပျောက်ရှာပုံတော်ပေါ့ဗျာ။ အဲ့ထက်နည်းနည်းလေးချဲ့ရရင်တော့ ကျွန်တော်တို့ ခေတ်ရဲ့ မြန်နှုန်းမြင့် အင်တာနက်‌တွေ၊ ဆိုရှယ်မီဒီယာတွေဟာ အသုံးပြုသူတွေအပေါ် ကောင်းကျိုးနဲ့ဆိုးကျိုး ဘယ်လိုအကျိုးသက်ရောက်မှု ရှိနေသလဲဆိုတာကို ချပြထားရင်း ဂျန်ဇီး ဇာတ်လိုက်ဟာ သူသိထားတဲ့ ဆိုရှယ်မီဒီယာတွေကိုသုံးပြီး သူ့မိခင်ကိုဘယ်လိုရှာဖွေမလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲလောက်ထိတော့ မရိုးရှင်းနေပါဘူး။ သူသိသမျှမွှေနှောက်ရင်း သူ့အမေရဲ့ အတိတ်၊ သူ့ရဲ့အတိတ်၊ သူ့နားကလူတွေရဲ့အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သိလာတဲ့အချိန် ဘာတွေဆက်ဖြစ်မလဲ။ ဇာတ်လမ်းကလည်း လှည့်ကွက်တွေ ပါသင့်သလောက်ပါတာကြောင့် အဆုံးအထိ မပျင်းပဲ ဆွဲခေါ်သွားနိုင်ပါတယ်။ သူတို့ချပြချင်တဲ့ အကြောင်းအရာတွေကို ၂ နာရီ မပြည့်ဘဲ အကုန်ချပြသွားနိုင်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။File size…(2 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Thant ...
movie

Missing (2023)

Dangerous Medicine (2021) 5.0
Dangerous Medicine (2021) Dangerous Medicine (2021) ====================Dangerous Medicine ဆိုတဲ့ အခုဇာတ်ကားလေးက လူတွေကို အကွက်ကျကျဇာတ်လမ်းဆင်ပြီး အန္တရာယ်ပေးတတ်တဲ့ လူတစ် ယောက်ကို ပြင်ပကမ္ဘာမှာ လွှတ်ထားမိတဲ့ အလျောက် နောက်ထပ် လူတွေကိုပါ အန္တရာယ်ပေးဖို့ဖြစ်လာပါတော့တယ်။ရယူလိုစိတ်တစ်ခုကို ရှေ့တန်းတင်တတ်တဲ့၊ ဘာမဆိုလုပ်ရဲတဲ့၊ စိတ် ပိုင်းဆိုင်ရာ မူမမှန်တဲ့ လူတစ်ယောက်အကြောင်းကို အခြေတည်ရိုက် ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းက plot holes တွေလည်းရှိနေပြီး လုပ်ယူထားတာမျိုးတွေလည်းတွေ့ရတတ်ပေမဲ့ အတိုင်းအတာတစ်ခု လောက်ထိ စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်ရှုနိုင်ရန် တင်ဆက်ပေး လိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khin Thant Sin Tun ဖြစ်ပါတယ်)File Size..........(1.61 GB) / (559 MB) / (351 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Lwin Bo Encoder..........SWM
movie

Dangerous Medicine (2021)

2021