Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Uncategorized
6.1
Bad Education ( 2023 )
အထက်တန်းကျောင်းသားအရွယ်မှာ ရူးရူးမိုက်မိုက်လုပ်ချင်တဲ့သူတွေများပါတယ်။ အထက်တန်းကျောင်းသားလေး(၃)ယောက်ဟာ သူတို့ရဲ့ အထက်တန်းကျောင်းဘွဲ့ရတဲ့ညကို ရူးရူးမိုက်မိုက်ဖြတ်သန်းခဲ့တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ယုံကြည်ရတဲ့ညီကိုတွေဖြစ်ဖို့ လျှို့ဝှက်ချက်တွေဖလှယ်ကြမယ်ဆိုပြီး ကိုယ်လုပ်ဖူးခဲ့တဲ့အဆိုးဆုံးမကောင်းမှုတွေကိုတစ်ယောက်နဲ့တစ်ယောက် ပြောပြကြဖို့ဆုံးဖြတ်လိုက်ကြတယ်။ တစ်ယောက်ပြီးတစ်ယောက်လူမဆန်တဲ့ လျှို့ဝှက်ချက်တွေကိုထုတ်ပြောကြတယ်။ နောက်ဆုံးကျောင်းသားလေးအလှည့်ရောက်တော့ သူလိမ်ပြောနေတာကိုသိသွားပြီး လူမိုက်တစ်ယောက်ကိုအိမ်သုတ်ဆေးတွေနဲ့ သွားပက်ခိုင်းကြတယ်။အဲဒီလိုနဲ့ (၃)ယောက်သား တစ်ညလုံး လူမိုက်တွေလိုက်တာခံကြရပါတော့တယ်။ ဒီကားလေးမှာ လူကောင်းလူဆိုးဆိုတာတွေဟာ ခွဲခြားမရနိုင်မကြောင်း မကောင်းတဲ့သူနဲ့နေပါများရင် မကောင်းတဲ့လုပ်ရပ်တွေကို လုပ်နိုင်သွားကြောင်းကိုရိုက်ပြထားတာဖြစ်ပါတယ်။ တစ်ချို့အခန်းတွေမှာဆင်ဆာမဖြတ်ထားတာမို့ သွေးစိမ်းရှင်ရှင်ထွက်တာတွေကို ကြောက်တဲ့သူတွေအနေနဲ့ ကြည့်ဖို့မသင့်တော်တာလေးကိုတော့ သတိပေးချင်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Crime , Mystery Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Bad Education ( 2023 )
4.9
The Admirer (2023)
The Admirer (2023) ===============ဒီ Thriller အမျိုးအစားဇာတ်ကားလေးကတော့ အမျိုးသမီးတစ်ယောက် ကိုလိုက်ပြီးခြောက်လှန့်နေတဲ့ လူသတ်သမားကဘယ်သူဖြစ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့်ဇာတ်ကားလေးပါ။ ဇာတ်လမ်းလေးရဲ့အစမှာတော့ နန်စီ ဆိုတဲ့အမျိုးသမီးဟာ သူနဲ့လက်ထပ် တော့မယ့်ကောင်လေးကို လက်မထပ်ခင်ညမှာတင် ဆုံးရှုံးလိုက်ရပါတယ်။ video call ပြောနေရင်း တစ်ယောက်ယောက်ကတိုက်ပေါ်ကနေတွန်းချသွား တာမလို့ သူ့မျက်စိရှေ့မှာတင်ဖြစ်ပျက်ခဲ့တာပါ။ အဲဒီကိစ္စဖြစ်ပြီးနောက်ပိုင်း မှာလည်း နန်စီ အတွက် ထူးထူးဆန်းဆန်းကိစ္စတွေ၊ လူသတ်သမားက သူ့ကောင် လေးဖုန်းကနေတစ်ဆင့် မက်ဆေ့တွေပို့ပြီး ခြိမ်းခြောက်နေတာတွေ၊ အလုပ်မှာ ပါချောက်တွန်းခံရတာတွေကြောင့်မလို့ နန်စီ လည်းလူသတ်သမားကိုလိုက်ရှာ ပါတော့တယ်။လူသတ်သမားကဘယ်သူလဲ၊ နန်စီ အနီးနားကလူတွေပဲလား၊ နန်စီ တစ်ယောက် လူသတ်သမားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ရင်ခုန်စိတ်၀င်စားဖွယ်ကြည့် ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်)File Size..........(1.78 GB) / (600 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Theo Kat Encoder..........SWM
movie
The Admirer (2023)
2023
[18+]Step Mother’s Gifts Rice Cake (2018)
Step Mother's Gifts Rice Cake (2018) ********************************* ဒီကားကတော့ ထုံးစံအတိုင်း stepmotherနဲ့ ဇာတ်လမ်းလေးပေါ့..နည်းနည်းထူးတာက ဘွားတော်နေရာမှာသရုပ်ဆောင်တဲ့ လေဒီကြီးပါ..အတော်လန်းပြီး ကြည့်ရတာ မိုက်နေပါတယ်...သရုပ်ဆောင်လည်းကောင်းသလို လူငယ်လေးနဲ့ လေဒီကြီးကြားရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ ကြည်နူးဖွယ်အိပ်ရာခန်းလေးတွေနဲ့မို့ ခံစားကြည့်ကြပါဦး...File Size :1.6GB&908MB Quality : WEB-DL1080p,720p Format…mp4 Duration…01:22:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS
movie
[18+]Step Mother’s Gifts Rice Cake (2018)
8.7
Angaaragan
Angaaragan 2023 (တောနက်ထဲကပဟေဠိစံအိမ်) IMDb - 8.7/10Halloween ပွဲလည်းနီးကပ်လာပြီဆိုတော့ တမူထူးလို့ ဘောလိဝုဒ်ဟော်ရာလေးနဲ့ငြိမ့်ချင်တဲ့ စီအမ်ပရိသတ်ကြီးအကြိုက် Horror, Thriller ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါပြီ။သရဲကားဆိုပေမဲ့ နည်းနည်းလည်းအခွီဓာတ်လေးနှောထားတာဆိုတော့ မျက်နှာကွယ်ထားစရာရင်ခွင်ကြီးမရှိတဲ့ အက်ဖ်အေတစ်သိုက်အတွက်လည်း အဆင်ပြေပါကြောင်း ထပ်လောင်းပြောရင်းနဲ့....ဇာတ်လမ်းအကျဉ်း ကူရင်ဂျီမာလဲအပန်းဖြေစခန်းဟာ တောထဲမှာရှိတဲ့အပန်းဖြေစခန်းတစ်ခုဖြစ်ပြီး တစ်ချိန်က သဘာဝပတ်ဝန်းကျင် တောတောင်ရေမြေအလှကိုနှစ်သက်တဲ့ ခရီးသွားတွေကြားမှာ တော်တော်ကို ရေပန်းစားခဲ့တဲ့နေရာတစ်ခုပေါ့။ တစ်နေ့မှာ ဒီအပန်းဖြေစခန်းရဲ့ပိုင်ရှင် ပျောက်ဆုံးသွားတဲ့အပြင် တောလမ်းကိုဖြတ်ရတာကြောင့် ကားတွေကလည်း လိုက်မပို့ချင်ကြတော့ အပန်းဖြေစခန်းကို လာတဲ့လူလည်းတဖြည်းဖြည်းနည်းပါးလာပါတော့တယ်။ ရှီဗာဟာ အပန်းဖြေစခန်းပိုင်ရှင်ရဲ့ဇနီးဖြစ်သူနဲ့ ဆွေနီးမျိုးစပ်တော်စပ်သူဖြစ်ပြီး အဒေါ်ဖြစ်သူနေမကောင်းတာကြောင့် အပန်းဖြေစခန်းကို ကြီးကြပ်ဖို့ရောက်နေတဲ့သူပါ။အဲဒီမှာ ရှီဗာလည်း အပန်းဖြေစခန်းကိုလိုက်ကြည့်ရင်းနဲ့ ထူးဆန်းတဲ့အိမ်တစ်လုံးကိုမြင်ခဲ့ပေမဲ့ ဒီအိမ်ထဲကိုဝင်ခွင့်မရှိဘူးဆိုလို့ ဝင်ခွင့်မရခဲ့ပါဘူး။ တစ်နေ့.. အပန်းဖြေစခန်းမှာလာတည်းနေတဲ့ ပူဂျီသာဆိုတဲ့မိန်းကလေး ပျောက်ဆုံးရာကနေ ဧည့်သည်ချင်းရန်ဖြစ်တာကြောင့် ကိုမြညွန့်တို့အဖွဲ့ရောက်လာပြီ စစ်လားဆေးလားလုပ်ရာကနေ ဒီတောတွင်းအပန်းဖြေစခန်းမှာ ခြေချုပ်မိဖို့ဖြစ်လာတဲ့ သူတို့တစ်သိုက်... လူသူအဝင်အထွက်တားမြစ်ထားတဲ့ အိမ်ကြီးမှာ ဘာတွေရှိနေတာလဲ။ ကောင်မလေးကရော ဘာလို့ရုတ်တရက်ပျောက်သွားရတာလဲ။ ကိုမြညွန့်တို့အဖွဲ့ကရော အမှုစစ်ရင်းဘယ်လိုဖြစ်ရပ်ဆန်းတွေကြုံရမလဲဆိုတာ အားလုံးအတူကြည့်ရှုလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ ...
movie
Angaaragan
2023
7.1
Suraapanam (2022)
Surapanam (ရိုးသားကြိုးစား အရက်သမားသူခိုးလေး)ဒီတစ်ခေါက်မှာတော့ Surapanam ဆိုတဲ့ IMDb 7.1/10 တောင်ရထားတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဟာသကားလေးကို မိတ်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားထဲမှာတော့ အဖေလုပ်သူက အကြွေးတွေပတ်လည်ဝိုင်းပြီးတော့ အမေလုပ်သူကလည်း သူ့ကို ဘော်ဒါဆောင်မှာထားပြီး တစ်လတစ်ခါတောင် သူ့ကို လာမတွေ့လို့ ဘယ်သူကမှ သူ့ကို မချစ်ဘူးလို့ ထင်နေတဲ့ ကောင်လေးရှီဗာ။ ကျောင်းပြီးလို့ အလုပ်လုပ်ရမယ့်အရွယ်ရောက်တော့လည်း ဘောစိကြီးတစ်ယောက်အတွက် ပစ္စည်းတွေကို လိုက်ခိုးပေးနေတဲ့ အလုပ်ကို လုပ်နေပါတော့တယ်။တစ်ရက်မှာ သူ့သူငယ်ချင်းတစ်ယောက်နဲ့ အကြားအမြင်မေးတဲ့ဆီကို လိုက်သွားခဲ့တဲ့နောက်မှာ အဲဒီက ရသေ့ကြီးက သူ့ဘဝက ပြောင်းလဲသွားတော့မယ်လို့ ပြောလိုက်ပေမဲ့ဒီလို ကိစ္စပိုင်းမှာ အယုံအကြည်မရှိတဲ့ ရှီဗားချစ်ရသူလေးနဲ့ အတူတူ အိမ်မက်တွေမက်နေရင်းနဲ့ တစ်နေ့မှာတော့ သူ့ရဲ့ဘောစိလုပ်သူဟာ ရှေးဟောင်းရုပ်ထုတစ်ခုကို ခိုးခိုင်းပါတော့တယ်။ အဲဒီရှေးဟောင်းရုပ်ထုဟာဆိုရင်တော့ ကုဋေပေါင်းဆယ်ချီပြီးတော့ တန်တာဖြစ်ပြီးတော့ သူ့အတွက် တစ်ကုဋေဝေစုရမယ်လည်း ဆိုရော …ရှီဗာနဲ့ အပေါင်းအပါများ ဒီရုပ်ထုကို ဘယ်လိုပုံစံတွေနဲ့ ခိုးကြမလဲ …… အကြားအမြင်ရသေ့ကြီးပြောသလိုရော သူ့ဘဝက ချက်ချင်းကြီး ပြောင်းလဲသွားမှာလား …. ချစ်ရသူနဲ့အတူတူ ...
movie
Suraapanam (2022)
2022
The Road Dog (2023)
တစ်ရက်မှာ လက်တန်းပြက်လုံးပြက်ရင်းလူရွှင်တော်အလုပ်နဲ့ အသက်မွေးတဲ့ ဂျင်မီကွင်းဆိုတဲ့အဖိုးကြီးတစ်ယောက်ဆီကို သူဘယ်တုန်းကမှမသိခဲ့တဲ့ သူ့ရဲ့သားဖြစ်သူ ဒေးဗစ်မိုရွန်တိုရောက်ရှိလာတဲ့နောက်မှာတော့ လူရွှင်တော်အရက်သမားကြီး ဂျင်မီကွင်းရဲ့ဘ၀ဟာ တစ်ဆစ်ချိုးပြောင်းလဲဖို့အရေးနဲ့ကြုံတွေ့လာရပါတော့တယ်။အဖေ့သွေးပါတဲ့ သားဖြစ်သူဒေးဗစ်ဟာလည်း လူရွှင်တော်လုပ်ရတာကိုဝါသနာပါသူဖြစ်ပြီးလူရွှင်တော်အလုပ်နဲ့အသက်မွေးဖို့ ဆေးကျောင်းကနေထွက်လာပြီး နယူးယော့ခ်မြို့ကိုအသွားမှာ တစ်သက်လုံးမတွေ့ဖူးခဲ့တဲ့ အဖေဖြစ်သူဂျင်မီကွင်းရဲ့လိပ်စာကိုရအောင်စုံစမ်းပြီး သူ့အခန်းရှေ့ကိုရောက်ချလာခဲ့တာပါ။ဒီလိုနဲ့ ဒေးဗစ်တစ်ယောက် ကားတစ်စီးနဲ့ အဖေဖြစ်သူရဲ့ လူရွှင်တော်အလုပ်လုပ်တဲ့နေရာတွေကိုလိုက်ပို့ပေးရင် အဖေ့ဆီကဟာသပြက်လုံးတွေကိုသင်ယူရင်းကနေ ခရီးတလျှောက် ဂျင်မီကွင်းဟာလည်း တစ်သက်လုံး တွေ့ဆုံဖို့ရာ ငြင်းဆန်ခဲ့တဲ့ဆွေမျိုးတွေ၊အသိတွေကို သားဖြစ်သူမျက်နှာကြောင့် ပြန်လည်ဆုံတွေ့ရဖို့ကြုံလာရတဲ့အခါမှာတော့... အရက်သမားကြီးဂျင်မီကွင်းအနေနဲ့ နောက်ဆုံးမှာအရက်ပြတ်သွားမလား၊ သူ့ဘ၀ရဲ့အရေးပါခဲ့တဲ့ ဘယ်လိုလူတွေနဲ့ ပြန်ဆုံတွေ့ရမလဲဆိုတာကို ဟာသနဲ့ဒရာမာကို ရောစပ်ရိုက်ကူးထားတဲ့ ဒရာမာရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ File size…(1.7 GB)/(827 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie
The Road Dog (2023)
7.5
Thudikkum Karangal (2023)
Thudikkum Karangal 2023 IMDb-7.5/10အမှောင်ထုကြီးစိုးနေတဲ့လောကမှာ လူကောင်းတစ်ယောက်လုပ်ရတာလည်း မလွယ်လှပါဘူး။ အထူးသဖြင့် အကျင့်ပျက်ခြစားမှု လာဘ်ပေးလာဘ်ယူမှုတွေ မူးယစ်မှောင်ခိုမှုတွေ ထမင်းစားရေသောက်လိုလုပ်နေကြတဲ့ နိုင်ငံရေးလောကရဲ့အမှောင်ခြမ်းအကြောင်းကို ဖော်ကောင်လုပ်မယ့်လူဆိုရင်တော့ ဝါးမြိုချင်တဲ့ဒုစရိုက်ကောင်တွေနဲ့ သေချာပေါက်ရင်ဆိုင်ရပါလိမ့်မယ်။ဗီတရီဟာ အမှန်တရားကိုမြတ်နိုးပြီး လူတွေကို ကယ်တင်ချင်တဲ့ YouTuber တစ်ယောက်ပါ။ ဒါပေမဲ့ အမှန်ချည်းပြောတဲ့လူကို လူမုန်းကြသလိုပဲ အကျင့်ပျက်ခြစားမှုတွေ ဒုစရိုက်သမားတွေအကြောင်းကို YouTubeကနေ ဗီဒီယိုတင်တင်နေတဲ့ ဗီတရီဟာလည်း လူတွေမကြာခဏ ဆွမ်းကြီးလောင်းတာခံရပါတယ်။ မိဘတွေကတော့ဗီတရီကို အခြေတကျအလုပ်တစ်ခုနဲ့ အိမ်ထောင်ရက်သားကျလို့ အတည်တကျဖြစ်စေချင်ပေမဲ့ ဥပဒေနောက်လိုက်နေတဲ့ဗီတရီကတော့ နိုင်ငံကိုကယ်တင်မယ့် အမှန်တရားဘက်တော်သားဖြစ်ချင်စိတ်ကသာ များနေတာပေါ့။တစ်နေ့မှာတော့ မြို့တက်ရင်း သားကိုလာရှာတဲ့အဘိုးကြီးကို ကူညီပေးချင်လို့ သားပျောက်ရှာဗီဒီယိုကို ရိုက်ပြီးတင်ပေးလိုက်ရာကနေ လူပျောက်တာထက်ပိုတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးရဲ့သမီးပါ ပါနေတဲ့ လူသတ်မှုကွင်းဆက်ထဲ ရောက်မှန်းမသိ ရောက်သွားတဲ့အခါမှာတော့...အရင်တုန်းက သူတင်နေကြတွေထက် အဆပေါင်းများစွာနက်ရှိုင်းတဲ့ ဒီအမှုကြောင့် နဂိုကမှ ရန်စတွေမနည်းလှတဲ့ ဗီတရီတစ်ယောက် ဘယ်လိုအန္တရာယ်တွေကြုံလာရမလဲ။ အမှန်တရားဘက်တော်သားပီပီ ဒီအမှုကို သူဘယ်လိုဖြေရှင်းသွားမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie
Thudikkum Karangal (2023)
2023
6.5
Fair Play (2023)
Fair Play (2023) ============ IMDb Rating - 6.5/10၂၀၂၃ ခုနှစ်မှာ Netflix ကနေ ထွက်ရှိလာတဲ့ Dram/Erotic Thriller ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb 6.5 နဲ့ Rotten Tomatoes 88% ရရှိထားပါတယ်။ Erotic အမျိုးအစားလည်း ဖြစ်တာမို့ မိသားစုနဲ့ အတူမကြည့်ရှု့သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ရယ်ပါ သလို ၊ ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေလည်း ပါဝင်တယ်ဆိုတာ ကြိုပြီးသတိပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အမ်မလီနဲ့ လုခ်ဟာ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့ စုံတွဲတစ်တွဲပါ။ သူတို့နှစ်ယောက်လုံးဟာ ငွေရေးကြေး ရေးကုမ္ပဏီတစ်ခုတည်းမှာ အတူတူအလုပ်လုပ်ကြပါတယ်။ အလုပ်မှာ တော့ သူတို့နှစ်ယောက် တွဲနေတယ်ဆိုတာ လူမသိအောင် လျှို့ဝှက်ထား ကြပါတယ်။လုခ်ရမယ်လို့ ထင်ထားတဲ့ ရာထူးမှာ အမ်မလီ ရသွားပြီး အမ်မလီက လုခ်ရဲ့ အထက်လူကြီး ဖြစ်သွားပါတယ်။ ဒီလိုနဲ့ပဲ သူတို့ နှစ်ယောက်ကြားမှာ အဖုအ ထစ်လေးတွေ ဖြစ်သွားကြပြီး ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ ဇာတ်လမ်းထဲမှာ ခံစားလိုက်ပါ။ (စီးပွားရေးဆိုင်ရာအသုံးအနှုန်းတွေ၊ ဘာသာပြန်လိုအပ်ချက်တွေ ပါရှိသွားရင် ကျွန်တော့်ရဲ့ လိုအပ်ချက်သာဖြစ်ကြောင်းပြောချင်ပါတယ်။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard ...
movie
Fair Play (2023)
2023
6.2
Kushi (2023)
Kushi(2023)ဒီနေ့တင်ဆက်ပေးမှာကတော့ အသစ်စက်စက်ထွက်ရှိထားပြီး IMDb 6.2/10 ရရှိထားတဲ့ အချစ်ကားလေးပဲဖြစ်ပြီး မင်းသားနဲ့မင်းသမီးကလည်း နာမည်ကြီးတွေဖြစ်တဲ့ ဗီဂျေးနဲ့ ဆမန်သာတို့ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ဘာသာမဲ့မိသားစုက မွေးဖွားလာတဲ့ သူဌေးသားလေးနဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့မိသားစုကမင်းသမီးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါပဲ။ဇာတ်လမ်းအစမှာ ငွေကြေးပြည့်စုံတဲ့ မင်းသားတစ်ယောက် အတွေ့အကြုံလိုချင်တာသက်သက်နဲ့ နယ်မြေကြမ်းတဲ့ ကတ်ရှ်မီးယားဒေသကို ပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင်ရာက ခရီးရောက်မဆိုက်က်တိုက်ပွဲနဲ့တိုးပြီး ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းခံရပါတော့တယ်။ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ဒုက္ခမျိုးစုံကြားနေနေရင်းက မင်းသမီးကိုတွေ့ပြီး အကြွေကြီးကြွေသွားပါလေရော။ အချစ်ကြီးချစ်မိနေတဲ့ မင်းသားတစ်ယောက် မင်းသမီးနားနေရဖို့ နည်းလမ်းမရွေးကြိုးစားလာရင်း အကြမ်းဖက်တွေလက်ထဲကလည်း ပြေးရ၊ ကလေးတွေလည်းရှာရနဲ့ နှင်းတောင်ပေါ်က အချစ်သူရဲကောင်းကြီးဖြစ်လာတော့တာပါပဲ။နောက်ဆုံးမှာတော့ တောင်တွေအထပ်ထပ်ကျော်လို့ အတားအဆီးအမျိုးမျိုးဖြတ်လာအပြီးမှာ သူတို့တကယ်တမ်းကျော်ရမယ့်တောင်နှစ်လုံးနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ရပါတော့တယ်။ အဲ့ဒါကတော့ သူတို့ရဲ့ အဖေတွေပါပဲ။ ဘာသာမဲ့အဖွဲ့အစည်းခေါင်းဆောင်နဲ့ အိန္ဒိယဘာသာရေးခေါင်းဆောင်ဖခင်နှစ်ယောက်ရဲ့ သားသမီးတွေဖြစ်တဲ့ သူတို့ ပန်းသီးပေါတဲ့ဒေသမှာ ပေါက်ဖွားလာတဲ့ အချစ်ပန်းသီးလေးကို ဆက်ထိန်းသိမ်းပြီး ဒီတောင်ကို ကျော်နိုင်မှာလားဆိုတာကိုတော့ ရယ်ရင်းမောရင်း၊ ကတ်ရှ်မီးယားရဲ့အလှတွေကို ခံစားရင်း ကြည့်ရှုနိုင်ဖို့ အညွှန်းကိုတော့ Aditi မှ ရေးသားပြီး CM Bollywood Team မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…11GB / 3.5GB / 1.52GB Quality…4k SDR HEVC ...
movie
Kushi (2023)
2023
4K HEVC
Street Flow 2 (2023)
Crime, Drama ဇာတ်ကားဖြစ်တဲ့Street Flow 2 ကတော့ ဒမ်ဘာတစ်ယောက် ပြန်လည်နိုးထလာပြီး 2နှစ် အကြာကိုရိုက်ကူးထားတာဖြစ်ပါတယ် ဒမ်ဘာဟာ လက်စားချေချင်စိတ်ကို သည်းခံပြီး ကောင်းကောင်းမွန်မွန် ကြိုးစားနေထိုင်ပါတော့တယ်။ဆူလေမန်းဟာလည်း ရှေ့နေတစ်ယောက်အဖြစ် လုပ်ကိုင်နေပြီဖြစ်ပြီး နိုမူခဲဟာလည်း ထောင်ထဲက ထွက်လာပြီး ကျောင်းပြန်တက်နေပါပြီ တရက်မှာ နိုမူခဲ ဟာ ရန်ပွဲတစ်ခုတည်းပါသွားပြီး အိမ်ပြန်မလာခဲ့ပါဘူး။ အဲ့ဒါအပြင် ရန်ပွဲထဲမှာ သေနတ်ဖောက်သံပါကြားတာကြောင့် ဒမ်ဘာဟာ အရင်က အဆက်အသွယ်နဲ့ နိုမူခဲကို လိုက်ရှာရင်း သူ့အရင်က လုပ်ဖော်ကိုင်ဘက်တွေဆီကို ရောက်သွားပါသေးတယ်။လက်စားချေချင်စိတ်တွေ အမြဲကြီးစိုးနေတဲ့ ဒမ်ဘာတစ်ယောက် လူကောင်းလေးအဖြစ် တကယ်ပဲနေနိုင်သွားမှာလား ညီအစ်ကိုသုံးယောက် ဘယ်လိုရှေ့ဆက်ကြမှာလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ..... File size…(1.55 GB)/(875 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie
Street Flow 2 (2023)
The River Why (2010)
The River Why (2010) =================The River Why ဟာ ၁၉၈၃ ခုနှစ်ထွက် David James Duncan ရဲ့လက်ရာ The River Why ဝတ္ထုကိုအသက်သွင်းထားတဲ့ independent ဇာတ်ကားတစ် ကားဖြစ်ပါတယ်။ Plot အနေနဲ့များများစားစားမရှိလှပဲ ငါးမျှားဝါသနာရှင်ကျွမ်း ကျင်သူ မိဘနှစ်ပါးကမွေးဖွားလာတဲ့ လူငယ်လေးတစ်ယောက်၊ အရွယ်ရောက် စပြုလာတဲ့အချိန်မှာ မိဘတွေနဲ့အစေးမကပ်တော့ပဲတောထဲမှာတစ်ယောက်တည်း သွားနေ၊ ဝါသနာအလျောက်ငါးတွေမျှားရင်း မိမိကိုယ်ကိုပြန်လည်ရှာဖွေပုံ အချစ် ကို ရှာတွေ့ပုံတွေကို အမိုက်စား Cinematography တွေ နောက်ခံတေးဂီတတွေနဲ့ ရှုမြင်ရမှာဖြစ်ပါတယ်။Independent ဇာတ်ကားဖြစ်တဲ့အတွက် mainstream ဇာတ်ကားတွေနဲ့တော့ တင်ဆက်ပုံ ချဉ်းကပ်ပုံတွေကွဲထွက်နေပါလိမ့်မယ်။ ရုပ်ရှင်ပွဲတော်တွေမှာ Cinematography ဆု နဲ့ ပရိသတ်ရွေးချယ်တဲ့အကောင်းဆုံးဇာတ်ကားဆုတွေရထားတဲ့ဇာတ်ကား ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ ပရိသတ်နဲ့မစိမ်းနဲ့ Zach Gilford (The Purge: Anarchy) နဲ့ ပြဿနာပေါင်းစုံကြောင့်ပရိသတ်ရှေ့ကအချိန်ကြာကြာကွယ်ပျောက်နေ ခဲ့ပေမယ့် မကြာခင်ပြန်တွေ့ရတော့မယ့် ငြင်းမရတဲ့အလှရှင် မမ Amber Heard တို့ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.8 GB) / (757 ...
movie
The River Why (2010)
2010
7.1
The Great Indian Suicide (2023)
The Great India Suicide (2023) =========================ဒီဇာတ်လမ်းကတော့ ၂၀၂၁ခုနှစ်မှာ ဖြစ်ခဲ့တဲ့ မိဘတွေကိုယ်တိုင်က ကိုယ့်သွေးသားအရင်းအချာတွေကိုသတ်ပစ်ခဲ့တဲ့ မဒန်နပယ်လ်လီ အမွှာ လူသတ်မှုကို အခြေခံပြီးတော့ ရိုက်ကူးထားတဲ့ IMDb 7.1/10 ရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာတော့ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ဟဲမာန်သာဆိုတဲ့ကောင်လေးဟာ ပိုက်ဆံရှာနိုင်ဖို့အတွက် ကော်ဖီဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ သူဖွင့်ထားတဲ့ကော်ဖီဆိုင်လေးကို ကွတ်ကီးရောင်းဖို့ လာစပ်တဲ့ ကောင်မလေးချယ်တရာနဲ့ တွေ့ဆုံပြီးတဲ့နောက်ပိုင်းမှာတော့ ကောင်လေးဟာ ကောင်မလေးရဲ့ အတွေးအခေါ်တွေကို သဘောကျရင်းကနေမှ ချစ်မိသွားခဲ့ပါတယ်။ သူ့အချစ်တွေကို ဖွင့်ပြောလိုက်တဲ့နောက်ပိုင်းမှာတော့ ကောင်မလေးဟာ ကောင်လေးကို ချစ်ရက်နဲ့ သူ့ရဲ့မိသားစုကိစ္စရေးရာကြောင့် ကောင်လေးအချစ်ကို ချက်ချင်းလက်မခံခဲ့ပေမဲ့လို့ ကောင်လေးကိုချစ်မိသွားတဲ့အတွက်နဲ့ သူ့ရဲ့ မိသားစုကိစ္စတွေကို ကောင်လေးကို ထုတ်ဖော်ပြောခဲ့ပါတယ်။အဲဒီကိစ္စကတော့ ချယ်တရာရဲ့ ကျေးဇူးရှင်ဦးလေးဖြစ်သူဟာ လွန်ခဲ့တဲ့နှစ်နှစ်က ကားမီးလောင်ရာကနေ သေဆုံးသွားခဲ့ရပါတယ်။ ချယ်တရာဟာ သူ့ရဲ့ ကျေးဇူးရှင်တဖြစ် ဦးလေးဖြစ်တဲ့သူရဲ့ သေဆုံးမှုအတွက် ယူကြုံးမရဖြစ်ခဲ့ရပြီးတော့ ဦးလေးအတွက် လုပ်ပေးနိုင်မယ့်အကောင်းဆုံးနည်းလမ်းကို ရှာဖွေခဲ့ပါတယ်။ နောက်ဆုံးတွေ့ရှိခဲ့တဲ့ နည်းလမ်းအရ ဦးလေးဖြစ်သူကို ပြန်လည်ရှင်သန်လာနိုင်ဖို့အတွက် သူတို့တစ်မိသားစုလုံးရဲ့ အသက်ကိုစတေးပြီးတော့ ဦးလေးအတွက် ဆုတောင်းမှုလုပ်မယ့်နည်းလမ်းပါ။ဒီနည်းလမ်းအတိုင်းလုပ်မယ်ဆိုရင် ဦးလေးဖြစ်သူလည်း ...
movie
The Great Indian Suicide (2023)
2023
4.9
Hustle 3 (2023)
Hustle 3 (2023) ============ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ အန်တိုနီရိုဂျက် ဖာဆန် က ကိုယ်တိုင်ရေး ကိုယ်တိုင် ရိုက်ကူးခဲ့တာဖြစ်ပြီး အကြောင်းအရာကတော့ အမေရိကန်ပြည် ထောင်စု ၊ မေရီလဲန်းပြည်နယ် ဘောလ်ဒီမိုးမြို့က တရားမဝင်ဒုစရိုက်လုပ် ငန်းတွေ ၊ လူသတ်မှုတွေ ၊ မူးယစ်ဆေးတွေ အကြောင်းကို အခြေပြုပြီး ရိုက် ကူးခဲ့တာပါ။ ဒီဇာတ်လမ်းမှာ အာဖရိကန် - အမေရိကန် လူမျိုး အနုပညာသ ရုပ်ဆောင်တွေ အမြောက်အများ(၂၀ ဦးခန့်) ပါဝင်ထားပြီးတော့ ရိုက်ကူးထား ပါတယ်။လူမိုက်ဂိုဏ်းတွေမှာ ဖြစ်လေ့ရှိတဲ့ ၊ အခြေအနေတွေနဲ့ သူတို့အလုပ်တွေမှာ သုံးလေရှိတဲ့ စကားတွေနဲ့ ပြောဆိုထားတာတွေ များတာကြောင့် ကနေ့ခေတ် ဗန်းစကားတွေ အမြောက်အများ ၊ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေအမြောက် အများကိုတော့ တွေ့ရမှာပါ။ အဓိကအကြောင်းအရာကတော့ ဘောလ်ဒီမိုးမြို့ ကို မူးယစ်ဂိုဏ်းနှစ်ခုက လက်ဝါးကြီးအုပ်ထားတဲ့အခြေအနေမှာ သူတို့ဂိုဏ်း နှစ်ဂိုဏ်းက မတည့်ကြသလို၊ သူတို့ဂိုဏ်းနှစ်ခုကို အောက်ခြေမှာ ပုန်ကန်လို ကြသူတွေရှိပြန်တာကြောင့် ပြသနာပေါင်းစုံရှိနေပါတယ်။ တစ်ဘက်ကလည်း အစိုးရရဲ့ မူးယစ်နှိမ်နင်းရေးက ဝင်လာတာမို့ ဇာတ်အိမ်က ခပ်ရှုပ်ရှုပ်ဖြစ်တာ ကြောင့် ...
movie
Hustle 3 (2023)
2023
5.8
Just For Meeting You ( 2023 )
ဒီတစ်ခေါက်တော့ CM ရဲ့ ပရိသတ်တွေအတွက် ကျောင်းသား အချစ်ရုပ်ရှင်ချိုချိုလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-ကျောင်းပြောင်းလာတဲ့ ရွှီညန့်ညန့်ဟာ ယန်ရိနဲ့ အထင်လွှဲမှုတစ်ခုကြောင့် ရန်ငြိုးထားခံရပြီး ပြဿနာလုပ်ခံရပါတယ်။ မတည့်အတူနေ နှစ်ယောက်ဟာ အချင်းချင်းပြိုင်ဆိုင်နေကြပါတယ်။ အနိုင်လိုချင်စိတ်ကြောင့်လို့ ထင်နေကြပေမယ့် မသိမသာအတွင်းမှာ ချစ်မေတ္တာတွေ ပေါက်ဖွားလာခဲ့ပါတယ်။ကောင်မလေးနဲ့ ကောင်လေးတို့ဟာ ဒီလိုနဲ့ တက်ကြွတောက်ပပြီး မေ့လို့မလွယ်တဲ့ အထက်တန်းအချိန်တွေကို အတူတူဖြတ်သန်းခဲ့ကြပါတယ်။ ဒါပေမယ့်လဲနောက်ဆုံးမှာတော့ ခွဲခွါခြင်းနဲ့ အဆုံးသတ်ခဲ့ရပါတယ်။အချင်းချင်းမေ့မရတဲ့ နှစ်ယောက်သား ပြန်တွေ့တဲ့အချိန်မှာ သတ္တိရှိစွာနဲ့ အခက်အခဲအားလုံးကို ကျော်ဖြတ်ပြီး ကိုယ့်ရင်ထဲက အချစ်တွေကို ရင်ဆိုင်နိုင်ကြမလား ဆိုတာကို ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Romance Runtime : 1h 48 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
movie
Just For Meeting You ( 2023 )
6.0
Ehrengard: The Art of Seduction (2023)
ဟိုးရှေးရှေးတုန်းက ဘာအန်ဟာဆန်ဆိုတဲ့တိုင်းပြည်ကြီးမှာပုံတူပန်းချီရေးဆွဲရာမှာဝါသနာထုံပြီး ဖြားယောင်းဆွဲဆောင်ခြင်းအတတ်ပညာကိုပါ တတ်ကျွမ်းတဲ့ ကာဇို့သ်ဆိုတဲ့ လူတစ်ယောက်ရှိတယ်ပေါ့နော်...။သူဟာ အမျိုးသမီးတွေကို ဖြားယောင်းဆွဲဆောင်ရာမှာ ကျွမ်းကျင်သူ၊ပရိယာယ်ကြွယ်သူ၊ အချစ်ရဲ့အဓိပ္ပာယ်ကို အမျိုးမျိုးဖွင့်ဟပြောတတ်သူပါ...။တကယ်တော့ ဒီဇာတ်ကောင်ဟာ 1790 ဝန်းကျင် ဥရောပမှာ မိန်းမလိုက်စားသူအဖြစ်နာမည်ကျော်ခဲ့တဲ့ အီတလျံသား၊ လူစွန့်စား၊ စာရေးဆရာ Casanovaကိုမှီငြမ်းပြီးပုံဖော်ထားတာပါ...။ဒီဇာတ်လမ်းလေးထဲမှာတော့ တိုင်းပြည်ရဲ့ အမွေခံမင်းသားလေးဟာ အိမ်ထောင်ပြုဖို့စိတ်မပါတာကြောင့် သားဖြစ်သူအတွက်၊ ထီနန်းအတွက် ရတက်မအေးဖြစ်နေရတဲ့မိဖုရားကြီးဟာ ကာဇို့သ်ကိုဖိတ်ခေါ်ပြီးအကူအညီတောင်းရပါတယ်...။ဘယ်လိုအကူအညီလဲဆိုတော့ မင်းသားလေးကို အချစ်ရေးအချစ်ရာစိတ်ဝင်စားလာအောင်၊ဖြားယောင်းခြင်းအတတ်ပညာတွေ သင်ယူခိုင်းဖို့ပါတယ်...။ကာဇို့သ်ကလည်း သူတတ်ကျွမ်းတဲ့ ဖြားယောင်းခြင်းပညာကို မင်းသားလေးဆီသင်ကြားပေးရင်းပဲ တော်ဝင်မျိုးနွယ် အမျိုးသမီးချောလေးဖြစ်တဲ့ အီဟန်ဂါ့နဲ့တွေ့ဆုံကာ သဘောကျသွားပါလေရော...။ကာဇို့သ်ရဲ့ စိတ်ထဲမှာလည်း အီဟန်ဂါ့ရဲ့ ပုံတူကို ရေးဆွဲချင်စိတ်တွေ တဖွားဖွားဖြစ်ခဲ့ရတယ်ပေါ့...။ဒီတော့ မိန်းကလေးတိုင်းကို ဖြားယောင်းတတ်တဲ့ ကာဇို့သ် သူတကယ်တမ်းမြတ်နိုးတဲ့အီဟန်ဂါ့လေးကို ဆွဲဆောင်နိုင်ပါ့မလား...။သူရေးဆွဲချင်တဲ့ ပုံတူပန်းချီလေးကိုရော ဘယ်လိုဆန်းဆန်းကြယ်ကြယ်ရေးဆွဲနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးထဲ စီးမျှောခံစားကြည့်လို့ရပါပြီ... File size…1.60GB / 703MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. ...
movie
Ehrengard: The Art of Seduction (2023)
6.4
Beach Rats (2017)
Beach Rats (2017) ==================== အသက်၁၉နှစ်ရှိပြီဖြစ်တဲ့ ဖရန်ကီဆိုတဲ့ လူငယ်တစ်ယောက်ဟာဘရွတ်ကလင်မြို့စွန်လေးမှာ နေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။သူ့အဖေဟာ ကင်ဆာရောဂါနဲ့ အိပ်ရာပေါ်သေလုဆဲဆဲ လဲနေခဲ့တာကြောင့်သူဟာ လူငယ်ပီပီ သူငယ်ချင်းတွေနဲ့ သောက်စားပျော်ပါး ဆေးကွဲပြီးအိမ်ကစိတ်ရှုပ်စရာတွေကို စိတ်ထွက်ပေါက်ပေးလေ့ရှိတဲ့သူပါ။ဒါပေမယ့် ညဘက်တွေမှာတော့ လိုင်းပေါ်က၀က်ဘ်ဆိုဒ်တွေမှာအသက်ကြီးကြီးယောက်ျားတွေကို ရှာကြည့်ပြီး စကားပြောတာ၊ ချိန်းတွေ့တာတွေ လုပ်လေ့ရှိပါတယ်။ဒါပေမယ့် သူ့ရဲ့လိင်စိတ်ခံယူချက်ကို သူကိုယ်တိုင်လက်မခံနိုင်တာကြောင့်ဒီလိုတွေလုပ်နေတာကို သူငယ်ချင်းတွေကအစ မသိခဲ့ကြပါဘူး။ဒါတင်မက မီးရှုးပွဲမှာတွေ့တဲ့ ကောင်မလေးတစ်ယောက်နဲ့ပါ တွဲလိုက်ပါသေးတယ်။ဒီဇာတ်ကားဟာ ဆေးစွဲပြီး လိင်စိတ်ခံယူချက်မပြတ်သားတဲ့လူငယ်တစ်ယောက်၊ ဘော်ဒါတွေကြားမှာ၊ ရည်းစားရဲ့အနားမှာသူ့ပြဿနာတွေကို တစ်ကိုယ်ရည်ဖြေရှင်းဖို့ ကြိုးစားနေတဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ပေးထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါး အနားယူရင်းကြည့်လို့အဆင်ပြေတဲ့ ဇာတ်ကားလေးအဖြစ် ညွှန်းပေးလိုက်ပါတယ်။မတော်တရော်လေးတွေ အနည်းငယ်ပါ၀င်တာကြောင့်မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူး။ File size… 2 GB / 760 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San ...
movie
Beach Rats (2017)
2017
6.9
Step Brothers (2008)
အသက်၄၀ အရွယ် အလုပ်ကိုင်မဲ့ ဖခင်ဖြစ်သူနဲ့ နေနေတုန်းဖြစ်တဲ့ ဒေးနဲ့အသက်၃၉ အရွယ် အလုပ်မရှိ မိခင်နဲ့ နေနေတုန်းဖြစ်တဲ့ ဘရန်နန်, တစ်နေ့မှာတော့ ကံကြမ္မာလို့ပဲပြောရမလားသူတို့ရဲ့ မိဘနှစ်ယောက် ပွဲတစ်ပွဲမှာ ဆုံစည်းချစ်ကျွမ်းဝင် လက်ထက်ဖို့အထိပါဖြစ်လာတဲ့အခါဒေးနဲ့ ဘရန်နန်တို့နှစ်ယောက် တစ်အိမ်တည်းအတူတူနေဖို့ဖြစ်လာပါတော့တယ်ဒါပေမယ့် ဖအေမတူ အမေကွဲညီအကိုနှစ်ယောက်ဖြစ်တဲ့အလျောက်မတည့်တာတော့မထူးဆန်းပေမယ့်သူတို့ ဒီလိုအခက်အခဲတွေကနေ ဘယ်လိုမျိုးကျော်ဖြတ်ကြမလဲဘယ်လိုခင်မင်သွားကြမလဲဆိုတာကိုဟာသ ဆန်ဆန်လေးရိုက်ထားတာဖြစ်လို့ ပရိတ်သတ်တို့မပျင်းရအောင် ရယ်နေရမှာပဲဖြစ်ပါတယ်မြည်းစမ်းကြည့်ကြပါဗျာလို့ပဲစကားပါးလိုက်ပါတယ်ဗျာ File size… 1.6 GB / 770 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ..... Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac
movie
Step Brothers (2008)
2008
6.2
Rampage (2009)
Rampage (2009) ============== IMDb Rating 6.2/10လူကြီးမင်း ရေတစ်ခွက်သောက်လိုက်တာ လူကြီးမင်းအတွက် မထူးဆန်းပေမဲ့ ကမ္ဘာပေါ်က လူတစ်ယောက်အတွက် ရေတစ်ခွက်စာ လျှော့သွားတယ်တဲ့။ အ လားတူပါပဲ။ ထမင်းတစ်ပန်းကန် စားလိုက်မယ်၊ ငါးတစ်ကောင် စားလိုက်မယ်၊ ကားထဲကို ဓာတ်ဆီ တစ်ဂါလံထည့်လိုက်မယ်၊ မြေအောက်ရေကို ရေကူးကန်ထဲ စုပ်တင်လိုက်မယ်။ ကဲ လူကြီးမင်း။ ကမ္ဘာပေါ်က လူတစ်ယောက်ကတော့ ခံစား သွားရမှာအမှန်ပဲ။ကမ္ဘာ့လူဦးရေက တစ်နှစ်ကို သန်း ၇၀ နှုန်းနဲ့ တိုးပွားလာသတဲ့။ သမုဒ္ဒရာ ဝမ်းတစ် ထွာဆိုရင် သမုဒ္ဒရာ သန်း ၇၀ ထဲကို စီးဝင်ပြီး ပြန်ထွက်မလာတော့တဲ့ သဘာဝရင်း မြစ်တွေအကြောင်းတွေးကြည့်လိုက်။ ကဲ ဘာလုပ်ကြမလဲ။ ကျွန်တော်တို့ ရှင်သန် ကျန်ရစ်ချင်ရင် ဘာလုပ်ရမလဲ။ ကမ္ဘာ့တစ်နေရာက လူတစ်ယောက် အပျင်းပြေစား လိုက်တဲ့ ပေါင်မုန့်တစ်လုံးကြောင့် လူကြီးမင်းမှာ ညစာရှိမလာတော့ရင် လူကြီးမင်း ဘာလုပ်မလဲ။ဒီပြဿနာတွေကို အဖြေရှာချင်တဲ့ လူငယ်တစ်ဦးရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဖြေရှင်းနည်း ကတော့ ကဗျာဆန်လွန်းပါတယ်။ လူဦးရေများရင် ပြဿနာရှိတယ်။ လူဦးရေနည်းရင် ပြဿနာမရှိတော့ဘူး။ ဒါပဲ။ လူဦးရေနည်းအောင် ...
movie
Rampage (2009)
2009
6.5
Journey of Love 18+ (2023)
Journey of Love 18+ (2023) IMDb - 6.6/10ဆယ်ကျော်သက်တွေဖြစ်တဲ့ အာခစ်လ်နဲ့ အာသီရာတို့ဟာ အရမ်းချစ်ကြတဲ့ချစ်သူတွေပါ။ ဒါပေမဲ့ အချစ်စစ်တို့မည်သည် ပန်းခင်းထားတဲ့လမ်းမဟုတ်ဆိုသလိုပဲ သူတို့အချစ်ခရီးကတော့ဖြောင့်ဖြူးမနေပါဘူး။ ငယ်ရွယ်တဲ့ နှစ်ယောက်သားရဲ့အချစ်ဟာ တစ်ခဏတာရင်ခုန်တာပါလို့ လူကြီးတွေအတင်းခွဲရာကနေ နောက်ဆုံးလက်ထပ်မယ်အထိပါ နှစ်ယောက်လုံးခေါင်းမာမာနဲ့ တဇွတ်ထိုးဆန်လာကြပါတယ်။ဒီလိုနဲ့ ဘယ်သူမှသဘောမတူတော့တဲ့အဆုံး ခိုးပြေးကြမယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်.... ဒီလိုနဲ့ သူတို့တွေရဲ့ မရင့်ကျက်သေးတဲ့အဆုံးအဖြတ်က မှန်ကန်သွားမလား၊ နောက်ဆုံး အောင်အောင်မြင်မြင်နဲ့ မင်္ဂဆောင်သွားကြမှာလား ကြုံတွေ့ရမဲ့ပြဿနာမျိုးစုံကို သူတို့ဘယ်လိုဖြေရှင်းမလဲဆို ကြည့်ရှူရမှာဖြစ်ပါတယ်။၁၈ နှစ်အရွယ် အချစ်ငှက်လေးနှစ်ကောင်ရဲ့ အချစ်စွန့်စားခန်းကို ဆွတ်ပျံ့ကြည်နူးဖို့ကောင်းပြီး ဟာသမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရမဲ့ မလေရာလမ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။) File size…2.37GB / 1.03GB Quality…1080p WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Journey of Love 18+ (2023)
2023
6.0
Barbie in A Mermaid Tale 2 (2011)
Barbie in A Mermaid Tale 2 (2011) ========================= IMDb Rating - 6.0/10ကိုယ့်ရဲ့ရေသူမဘဝကို လက်ခံနိုင်သွားတဲ့ Merliah ကတော့ ကုန်းပေါ်မှာရော ရေထဲမှာပါ ဆယ်လီဖြစ်နေပါပြီ။ လူတစ်ဝက် ရေသူမတစ်ဝက်မို့လို့ ရေအောက် မှာထီးနန်းဆက်ခံဖို့လည်း မဖြစ်သလို Merliah ကလည်း နန်းတက်ဖို့စိတ်မဝင် စားဘဲ ဝါသနာပါတဲ့ Surfer အလုပ်ကိုပဲ ဆက်လုပ်နေဖြစ်တာပါ။ Surfing သက် တမ်းတစ်လျှောက် "Queen of the Waves" လို့တင်စားခံလာရတဲ့ Merliah တစ် ယောက် ... ဒီတစ်ခါ Second movie မှာတော့ ပြိုင်ဘက်တစ်ယောက် ရလာပါ တယ်။ Merliah လည်း Kylie Morgan ကို ကမ္ဘာ့အဆင့်ဖိတ်ခေါ်ပြိုင်ပွဲကြီးမှာ မရရအောင်ချိုးဖို့ပြင်ထားတာပေါ့။ဒါပေမယ့် ရေအောက်မှာတော့ Merliah အမေက နန်းလွှဲရမယ့်လူမရှိဘဲ သူပဲနန်း ပြန်တက်ရမှာမို့ နန်းတက်ပွဲအတွက် Merliah ကို ပြိုင်ပွဲတစ်နှစ်အောက်စေချင်နေ ပါတယ်။ တစ်သက်လုံးကြိုးစားလာလို့ နေရာတစ်ခုရောက်နေတဲ့ Merliah ...
movie
Barbie in A Mermaid Tale 2 (2011)
2011
First
3
4
5
6
7
Last
Previous
Next