Channel Myanmar

Uncategorized

Meet Me There (2014) မြန်မာစာတန်းထိုး
Meet Me There (2014) မြန်မာစာတန်းထိုး 2014 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Meet Me There ဇာတ်ကားကို ဒါရိုက်တာ Phillip Lybrand က ရိုက်ကူးတင်ဆက်ခဲ့ပါတယ်..ဇာတ်ညွှန်းရေးသားသူကတော့ Brandon Stroud နဲ့ Destiny Talleyတို့ဖြစ်ပြီးတော့တကယ့်ဖြစ်ရပ်မှန်ဖြစ်တဲ့ Talley ရဲ့ ငယ်ဘ၀ ကို ရိုက်ကူးတင်ဆက်ထားခြင်းသာဖြစ်ပါတယ်ဇာတ်လမ်းပုံစံလေးကတော့ ငယ်ငယ်တုန်းက အတိတ်ဆိုးအရိပ်မဲတခုရှိခဲ့တဲ့ Ada နဲ့ သူ့ရဲ့ချစ်သူတို့ဟာAda ရဲ့ ကလေးဘ၀ မှတ်ဥာဏ်တွေကိုပြန်လည်ပြီး အတည်ပြု..အဖြေရှာချင်လို့..Ada ရဲ့ ဇာတိမြို့ကိုပြန်လာပါတယ်..သူတို့လိုချင်တဲ့အရာကိုလိုက်ရှာကြပါတယ်...တကယ်တမ်း သူတို့လိုချင်တဲ့အဖြေကို ရှာတွေ့သွားတဲ့အခါမှာတော့ သူတို့အတွက်အိမ်ပြန်လမ်းကိုရော..သူတို့ကိုယ်တိုင်ရှာနိုင်ပါ့မလား...ဒါတွေကရောဘာတွေလဲ..ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်Filesize : 869 MBQuality : 720pSource : Meet Me There (2014) 720p BluRay [ dayt.se ]Format : mp4Running Time : 1hr 33 minSubtitle : Myanmar Subtitle (Hardsub )Encoded By LKDownload ...

Meet Me There (2014) မြန်မာစာတန်းထိုး

Exeter (2015) မြန်မာစာတန်းထိုး
Exeter (2015) မြန်မာစာတန်းထိုး သဲထိတ်ရင်ဖို သရဲကား ကောင်းကောင်းလေးတွေကြည့်ချင်နေတဲ့သူတွေအတွက် 2015 ခုနှစ်ထဲမှာထွက်ရှိထားတဲ့ ဒီဇာတ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်..ကြောက်တတ်သူများနဲ့ နှလုံးရောဂါအခံရှိသူများ..တစ်ယောက်တည်း ( သို့ ) လုံးဝမကြည့်သင့်ကြောင်းပါ..အညွှန်းကိုခံစားလိုက်ပါဦးExeter ဆိုတာကတော့ ကလေးငယ်တွေအတွက်ရည်ရွယ်ဖွင့်လှစ်ထားတဲ့ ကျောင်းတော်ကြီးတစ်ခုပေါ့။ အသေအချာပြောရရင်တော့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့ စိတ်ရောဂါသည်ဝေဒနာရှင် ကလေးတွေအတွက် အားကိုးစရာ သုခရိပ်မြုံပေါ့။ Exeter ကနေ ကလေးတွေကို ပြန်လည်ပြုစုပျိုးထောင်ပေးမယ်။ ပညာတွေ သင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ပေါ့။ ဒါပေမယ့်…. ၁၉၁၆ ခုနှစ်ကစတင်တည်ထောင်ခဲ့တဲ့ Exeter ကျောင်းတော်ကြီးဟာ လူနာရှင်ကလေးငယ် အရေအတွက် တစ်နေ့တစ်ခြားများများလာကာ ထိန်းချုပ်လို့မနိုင်တော့တဲ့ အနေအထားထိဖြစ်လာတယ်။ ကျောင်းဆိုတာကနေ စိတ္တဇဆေးရုံကြီးဖြစ်လာတယ်။ လူနာကလေးငယ်တွေကနေ လူကြီးစိတ္တဝေဒနာသည်တွေဖြစ်လာတယ်။ Exeter မှာပဲ သောင်တင်နေကြတယ်။ ဆေးကုသတဲ့ ကုထုံးပုံစံတွေကြမ်းလာတယ်။ ပျောက်ကင်းဖို့ဆိုတာထက် ဒီစိတ္တဇဝေဒနာသည်တွေကို ထိန်းချူပ်ဖို့က Exeter ရဲ့ဦးစားပေးဖြစ်လာတယ်။ လူအသေအပျောက် တွေများလာလွန်းလို့ ကျောင်းဝင်းထဲမှာပဲ မြေမြုပ်ရတယ်။ မီးသဂြိုလ်ရတယ်။၁၉၇၀ နောက်ပိုင်းမှာတော့ ကလေးငယ်ဝေဒနာရှင်တွေအတွက်ရော လူကြီးဝေဒနာရှင်တွေအတွက်ပါအားကိုးအားထားစရာနေရာတစ်ခုမဟုတ်တဲ့ Exeter, ...

Exeter (2015) မြန်မာစာတန်းထိုး

Yes or No (2010)
Yes or No (2010) Screenshots   File size...(800MB) Quality...Blu-ray Rip 720p Format...mp4 Duration....01:51:31 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်(ဒီကားလေးက CM ရဲ့ ဘာသာပြန်သူ ကိုဟေဒိ လက်ရာပါ။)ဇတ်လမ်း ပုံစံလေးကတော့ ယောင်္ကျားလျှာ နဲ့ တစ်ခန်းထဲ အတူနေရလို့ စိတ်ညစ်ပြီး အခန်းပြောင်းလာတဲ့ ပိုင် တစ်ယောက် အဲ့ဒီအခန်းမှာလဲ ကင်မ် ဆိုတဲ့ ယောကျင်္ားလျှာ ချောချောလေးနဲ့ ထပ်ဆုံရလေရော... ကင်မ် က တစ်ခြား ယောင်္ကျားလျှာတွေနဲ့ မတူပဲ ပုံစံလေး ကွဲပြားပေမယ့် ချစ်တက် ကြင်နာတက်တဲ့ နှလုံးသားနဲ့ နွေးထွေးမှုတွေ ရှိတယ်.. အပင်တွေ စိုက်တာ ၀ါသနာပါတဲ့ လယ်သမားမျိုးရိုးက ဆင်းသက်လာသူ ဟင်းချက်လဲ တော်တယ် သီချင်းလဲ ဆိုတက်တယ် ဂစ်တာတီးတယ်.. အပျင်းကြီးတဲ့ မိန်းမလှလေး ပိုင် တစ်ယောက် အမြင်ကပ်လှပါချေရဲ့ ဆိုတဲ့ ကင်မ် ကို တစ်ခန်းထဲ အတူနေရရလို့ အမျိုးမျိုး နှိပ်စက်သော်လဲ တစ်ခြားမိန်းကလေး အတော်များများ က ကင်မ် ကို အရေးပေးတာ မလိုလား စိတ်ထဲက ...
movie

Yes or No (2010)

100 Days with Mr. Arrogant (2004)
100 Days with Mr. Arrogant (2004) Screenshots  Ha-Young တယောက် သံဗူးခွံတစ်ခုကို ကန်လိုက်ရာကနေ Hyung-Joon ရဲ့ မျက်နှာကို ရိုက်မိပြီးနောက် သူ့ရဲ့ အသစ်စက်စက် ကားကို မှန်သွားပါတယ် ဒါကြောင့် Hyung-Joon က ဒေါ်လာ(၃၀၀၀)လျော်ခိုင်းပါတယ် ဖြစ်ချင်တော့ သူမ လျော်စရာပိုက်ဆံ နတ္တိဖြစ်နေတာပါ ဒါကြောင့် Hyung-Joon က သူခိုင်းသမျှ လုပ်မယ်ဆိုရင် ပိုက်ဆံတွေ လျော်ပစ်ပေးမယ်လို့ စာချုပ်ချုပ်ပြီးခိုင်းပါတော့တယ် ရက်(၁၀၀)အတွင်း သူခိုင်းသမျှ ကို အကုန်လုပ်ရမှာပါ အိမ်သန့်ရှင်းရေး၊ ဈေးဝယ်သွားရင် အထုတ်သယ်ခိုင်းမယ်...ပြီးတော့ ကားလည်းရေဆေးပေးရမှာပါ Ha-Young တယောက်ကတော့ အူလည်လည်နဲ့ပဲ သူခိုင်းသမျှ လုပ်နေရပါတယ် နောက်ဆုံးမှာ မမျှော်လင့်ပဲ Ha-Youngတယောက် ကားကို ပြန်ပြင်ရင် ဒေါ်လာ (၁၀)ပဲကုန်တာသိသွားတော့ ဒေါသအကြီးအကျယ် ထွက်တော့တာပေါ့ ဒါပေမဲ့လဲ..နောက်ဆုံးမှာတော့ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို.......။ ~ Su Myat Htike ~ (ရုပ်ရှင်အညွှန်းကို Nemesis's Movie မှကူးယူဖော်ပြပါသည်။)Sex is Zero မင်းသမီးချော ဟာဂျီဝန် အဓိက ပါဝင်သရုပ်ဆောင်ထားပြီး IMDb Rating (6.2/10) ရရှိထားတဲ့ ...
movie


Jamesy Boy(2014) မြန်မာစာတန်းထိုး
Jamesy Boy(2014) မြန်မာစာတန်းထိုး ကလေးဘဝထဲက ရန်တွေဖြစ်ပြီး အမှုတွေ ရဲမှတ်တမ်းတွေရှိတဲ့ ကောင်လေး James Burns သူ့ရဲ့ပြစ်မှုအတွက် တရားရုံးက အာမခံအခြေအနေနဲ့ ရှိနေတုန်းမှာ Crystal နဲ့ Drew တို့နဲ့ စတိုးဆိုင်မှာ ပစ္စည်းတွေအလစ်သုတ်တာ ဝင်ပါမိရာက စပြီး သူငယ်ချင်းတွေဖြစ်သွားကြတယ်Crystal နဲ့ ရည်းစားတွေဖြစ်သွားကြပြီး Crystal ကနေတစ်ဆင့် ဒုစရိုက်လုပ်ငန်းတွေ လုပ်တဲ့ Roc နဲ့ဆက်သွယ်မိပြီးတော့ Roc ခိုင်းတာတွေ လုပ်ဖို့ အိမ်ကနေ အပြီးထွက်လာခဲ့တယ် နောက်တော့ Crystal ရဲ့ ဇာတ်ရှုပ်တွေကြောင့်ရော Roc ရဲ့ ဖောက်သည်တစ်ယောက်ကို ပြသနာရှာမိတာကြောင့်ရော စတိုးဆိုင်က ကောင်မလေး Sarah နဲ့လည်း ရည်းစားတွေ ဖြစ်သွားကြတာကြောင့် James တစ်ယောက် အဖွဲ့ထဲက ထွက်ဖို့ ဆုံးဖြတ်ခဲ့တယ် သူအဖွဲ့က မထွက်ခင် နောက်ဆုံးတစ်ခေါက် အနေနဲ့ Roc က သေနတ် အရောင်း ...

Jamesy Boy(2014) မြန်မာစာတန်းထိုး

Lagaan: Once Upon a Time in India (2001)
Lagaan: Once Upon a Time in India (2001) ဒီဇာတ်ကားလေးကတော့ Aamir Khan (pk..3iIdiot မင်းသား) ပါဝင်သရုပ်ဆောင်ထားပြီး IMDB (8.2/10) Rotten Tomatoes (95%) ထိရရှိထားတဲ့အတွက် ဇာတ်ကားကောင်းတစ်ကားအဖြစ် လက်တို့ပြောလိုက်ချင်ပါတယ်။Lagaan ဆိုတာ မြန်မာလိုတော့ ဆက်ကြေးလို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။(Lagaan ဇာတ်လမ်းအကျဉ်း)အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးမရသေးမီအချိန်မှာ အင်္ဂလိပ်တွေရဲ့ လက်ဝါးအုပ်ကြီးစိုးမှုဒဏ်ကို တောင်သူလယ်သမားတွေ အလူးအလဲခံခဲ့ရတယ်။ ချန်ပါးနေးလ် ဆိုတဲ့ရွာလေးက လယ်သမားတွေလည်းအပါအ၀င်ပေါ။့ချန်ပါးနေးလ် ရွာသားတွေဟာရသမျှ စပါးထဲကတစ်ပုံကို ဘုရင်ကိုဆက်သ ဘုရင်မှတစ်ဆင့် နယ်ချဲ့တွေဆီ အခွန်ပေးခဲ့ရတယ်။မိုးရာသီတစ်ခုမှာတော့ ဥတုကဖောက်ပြန်လို့ မိုးကမရွာ စပါးကမသန်လို့ အခွန်ဆောင်ဖို့ စိတ်ပူခဲ့ရတယ်။အဲ့ဒီအတောအတွင်းမှာလည်းအခွန်နှစ်ဆပေးဆောင်စေရန် ဘုရင်ရဲ့အမိန့် ကလည်း နာကြားစေခဲ့တယ်။ရွာသားတွေကလည်းမတတ်သာသည့်အဆုံး ဘုရင့်ဆီ အသနားခံရန်သွားရောက်ခဲ့ကြလေသည်။ရွာသားတို့ ရောက်သွားချိန်သည် ကပ္ပတိန်ရာဆယ်လ် ဦးဆောင်သော ခရစ်ကတ်အသင်းတို့ ကစားနေသည့်အချိန်နှင့် တိုက်ဆိုင်နေရာ ခေတ္တစောင့်ပေးရန် ဘုရင့်ဆီမှ အကြောင်းကြားခဲ့သည်။ထိုအချိန်တွင် ဘဟူဘန် (Aamir Khan) လူငယ်လေးက မခံရပ်နိုင်ကာခရစ်ကတ်ဆော့ခြင်းအား အလကားဂိမ်းသာသာဟု မြည်တွန်ခဲ့လေသည်။ထိုစကားအား ကပ္ပတိန်ရာဆယ်လ် ကြားလေလျှင် ဘဟူဘန် အားခေါ်၍ သူ့အသင်းအား အနိုင်ကစားနိုင်ပါက အခွန်ရှောင်ခွင့် သုံးနှစ်ပေးမည် ရှုံးလျှင်မူအခွန်အဆ သုံးဆပေးမည်ဟု စိန်ခေါ်လောင်းကြေးထပ်ခဲ့သည်။ ဘဟူဘန် ကလည်းသဘောတူ၍နောက်သုံးလပြီးလျှင် ယှဉ်ပြိုင်ရန် ချိန်းဆိုခဲ့ကြသည်။မဖြစ်နိုင်ခြင်းကို စိန်ခေါ်တတ်သော ဘဟူဘန်/ ဘဟူဘန်ရှုံးနိမ့်မည်ဟု မှတ်တွက်ထားသော ...
movie

Lagaan: Once Upon a Time in India (2001)

The 13th Unit (2014) မြန်မာစာတန်းထိုး
The 13th Unit (2014) မြန်မာစာတန်းထိုး CM ပရိတ်သတ်တွေအတွက် ဒီနေ့ သရဲကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်..2014 ထဲမှာထွက်ရှိထားပြီး ဒါရိုက်တာ Theophilus Lacey က ရိုက်ကူးတင်ဆက်ပေးထားခြင်းဖြစ်ပါတယ်..သဲထိတ်ရင်ဖိုဇာတ်လမ်းကြိုက်နှစ်သက်သူများအတွက်ကြည့်ရတာအဆင်ပြေမယ့်ဇာတ်ကားမျိုးဖြစ်ပြီးနှလုံးရောဂါရှိသူများ..ကလေးသူငယ်များမကြည့်သင့်ပါ ။။။ဇာတ်လမ်းကတော့ လူခုနှစ်ယောက် မြေအောက်က အခန်းတခုမှာ တပြိုင်နက်ပိတ်မိကြပြီးသူတို့ကိုယ်သူတို့လွတ်မြောက်ဖို့ကြိုးစားကြတဲ့အခါ ဘယ်လိုတွေကြုံတွေ့ကြမလဲ..ဘယ်လိုအထူးအဆန်းတွေနဲ့ရော ရင်ဆိုင်ရမှာလဲ.သဘာဝလွန်နေတဲ့ ဘယ်လိုအရာမျိုးနဲ့တွေ့ကြုံရမှာလဲဆိုတာကိုစိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်Filesize : 890 MBQuality :1080pFormat : mp4Running Time : 1hr 19 minSubtitle : Myanmar Subtitle ( hardsub )Encoded By LKDownload And Watch With Pcloud Link 

The 13th Unit (2014) မြန်မာစာတန်းထိုး

The Illusionist (2006)
The Illusionist (2006) 2006 ခု နှစ် မှာထွက်ရှိခဲ့တဲ့ The Illusionist ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်..ဒီဇာတ်ကားကို ရိုက်ကူးတင်ဆက်ထားတဲ့ ဒါရိုက်တာကတော့ Neil Burger ဖြစ်ပြီး ဒီဇာတ်ကားဟာ အောင်မြင်မှုတွေနဲ့ ပရိတ်သတ်ရဲ့စိတ်ဝင်စားမှုကိုပါ ရယူနိုင်ခဲ့ပါတယ်...IMDb Rating မှာလည်း 7.6 အထိ ရရှိထားလို့ ဇာတ်ကားကောင်းတစ်ကားဆိုတာငြင်းချက်ထုတ်စရာမရှိပါဘူး..မင်းသား Edward Norton ပါဝင် သရုပ်ဆောင်ထားပါတယ်..မျက်လှည့်ဇာတ်ကားဖြစ်ပါတယ်ကျွန်တော့်အမြင်အရပြောရမယ်ဆိုရင်လည်း  ဒီဇာတ်ကားဟာ Now You See Me တို့ houdini တို့ ဇာတ်ကားပြီးရင် ကျွန်တော့်အကြိုက်ဆုံးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်..CM ပရိသတ်တွေလည်း ကြိုက်နှစ်သက်အောင်မျှဝေခံစားလိုက်ပါတယ်.. Filesize : 663 MB Quality : 720p Format : mp4 Running Time : 110 minSubtitle : Myanmar Subtitle ( Hardsub ) Encoder : LKDownload And Watch With Pcloud Link  
movie

The Illusionist (2006)

Talaash (2012) 7.2
Talaash (2012) ၀ိညာဉ် ရှိတာ ယုံနိုင်မလားဆိုတဲ့ မေးခွန်းမျိုးအမေးခံရဖူးလား မိတ်ဆွေ ???? သိပ္ပံပညာ ထွန်းကားနေတဲ့ခေတ်မှာ ပရလောက ကိုလက်မခံလည်းမရဘူးဆိုတာကို ဒီဇာတ်ကားလေးက ပြောပြနေမှာပါ။ IMDB 7.3/10 ရရှိထားတဲ့အတွက် အတော်အတန်အောင်မြင်ထားတဲ့ ဇာတ်ကားလေးလို့ ဆိုနိုင်ပါသေးသည်။ (ဇာတ်လမ်းအကျဉ်း) ညတစ်ညမှာပေါ့ ။ ရုပ်ရှင်မင်းသား အမန်ကပူးဟာ အက်စီးဒင့်ဖြစ်ပွားခဲ့ပြီး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားတဲ့နေရာကလည်း လူခြေတိတ် နေပြီး လမ်းကလည်း အရှင်းသားဖြစ်နေပါတယ်။ ဒီအဖြစ်ဟာ သမရိုးကျတော့မဖြစ်နိုင်ဘူးဆိုတာကို အင်စပက်တာ Surjan ကသုံးသပ်လိုက်ပါတယ်။ Surjan ဟာ ထူးချွန်တဲ့ ရဲမှူးတစ်ဦးဖြစ်ပြီး လက်အောက်ငယ်သားတွေရဲ့ လေးစားမှုကို အပြည့်အ၀ရရှိထားသူပါ။ ထို့နောက် အမန်ကပူးသေဆုံးမှုကိုဖော်ထုတ်ရန် Surjan ကြိုးပမ်းခဲ့တယ်။ တစ်ဖက်မှာလည်း ရှရှီ ဆိုတဲ့ပြည့်တန်ဆာခေါင်း ဟာလည်း အမန်ကပူးသေဆုံးမှုကို ကြားရှိပြီးနောက် သူရဲ့အိမ်ကနေ ထွက်ပြေးရှောင်ပြေးဖို့ ကြိုးပမ်းခဲ့ပါတယ်။ ရှရှီမှာ ခြေတစ်ဖက်မသန်တဲ့ တပည့်လေးတစ်ယောက်ရှိပါတယ်။ သူ့နာမည်က တာမြူး။ ရှရှီဟာ သူရဲ့အသုံးအဆောင်တွေကိုထုပ်ပိုးရင်း နေရာရှောင်ခဲ့ပါတယ်။သူ သုံးနေတဲ့ဆင်းကဒ်ကိုလည်း အသစ်ပြောင်းသုံးခဲ့ပါသေးတယ်။ ထိုအချိန်မှာတော့ လွင့်ပစ်လိုက်တဲ့ ဆင်းကဒ်ကို တာမြူးအသုံးပြုလေသော်အခါ ။ ဘာတွေဆက်ဖြစ်မှာလဲ။ ဘာတွေကွင်းဆက်ပေါ်လာမလဲ ဆိုတာကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ။ အင်စပက်တာ Surjan အကြောင်းထပ်ပြောရရင် သူဟာ မိသားစုရေးရာ စိတ်ထိခိုက်မှူ ရှိထားခဲ့သူပါ။ သူရဲ့သား ကရန်ဟာ ရေနစ်သွားခဲ့တာကြောင့် သူကိုယ်သူ့အပြစ်ရှိသလို မှတ်ယူထားသူပါ။ ဒါပေမဲ့ သူ့သားဝိညာဉ် ရှိနေတာကိုတော့ မယုံသူတစ်ဦးပါ။ သူ့မိန်းမကတော့ သူ့ဝိညာဉ်နဲ့ဆက်သွယ်ပြောဆိုလိုသူပါ။ တစ်နေ့မှာတော့ သူတို့အိမ်နီးချင်းတစ်ယောက်ဟာ သူတို့ရဲ့သား ကရန် ၀ိညာဉ်နဲ့တွေ့ဆုံသည်ဟု သတင်းကြားမိလေသည်။ ထိုအခါမှာ သူ့သားဝိညာဉ်နှင့်ဆက်သွယ်လိုသော Surjan မိန်းမ / အယုံအကြည်မရှိသော Surjan / သူတို့နှစ်ဦးကြား ပြဿနာတွေကလည်း Surjan အတွက် စိတ်ဖိစီးမှုများစေခဲ့ပါတယ်။ Surjan ဟာ အမန်ကပူးရဲ့ ...
movie

Talaash (2012)

Red Planet (2000) မြန်မာစာတန်းထိုး
Red Planet (2000) မြန်မာစာတန်းထိုး 2000 ခု နှစ်မှာ ထွက်ရှိခဲ့တဲ့ Red Planet ဇာတ်ကားဖြစ်ပါတယ်..ဒါရိုက်တာ Antony Hoffman ကရိုက်ကူးတင်ဆက်ထားကာ IMDb Rating 5.6 ရရှိထားပါတယ်..သိပ္ပံအက်ရှင်ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်သူတွေအတွက် ကြည့်ဖို့သင့်တဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် အဲ့ဇာတ်ကားဟာ Las Vegas Film Critics Society Awards ပွဲမှာ ဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ဝင်တေး "The Tower That Ate People". သီချင်းအတွက် Best Song Award အတွက်လည်းလျာထားခြင်းခံခဲ့ရပါတယ်..သရုပ်ဆောင်တွေအဖြစ်  Val Kilmer, Carrie-Anne Moss, Tom Sizemoreစတဲ့သရုပ်ဆောင်တွေက ပါဝင်ထားကြပါတယ်...ဒီဇာတ်ကားအတွက် ဘာသာပြန်သူကတော့ ကို Lotus Black ပဲဖြစ်ပါတယ်..Filesize : 610 MBQuality : 720pFormat : mp4Running Time : 106 minutesSubtitle : Myanmar Subtitle ( Hardsub )Translator : Lotus BlackEncoder ...

Red Planet (2000) မြန်မာစာတန်းထိုး

The Gallows (2015) မြန်မာစာတန်းထိုး
The Gallows (2015) မြန်မာစာတန်းထိုး 2015 ခု နှစ်ထဲမှာထွက်ရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်..မြန်မာပြည်ကရုံတချို့မှ အခုတင်တုန်းရှိပါသေးတယ် CM မှာတော့ မြန်မာစာတန်းထိုးနဲ့ကြည့်လို့ရနိုင်ပြီပဲဖြစ်ပါတယ် :Dဇာတ်လမ်အကျဉ်းကတော့ ကျောင်းမှာ ပြဇာတ်ပွဲလုပ်တာကစတာပါပဲ အဲဒီပြဇာတ်ကို အရင် စီနီယာတွေလုပ်ခဲ့တုန်းကလဲ လူသေမှုတွေဖြစ်ခဲ့ပါတယ်အဲဒီပြဇာတ်ကို အခုတခါပြန်ပီးပြသဖို့ ကျောင်းသားတွေပြင်ဆင်ကြတယ် ကောင်လေးက ကောင်မလေးကိုကြိတ်ကြိုက်နေတော့ သူ့ကိုဟီးရိုးလို့ထင်အောင် ညဘက်မှာ ပြဇာတ်စင်ကို ဖျက်ဆီးပစ်ဖို့ သူ့သူငယ်ချင်းက အကြံပေးရာကနေညဘက်ကြီး ကျောင်းကိုသွားကြပါတယ် မထင်မှတ်ပဲ ကောင်မလေးပါရောက်လာပီး သူ့တို့အစီအစဉ်တွေ ပေါ်သွားပီး စိတ်ဆိုးသွားတယ် သူတို့ပြန်ထွက်ဖို့လုပ်ကော တံခါးတွေကဖွင့်မရတော့ပါဘူး ဒီလိုနဲ့တစ်ညလုံး ကျောင်းထဲမှာ ဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်Filesize : 960 MBQuality : WEBRip720pFormat : mp4Source : SKSRunning Time : 1hr 21minSubtitle : Myanmar Subtitle ( Hardsub )Encoded By LKDownload And Watch With Pcloud ...

The Gallows (2015) မြန်မာစာတန်းထိုး

The Bow 2005 (မြန်မာစာတန်းထိုး) 18+
The Bow 2005 (မြန်မာစာတန်းထိုး) 18+  ဒီကားလေးက စကားပြောခန်း များများစားစားမပါဘူးဗျအဲ့ဒီ ဇတ်ကားထဲက အဓိက သရုပ်ဆောင် ကလေးမလေးကလဲ တစ်ကားလုံးစကားမပြောသွားဘူး...ဒါပေမယ့် အသံတိတ်လေးတွေ ကြည့်ရတာလဲ တန်ပါတယ်..တံငါသည် အဖိုးကြီးတစ်ယောက်ဟာ ကလေးမလေးတစ်ယောက်ကို ငယ်ငယ်ထဲကမွေးစားလာခဲ့ပါတယ် လှေပေါ်မှာပဲ ထားတယ် သူစိမ်းယောင်္ကျားလေးတွေနဲ့ ပေးမတွေ့ပါဘူးလှေပေါ်ကို လာလည်တဲ့ ငါးဖမ်းသူတွေက ကလေးမလေးကို ရိသဲ့သဲ့လုပ်ရင်လဲမျှားနဲ့ ပစ်ပြီး ဆုံးမလေ့ရှိပါတယ်... လူတွေ အတင်းပြောကြတာကတော့ အဖိုးကြီးက ကလေးမလေးနဲ့ညားနေကြတာလို့ ပြောလေ့ရှိကြတယ်..ကလေးမလေးကလဲ တစ်ခြား သူစိမ်းတွေက ရိသဲ့သဲ့ လာလုပ်ရင်မျှားနဲ့ ပစ်ပြီး ဆုံးမတယ် အကပ်မခံဘူးပေါ့..ဒါပေမယ့် တစ်ရက်မှာတော့ လှေပေါ်ကို ငါးဖမ်းအဖွဲ့နဲ့ ကောင်လေးတစ်ယောက်ပါလာတယ်အဲ့ဒီကောင်လေးကို ကလေးမလေးက မြင်မြင်ချင်း ချစ်သွားတဲ့အခါကလေးမလေးကို အူတိုတဲ့ အဖိုးကြီးနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာDownload ဆွဲကြည့်လိုက်ကြနော်..18+ ဖြစ်လို့ ကလေးသူငယ်များ မိသားစု နှင့် အတူကြည့်ရန် မသင့်တော်ပါ... (သစ်ဆန်းခန့်)Download Link===============Download

The Bow 2005 (မြန်မာစာတန်းထိုး) 18+

The Cobbler(2014) မြန်မာစာတန်းထိုး
The Cobbler(2014) မြန်မာစာတန်းထိုး ဒီဇာတ်လမ်းလေးကတော့ စိတ်ပျော်စရာကောင်းမယ့် ဟာသကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားက ၂၀၁၄ ကတည်းက ထွက်ထားတာဖြစ်ပေမယ့် ဆိုင်တွေပေါ်မှာတော့ အခုမှ ပြန်တင်လာတာကြောင့် ရွေးချယ်ပေးလိုက်ပါတယ်။ ကမ္ဘာကျော် ဟာသသရုပ်ဆောင် အဒမ်ဆန်ဒလာ (Adam Sandler) ရဲ့ နောက်ထပ် ထူးဆန်းထွေလာ ဟာသကားလေးပဲဖြစ်ပါတယ်။ နယူးယောက်မြို့မှာ မက်စ်ဆိုတဲ့ ဖိနပ်ချုပ်သမားတစ်ဦး ရှိတယ်။ မက်စ် (Max) က အိမ်ထောင်မရှိသေးတဲ့ လူပျိုကြီး တစ်ယောက်ဖြစ်ပြီး မျိုးဆက်လေးဆက်လောက် လုပ်ကိုင်လာတဲ့ ဖိနပ်ဆိုင်ကို ဆက်ပြီး အမွေခံထားတယ်။ သူ့ဆိုင်လေးက ခပ်သေးသေးဖြစ်ပေမယ့် လူတော်တော်များများက အားကိုးတကြီး လာကြတယ်။ တစ်ရက်တော့ သူ့ဆိုင်ကို ခပ်ရင့်ရင့် လူမိုက် ကပ္ပလီတစ်ယောက် သူ့ဖိနပ်ကို ခွာလဲဖို့လာအပ်တယ်။ ညနေ ၆ နာရီလောက်မှာ အပြီးလိုချင်တယ်ဆိုပြီး ပြောတာနဲ့ သူဖိနပ်ကို အပြီးသတ်နေတုန်း ဖိနပ်ချုပ်စက်က ရှော့ခ်ဖြစ်ပြီး ပျက်သွားတယ်။ ကြံရာမရတဲ့ မက်စ်က အဲဒီဖိနပ်ပြီးဖို့ ...

The Cobbler(2014) မြန်မာစာတန်းထိုး

The Guvnors(2014) မြန်မာစာတန်းထိုး
The Guvnors(2014) မြန်မာစာတန်းထိုး CM ပရိသတ်တွေအတွက် ဒီတစ်ခါ တော့ လမ်းသရဲ ဆန်ဆန် အက်ရှင် ဇာတ်ကြမ်းလေး The Gouvners ကို တင်ဆက်ပေးလိုက်ပါတယ်။ အထိုးအသတ် အတိုက်အခိုက် အက်ရှင် ဇာတ်လမ်းတွေကို နှစ်သက် ကြတဲ့ ပရိသတ်တိုင်း အကြိုက်တွေ့ ကြမှာပါ။ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့....... ၉၀ နှောင်းပိုင်း နေ့ရက်တွေမှာ လန်ဒန် အရှေ့တောင် ပိုင်းကို စိုးမိုးခဲ့တဲ့ လမ်းသရဲ ဆန်ဆန် The Gouvners ဆိုတဲ့ဂိုဏ်း တစ်ဂိုဏ်း ရှိခဲ့ဖူးပါတယ်။အဲ့ဒီဂိုဏ်းဟာ သူတို့ပိုင်နက်က လူတွေကို သူတို့ ကိုယ်ပိုင် ဥပဒေ နဲ့ အုပ်ချုပ် နိုင်ခဲ့လောက်အောင် ဩဇာကြီးမားခဲ့တာပါ။ဒါပေမယ့် ခေတ်တွေ ပြောင်းလို့ ၂၀၁၄ အရောက်မှာ ခပ်ကြမ်းကြမ်း ကောင်လေး Adam (Hatley Sylvester ဦးဆောင် တဲ့ လမ်းသရဲလူငယ် အုပ်စု ကလည်း ဂျို ...

The Guvnors(2014) မြန်မာစာတန်းထိုး

White House Down ( 2013 )
White House Down ( 2013 ) 2013 ခု နှစ်မှာ ထွက်ရှိခဲ့ပြီး  အိမ်ဖြူတော် အကြောင်းကို ရိုက်ထားတဲ့ Olympus Has Fallen နဲ့ ထွက်ရှိတဲ့အချိန်သိပ်ကွာလှတယ်မဟုတ်ပဲနဲ့ ပြိုင်တူနီးပါးလောက်ထွက်ရှိလာတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်..ဒီဇာတ်ကားနဲ့ Olympus Has Fallen နဲ့ကိုယှဉ်ပြရမယ်ဆိုရင်တော့ အိမ်ဖြူတော်သိမ်းတာ ချင်းအတူတူပင်ဖြစ်ပေမယ့် ရသခြင်းတော့ကွာပါတယ်..ကိုယ့်ဘာသာကိုယ်သာခံစားကြည့်ရှုလိုက်ပါ ဒီဇာတ်ကားကတော့ IMDb မှာ Rating 6.4 ရရှိထားပါတယ်..ကဲလ်ဟာ သမ္မတရဲ့သက်တော်စောင့် အလုပ်ကိုလျောက်တာမှာရွေးချယ်ခြင်းမခံခဲ့ရပါဘူး တစ်ရက်မှာ သူ့သမီးလေးနဲ့အတူ အိမ်ဖြူတော်ကိုအလည်အပတ်လာပါတယ်.. သူ့သမီးလေး သန့်စင်ခန်းသွားနေတုန်း မို့ သူဟာ အလည်အပတ်တွေကိုပြသရာနေရာမှာပဲ ရှိနေတဲ့အချိန် အတွင်းလူတချို့နဲ့အပြင်လူတချို့တို့ပူးပေါင်းတိုင်ပင်ပြီး အိမ်ဖြူတော်ကို စတင်သိမ်းပိုက်ပါတော့တယ်..ကဲလ် ဟာ သူ့သမီးအတွက်အရမ်းကိုစိတ်ပူနေပါတယ် မကြာမှီအချိန်အတွင်းမှာပဲ အိမ်ဖြူတော်တခုလုံးကို လက်နက်ကိုင်တွေထိန်းချုပ်ထားလိုက်တဲ့ အခါမှာ သူတို့ရဲ့သတိချွတ်ယွင်းမှု ကိုအခွင့်ကောင်းယူပြီးသမီးကိုကယ်ဖို့အတွက်ပြေးထွက်လာပါတယ် ကယ်ဖို့လိုက်ရှာရင်းနဲ့မှ သမ္မတ ဒုက္ခရောက်နေတာကိုမြင်ပြီး မရမကကယ်တင်ခဲ့ကာ... ကြုံလာတဲ့အခက်အခက်တွေကို ဘယ်လိုဖြေရှင်းမလဲ..သမ္မတ ကိုရော ဘေးရန်ကင်းအောင်ဘယ်လို ကယ်မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်.. Filesize : 564 MB Quality :720p Format : mkv During : 2:11:32 Subtitle : Myanmar Subtitle ( Hardsub ...
movie

White House Down ( 2013 )

Survivor (2015)
Survivor (2015) Screenshots  Survivor 2015 ================================= Jun လ ၅ရက်နေ့ကမ စပြီးရုံတင်ခဲ့တဲ့ ဇာတ်ကားပါ။ IMDB rating 5.5/10 ရရှိထားပြီး Action- Thrill ဇာတ်ကား အမျိုးအစားဖြစ်ပါတယ်။ ဒီကားမှာ ဆိုရင်ဖြင့် Kate Abbot အဖြစ် မင်းသမီး Milan Jovovich ကပါဝင်သရုပ်ဆောင်ထားပြီး Villain နေရာမှာတော့ Nash အဖြစ် မင်းသားကြီး Pierce Brosnan ကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားမှာဆိုရင် မင်းသမီး Milan Jovovich အနေနဲ့ သရုပ်ဆောင်ရတာ မတန်ဘူးလို့တောင်ထင်မိပါတယ်။ U.S Immigation မှာတာဝန်ထမ်းဆောင်နေတဲ့ ဘီလ် ရဲ့သားဖြစ်သူ အမေရိကန် လေတပ်သား ဟာ အာဖဂန်နစ္စတန်မှာ စစ်တိုက်ရင်း မမျှော်လင့်ဘဲ လေယာဉ်ပျက်ကျရာမှ တာလီဘန်တို့ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ ဘီလ် အား သူ၏သားဖြင့်အကြပ်ကိုင်ကာ အမေရိကန်နိုင်ငံ အတွင်း Happy NewYear ညတွင် လူသန်းပေါင်းများစွာစုဝေးနေသော NewYork မြို့Time Square အကြမ်းဖက်ဖောက်ခွဲမှုများ ...
movie

Survivor (2015)

Free to Play 8.1
Free to Play  $1 million tournament ပါ..ပထမဆုံး ဒေါ်လာ တစ်သန်း တန်International Dota 2 ပြိုင်ပွဲမှာ ဘယ် အဖွဲ့တွေက ဆုရမလဲDota Player တွေရဲ့ အိပ်မက်က ဘာတွေလဲ သူတို့ ဘယ်လိုဖြတ်သန်းလာရသလဲသူတို့ ကြိုးစားထားတာတွေ ရှုံးနိမ့်သွားရတာတွေ ခံစားရတဲ့ အပေါ် ဘယ်လိုတုန့်ပြန်ကြမလဲကျနော်ကတော့ Dota Player တွေရဲ့ Life ကို ထင်ဟပ်ပြစေနိုင်တဲ့Documentary လေး တစ်ခု အဖြစ် ညွှန်းဆိုချင်ပါတယ်..မြန်မာ Dota Player တွေလဲ တစ်ချိန်ကျရင် ဒီလို နိုင်ငံတကာ ပြိုင်ပွဲမျိုးမှာချန်ပီယံ မဖြစ်ဘူးလို့ ဘယ်သူမှ တပ်အပ် မပြောနိုင်ကြပါဘူး...ပြီးတော့ ဒီ မှတ်တမ်း ရုပ်ရှင်လေးဟာ အင်တာဗျူး ပုံစံလေးတွေနဲ့ တင်ဆက်သွားတာပါgamer တွေအတွက်ရော သာမာန်ကြည့်ရှုသူတွေအတွက်ရော အတော်လေးဖျော်ဖြေမှုပေးနိုင်တဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုပါပဲ။Translated by LittleneoDownload Link =============Yoteshin Link Op Link OP ...
movie

Free to Play

2014